Share the message

Samitivej ကလေးဆေးရုံ၊ Doernbecher ကလေးဆေးရုံနှင့် (OHSU) တို့အကြား ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း

Doernbecher

 

“ဆေးရုံထဲက ဆေးရုံ” ဟူသော အယူအဆသစ်အောက်တွင် Samitivej ၏ Sumkhumvit နှင့် Srinakarin တို့၏ ၀န်ဆောင်မှုများဖြင့် Samitivej ကလေးဆေးရုံကြီး၏ ဆရာ၀န်အဖွဲ့ စုစုပေါင်းအင်အား ၁၅၀ မှာ  ထိုင်းနိုင်ငံအတွင်းရှိ ဆေးရုံများအနက် ကလေးအထူးကု အရေအတွက် အများဆုံးပင်ဖြစ်သည်။  ကျွန်တော်တို့၏ ဆေးပညာဆိုင်ရာ အထူးကျွမ်းကျင်မှုကို ထောက်ပံ့မြှင့်တင်ဖို့ ကူညီရန် အမေရိကားရှိ ထိပ်တန်းကလေးဆေးရုံကြီးဖြစ်သော Doernbecher ကလေးဆေးရုံနှင့် ဆေးပညာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို မကြာသေးမှီကပင် Samitivej မှ လက်မှတ်ရေးထိုးကာ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို Jan Freitas-Nichols, RN, MN, PNP နှင့်ပါမောက္ခ Professor Dr. Miles S. Ellenby, MD တို့မှ ဦးဆောင်ခဲ့ပါသည်။

 

သဘောတူညီချက်နှင့် ပတ်သက်သော အကြောင်းအရာများကို Samitivej ကလေးဆေးရုံကြီး၏ ပြောရေးဆိုခွင့်ရှိသူ ဆေးရုံညွှန်ကြားရေးမှူး မန်နေဂျာချုပ် Surangkana Techapaitoon က နိုင်ငံတကာအရည်အသွေးမှီ ဝန်ဆောင်မှုများကို ပို၍ ပြီးပြည့်စုံသောအတိုင်းအတာအထိ ဖွံဖြိုးတိုးတက်စေခြင်းဖြင့် ရှေ့သို့လှမ်းချီနိုင်ရန် ယခု Samitivej မှ စီမံဆောင်ရွက်နေပါသည် ဟုပြောကြားခဲ့ပါသည်။ အဆိုပါ ရည်ရွယ်ချက်များ အထမြောက်စေရန် မွေးကင်းစများ၊ အရေးကြီးသော ကလေးလူနာများ၊ ခက်ခဲရှုပ်ထွေးသော ခွဲစိတ်မှုများနှင့် သွေးဖြူဥနည်းသော သွေးကင်ဆာရောဂါအတွက် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းတို့တွင် ထပ်မံ၍ စူးစမ်းလေ့လာခြင်းများကို ပါဝင်ဆောင်ရွက်နိုင်ရန် အမေရိကန်ပြည်ထောင်စုသို့ ဆရာဝန်များနှင့် သူနာပြုအဖွဲ့များကို စေလွှတ်သွားမည် ဖြစ်ပါသည်။

 

Samitivej မှ Doernbecher နှင့် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများဖြင့် နာမကျန်းဖြစ်နေသော ကလေးသူငယ် အတွင်းလူနာများအား အဖော်မွန်ကောင်းအဖြစ်ဖြင့် သက်တောင့်သက်သာရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန် အစီအစဉ်များချမှတ် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ပန်းတိုင်ကို အထမြောက်စေရန်အတွက် Samitivej မှ ထောက်ပံ့မှုများအနေဖြင့် ဆေးရုံတွင် တက်ရောက်နေရသော ကလေးငယ်များကို ပျော်ရွှင်စေရေးအတွက် သူနာပြုများမှ ကာတွန်းဇာတ်ကောင်များကဲ့သို့ ဝတ်စားဆင်ယင်သည့် ကလေးဘဝ အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

 

အောက်တိုဘာလနှင့် နို၀င်ဘာလအတွင်းကျင်းပမည်ဖြစ်သော နှစ်ပတ်လည် ပညာရပ်ဆိုင်ရာ နှီးနောဖလှယ်ပွဲအတွင်း မိခင်နှင့်ကလေးများအတွက် တီဘီရောဂါကိုကာကွယ်ရန် အာဟာရပြည့်၀ခြင်း၏ အရေးပါမှုအကြောင်းအပြင် ကလေးသူငယ်များအား စောင့်ရှောက်ရေးတွင် သည်လီဖုန်းမှတဆင့် ညွှန်းဆိုကုသမှုပြုခြင်းဖြင့် ဆန်းသစ်ဖွံ့ဖြိုးတိုးတက်စေခြင်းတို့အပေါ် Doernbecher ကလေးဆေးရုံကြီးမှ ကလေးအထူးကုများအဖွဲ့သည် ၄င်းတို့၏ အထူးကျွမ်းကျင်မှုများ၊ ဗဟုသုတများနှင့် အတွေ့အကြုံများကို Samitivej မှ ကလေးအထူးအကုများ အဖွဲ့နှင့်အတူ ဆွေးနွေးဖလှယ်ကြမည် ဖြစ်ပါသည်။

