Share the message

Samitivej သည် အူမကြီးကင်ဆာ တားဆီးရေး “ဖဲကြိုးပြာ လှုပ်ရှားမှု” ကို ဆောင်ရွက်နေပါသည်

ဘန်ကောက်၊ မတ်လ (၈)ရက်၊ ၂၀၁၆။      ။ အူမကြီးကင်ဆာကို ရှောင်ရှားနိုင်စေဖို့အတွက် အထောက်အကူပြုမည့် အသိပညာဗဟုသုတများ လူတိုင်းတွင်ရှိလာစေရန် ကြိုတင်ကာကွယ်မှုများကို အားပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုတိုးတက်ကောင်းမွန််စေခြင်းနှင့် သတိပြုအာရုံစိုက်မှုများ တွင်ကျယ်လာစေရန် Samitivej သည် အူမကြီးကင်ဆာကို တားဆီးနိုင်ရေး “ဖဲကြိုးပြာလှုပ်ရှားမှု”ကို ဆောင်ရွက်နေပါသည်။

 

Colon Cancer is preventable, treatable and beatable!

Samitivej သည် အူမကြီးကင်ဆာကို တားဆီးရေးအတွက်“ဖဲကြိုးပြာ လှုပ်ရှားမှု” ကို ဆောင်ရွက်နေပါသည်

… အူအတွင်း မှန်ပြောင်းကြည့်ခြင်းများကို နွမ်းပါးသောလူနာ အယောက်(၁၀၀) အတွက် အခမဲ့ဆောင်ရွက်ပေးခြင်း…

သတိပြုအာရုံစိုက်မှုများ တွင်ကျယ်လာစေရန်နှင့် စောလျင်စွာ စစ်ဆေးသိရှိနိုင်ရန် အားပေးအသိပညာပေးခြင်းဖြင့် အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်နိုင်သလို ပျောက်ကင်းအောင်ကုသနိုင်ပြီး ချေမှုန်းနိုင်ပါသည်။

ဘန်ကောက်၊ မတ်လ (၈)ရက်၊ ၂၀၁၆။      ။ အူမကြီးကင်ဆာကို ရှောင်ရှားနိုင်စေရန်အတွက် အထောက်အကူပြုမည့် အသိပညာဗဟုသုတများ လူတိုင်းတွင်ရှိလာစေရန် ကြိုတင်ကာကွယ်မှုများကို အားပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုတိုးတက်ကောင်းမွန််စေခြင်းနှင့် သတိပြုအာရုံစိုက်မှုများ တွင်ကျယ်လာစေရန် Samitivej သည် အူမကြီးကင်ဆာကို တားဆီးနိုင်ရေး “ဖဲကြိုးပြာလှုပ်ရှားမှု”ကို ဆောင်ရွက်နေပါသည်။ Samitivej Sukhumvit နှင့် Srinakarin တို့တွင်၂၀၁၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ ဧပြီ (၃၀) ရက်အထိ နွမ်းပါးသောလူနာအယောက် (၁၀၀) အတွက် (သို့မဟုတ်) ပြည်သူ့ဆေးရုံများမှ အူမကြီးကင်ဆာ ပိုက်စိပ်တိုက်ရှာဖွေခြင်းအတွက် စောင့်ဆိုင်းနေရသော လူနာအရေအတွက်ကို လျှော့ချရန်နှင့် ဘုရင်ကြီး H. M ၏ ရှစ်ဆယ့်ရှစ်နှစ်မြောက် မွေးနေ့ ကျင်းပခြင်း အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဤကောင်းမှုကိုတည်တံ့စေရန် ကြိုတင်ခန့်မှန်းထားသော လူနာအရေအတွက် အထိ မရောက်မချင်း အူကိုမှန်ပြောင်းဖြင့်ကြည့်ခြင်းများကို Samitivej ဆေးရုံမှ အခမဲ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

