Samitivej အသင်း၀င်ခွင့် အစီအစဉ်နှင့် ၀န်ဆောင်မှုများ

 

Samitivej ရဲ့ အစီအစဉ်တွေနဲ့ ၀န်ဆောင်မှုတွေကနေ လူကြီးမင်းအတွက် လူကြီးမင်းနဲ့ ကိုက်ညီမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကမ်းလှမ်းထားပါတယ်။ ပုံမှန် ပြသနေတဲ့ လူနာတွေ အတွက်တော့ Chivawattana ဆိုတဲ့ အစီအစဉ် ၄ မျိုးနဲ့ လူကြီးမင်းအဖို့ ကာလကြာရှည်သော ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုံစံထုတ်ကာ ရေးဆွဲထားပါတယ်။ အဲ့ဒီ အစီအစဉ်တွေဟာ ဈေးနှုန်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ ကာလသတ်မှတ်ချက်တွေအားဖြင့် အမျိုးမျိုးရှိသလို လူတိုင်းအနေနဲ့လည်း စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ အသင်း၀င်ဖြစ်နေတဲ့ တလျှောက်လုံး လူနာတွေဟာကမ္ဘာ့အဆင့်မှီ ဂရုစိုက်ကုသမှုတွေအပေါ် ပေးချေလိုက်ရတဲ့ ကုန်ကျစားရိတ်အနေနဲ့ အများကြီး သက်သာနိုင်ပါတယ်။

 

ပြီးတော့ အဖွဲ့အစည်း အကြီးကြီးတွေ၊ သံရုံးတွေနဲ့ နိုင်ငံတကာကျောင်းတွေအနေနဲ့လည်း အရည်အသွေးမြင့် ကျန်းမာရေး၀န်ဆောင်မှုတွေကို ရှာဖွေနေတယ်ဆိုရင်တော့ အံ၀င်ခွင်ကျဖြစ်ပြီး အထူးကိုက်ညီအောင် ဆောင်ရွက်ထားတဲ့ ရွေးချယ်စရာတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အကယ်၍များ လူကြီးမင်းဟာ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR) မှာ လုပ်နေတာပဲဖြစ်စေ၊ ဒါမှမဟုတ် သင့်အဖွဲ့အစည်းရဲ့ ကျန်းမာရေး အစီအမံတွေကို မြှင့်တင်ပေးချင်တယ်လို့ စဉ်းစားမိတာဖြစ်စေ ဆိုရင်ရင်တော့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းများအတွက် ကျန်းမာရေး ၀န်ဆောင်မှု ကို လေ့လာကြည့်စေချင်ပါတယ်။

 

လူကြီးမင်းဟာ အမျိုးသမီးများအတွက် ကျန်းမာရေးမေးမြန်းချက်တွေအပြင်၊ ဖြစ်လေ့ရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတာမျိုးတွေအတွက် ကျွန်တော်တို့ရဲ့ အမျိုးသမီး ကျန်းမာရေး ဦးစားပေး စာမျက်နှာကို လေ့လာကြည့်ချင်ကောင်း ကြည့်ချင်ပါလိမ့်မယ်။