Samitivej ရဲ့ အထူးကြပ်မတ်ကုသဆောင်သစ်ကြီး

နည်းပညာတိုးတက်မှုမြင့်မားလာခြင်းဟာ Samitivej ရဲ့ လုပ်ငန်းဆောင်တာ အခန်းများရဲ့ အဆင့်အတန်းများကို ကျွန်တော်တို့ရဲ့ ဒေသခံများအပြင် အခြားပြည်သူများအတွက်လဲ အကောင်းမွန်ဆုံးသော ဆေးဝါးကုသမှုကို ပေးစွမ်းနိုင်ရန် အဓိကရည်ရွက်ချက်ဖြင့် သိသိသာသာမြင့်တင်စေခဲ့ပါတယ်။ Samitivej ရဲ့ အထူးကြပ်မတ်ကုသဆောင်သစ်ဟာဆိုရင် နှစ်နှစ်ခန့်ကြာအောင် ကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် ထိပ်သီးဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ အကြံပေးပုဂ္ဂိုလ်များ၊ နည်းပညာ ကုမ္ပဏီများ ပူးပေါင်း၍ စေ့စပ်စွာ ကြိုးပမ်းအားထုတ်ထားခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ အဆောက်အအုံအတွင်းမှာ ခွဲစိတ်ခန်းသစ် ၈ ခန်း၊ မွေးဖွားခန်း ၅ ခန်း၊ မွေးကင်းစကလေးများ အထူးကြပ်မတ်စောင့်ရှောက်ခန်း ၁ ခန်း နှင့် လူနာအထူးကြပ်မတ်စောင့်ရှောက်ခန်းသစ် ၁၆ ခန်းပါဝင်ပါတယ်။ ဒီအဆောက်အအုံဟာ ကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်များအတွက် အကောင်းမွန်ဆုံး လုပ်ကိုင်ဆောင်ရွက်ရာ နေရာကိုပေးစွမ်းနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ အဆင့်အမြင့်ဆုံးသော ခွဲစိတ်ခန်းမများဟာ နောက်ဆုံးပေါ် ခွဲစိတ်နည်းပညာသစ်များကို ကျွန်တော်တို့ရဲ့ လူနာများရဲ့ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးကို တိုးမြင့်ပေးနိုင်ရန်အတွက် ပြည့်စုံစွာတပ်ဆင်ထားရှိပါတယ်။


ကျွန်တော်တို့ရဲ့ ဆရာဝန်များက ဘာတွေကိုပြောဆိုနေကြလဲ။

Samitivej ရဲ့ အထူးကြပ်မတ်ကုသဆောင်ရဲ့ အဓိကရည်ရွက်ချက်ဟာ ခွဲစိတ်မှုအတွေ့အကြုံ အဆင့်အတန်းကို ပိုမိုမြင့်တင်ပေးနိုင်ရန်အတွက် ဖြစ်ပါတယ်။ ကွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်များလဲ ဒီဇိုင်းအပိုင်းမှာ ပါဝင်ပတ်သက်ခဲ့ပြီးတော့ ခွဲစိတ်ခန်းအသစ်တွေဟာ မတူညီတဲ့ ခွဲစိတ်မှုတိုင်းနဲ့ ခွဲစိတ်ဆရာဝန်တိုင်းရဲ့ အရည်အသွေးကို မြင့်တင်ပေးနိုင်ဖို့အတွက်၊ ကျွန်တော်တို့ရဲ့ လူနာတွေကို ပိုမိုကောင်းမွန်တဲ့ စောင့်ရှောက်မှု ကုသမှုတွေ ပေးစွမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ဆရာဝန်များရဲ့ အမြင်ကို ဖတ်ကြည့်ပါ။


ကျွန်တော်တို့ဟာ Thailand အတွင်းမှာရှိတဲ့ ကျမ်းမာရေးကုသစောင့်ရှောက်မှုအတွက် စံချိန်သစ်တစ်ရပ်အနေနဲ့ သတ်မှတ်လိုက်နိုင်တဲ့အပြင် အောက်ပါနယ်ပယ်တွေမှာလဲ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို အဆင့်မြင့်တင်နိုင်တဲ့ အထူး ကြပ်မတ်ကုသဆောင်ကြီးကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။

ဘေးကင်းလုံခြုံမှု

လူနာတွေဟာ ကျွန်တော်တို့အတွက် အဓိကဦးစားပေး ဖြစ်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ အထူးကြပ်မတ်ကုသဆောင်ဟာ ဘေးကင်းလုံခြုံခြင်း၊ ပိုမွှားကင်းရှင်းခြင်း၊ စိတ်ဖိစီးမှုကင်းရှင်းခြင်း အချက်အလက်များနှင့် ပြည့်စုံဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာ အခန်းသစ်တွေမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

 