ဒီဆေးရုံကြီး၏ နိုင်ငံတကာအဆင့်မီ ဆေးပညာ တိုးချဲ့ပြောင်းလဲမှု အစီအစဉ်ကနေတဆင့် အူမကြီးကင်ဆာကို စောလျင်စွာ ရှာဖွေသိရှိနိုင်ရန်အတွက် ခေတ်အမီဆုံးသော ဆေးပညာရပ် နည်းလမ်းများကို Samitivej မှ ဆရာဝန်များမှ အသုံးပြုနိုင်စွမ်းရှိကြပါသည်။ ဤဆေးပညာရပ်နည်းလမ်းအများကို ကွင်းကျဉ်းပုံရိပ်ဖော် နိုင်ငံတကာဆိုင်ရာ အူမကြီးမှန်ပြောင်းကြည့် ခွဲခြမ်းစိတ်ဖြာခြင်း (NICE) နိုက်စ်ဟု ခေါ်ဝေါ်ကြပါသည်။ မြန်ဆန်စွာ ပြန်လည် သက်သာကောင်းမွန်စေခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ လျော့ကျစေခြင်း၊ ခွဲစိတ်ချိန်နည်းစေခြင်း၊ ပိုမို၍တိကျသော ရောဂါအတည်ပြုမှုနှင့် ကုသမှုတို့ ရရှိစေခြင်းနှင့် ဒဏ်ရာအနာများကို စောလျင်စွာ ရှာဖွေတွေ့ရှိနိုင်စေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေရန် (ရောဂါပိုမဆိုးလာခင်) အသားစတစ်ရှူး အစိတ်အပိုင်းများအား ပိုမိုထင်ရှားစွာ မြင်နိုင်ဖို့အတွက် အပြာနှင့် အစိမ်းလှိုင်းအလျားများမှ အလင်းရောင်ကို အသုံးပြုပါသည်။ အကယ်၍များ ပုံမှန်မဟုတ်သော အနာတခုခု ရှာဖွေတွေ့ရှိခဲ့မည်ဆိုပါက နောက်ထပ်ခွဲစိတ်မှု အစီအစဉ်တခု ပြုလုပ်ရန် မလိုအပ်ဘဲ အန္တရာယ်ကင်းစွာ ဖယ်ရှားပေးနိုင်ပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရာတွင် ဦးဆောင်နေသည့် ဂျပန်ဆေးရုံ Sano နှင့် ၂၀၁၄ တွင်လက်မှတ်ထိုးခဲ့သော နားလည်မှုကတိကဝတ်အားဖြင့် ဂျပန်နှင့် ထိုင်းနှစ်နိုင်ငံကြားတွင် အရေးပါသော ဆေးပညာအသိများကို မျှဝေနိုင်ခဲ့ကြပါသည်။

 

အူမကြီးကင်ဆာသည် ကမ္ဘာနှင့်တဝှမ်း အသေအပျောက်အများဆုံးသော ရောဂါတစ်မျိုးပင် ဖြစ်ပါသည်။ အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းမှာ ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်သော အသိပညာဗဟုသုတများ မရှိခြင်းကြောင့်ပဲ ဖြစ်ပါသည်။ မတ်လသည် ကမ္ဘာလုံးဆိုင်ရာ အူမကြီးကင်ဆာ သတိပြုအာရုံစိုက်သော လပတ်ဖြစ်ပြီး ဖဲကြိုးပြာဖြင့် အူမကြီးကင်ဆာအား သတိပြုအာရုံစိုက်ခြင်းကို ကိုယ်စားပြုရန် အသုံးပြုနေပါသည် (ဖဲကြိုးသည် အူမကြီးကင်ဆာအား သတိပြုအာရုံစိုက်ခြင်း၏ သင်္ကေတအမှတ်အသား ဖြစ်ပါသည်)။ အူမကြီးကင်ဆာကို သတိပြုအာရုံစိုက်ခြင်း မြင့်မားလာဖို့ရန်နှင့် အကယ်၍ စောလျင်စွာ တွေ့ရှိပါက ကုသ၍ပျောက်ကင်းနိုင်သော ဤကဲ့သို့ ကင်ဆာအမျိုးအစားကို ရှောင်ရှားဖို့ ရနိုင်သမျှသော နည်းလမ်းများကို အသုံးပြုရန် ဤ ” ဖဲကြိုးပြာလှုပ်ရှားမှု” ကို စီစဉ်ဆောင်ရွက်ချက်ဖြင့် လူအများကို အားပေးမြှင့်တင်နိုင်ဖို့ရာ မျှော်လင့်ခဲ့ပါသည်။

