Share the message

ဆစ်မီတဝေ့ဆေးရုံကြီးအကြောင်း

ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံကြီးဟာဆိုရင် ဆေးဘက်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားဧည်သည့်တော်များအတွက် ကမ္ဘာ့အကောင်းဆုံးထိပ်တန်းအဆင့်ဆေးရုံ (၁၀) နေရာတွင် တစ်ခုအပါအဝင်အဖြစ် ၂၀၁၈ တွင် ရွေးချယ်ခံရတယ်ဆိုတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ Medical Travel Quality Alliance (MTQUA) မှ ပေးအပ်သော အာရှနိုင်ငံများရှိအကောင်းဆုံးဆေးရုံ အဖြစ်သတ်မှတ်ခံရခြင်း၊ ကမ္ဘာ့ထိပ်တန်းအဆင့်ဦးဆောင်နေသော ဆေးရုံများအဖြစ်သတ်မှတ်ခံရခြင်း၊ ထို့အပြင်ဘန်ကောက်တွင်နေထိုင်သူဒေသခံများသာမကနိုင်ငံရပ်ခြားမှ လာရောက်နေထိုင်သူများ၏ကျန်းမာရေးစောင့်ရှောက်မှု “Provider of Choice” အဖြစ်လည်းအသိအမှတ်ပြုခံထားရပါတယ်။

ဆစ်မီတဝေ့သည် MTQUA မှ ချီးမြှင့်သော” နိုင်ငံတကာအဆင့်တန်းမီ ယုံကြည်လေးစားခံရသော အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနေသောဆေးရုံကြီး”ဆုကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် အောင်မြင်အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် စီးပွားရေးပညာရှင်များ၊ နိုင်ငံတကာ သံတမန်ရေးရာအမှုဆောင်အရာရှိများ၊ အနောက်တိုင်းသားများ၊ ဂျပန်နိုင်ငံသားများ အဖွဲ့အစည်း နှင့် နိုင်ငံရပ်ခြားမှ ထိုင်းနိုင်ငံတွင် လာရောက်နေထိုင်သူများ အတွက် အကောင်းဆုံးအရည်အသွေးမြင့်မားသော ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းများကြောင့် အာရှနိုင်ငံတွင်အဆင့်မြင့်ဆုံး ဆေးရုံ အဖြစ်သတ်မှတ် ထောက်ခံမှုကို လည်းရရှိထားသော ဆေးရုံတစ်ရုံဖြစ်ပါတယ်။

MTQUA ထိပ်တန်း ၁၀ ဆေးရုံဆိုသည်မှာ ကမ္ဘာ့ဦးဆောင်အဆင့်သတ်မှတ်သော ဆေးဘက်ဆိုင်ရာခရီးသွားလာခြင်းနှင့် ဆေးဝါးကုသမှုထူး ချွန်ခြင်းကို အောင်မြင်ထားခြင်းဟု ဆိုလိုပါတယ်။ အာရှဆေးဘက်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားဧည်သည့်တော်များ၏ထိပ်တန်း နံပါတ် (၁)နေရာတွင်ရှိသောဆေးရုံ၊ နိုင်ငံတကာရပ်ဝန်းမှအဖွဲ့အစည်းနှင့် ကမ္ဘာ့အဆင့်မီ စံနှုန်းဖြင့် လူနာများကို စောင့်ရှာက်မှုပေးနေသော ဆေးရုံတစ်ရု့ဖြစ်တယ်လို့လည်း ချီးမွမ်းပြောဆိုထားပါ တယ်။ ဆစ်မီတဝေ့ဆေးရုံကြီး၏ တိုးတက်ပြောင်းလဲလာမှု၊ ဆရာဝန်များနှင့် လူနာများဆက်ဆံမှု အပေါ်ဦးတည်ကာ အထူးတန်ဖိုးထားဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုကို လူနာများ စိတ်အနှောက်အယှက်နည်းနိုင်သမျှနည်းစေဖို့ အကောင်းဆုံးဆောင်ရွက်ခြင်း၊ ဆစ်မီတဝေ့ဝန်ထမ်းများဟာဆိုရင်လူနာကို အလေးထားကူညီစောင့်ရှောက်ခြင်းနှင့် နည်းပညာစက်ကိရိယာများ ဆန်းသစ်တီထွင်ခြင်းများဟာ ၂ နှစ်အတွင်းသိသိသာသာ တိုးတက်မှု ရှိတယ်လို့ MTQUA လို့ဂုဏ်ယူချီးမွမ်းခဲ့ပါတယ်။ ထို့အပြင် လူနာတိုင်းအတွက် သူတို့ ရောဂါနှင့် ဆိုင်ရာ ဆရာဝန်ကိုတွေ့ပြီး ဆေးကုသမှုခံယူရန်၊ အဘယ်ကဲ့သို့ အရေးကြီးကြောင်းကို ဝန်ထမ်းများက နားလည်ကြပါတယ်။ ဒါဟာ အရေးကို အရေးကြီးတဲ့ အခြေအနေဖြစ်တယ်။လူ နာကိုဆက် သွယ်ပေးသော အဖွဲ့ကလူနာတဦးချင်းနှင့် ဆိုင်ရာသမားတော်သို့မဟုတ် ဆေးဝါးအထူးကုများနှင့် တွေ့ခြင်းအဆင့်ဆင့်ကို ကူညီကြတယ်လို့ MTQUA မှ specialists များက ပြောကြားခဲ့ပါတယ်။

