Share the message

Samitivej မှာ Look@MyBaby®

lookatmyBaby

 

ကမ္ဘာလောကကြီးထဲသို့ ကလေးငယ်တဦးအား မွေးဖွားခေါ်ဆောင်လာခြင်းသည် မျက်လှည့်ဆန်သော ဘ၀အတွေ့အကြုံပင်ဖြစ်သည်။

 

Samitivej Srinakarin ဆေးရုံကြီးတွင် Look@MyBaby® ဟူသည့် တန်ဖိုးမြင့် အွန်လိုင်း၀န်ဆောင်မှုကို ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ ဆေးရုံကုတင်ပေါ်မှ ပျော်ရွှင်မှုလေးများကို မိသားစုနှင့် မိတ်ဆွေများဆီသို့ တိုက်ရိုက် မျှေ၀ပေးနိုင်သော ဗွီဒီယိုထုတ်လွှင့်မှုအစီအစဉ်ကို ထိုင်းနိုင်ငံအတွင်းမှာ ပထမဆုံးအနေနှင့် ရရှိလာခြင်းပင် ဖြစ်ပါသည်။ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများ မည်သည့်အရပ်ဒေသကို ရောက်ရှိနေသည်ဖြစ်စေ အရေးမကြီးတော့သလို ဆေးရုံကို လူကိုယ်တိုင်လည်း လာရောက်ရန် မလိုတောဘဲ သီးသန့်တိုက်ရိုက်ဗွီဒီယိုမှတဆင့် သင့်ကလေးကို မိတ်ဆက်ပေးနိုင်ပါပြီ။ ဒါဟာ Virtual Baby Visit TM ပဲ ဖြစ်ပါသည်။

 

ပျော်ရွှင်မှုကို မျှေ၀ခံစားခြင်း       

ဤအစီအစဉ်ကို ယခုပင် ပါ၀င်လိုက်ပြီး တကယ့်ကို ပျော်ရွှင်အမှတ်ရဖွယ် နေ့တစ်နေ့ဖြစ်လာဖို့ ရေတွက်နေရင်း သင်၏ မိသားစုနှင့် မိတ်ဆွေများကိုပါ မျှေ၀ခံစားစေဖို့ ဖိတ်ခေါ်လိုက်ပါ

သင်၏ကလေး မီးဖွားပြီးနောက် မိသားစုနှင့် မိတ်ဆွေများအနေနှင့် ၎င်းတို့၏ လက်ကိုင်ဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာမှ ကလစ်တစ်ချက် နှိပ်ရုံနှင့် စိတ်လှုပ်ရှားဖွယ် ခံစားမှုများနှင့်အတူ သင့်၏ မွေးကင်းစကလေးလေးကို အချိန်နှင့် တပြေးညီ မြင်တွေ့ရပြီး အင်မတန်မှ ၀မ်းသာပျော်ရွှင်စေမှာပင် ဖြစ်ပါသည်။ ဤမျှ ရိုးရှင်းလွယ်ကူပါသည်။ Virtual Baby Visits™ တိုက်ရိုက်ဗီဒီယိုဟာ ဆေးရုံပေါ်က ပထမဆုံး နာရီများနှင့် နေ့ရက်များမှာ သင်တို့၏ ချစ်ခင်ရသူများကို ပျော်စရာအတွယ်အတာလေးနှင့် ပြီးပြည့်စုံစွာ တွေ့ဆုံစေဖို့ပါသည်။ အွန်လိုင်းမှ ကလေးကြည့်သည်ဆိုသည်မှာ ဘယ်သူ့ကိုမှ လွမ်းဆွတ်နေရခြင်းများကို မရှိစေတော့ဘဲ မိခင်နှင့် ကလေး၏ ဆက်သွယ်ချည်နှောင်မှု အတွက်ပါ အချိန်ပိုရစေပြီး အနှောင့်အယှက်နည်းစေသလို မိသားစုနှင့် မိတ်ဆွေများအနေနှင့်လည်း ဗွီဒီယိုများကိုကြည့်ပြီး သင်နှင့် သင့်၏မိသားစုအတွက်တော့ ထာ၀ရအဖိုးတန်လေးများ ဖြစ်လာစေမည့် ဒီဂျစ်သည်နှုတ်ဆက်လွှာများနှင့် ဆန္ဒမွန်ပြုခြင်းများကို ပို့ပေးနိုင်ပါလိမ့်မည်။ ဤကဲ့သို့ ထူးခြားသောအချိန်လေး၏ စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ ပျော်ရွှင်မှုလေးများကို နှစ်ပေါင်းများစွာကြာသည်အထိ အမှတ်ရနေစေဖို့ အထောက်အကူပေးပါလိမ့်မည်။ သင်၏ “Look@MyBaby®” ကိုယ်ရေး၀န်ဆောင်မှုလေးသည် သင်နှင့် မိသားစုအားလုံးအတွက်  ဆေးရုံတွင်ပင် အရာအားလုံးကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းစေနိုင်မှာ ဖြစ်ပါသည်။

 

 

Virtual Baby Visits™ ၏ အကျိုးရလာဒ်များ

Virtual Baby Visits™ ကို မွေးပြီးကလေးအခန်းများနှင့် အထူးပြုစောင့်ရှောက်သော ကလေးထိန်းအခန်းများတွင် အသုံးပြုနိုင်ပါသည်။