ပိုးမွှားကင်းစင် နယ်ပယ်များ

Laminar လေလည်ပါတ်စနစ်ဟာ ခွဲစိတ်ခန်းတိုင်းမှာ တပ်ဆင်ထားပြီး လေထဲရှိ ဘတ်တီးရီးယားပိုးများနှင့် အခြားရောဂါပိုးမွားများ ကူးစက်ခြင်းကို လျှော့ချပေးတဲ့ လေလည်ပတ်ခြင်းနှင့် လေသန့်စင်ခြင်းစနစ်တစ်ခု ဖြစ်လို့ ပိုးမွှားကူးစက်နှုန်းကို သိသာစွာကျဆင်းစေပါတယ်။ ခွဲစိတ်ခန်းရဲ့ မျက်နှာကြက်မှ လေကိုထုတ်လွှတ်ပေးပြီး ခွဲစိတ်ဝန်ထမ်းများ၊ လူနာ နှင့် ခွဲစိတ်ခုံ အပေါ်တွင် ပိုးမွှားကင်းစင်သော လေစီးကြောင်းတစ်ခုကို ရရှိစေပါတယ်။ ဒီလေစီးကြောင်းဟာ ခွဲစိတ်ခုံအနီးတစ်ဝိုက်မှာ သန့်ရှင်းတဲ့ နယ်ပယ်တစ်ခုကို ဖန်တီးပေးပြီး ဖုန်အမှုန်များ  ခွဲစိတ်ကုသမှုကို အနှောက်အယှက်ပေးခြင်းကို ကာကွယ်ပေးပါတယ်။

ဘတ်တီးရီးယားပိုးကင်းစင် နံရံများ

ကျွန်တော်တို့ရဲ့ ခွဲစိတ်ခန်းများဟာ Europe ရဲ့ ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်ပြီး Thailand ရဲ့ ပထမဦးဆုံးဖြစ်တဲ့ မှန်ခွဲစိတ်ခန်းနံရံတွေကို အသုံးပြုထားပါတယ်။ ခွဲစိတ်ခန်းအတွင်းမှာရှိတဲ့ နံရံတွေဟာ ပလတ်စတစ်အလွှာများကို အသုံးပြုထားပြီး အပိုင်းအဆက်မရှိတဲ့ မျက်နှာပြင်တစ်ခုအနေနဲ့ဖြစ်အောင် ဆောက်လုပ်ထားပါတယ်။ အခုလို အပေါက်ငယ်လေးတွေမရှိပဲ တစ်ပြင်ထဲဖြစ်နေတဲ့ မျက်နှာပြင်ဟာ ဘတ်တီးရီးယားပိုးတွေကို ခွဲစိတ်ခန်းအတွင်းမှာ ဖြစ်ပေါ်လာခြင်းကို တားဆီးပေးပြီး ရောဂါပိုးကူးစက်ခံရခြင်းကို သိသာစွာလျော့ကျစေပါတယ်။

 

နေရာအကျယ်အဝန်းနှင့် သိုလှောင်ခန်းငယ် များ

ခွဲစိတ်ခန်းသစ်များဟာ နေရာကျယ်ဝန်းပြီး စက်ပစ္စည်းတွေနှင့် မရှိမဖြစ်လိုအပ်သောကိရိယာများကို အခန်းတွင်းသို့ ပိုမိုထည့်သွင်းနိုင်ပါတယ်။ သိုလှောင်ခန်းငယ် တွေကိုတော့ ကြိုးတွေနဲ့အခြားကိရိယာတွေကို အခန်းတွင်းမှာ အသုံးပြုမှု လျှော့ချဖို့အတွက် သုံးပါတယ်။ ဒီလို ဒီဇိုင်းပိုင်းမှာ အသစ်ပြင်ဆင်မှုတွေဟာ ခွဲစိတ်ခန်းအတွင်းမှာ မတော်တဆ ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။

OR-174

ခဲသတ္တုကာထားသော နံရံများ

ခွဲစိတ်ကုသမှု အားလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းမှာ ဓာတ်သင့်ရောင်ခြည်ထွက်တဲ့ Fluoroscope ကို အသုံပြုဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်များ၊ သူနာပြုဆရာမများနဲ့ လူနာများဟာ ရောင်ခြည်ဒဏ်ကို ကာကွယ်ရန်အတွက် အထူးသီးသန့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အခန်းနံရံတွေကို ခဲသတ္တုခံထားပြီး ဓာတ်သင့်ရောင်ခြည်ဒဏ်ကို ခွဲစိတ်ခန်း အပြင်သို့မရောက်အောင်လဲ သေချာစွာထိန်းချုပ်ထားပါတယ်။

လေဖိအားမြင့် အခန်းများ

ခွဲစိတ်ခန်းအတွင်းတိုင်းမှာရှိတဲ့ လေဖိအားတိုင်းဟာ အပြင်မှာရှိတဲ့ လေဖိအားထက် မြင့်ရပါမယ်။ လေဖိအားမြင့်အခန်းတွေဟာ ပိုးမွားတွေကို အခန်းအပြင်သို့ တွန်းထုတ်ပေးပြီး တံခါးအဖွင့်အပိတ်တွေမှာလဲ ပိုးမွှားတွေ ပြန်လည်ဝင်မလာနိုင်အောင် တားဆီးပေးပါတယ်။