 

Samitivej ၏ မူဝါဒအရ လူသားတိုင်း ကျန်းမာနေသည်ကို မြင်တွေ့ချင်ခြင်းဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးသော ကုသမှုပင် ဖြစ်ပါသည်ဟု Samitivej အများဆိုင်ကုမ္ပဏီ လီမိတက်၏ မန်နေဂျာချုပ်နှင့် CEO ဖြစ်သော Chairat Panthuraamphorn က ပြောကြားခဲ့ပါသည်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ပါဝင်ပတ်သတ်နေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ခေတ်မီတဲ့ မူဝါဒတွေကို ကျွန်တော်တို့ ဗဟိုပြုထားပါသည်။ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ပိုက်စိပ်တိုက် ရောဂါရှာဖွေစစ်ဆေးခြင်းတွေကို အသုံးပြုပြီး အလုံးစုံကျန်းမာရေး ရရှိအောင် ကျွန်တော်တို့အချိန်တွေ အများကြီး ပေးအပ်မြှုတ်နှံထားပါတယ်။ လူတွေအနေနဲ့ ကျန်းမာနေတဲ့ အခါမျိုးမှာဆိုရင် အစိုးရအနေနဲ့ ရောဂါကုသရေးအတွက်ကို ဘဏ္ဍာငွေသုံးစွဲဖို့ စဉ်းစားဖို့ လိုမှာမဟုတ်ပဲ ဘဏ္ဍာငွေတွေကို အခြားသော အရေးကြီးတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီ ဂရုပြုအာရုံစိုက်ခြင်း အစီအမံတွေနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ လူတွေကို ရှာဖွေပြီး အားပေးမှုတွေ ပြုလုပ်ပေးပါတယ်။ ရောဂါကို ကြိုတင်ကာကွယ်မှုနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်များကိုလည်း ကျွန်တော်တို့ စုစည်းပေးထားပါတယ်။ ဆေးပညာဆိုင်ရာ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အသည်းနှင့် အစာခြေလမ်းကြောင်း အဖွဲ့သည် ဂျပန်နိုင်ငံရှိ Sano ဆေးရုံကြီးနှင့် ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်တစ်ရပ် ရှိနေပြီး NICE ခွဲခြမ်းစိတ်ဖြာခြင်း မှန်ပြောင်းကြည့်နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် ကုသမှုစွမ်းရည်ပြည့်စုံမှုကို တိုးတက်စေပါတယ်။ အူမကြီးကင်ဆာဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဓိကအားဖြင့် သိသာထင်ရှားပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ အရေးပါတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ ဒါပေမယ့် အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း မြင့်တက်လျှက်ရှိနေတာပါပဲ။ ဒါပေမယ့် ယနေ့မှာတော့ ပိုက်စိုက်တိုက် ရောဂါရှာဖွေခြင်းနည်းလမ်းနဲ့ အူမကြီးကင်ဆာကို စောလျင်စွာသိရှိနိုင်ပြီး၊ စောင့်ကြည့်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးသော ကုသမှုပဲ ဖြစ်တယ်လို့ ကျွန်တော်တို့က အမှန်တကယ် ယုံကြည်တဲ့အတွက်ကြောင့် Samitivej ဟာ လူတိုင်းအတွက် ကျန်းမာရေးကို မြှင့်တင်ရန် စီစဉ်လျှက်ရှိပါတယ်”။

 

