Share the message

Samitivej Sukhumvit ၏ ရှေးဦးသူနာပြု စောင့်ရှောက်ရေးနှင့် ကလေးများအတွက် အရေးပေါ်အသက်ကယ်ခြင်း၂၀၁၆ခုနှစ်

firstAid_2016

 

သင်၏ကလေးငယ်အား လုံခြုံစိတ်ချစွာ ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးသည် ကျွန်တော်တို့၏ ထိပ်တန်းဦးစားပေးပင် ဖြစ်ပါသည်။ အရေးပေါ် အခြေအနေမျိုးကြုံရပါက အိမ်တွင်း၌ဖြစ်စေ၊ အိမ်ပြင်၌ဖြစ်စေ မည်ကဲ့သို့ ကာကွယ်ပေးရမည်ကို လေ့လာသင်ယူထားစေချင်ပါသည်။ Samitivej ၏ ကလေးအဆုတ်နှင့် အသက်ရှုလမ်းကြောင်း ဆေးပညာနှင့် အထူးကြပ်မတ်ဂရုစိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Anjana Sachabudhawong, M.Dထံမှ ရှေးဦးသူနာပြုနည်းများကို သင်ကိုယ်တိုင်တတ်ကျွမ်းအောင် လုပ်ယူလိုက်ပါ။

 

နေ့ရက်များ:       ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီ (၂)၊အင်္ဂါနေ့

  • ၂၀၁၆ခုနှစ်၊မတ်လ (၂၉)၊အင်္ဂါနေ့
  • ၂၀၁၆ခုနှစ်၊မေလ (၃၁)၊အင်္ဂါနေ့
  • ၂၀၁၆ခုနှစ်၊ဇူလိုင်လ (၂၆)၊အင်္ဂါနေ့
  • ၂၀၁၆ခုနှစ်၊စက်တင်ဘာလ (၂၇)၊အင်္ဂါနေ့
  • ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ (၁)၊အင်္ဂါနေ့

သင်ကြားမည့် ကြာချိန်– ၉နာရီ မှ ၁၂နာရီ

 

 

သင်ကြားမည့် နေရာ: Samitivej Sukhumvit Hospital, Bancha Lamsam Auditorium, Building Two, Sixth Floor

သင်တန်းကြေး : တစ်ဦးလျှင် ထိုင်းဘတ် ၁၄၀၀ (နေ့လည်စာနှင့် မုန့်ပဲသွားရည်စာပါ၀င်ပြီး)

အသုံးပြု သင်ကြားမည့် ဘာသာစကား: အင်္ဂလိပ်

သင်ရိုး ပါ၀င်မှု:

  1. နှလုံးနှင့် အသက်ရှူလမ်းကြောင်းအရေးပေါ်အသက်ကယ်ခြင်းနှင့်လေ့ကျင့်မှုအခန်းကဏ္ဍ
  2. မူးမေ့သတိလစ်ခြင်းနှင့်ဦးခေါင်းထိခိုက်ဒဏ်ရာများအတွက်ရှေးဦးသူနာပြုနည်း
  3. ဓါတ်မတည့်မှုများနှင့် အဖျားကြီး၍ တက်ခြင်းအတွက် ပြုစုစောင့်ရှောက်ခြင်း
  4. နှာခေါင်းသွေးယိုမှုအတွက် ပြုစုစောင့်ရှောက်ခြင်း
  5. ကြွက်သားနှင့် အရိုးထိခိုက်မှုများကိုပြုစုစောင့်ရှောက်ခြင်း
  6. ရေနစ်ခြင်းနှင့်အသက်ရှူမွမ်းကြပ်ခြင်း
  7. ထိခိုက်ဒဏ်ရာများအတွက်ရှေးဦးသူနာပြုစုနည်း
  • အတွင်းကြေဒဏ်ရာ – မီးလောင်ဒဏ်ရာ
  • ပွန်းပဲ့ဒဏ်ရာ – တိရစ္ဆာန်ကိုက်ဒဏ်ရာ
  • ပြတ်ရှဒဏ်ရာ – စုတ်ပြဲဒဏ်ရာ
  • သွေးထွက်နေသောဒဏ်ရာကိုပြုစုစောင့်ရှောက်ခြင်း

