Haploidentical Bone Marrow Transplantation (ရိုးတွင်းခြင်ဆီအစားထိုးကုသမှု) ဆိုတာ …

Haploidentical Bone Marrow Transplantation (ရိုးတွင်းခြင်ဆီအစားထိုးကုသမှု) ဆိုတာ …

Haploidentical Bone Marrow Transplantation (ရိုးတွင်းခြင်ဆီအစားထိုးကုသမှု) ဆိုတာ …

ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဆိုတာက သွေးနဲ့ပတ်သက်တဲ့ကင်ဆာရောဂါများ (ဥပမာ - သွေးကင်ဆာ ) ၊ မွေးရာပါသွေးအားနည်းရောဂါ (Thalassemia) စတာတွေကို ကုသတဲ့နည်းပညာပါ ။ လူနာရဲ့ ချို့ယွင်းနေတဲ့ သွေးဆဲလ်တွေကို သူနဲ့ အမျိုးအစားတူတဲ့ Donor ရဲ့ ကျန်းမာတဲ့ သွေးဆဲလ်တွေနဲ့ အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။   လှူဖို့အဆင်ပြေတဲ့ Donor တွေများလာစေဖို့ ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ ကလေးသွေးရောဂါနှင့်ကင်ဆာ အထူးကုဆရာဝန်များအဖွဲ့ဟာ “ Haploidentical Bone Marrow Transplant” ကို တည်ထောင်ခဲ့ပြီး စံချိန်စံနှုန်း များနဲ့ကိုက်ညီတဲ့ လူနာရဲ့ မိဘ ၊ ဆွေမျိုး ၊ သားသမီး ၊ မောင်နှမ များ မှ Donor အဖြစ် ပါဝင်နိုင်ပါတယ်။ 

ရိုးတွင်းခြင်ဆီအစားထိုးကုသမှု (Haploidentical Bone Marrow Transplantation) ဆိုတာဘာလဲ?

ရိုးတွင်းခြင်ဆီပုံမှန်မဟုတ်ခြင်းဟာ သွေးဆဲလ် ချို့ယွင်းမှုတွေကို ပိုဖြစ်စေပြီး ခန္ဓာကိုယ်တွင်း ကျန်းမာတဲ့ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးမှုနှုန်းကိုလျော့ကျစေပါတယ်။ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဟာ Donor ရဲ့ ကျန်းမာတဲ့ သွေးဆဲလ်တွေကို လူနာရဲ့ မကောင်းတော့တဲ့သွေးဆဲလ်တွေနေရာမှာ အစားထိုးဖြည့်သွင်းလိုက်တာပါ။ ဒီလိုလုပ်ပြီး တာနဲ့ကျန်းမာတဲ့ သွေးဆဲလ်တွေ အသစ်တစ်ဖန်ပြန်လည် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

HLA(Human Leukocyte Antigens) လို့ခေါ်တဲ့ ပရိုတိန်း တွေဟာ လူတစ်ဦးရဲ့မျိုးရိုးဆိုင်ရာဗီဇအမှတ်အသား ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်အများစုအပေါ်မှာ ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ အဆိုပါ HLA တွေကို အသုံးပြုပြီး ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့ ဆဲလ်တွေနဲ့ တူ မတူ ခွဲခြားပေးတာဖြစ်ပါတယ်။ Donor ရဲ့ HLA မျိုးရိုးဗီဇနဲ့ လူနာရဲ့ HLA မျိုးရိုးဗီဇ ဟာ ရာနှုန်းပြည့်တူညီမှသာ ရိုးတွင်းခြင်ဆီအစားထိုးခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ HLA မျိုးရိုးဗီဇ ရာနှုန်းပြည့်တူတဲ့ Donor ကို စောင့်ဆိုင်းရတာက လူနာအသက်ရှင်နိုင်တဲ့ အချိန်ကာလထက်ကို ပို ကြာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် HLA ထပ်တူညီဖို့ အယောက် (၅၀၀၀၀) မှာ (၁) ယောက်လောက်ပဲ ဖြစ်နိုင်ပါတယ်။ မိဘများဟာ သူတို့ ကလေးတွေရဲ့ HLA နဲ့ အမြဲတမ်း တစ်ဝက်တူညီလေ့ရှိပြီး မောင်နှမသားချင်းတွေကတော့ (၂၅) ရာခိုင်နှုန်းတူညီတတ်ကြပါတယ်။ 

Haploidentical Bone Marrow Transplantation နည်းပညာကိုအပြောင်းအလဲ ကုသမှုတစ်ခု အနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး ၎င်းကို အသုံးပြုခြင်းကြောင့် Donor တွေ များပြားလာသလို လူနာတွေအတွက် ကုသနိုင်မှုနှုန်းလည်း မြင့်တက်လာပါတယ်။ HLA အပြည့်အဝ မတူညီပေမယ့် မိဘတွေဟာ ကလေးတွေရဲ့ Donor ဖြစ်လာနိုင်သလို အပြန်အလှန်အားဖြင့် ကလေးတွေဟာလည်း မိဘတွေအတွက် Donor ဖြစ်လာနိုင် ပါတယ်။ 

ကုသပုံအဆင့်ဆင့်တွေက … ?