Virtual Baby Visits™ သည် ဥပမာအားဖြင့် ဗိုက်ခွဲ၍ မွေးဖွားပြီးနောက် ကလေးသည် ကလေးထိန်းအခန်းထဲတွင် ရှိနေပြီး မိခင်နှင့် ခွဲထားရသောအခါမျိုးတွင် မိခင်နှင့် ကလေး၏ ဆက်သွယ်ချည်နှောင်မှုကို အကူအညီပေးပါလိမ့်မယ်။

 

Virtual Baby Visits™ ဖြင့် မိသားစုအနေနှင့် ၎င်းတို့၏ မိသားစု၀င်အသစ်လေး အထူးကလေးထိန်းခန်းထဲတွင် ရှိနေသေးသည်ကိုပင် မြင်တွေ့ခွင့် ရနေပါလိမ့်မယ်။

ကျွန်တော်တို့၏ Virtual Baby Visits™ ကို ဖောက်သည်များ၏ ပြောကြားချက်အရ မိဘများအနေဖြင့် သူတို့၏ မွေးခါစကလေးငယ်တို့ကို တစ်နေရာစီ ခွဲထားခြင်းကြောင့် စိတ်လှုပ်ရှားနေမှုများကို လျော့ကျစေနိုင်ပြီး မိခင်အနေနှင့်လည်း သူမ၏ ကလေးငယ်ကို အွန်လိုင်းမှ မြင်ရသောအခါ အလိုလျှောက်တုန့်ပြန်မှုကို အစပျိုးစေခြင်းဖြင့် မိခင်အား နို့ရည်ညှစ်ထုတ်နိုင်ရန် အထောက်အကူပြုသည်ဟု ဆိုပါသည်။

အကောင်းဆုံးသော ရောဂါကူးစက်မှု ထိမ်းချုပ်ခြင်းသည် လူကိုယ်တိုင် လာရောက်ကြည့်ရှုခြင်းကို လျှော့ချခြင်းပင်ဖြစ်သည်။ အွန်လိုင်းမှ ကလေးကြည့်ခြင်းဟာ အနှောင့်အယှက်အနည်းဆုံး ဖြစ်သောကြောင့် မိဘများနှင့် မွေးကင်းစကလေးငယ်ကို မည်သူမျှ ရှိမနေစဉ်အတွင် ဆက်သွယ်ချည်နှောင်ရန်လည်း အချိန်ပိုရစေပါသည်။

 

ဒါဟာ ဘယ်လိုမျိုး အလုပ်ဖြစ်တာလဲ

သင့်ကလေးငယ်၏ ဘေးကင်းလုံခြုံရေးသည် ပထမဦးစားပေးဖြစ်၍ အသုံးပြုရလွယ်ကူခြင်းသည် အဓိကသော့ချက်ပင်ဖြစ်သည်။

သင့်၏ မိုဘိုင်းဖုန်း၊ တက်ဘလက် ဒါမှမဟုတ် ကွန်ပျူတာကို အသုံးပြု၍ Virtual Baby VisitsTM ကို မိသားစုအတွက်ရယ် ဖိတ်ခေါ်ခြင်းများအတွက်ရယ်ကို ထိမ်းချုပ်နိုင်ပါသည်။ အဖိုးအဖွားများနှင့် မိသားစုအနေနှင့် သာမန်မျှသော အသုံးပြုသူအမည်နှင့် စကား၀ှက်ကို ဖြည့်သွင်းလိုက်ရုံနှင့် ၀န်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။ အင်မတန်မှပဲ လွယ်ကူပါသည်။

ကျွန်တော်တို့၏  Look@MyBaby®  အစီအစဉ်၏ ကင်မရာများသည် ဆေးဘက်ဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီဖြစ်ပြီး  ဆေးရုံအတွင်း မိခင်များအခန်းအတွက် နှစ်သက်စဖွယ် အထူးပုံစံထုတ်ထားသည်များပဲ ဖြစ်ပါသည်။ အဆိုပါကင်မရာကို သိုးငယ်လေးကင်မရာလို့ နာမည်ပေးထားပါသည်။

သိုးငယ်လေးကင်မရာသည် ကလေးကုတင်ပေါ်က သင့်၏ရင်သွေးလေးကိုသာ တဆက်တည်း ရိုက်ကူးတင်ပြမှုကို ပြုလုပ်ပေးမှာ ဖြစ်ပါသည်။ အဲ့ဒီ ဗွီဒီယိုကိုတော့ “Look@MyBaby®” အစီအစဉ်ကို သင်ကိုယ်တိုင် ဖိတ်ကြားထား သူများကသာ လုံခြုံရေးစနစ်ပါ၀င်သော ၀က်ဘ်ဆိုဒ်မှနေတဆင့် စကားဝှက်ကို အသုံးပြုပြီး ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ တစ်ဦးထက်ပိုတဲ့ လူမြောက်များစွာဟာ သင်ဘာမှ ၀င်ရောက်လုပ်ကိုင်ပေးစရာ မလိုပဲ တပြိုင်တည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 

logo-lookatmybaby

 

သတင်းအပြည့်အစုံအတွက် ကျေးဇူးပြုပြီး ဒီနေရာကို နှိပ်ပါ http://svh.cc/baby