 

မှတ်ချက်:

  • လူဦးရေ ၂၀ အထိသာ အကန့်အသတ်နှင့် ဖြစ်ပါသည်။
  • သင်တန်းဆင်းလက်မှတ်တွင် နာမည်ပြန်ပြင်လိုပါက အပိုင်ဆောင်းဘတ်(၁၀၀) ထပ်မံပြီး ကုန်ကျပါမည်။
  • သင်တန်းကြေးငွေ သွင်းပြီးပါက ပြန်အမ်းမည်မဟုတ်ပါ၊ သို့သော် သင်တန်းရက်ကိုတော့ ပြန်လည် ရွှေ့ဆိုင်းပေးနိုင်ပါသည်။
  • မှတ်ပုံတင်ကြေးကို လက်ငင်းပေးချေရပါမည်။
  • သင်တန်းတက်ရန် ပယ်ဖျက်သည့် စည်းကမ်းချက်များကို ကျေးဇူးပြု၍ သေချာစွာ ဂရုပြုစေချင်ပါသည်။
  • ထပ်မံ၍ ပေးသွင်းမိခြင်းမှလွဲ၍ ငွေပေးသွင်းပြီးပါက ပြန်အမ်းလိမ့်မည် မဟုတ်ပါ။ သင်တန်းပျက်ကွက်သူများအတွက်် သင်တန်းကြေးအား ၄င်းတို့မှသာ အပြည့်အ၀ တာ၀န်ယူရပါမည်။
  • သင်တန်းတက်ရန် ပယ်ဖျက်ခြင်းအကြောင်းကြားမှုကို သင်တန်းမစတင်မှီ နှစ်ပတ်ခန့်ကြိုတင်၍ ၄င်းထက်နောက်မကျဘဲ စာဖြင့်ဖြည့်သွင်းဖော်ပြပေးရမည် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်လိုလျှင် ပြန်အမ်းငွေရရှိမည် မဟုတ်သော်လည်း သင်၏ သင်တန်းတက်ရက်ကို အခြားတစ်ရက်ရက်သို့ ပြောင်းရွှေ့ပေးနိုင်ပါသည်။
  • ဆေးရုံမှ ကြိုတင်၍ ကြေငြာချက်မထုတ်ပဲ မည်သည့်အကြောင်းအတွက်ကြောင့်မှ တစုံတရာ ပြောင်းလဲမှုမျိုးကို လုပ်ဆောင်မည်မဟုတ်ပါ။

 

inter01@samitivej.co.th: သို့ သင်တန်းမဖွင့်ခင် သင်တန်းကြေး ပေးသွင်းပြီးပါက သင်၏ ထိုင်ခုံနေရာအတွက် စာရင်းသွင်း မှတ်တမ်းတင်ပြီးဖြစ်ပါသည်။

Thanachart ဘဏ်: ၀၀၃-၂၀၀၅၄၉-၀

အကောင့်အမည်: Samitivej Public Company Limited

သင်တန်းတက်ရန် အတည်ပြုခြင်းအတွက် သင်၏အမည်နှင့်တကွ ငွေပေးချေလွှာပြေစာကို Scan ဖတ်ပေးပြီး Email မှတဆင့် ကျွန်ုပ်ထံသို့ ကျေးဇူးပြုပြီး ပို့ပေးစေလိုပါသည်။

အခြားသော သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများအတွက်:

၀၂-၇၁၁-၈၄၉၉ နံပါတ်နှင့် အီးမေးလိပ်စာ inter01@samitivej.co.th တို့မှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်ရှာဖွေရေး ဌာနသို့ ကျေးဇူးပြုပြီး ဆက်သွယ်ပေးစေလိုပါသည်။