Samitivej Sukhumvit ဆေးရုံ၏ ဆေးရုံညွှန်ကြားရေးမှူး၊ မန်နေဂျာချုပ် Nithiwat Gijsriurai ကပြောခဲ့ပါတယ် “တိုင်းပြည်ဟာ မြို့ပြလူနေမှုပုံစံအတိုင်း ပြောင်းလဲလာနေပြီးတော့ လူတွေက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို နည်းနည်းပဲစားပြီး အသားတွေကိုပဲ ပိုစားလာကြတယ်၊ ပြီးတော့ လုံလောက်တဲ့ ကာယလှုပ်ရှားမှု မရှိတာတွေကြောင့် ထိုင်းနိုင်ငံမှာလည်း အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ မြင့်တက်လာနေပါတယ်။ အူမကြီးကင်ဆာဆိုတာ အသက် ၅၀ ကျော်တွေမှာ ပိုပြီး အဖြစ်များပါတယ်။ လူနာအများစုက သူတို့ရဲ့ အခြေအနေကို သိရုံပဲ သိပြီးတော့ အဆင့်လွန်တဲ့ အခြေအနေရောက်မှ ဆရာ၀န်နဲ့ ပြသတိုင်ပင်တာတွေလုပ်ပါတယ်။ Samitivej အနေနဲ့ အူမကြီးကင်ဆာနဲ့ ပတ်သက်ပြီးတော့ လူတိုင်း ဂရုပြုနိုင်ဖို့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာမျိုးကို ဘယ်လိုစားရမယ်တို့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန် လုပ်ဆောင်ရမယ်တို့ စတဲ့ အချက်အလက်တွေကို ဖြနေ့်၀ပေးနေပါတယ်။ အသက်၅၀ ကျော်သူတွေ အနေနဲ့ကတော့ အူမကြီးကင်ဆာ ပိုက်စိပ်တိုက် ရောဂါရှာဖွေခြင်းကို ၅ နှစ် တစ်ကြိမ်လောက်တော့့ လုပ်သင့်ပါတယ်။ ဒါက သင့်ရဲ့ ကာယနဲ့စိတ္တ နှစ်ဖြာသော ကျန်းမာရေးအတွက် အရေးပါပါတယ်။ Samitivej Sukhumvit နဲ့ Srinakarin မှာ ရှိတဲ့ အသည်းနှင့်အစာခြေလမ်းကြောင်းအသင်းကြီးအနေနဲ့ အထူးကုအဖွဲ့အပြင် နားလည်မှုပြည့်ဝတဲ့ ဝန်ဆောင်မှုမျိုးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လက်ရာမြောက်နည်းပညာတွေ အဆင်သင့်ရှိနေပါတယ်၊ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတိုင်းကို အူမကြီးကင်ဆာ ကင်းေဝးကြတာကို မြင်ချင်လို့ပါပဲ။”

 

Samitivej Srinakarin ဆေးရုံညွှန်ကြားရေးမှူး၊ မန်နေဂျာချုပ် Adinum Kittiraanapaibool ကလည်း ပြောပါသည် “အူမကြီးကင်ဆာ ဆိုတာက ကျားမ၊ ကြီးငယ်မရွေးအတွက်တော့ အသံတိတ်လူသတ်သမားပဲ။ အူမကြီးကင်ဆာ ဖြစ်ပွားနေသူ လူနာအရေအတွက် ပိုပြီးများလာနေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ အူကိုမှန်ပြောင်းနဲ့ ကြည့်ခြင်းကပဲ သည်ရောဂါကိုကာကွယ်နိုင်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကဆဲလ်ပွားမှုရှိမရှိ အူမကြီးကို စစ်ဆေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်း ၉၀% ကျော်ဟာ ဆဲလ်ပွားများမှ ဖြစ်ပွားလာရခြင်းဖြစ်ပါတယ်။ ဆဲလ်ပွားများကို တွေ့ပြီဆိုတာနဲ့ ကင်ဆာအဆင့်ထိ မရောက်ခင် ဒါမှမဟုတ် ကင်ဆာဆဲလ်ပွားတွေကို တွေ့ရပြီဆိုရင် အဲ့ဒါတွေကို ဖယ်ရှားပြီးတော့ ဓာတ်ခွဲခန်းသို့ ပို့ရပြီး ကင်ဆာစဖြစ်ခါစမှာပင် ကုသရပါတယ်။ အဆိုပါ နည်းပညာရဲ့ စွမ်းအားပြည့်၀ပြီး ထိရောက်မှုတွေကြောင့် သေဆုံးမှုတွေကို လျှော့ချပေးနိုင်တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ တွင်ကျယ်စွာနဲ့ပဲ သုံးနေကြပါပြီ”