  1. လူနာရဲ့ရောဂါကိုအတည်ပြုပြီး Donor နဲ့ လက်ခံမယ့်လူနာရဲ့ HLA antibody (ပဋိပစ္စည်း)  စစ်ဆေးခြင်းများကို သေချာအောင် ပြုလုပ်ရပါတယ်။ 
  2. အကြိုကျန်းမာရေးစစ်ဆေးခြင်း - ဒီအဆင့်မှာတော့ လူနာရဲ့ ကျန်းမာရေးအခြေအနေ နဲ့  Donor ရဲ့ကျန်းမာရေးရာဇဝင် သုံးသပ်စစ်ဆေးမှုတွေကို သေသေချာချာပြုလုပ်ရပါတယ်။ ကျောက်ကပ်နဲ့ အသည်း ဆိုင်ရာ ရောဂါရှိ မရှိ ၊ နာတာရှည်ဖျားနာမှု ၊ လတ်တလောသောက်နေရတဲ့ဆေးဝါး ၊ ရောဂါပိုး နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေး စသဖြင့် အသေးစိတ်စစ်ဆေးရပါတယ်။ 
  3. အစားထိုးကုသခြင်း - ဒီအဆင့်မှာ အောက်ပါ ကုသမှု အဆင့်(၃)ဆင့်ကို တစ်လလောက် အချိန်ယူ ကုသရပါတယ်။
    1. ပထမ အဆင့်အနေနဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်ကျိတ်များကို လျှော့ချတိုက်ဖျက်ဖို့ ကင်ဆာဆေး ကို သတ်မှတ်ထားတဲ့အတိုင်းသွင်းရပါတယ်။ 
    2. Donor ရဲ့ Stem Cells များကို ထုတ်ယူပြီး လူနာဆီကို ပြောင်းလဲထည့်သွင်းမှာဖြစ်ပါတယ်။
    3. Donor ဆီကနေ ထုတ်ယူလိုက်တဲ့ ဆဲလ်တွေဟာ လူနာရဲ့ ရိုးတွင်းခြင်ဆီထဲမှာ ပုံမှန် လည်ပတ် လုပ်ဆောင်နိုင်မှုကို (၂) ပတ်ကနေ (၄) ပတ်ထိ အချိန်ယူပြီးစောင့်ကြည့်ရပါတယ်။ 
  4. အစားထိုးကုသပြီး ပထမ (၃)လအတွင်းမှာ အပတ်စဉ်(သို့) နှစ်ပတ်တစ်ခါလောက် ပြန်လည် စစ်ဆေးစောင့်ကြည့်ဖို့လိုအပ်ပါတယ် ။ ပြီးရင်တော့ နောက်ထပ် (၁)နှစ် - (၂) နှစ် အတွင်း ပြန်လည် စစ်ဆေးမှုကို အချိန်ခွာပြီး လုပ်ဆောင်နိုင်ပါတယ်။  

အစားထိုးလိုက်ပြီး (၃)ပတ် အကြာမှာ လက်ခံလိုက်တဲ့ လူနာရဲ့ ခန္ဓာကိုယ်ဇီဝကမ္မဟာ ရိုးတွင်းခြင်ဆီ အသစ်ကို လက်ခံနိုင်စွမ်း ရှိ မရှိဆိုတာကို ကွဲကွဲပြားပြား သိနိုင်ပါပြီ။ တကယ်လို့ လက်ခံနိုင်စွမ်းမရှိဘူးဆိုရင် လူနာဟာ GvHD(Graft vs Host Disease) ခေါ် အစားထိုးကုသပြီးနောက်ဖြစ်တတ်တဲ့ လက္ခဏာအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ အဖုအပိန့်ထခြင်း ၊ အော့အန်ခြင်း ၊ အရေပြားကွာခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင် ပါတယ်။ ဒီလိုမျိုး အစားထိုးကုသမှုမအောင်မြင်တာက ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် နောက်ဆက်တွဲ ဆိုးကျိုး တွေကို မဖြစ်အောင်လုပ်လို့ရပါတယ်။ အနည်းဆုံးတော့ photopheresisကုထုံးကိုအသုံးပြုပြီး နောက်ဆက်တွဲ ပြဿနာတွေကို လျှော့ချလို့ရပါတယ်။

ရိုးတွင်းခြင်ဆီအစားထိုးကုသမှုအတွက် စုစုပေါင်း တစ်လခွဲကနေ (၂)လအထိ ဆေးရုံမှာနေရမှာဖြစ်ပြီး လူနာအနေနဲ့ ခုခံစွမ်းအားစနစ်ကိုလျှော့ချ စေတဲ့ဆေးတွေကို (၆)လလောက်ထိ စွဲသောက်ဖို့လိုပါတယ်။

ဒီကုသမှုဟာဘယ်သူတွေနဲ့သင့်တော်လဲ?

