Share the message

MERS-CoV ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကြိုတင်ကာကွယ်ခြင်းနှင့် Samitivej ဆေးရုံကြီးတွင် ရောဂါရှာဖွေခြင်း

prevention-mers-

အရှေ့အလယ်ပိုင်းနှင့် တောင်ကိုးရီးယားတွင် MERS-CoV ဗိုင်းရပ်စ်ပိုး ပြန့်ပွားလာပြီးနောက် ထိုင်းနိုင်ငံတွင် ပထမဆုံးအနေဖြင့် ဖြစ်ပွားလာသောအခါ Samitivej ဆေးရုံကြီးမှ ကျန်းမာရေးဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ဖြင့် အောက်ပါသတိပေးကြေငြာချက်များကို ထုတ်ပြန်ခဲ့ပါသည်။

 

MERS-CoV CoV ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကြိုတင်ကာကွယ်ခြင်းနှင့် Samitivej ဆေးရုံကြီးတွင် ရောဂါရှာဖွေခြင်း

 

၁။ အပြင်းအထန်ရောဂါဖြစ်ပွားမှုများ ရှိနေသောအခါမျိုးတွင် တိုးတက်သော/အသစ်ဖြစ်သော အစီအမံများကို နံနက်နှင့် ညနေတိုင်း ချမှတ်နိုင်ရန် အခြေအနေများကို စောင့်ကြည့်နိုင်သော ဗျူဟာမြောက် အခန်းတစ်ခန်း ထားရှိရန်။

၂။  အမြဲတမ်း အသင့်အနေအထားဖြင့် ရှိရန်:

က။ ဆရာ၀န်များနှင့် ကျန်းမာရေး၀န်ထမ်း အဆင့်အားလုံးအား သတင်းအချက်အလက်များ ဖြနေ့်၀ပါ။

၃။ ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် ဖိအားလျော့အခန်းများ ပြင်ဆင်ပေး၍ ဖြစ်နိုင်ခြေများသောလူနာတို့နှင့် ထိတွေ့နေရသော ကျန်းမာရေးဝန်ထမ်းများကို တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းကိရိယာ (PPE) အပါအဝင် အကာအကွယ်ပစ္စည်းများ ပြင်ဆင်ထားရှိပေးခြင်း။

၄။ ပိုက်စိတ်တိုက် ရောဂါရှာဖွေခြင်းတွင်:

က။ ဆေးရုံတွင် ကျန်းမာရေးသတင်းပေးဌာန ထားရှိခြင်းနှင့် လူမှုသတင်းကွန်ယက်များကဲ့သို့ အခြားလိုင်းများမှတဆင့် သတင်းအချက်အလက်များ ကြေငြာခြင်း။

ခ။ ဖြစ်နိုင်ခြေရှိသော လူနာများကို ရောဂါရှာဇွေ စစ်ဆေးနိုင်ရန် အဆောက်အဦး၏ ၀င်ပေါက်ထွက်ပေါက်များကို ထိမ်းခြုပ်ခြင်း။

ဂ။     ဆေးရုံမူ၀ါဒအရ အပူချိန်ထောက်လှမ်းရေး ကိရိယာများ တပ်ဆင်ခြင်း။

ဃ။ လူနာမှလူနာသို့ ကူးစက်နိုင်ခြေကို လျှော့ချရန် မျက်နှာဖုံးများနှင့် အရက်ပျံပါ၀င်သော လက်ဆေးဂျယ်လ်များကို ၀င်ပေါက်၊ ထွက်ပေါက်တိုင်း၌ ထားရှိပေးခြင်း။

င။ လွန်ခဲ့သော ၁၄ ရက် အတွင်း ရောဂါပိုး ပျံ့နှံ့နေသော နိုင်ငံများသို့ ခရီးထွက်ခဲ့သူများ၏    ခရီးသွားမှတ်တမ်းနှင့် ရောဂါလက္ခဏာကို စစ်ဆေးခြင်း။

၅။ ဖြစ်နိုင်ခြေရှိသော လူနာကိုတွေ့ရှိလျှင်:

က။ ရောဂါပိုး ပျံ့နှံ့မှုကို ကာကွယ်ရန် လူနာနှင့် ကျန်းမာရေး ၀န်ထမ်းတို့သည် မျက်နှာဖုံးများကို မဖြစ်မနေ ၀တ်ဆင်ရမည်။

ခ။  စောင့်ကြည့်အကဲခတ်နေသော လူနာများအား သီးသန့်နေရာဖြင့် ထားရှိရမည်။

ဂ။ လူနာများအား စောင့်ကြည့်အကဲခတ်နေစဉ် အချိန်အတောအတွင်း ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် သီးသန့်နေရာဖြစ်သော ဖိအားလျှော့အခန်းတွင်သာ မဖြစ်မနေ ထားရှိရမည်။

ဃ။ အဆောက်အဦးအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလာသော ရောဂါဖြစ်နေနိုင်ခြေရှိသည့် မည်သူ့ကိုမဆို အဆောက်အဦး၏ အပြင်ဘက်တွင် သီးသန့်ဖယ်ထားသော ဝင်ပေါက်သို့ စောင့်ကြပ်လိုက်ပါ ပို့ဆောင်ရမည်။

င။ ရောဂါကူးစက်ပျံ့နှံ့ခြင်ကို ကာကွယ်ရန်အတွက် လူနာကို ကုသပေးနေသော ဆရာ၀န်များနှင့် ကျန်းမာရေး ၀န်ထမ်းများသည် တကိုယ်ရည် ကာကွယ်ရေး ပစ္စည်းကိရိယာများကို မဖြစ်မနေ ၀တ်ဆင်ထားရမည်။

စ။ MERS-CoV ဖြစ်တန်ခြေရှိသော ဗိုင်းရပ်စ်ပိုး နမူနာများကို စောင့်ကြည့်စစ်ဆေးရန်အတွက် ဆေးသိပ္ပံဌာနနှင့် Ramathibodi ဆေးရုံကြီးတို့၏ ဓါတ်ခွဲခန်းသို့ ပို့ပေးရပါမည်။

ဆ။ ဖြစ်နိုင်ခြေရှိသော လူနာများနှင့် ပတ်သက်ပြီး ရောဂါထိမ်းချုပ်ရေးဌာနမှ မဖြစ်မနေ  အသိပေး ထုတ်ပြန်ရပါမည်။

ဇ။ လူနာတစ်ဦးအား အိမ်ပြန်ခွင့် ပြုလိုက်ပြီးနောက် သူ/သူမသည် မိမိကိုယ်ကို ဂရုတစိုက်နိုင်ရန် အကြံပြုချက်များကို ရရှိမည်ဖြစ်ပြီး ဆေးရုံ၀န်ထမ်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လိုအပ်ချက်များကို ဆက်လက်ဆောင်ရွက်လိမ့်မည် ဖြစ်သည်။

၆။ MERS-CoV ဖြစ်တန်ခြေရှိသော လူနာတစ်ဦး ဆေးရုံတက်ရောက်လာလျှင်:

က။ အရေးပေါ်အခန်းရှိ သီးသန့်ဧရိယာမှ အထူးကြပ်မတ်ခန်းထဲရှိ ဖိအားလျော့အခန်းတွင် ကုသမှုခံယူစေရန်အတွက် အခြားလူနာများမှ ခွဲခြားထားသော ပို့ဆောင်ရေးလမ်းကြောင်းကို အသုံးပြု၍ လူနာအား ပို့ဆောင်ပေးရပါမည်။

ခ။ လူနာအား ပို့ဆောင်ပေးနေစဉ်အတွင်း မျက်နှာဖုံးနှင့် အကာအကွယ်ပေးသည့် ပစ္စည်းကိရိယာများကို မဖြစ်မနေ တပ်ဆင်ထားရပါမည်။

၇။ လုပ်ဆောင်ရမည့် သန့်ရှင်းရေးဆောင်ရွက်မှု အစီအစဉ်များကို လူနာအခန်းများနှင့် ၀န်းကျင်ဧရိယာအားလုံးအတွက် စတင်ပြုလုပ်ပါ။