 

“အူမကြီးကင်ဆာတားဆီးရေး ဖဲကြိုးပြာ လှုပ်ရှားမှု” အစီအစဉ်ကို Samitivej Sukhumvit ဆေးရုံကြီးမှာ ပြုလုပ်ကျင်းပါမည် ဖြစ်ပါသည်။ ထိုပွဲတွင် အစာခြေလမ်းကြောင်းနှင့် အသည်းအထူးကုများမှ “ကုသပျောက်ကင်းနိုင်သော အူမကြီးကင်ဆာ” အကြောင်းကို ဟောပြောမည်ဖြစ်ပြီး၊ ကျော်ကြားသူတို့မှလည်း အူကို မှန်ပြောင်းကြည့်ပြီး ရောဂါရှာဖွေခြင်းသည် ကြောက်စရာမဟုတ်ပါကြောင်း ၎င်းတို့၏ အတွေ့အကြုံများကို မျှေ၀ပေးပါလိမ့်မည်။ ဤလထဲမှာပင် Samitivej Sukhumvit နဲ့ Srinakarin ဆေးရုံကြီးမှာ အူမကြီးကင်ဆာ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖြနေ့်၀နိုင်ရေးအတွက် အူမကြီးကင်ဆာ သိကောင်းစရာပွဲကို စုစည်းကျင်းပရခြင်းလည်း ဖြစ်ပါသည်။ ထို့အပြင် နွမ်းပါးသောလူနာ အယောက် (၁၀၀) အတွက် အခမဲ့အူကိုမှန်ပြောင်းဖြင့်ကြည့်၍ ရောဂါရှာဖွေပေးခြင်းအပြင်၊ ယခုမှစ၍ ၂၀၁၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ အထူးဈေးနှုန်း (၉၉၉၉) ဘတ်ဖြင့် အူကိုမှန်ပြောင်းကြည့်၍ ပိုက်စိပ်တိုက် ရောဂါရှာဖွေခြင်းများကို Samitivej မှ ပြုလုပ်ပေးနေပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက ကျေးဇူးပြုပြီး ဖုန်း – ၀၂၀-၂၂၂-၂၂၂ သို့ ဆက်သွယ်နိုင်ပါသည်။

 

Samitivej ဆေးရုံအကြောင်း

၁၉၇၉ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ကာ ဘန်ကောက် Dusit ဆေးပညာဝန်ဆောင်မှု PCL Group ရှိ ဆေးရုံ ၄၃ ရုံတွင် တစ်ရုံအပါအဝင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ အပြည်ပြည်ဆိုင်ရာပူးတွဲကော်မရှင် (JCI) ၏ နိုင်ငံတကာစံချိန်စံချိန်စံညွှန်းများနှင့် ပြည်တွင်းစံချိန်များအရ ထောက်ခံအသိအမှတ်ပြုမှုများ ရရှိထားကာ ၎င်း၏ ဆေးပညာ ဝန်ဆောင်မှု အရည်အသွေးများကြောင့် ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှ၌ ဦးဆောင်နေသော ပုဂ္ဂလိကဆေးရုံများထဲတွင် တစ်ရုံအပါအဝင် ဖြစ်ပါသည်။ ထိုဆေးရုံအုပ်စုကို Samitivej Sukhumvit ၊ Samitivej Srinakarin ၊ Samitivej Sriracha ၊ Samitivej Thonburi ၊ Samitivej Chonburi နှင့် Samitivej ကလေးဆေးရုံအစရှိသည့် ဆေးရုံ (၆) ရုံ တို့ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

 

သတင်းအစုံအလင်သိရန်အတွက် ကျေးဇူးပြု၍ဆက်သွယ်ပါ:

Natrawee Boonyapongchai  ဖုန်း ၀၂- ၇၁၁- ၈၆၀၄         E-mail:natravee.bu@samitivej.co.th

Kanda Paisontarangkoon       ဖုန်း၀၂- ၃၇၈- ၉၁၅၅         E-mail: kanda.pr@samitivej.co.th