  • သွေးနဲ့သက်ဆိုင်သောရောဂါဖြစ်တဲ့ မွေးရာပါသွေးအားနည်းရောဂါ (Thalassemia) ခံစားနေရသူများ
  • အန္တရာယ်ရှိတဲ့သွေးရောဂါအမျိုးစားများဖြစ်တဲ့ သွေးကင်ဆာ(Leukemia) ၊ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) ခံစားနေရသူများ
  • မာခဲနေတဲ့အကျိတ်ရှိသူများ
  • ရိုးတွင်းခြင်ဆီခန်းရောဂါ (Aplastic Anemia)ရှိသူများ
  • မွေးရာပါကိုယ်ခံအားနည်းသောသူများ / မွေးရာပါဇီဝကမ္မမှားယွင်းမှုဖြစ်စဉ်ခံစားနေရသောသူများ

ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ရိုးတွင်းခြင်ဆီအစားထိုးကုသမှု(Haploidentical Transplantation)

ဆစ်မီတဝေ့ဆေးရုံကြီးမှာ Haploidentical Transplantation ကို ကလေးသွေးရောဂါနှင့်ကင်ဆာ အထူးကုဆရာဝန်များအပြင် ကလေးအဆုတ်ရောဂါအထူးကုဆရာဝန်များ ၊ ကလေးနှလုံးရောဂါအထူးကုဆရာဝန်များ ၊ ကလေးစိတ်ကျန်းမာရေးအထူးကုဆရာဝန်များ ၊ ကလေးသွားရောဂါဆရာဝန်များ ၊ အာဟာရဆိုင်ရာ ပညာရှင်များ ၊ ဆေးဝါးကျွမ်းကျင်များ ၊ သူနာပြုများ ၊ဓာတ်ခွဲခန်းနဲ့သွေးဘဏ်ယူနစ်ပညာရှင်များ ၊ ရောဂါပိုးဝင်ရောက်ခြင်းအဓိကစောင့်ရှောက်ပေးတဲ့ သူနာပြုများ စသဖြင့် ဆေးဘက်ဆိုင်ရာပညာရပ်အသီးသီးမှ သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့မှ ကုသမှုပေးနေပါတယ်။ အဲဒီအဖွဲ့ ကို Professor Suradej Hongeng , MD ၊ Associate Professor Samart Pakakasama,MD နဲ့ Pornchanok Iamsirirak , MD တို့ က ဦးဆောင်ညွှန်ကြားမှုပေးနေတာဖြစ်ပါတယ်။

ဆစ်မီတဝေ့ရဲ့ စီစဉ်ထားရှိမှုတွေအနေနဲ့ positive pressure ventilation ခေါ် HEPA filters (သေးငယ်သောအမှုန်များစစ်ထုတ်ပေးသောဇကာ) ပါဝင်တဲ့ အခန်း (၆)ခန်း ၊ ရိုးတွင်းခြင်ဆီ ထုတ်ယူနိုင်အောင်စီစဉ်ထားတဲ့ အခန်း(၄)ခန်း ၊ ကလေးလူကြီးမရွေး ပြသနိုင်တဲ့ အရည်အသွေးမြင့် ပြင်ပလူနာဆေးခန်းတစ်ခု ရှိပါတယ်။

၂၀၁၅ ခုနှစ်ကနေစပြီး ဆစ်မီတဝေ့ကလေးဆေးရုံမှာ ရိုးတွင်းခြင်ဆီအစားထိုးကုသမှု(Bone Marrow Transplantation) ပေါင်း (၄၆) ခုကို ကုသဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ် ။ အဲဒီထဲက ကုသမှု(၁၇) ခုဟာ Hapoidentical Stem Cell အစားထိုးကုသမှု ( Hapoidentical Haematopoietic Stem Cell Transplantation) ဖြစ်ပြီး တစ်နှစ်အတွင်း အသက်ရှင်နှုန်း (၁၀၀)ရာခိုင်နှုန်းအောင်မြင်မှုရခဲ့သလို ရက် (၃၀) အတွင်း ရာနှုန်းပြည့် ကျန်းမာသန်စွမ်းတဲ့ဆဲလ်များ ပြန်လည်မွေးဖွားပေးနိုင်ခဲ့ပါတယ်။ (သုတေသီများနဲ့ပတ်သက်၍ ပိုမိုသိရှိလိုပါက ဒီကိုနိုပ်ပါ။)

ဆစ်မီတဝေ့ဆေးရံဟာ photopheresis ကုထုံးနဲ့ ကုသမှုပေးတဲ့ ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော ဆေးရုံဖြစ်သ လို  ခေတ်မီစက်ကိရိယာများ အသုံးပြုကာ Graft Vs Host Diseases (GvHD)ခေါ် အစားထိုးကုသပြီး နောက်ဖြစ်တတ်တဲ့ လက္ခဏာအခြေအနေများနဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုနောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ကုသပေးရာနေရာတစ်ခုဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့ စင်တာ page ကို ဒီနေရာကနေဝင်ရောက်လိုက်ပါ။

 

Haploidentical Bone Marrow Transplantation: A breakthrough treatment for cancer patients using family stem cells in which a healthy first-degree relative – a parent, sibling or child – can often serve as a donor. 

Leave a medical inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။