 

အလွန်မကျန်းမာသော မွေးကင်းစများနှင့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရန်၊ ကလေးများတွင် ဖြစ်ပွားနေသော ရှားပါးရောဂါများကို ပျောက်ကင်းအောင် ကုသရန်၊ ကလေးသူငယ်များနှင့် မွေးကင်းစများတွင် ဖြစ်ပွားနေသော နှလုံးရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် ထိရောက်သော ကုသမှုအစီအမံများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးကင်းစများတွက် ရှုပ်ထွေးသော ခွဲစိတ်ကုသမှုများအတွက်လည်း ဆေးရုံကြီး ၂ ရုံ အနေဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

 

Samitivej ၏ ကျန်းမာရေး စောင့်ရှောက်မှု စဉ်ဆက်မပြတ်လမ်းကြောင်းတွင် အစိတ်အပိုင်းတစ်ခုနေဖြင့် ကလေးသူငယ်များ စောင့်ရှောက်ရေးအတွက် ဆေးပညာဆိုင်ရာ သာလွန်ကောင်းမွန်မှုကို မြှင့်တင်အသုံးပြုနိုင်ရန် ပုံဖော်ရေးဆွဲထားခဲ့ပါသည်။  Samitivej သည် ကလေးသူငယ်များ၏  လူမှုပတ်၀န်းကျင်အတွင်း ပျော်ရွှင်စွာနှင့် စွမ်းဆောင်ရည်ပြည့်၀စွာ နေထိုင်ရေး အထူးလိုအပ်ချက်များအတွက် ပြင်ဆင်စီမံပေးနိုင်ရန် ကလေးသူငယ် အထူးလိုအပ်ချက်များ ဆိုင်ရာစင်တာနှင့် ဆယ်ကျော်သက်စင်တာတို့ တွဲဖက်ပါ၀င်သော ထိုင်းနိုင်ငံ၏ ပထမဦးဆုံး ပုဂ္ဂလိကဆေးရုံဖြစ်ပါသည်။

 

နိုင်ငံတကာအသိအမှတ်ပြု ကလေးဆေးရုံကြီးတစ်ရုံအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ အပြည်ပြည်ဆိုင်ရာ ပူးတွဲကော်မရှင် (JCI) ထံမှ တရားဝင်အသိအမှတ်ပြုလွှာကိုရရှိထားပြီး အမေရိကန်ပြည်ထောင်စု၏ ပြင်ပတွင် ကလေးသူငယ် ပန်းနာရင်ကြပ်စောင့်ရှောက်မှုအတွက် ဆေးရုံပိုင်း စောင့်ရှောက်မှုအစီအစဉ် တရားဝင်လက်မှတ် (CCPC) ကို လက်ခံရရှိထားသော ပထမဦးဆုံးဆေးရုံလည်း ဖြစ်ပါသည်။ ကလေးသူငယ် ပန်းနာရင်ကြပ် စောင့်ရှောက်မှုအတွက် အခြားပံ့ပိုးမှုများအနေဖြင့် ထိုင်းနိုင်ငံအတွင်းတွင်သာမက အခြားသော နေရာဒေသများအတွက်ပါ ပညာပေး လေးကျင့်ရေးသင်တန်းများ၊ စာတမ်းဖတ် ဟောပြောပွဲများနှင့် တွေ့ဆုံစည်းဝေးပွဲများကို Samitivej မှ ပုံမှန်အားဖြင့် ပြုလုပ်ကျင်းပပေးလျှက် ရှိပါသည်။

 

 

 

rsz_logo_thai-us

Partnership Samitivej ကလေးဆေးရုံနှင့် Doernbecher ကလေးဆေးရုံတို့အကြား တွဲဖက်ဆောင်ရွက်မှုသည် ၎င်း၏ အသိပညာအခြေပြု စီးပွားရေးကို ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်စေရေး ကူညီရန် ရည်ရွယ်လျှက် ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပူးပေါင်းဆောင်ရွက်သော အစီအစဉ်ဖြစ်သည့်အပြင် ထိုင်း – အမေရိကန် တီထွင်ကြံဆ တွဲဖက်လုပ်ကိုင်မှု၏ အစိတ်အပိုင်းပင်ဖြစ်ပြီး တီထွင်ဖန်တီးခြင်းနှင့် ဆန်းသစ်ပြောင်းလဲခြင်း တန်ဖိုးများကို ထင်ရှားပေါ်လွင်စေပါသည်။