အဖွဲ့အစည်းလိုက် ကျန်းမာရေး ၀န်ဆောင်မှု

 

လူနာတွေနဲ့ မိသားစုတွေ ပေါ်မှာ အရည်အသွေးပြည့်မှီတဲ့ ပြုစုစောင့်ရှောက်မှုတွေအပြင် Samitivej ဆေးရုံကြီးအနေနဲ့ အဖွဲ့အစည်းအကြီးကြီးအတွေအတွက် နိုင်ငံတကာမှာ နာမည်ရပြီးသားဖြစ်တဲ့ ၀န်ဆောင်မှုတွေနဲ့ မိတ်ဆက်ပေးပါရစေ။ သံရုံးတွေ၊ နိုင်ငံတကာကျောင်းတွေအပြင် ကော်ပိုရေးရှင်း အကြီးကြီးတွေဟာ ကျွန်တော်တို့ရဲ့ သာလွန်ကောင်းမွန်လှတဲ့ JCI အသိအမှတ်ပြု ကျန်းမာရေးစောင့်ရှောက်မှုကို ရယူကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ Samitivej ဟာ နိုင်ငံတကာဆေးရုံ ဖြစ်တဲ့အပြင် ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးက လူနာတွေကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အတွေ့အကြုံတွေ ရှိနေလို့ပါပဲ။ ကျွန်တော်တို့ဟာ ဘာသာစကားတွေ အများကြီးအပေါ်မှာ အခမဲ့ ဘာသာပြန်၀န်ဆောင်မှုတွေကို ထားရှိပေးထားပြီး ကျွန်တော်တို့ရဲ့ လူနာတွေအားလုံးအနေနဲ့ သူတို့ဟာ ဘယ်နိုင်ငံကပဲဖြစ်စေ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ ရှိစေပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ ကျန်းမာပြီး ခွန်အားပြည်ဝနေတဲ့ ဝန်ထမ်းတွေ ဒါမှမဟုတ် ကျောင်းသားတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအတွက် ထိရောက်တဲ့ အကျိုးပြုနိုင်မှုနဲ့ စွမ်းဆောင်ရည်တွေမှာအမြင့်ဆုံး လုပ်ဆောင်နိုင်ကြပါတယ်။

 

Samitivej နဲ့ လက်တွဲလုပ်ဆောင်ဖို့ ရွေးချယ်လိုက်တဲ့ အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့တော့ ကမ္ဘာချီတဲ့ အကျိုးရလာဒ်တွေ ရရှိလာဖို့အတွက် စတင်ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။ အားလုံးသော ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ ဘန်ကောက်ရဲ့ အကောင်းဆုံး ဆေးအဖွဲ့ရဲ့ ကျန်းမာရေး၀န်ဆောင်မှုတွေကို ချက်ချင်းရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံးလေ့ကျင့်ထားကြတဲ့ ၀န်ထမ်းတွေဟာ နှစ်ပေါင်းများစွာသော အတွေ့အကြုံတွေ ရှိနှင့်ပြီးဖြစ်သလို အထင်ကြီးလေးစားဖွယ် အသိအမှတ်ပြုလက်မှတ်တွေကိုလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ ရရှိထားပါတယ်။ သူတို့ရဲ့ နယ်ပယ်မှာ အထူးကျွမ်းကျင်တဲ့ အထူးကုပေါင်းမြောက်များစွာနဲ့ ဂုဏ်ယူစွာပဲ မိတ်ဆက်ပေးပါရစေ။

 

ဆေးပညာဆိုင်ရာ အခြေအနေတွေနဲ့ ပါတ်သတ်ပြီး ခြေရာခံဖို့ဆိုတာမှာ ကျွန်တော်တို့ရဲ့ သမားတော်တွေအတွက်တော့ သိပ်ပြီးကျွမ်းကျင်မှုမရှိတာတွေ၊ ရှုပ်ထွေးနေတာမျိုးတွေနဲ့ ခက်ခဲလွန်းလှတယ်ဆိုတာမျိုး မရှိပါဘူး။ သင်ဟာ သင့်ရဲ့ အဖွဲ့အစည်းထဲက မည်သူ့ကိုမဆို ခေတ်အမှီဆုံး ကိရိယာတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဟာ ပိုပြီးမှန်ကန်တိကျတဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေ၊ ပြီးပြည့်စုံတဲ့ ကုသမှုတွေနဲ့ ပြန်လည်ကျန်းမာလာဖို့ ပိုမိုကောင်းမွန်တဲ့ အကူအညီမျိုးတွေအတွက် အမြန်ဆုံး ရရှိနိုင်ပါတယ်လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။

 

  • ဖုန်း: +၆၆ () ၂၃၇၈၉၁၈၁
  • ဖက်စ်: +၆၆ () ၂၇၃၁၇၀၈၁
  • အီးမေးလ်: sales@samitivej.co.th
  • ရုံးဖွင့်ချိန်: နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (တနင်္လလာ – သောကြော)