ဆစ်မီတဝေ့ဆေးရုံကြီးဟာ နိုင်ငံရပ်ခြားမှ ထိုင်းနိုင်ငံသို့လာရောက်နေထ်ိုင်သူများနှင့် ဒေသခံများအတွက်ပါ “Provider of Choice” အဖြစ် Medical Travel Quality Alliance (MTQUA)” မှ အသိအမှတ်ပြုပြီးဖြစ်သော ကြောင့် ဝါကြီးသောဆေးရုံများဖြစ်သော ဘန်ကောက်ဆေးရုံနှင့် ဘမ်ရွှန်ကရက်နိုင်ငံတကာဆေးရုံ တို့၏ အမိုးအောက်တွင်မရှိတော့ပေ။ဆစ်မီတဝေ့ဆေးရုံကြီး၏ ဆေးဝါးကုသစောင့်ရှောက်မှုကို နှစ်သက်သူများအပြင်တရုတ်၊ အရှေ့တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှလည်းဆေးဝါးကုခြင်းသခံလိုသူများကိုပါ ဆွဲဆောင်မှုကြီးမားလာသည်ဟု MTQUA က သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ ဆေးဝါးကုသခရီး သွားလာခြင်းဈေးကွက်တန်ဘိုးက ၂၀၁၇ခုနှစ်တွင် US $ ၅ကုဋေကျော်မြင့်တက်လာကြောင်းနှင့် နှစ်စဉ် တန်ဘိုး ၂ဝရာခိုင်နှုန်းထိ အံအားသင့်လောက်အောင် တိုးတက်လာသည်ကိုတွေ့ရသည်။ ဆစ်မီတဝေ့ဆေးရုံ၏ လူဦးရေ ၄၀၀ ထက်များပြားသော ဆေးဝါး အထူးကုများနှင့် ဘာသာစကားမျိုးစုံမှ ဆေးဝါးကုသခံသူများကို ဆက်သွယ်ခြင်းများနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။

ဆစ်မီတဝေ့ဆေးရုံကြီးအကြောင်း

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံကို ၁၉၇၉ တွင် တတိယအဆင့်ရောဂါများနှင့် စည်းကမ်းသေသပ်သောဆေး ဝါးကုသမှုအမျိုးမျိုးအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းဖြင့် စတင်တည်ထောင်ခဲ့သည်။စုစုပေါင်း ၇ ခုသော ဆစ်မီတဝေ့ဆေးရုံများက ၁.၈ သန်းသော လူနာများကို နှစ်စဉ်ဆေးဝါးကုသမှု ပေးနေသည်။
၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာပူးပေါင်းကော်မရှင် (JCI)၏ ပထမယုံကြည်မှုကိုအပ်နှံခံရသည့်အချိန် မှ စ၍ ဆစ်မီတဝေ့ကသာ၍ တိုးတက်သောနိုင်ငံတကာတိုးတက်မှုများပြုရန် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံများ ရှိ ဆေးတက္ကသိုလ်များနှင့် အတူပူးပေါင်းဆောင်ရွက်လာသည်။ဆစ်မီတဝေ့ ဆေးဝါးကုသဝန်ဆောင်မှုအချက်အလက်ဗျူဟာဗျူရို (Bureau of Data Medical Strategy) နှင့်လည်းပူးပေါင်း ပါဝင်လာသည်။ ဆစ်မီတဝေ့က ဘန်ကောက်နေဒေသခံများနှင့် နိုင်ငံရပ်ခြား မှလူနာများ ကိုပါ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်ရွေးချယ်မှုကြီး ဖြစ်လာပါတယ်။