Samitivej ကလေးဆေးရုံကြီး

Samitivej ကလေးဆေးရုံကြီး

 

ကလေးများ အထူးဆေးကုသခြင်းများကို Thailand မှာ ဦးဆောင်ပြီး စီစဉ်ပေးနေတဲ့ ကျွန်တော်တို့အနေနဲ့ မွေးကင်းစငယ်များ ကလေးငယ်များနှင့် ဆယ်ကျော်သက်များကိုလဲ အရွယ်ရောက်သောလူနာများကိုပေးသည့် အဆင့်မြင့်ဆေးကုသမှုများအတိုင်း တူညီစွာကုသပေးလျက်ရှိပါတယ်။

နိုင်ငံတကာအသိအမှတ်ပြု ပုဂ္ဂလိက ဆေးရုံဖြစ်တာနဲ့အညီ ကျွန်တော်တို့ဟာ နောက်ဆုံးပေါ်စက်ကိရိယာများနှင့် နည်းပညာတိုးတက်မှုများကို ပေါင်းစပ်ပြီး သင့်ရဲ့မိသားစုအတွက် ပြည့်စုံသောဆေးဝါးကုသမှုများကို ယူဆောင်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့အုပ်စုအဖွဲ့အတွင်းတွင် အတွေ့အကြုံရှိဆရာဝန် ၁၄၄ ဦး၊ ကလေးခွဲစိတ်ဆရာဝန်များ၊ ဆေးဝါးကျွမ်းကျင်များ၊ အထူးသူနာပြုများ၊ ဝန်ထမ်းများနှင့် နိုင်ငံခြားမှလူနာများကို အထောက်အကူပြုနိုင်ရန် ဘာသာပြန် ၇၂ ယောက်ကို ထားရှိပေးထားပါတယ်။

Samitivej ကလေးဆေးရုံကြီးရဲ့ Sukhumvit Campus ကိုပြောင်းလဲခြင်း

Samitivej ကလေးဆေးရုံကြီးဟာ သိပ်မကြာသေးခင်ကပဲ အပြင်လူနာဆေးခန်းသစ်တစ်ခုကို ဖွင့်လှစ်ပြသပြီး Sukhumvit Campus ကိုပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆေးခန်းနေရာများ၏ အကျယ်အဝန်းကို လုပ်ဆောင်နိုင်စွမ်းနှင့် ကုသမှုအတွက် အသုံးပြုရလွယ်ကူစေရန် ပိုမိုချဲ့ထွင်ထားပါတယ်။

ကျွန်တော်တို့ ဆေးခန်းအသစ်ရဲ့ နေရာများနဲ့ သူတို့ပေးတဲ့ အထူးဝန်ဆောင်မှုများကို ဒီမှာကြည့်ပါ။

Samitivej ကလေးဆေးရုံကြီး

ကျွန်တော်တို့၏ ပစ္စည်းကိရိယာများ

News & Events

ဆစ်မီတဝေ့ဆေးရုံကြီးအကြောင်း
ဆစ်မီတဝေ့ဆေးရုံကြီးအကြောင်း..
STOP HEP-C IN MYANMAR
“Stop Hep-C in Myanmar” ပရဟိတအစီအစဉ်လေးမှာပါဝင်ပေးသောအယောက်ခ..

ကျန်းမာရေးဆောင်းပါးများ

ပြင်းထန်ပြီး အခံရခက်လှတဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ
ခေါင်းတစ်ခြမ်းထဲ အပြင်းအထန်ကိုက်နေတာကို Migraine (မိုင်ဂရိန်း) လို့ ခေါ်ပါတယ်။ ကိုက်တိုင်းလည်း တစ်ဖက်တည်းချည်းပုံမှန် ကိုက်လေ့ရှိပြီး ပျို့တက်လာခြင်းနဲ့ အန်ခြင်းတို့ နောက်ဆက်တွဲ ဖြစ်လာပါတယ်။
ဂိမ်းစွဲ
ကလေးတွေ လွယ်လင့်တကူကြည့်ရှုနိုင်တဲ့ လက်တစ်ကမ်းက မီဒီယာတွေကို စာရင်းချကြည့်ရင် ဂိမ်းတွေဟာ ထိပ်ဆုံးက ပါနေပါတယ်။ ဂိမ်းစွဲရတာဟာ အာရုံကို လွှမ်းမိုးနိုင်မှုတစ်ခုတည်းကြောင့်သာမကဘဲ အခြားအကြောင်းရင်းတွေလည်း ရှိနေပါတယ်။