 

အမှုန်အမွှား အဆင့်အတန်း

သန့်ရှင်းနယ်ပယ်အဆင့်အတန်းကို အခန်းတိုင်းမှာ ပြည့်မှီအောင်ထားထားပါတယ်။ ဒီအဆင့်အတန်းတွေကတော့ Catheterization Lab အတွက် ကုဗပေတစ်ပေမှာ အမှုန်အမွှားပေါင်း ၁၀၀,၀၀၀၊ ခွဲစိတ်ခန်းတိုင်းအတွက် ကုဗပေတစ်ပေမှာ အမှုန်အမွှားပေါင်း ၁၀,၀၀၀ နဲ့ Assisted Reproductive Technology (ART) Lab အခန်းအတွက် ကုဗပေတစ်ပေမှာ အမှုန်အမွှားပေါင်း ၁,၀၀၀ သာရှိရန် ဖြစ်ပါတယ်။

 

စေ့စပ်သေချာသော အခန်းအစီအစဉ်များ

အခန်းများကို တစ်ခန်းနှင့်တစ်ခန်း ဆက်စပ်မှုအပေါ်မူတည်၍  လိုအပ်သည့်ပုံစံနှင့်ကိုက်ညီအောင် ကျွန်တော်တို့၏ ခွဲစိတ်ဆရာဝန်များကလဲ ဒီဇိုင်းပိုင်း ပထမအဆင့်မှစ၍ ပါဝင်ပတ်သက်၍ တည်ဆောက်ထားရှိပါသည်။ လူနာတွေကို ဒီအထူးကြပ်မတ်ကုသဆောင်ရဲ့ အပြင်အဆောက်အဦးတွေကို ပြောင်းရွေ့ဖို့မလိုအပ်ပါ။ အခန်တစ်ခန်းချင်းစီကို အနီးကပ်ထားခြင်းအားဖြင့် လူနာတွေရဲ့ လုံခြုံစိတ်ချရမှု မြင့်တက်စေတဲ့အပြင် သယ်ယူပို့ဆောင်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကိုလဲ လျှော့ချနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Cath Lab ဟာ နှလုံးသွေးကြောနှင့် လည်ပြွန်ဆိုင်ရာ ခွဲစိတ်ခန်းနဲ့ ဆက်သွယ်ထားပါတယ်။ နောက်ထပ် သားဖွားမီးယပ် အခန်းနဲ့ ART Lab တို့ကို ချိတ်ဆက်ထားတဲ့ အတွက်ကြောင့် မျိုးဥတွေကို သားဖွားမီးယပ် ခွဲစိတ်ခန်းမှယူကာ ဓာတ်ခွဲခန်းထဲမှာ ချက်ချင်း မျိုးပွားနိုင်ပါတယ်။ မမျိုးဥနဲ့ သုတ်ကောင်တို့ရဲ့ သယ်ယူပို့ဆောင်ချိန်အတွက် အချိန်ယူတာနည်းရင်  ကျန်းမာတဲ့ သန္ဓေသားလောင်းကို ထုတ်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းပိုများပါတယ်။ ဒီအခန်းနှစ်ခန်းဟာ သဘာဝမွေးဖွားခန်းနဲ့လဲ ဆက်သွယ်ထားပြီး အရေးပေါ်တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် လူနာတစ်ယောက်က ချက်ချင်းပဲ ဗိုက်ခွဲမွေးနိုင်ပါတယ်။

 

သတ်မှတ်ချက်များ

အထူးကြပ်မတ်ကုသဆောင်ကို ဆေးဘက်ဆိုင်ရာ ရည်ရွက်ချက် အချက်အလက်များကို ပြည့်မှီရန်အတွက်

အထူးပြုခွဲစိတ်ဆရာဝန်များ၏ အကြံပေးချက်များဖြင့် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါတယ်။ ခွဲစိတ်ခန်းသစ် ၈ ခန်းကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါတယ်။

  • OR 1: Cardiovascular thoracic operating room
  • OR 2: Orthopedic operating room/ Brain surgery operating room
  • OR 3: Orthopedic operating room
  • OR 4: 3D Laparoscopic operating room
  • OR 5: 3D Laparoscopic operating room
  • OR6: အထွေထွေ ခွဲစိတ်ခန်း
  • OR7: အထွေထွေ ခွဲစိတ်ခန်း / သားဖွားမီးယပ် ခွဲစိတ်ခန်း
  • OR8: သားဖွားမီးယပ် ခွဲစိတ်ခန်း / မျိုးမအောင်ခြင်း နည်းလမ်းများ

မွေးဖွားခန်းများ

ကျွန်တော်တို့၏ ပြင်ဆင်မှုများတွင် ခေတ်မှီမွေးဖွားခန်း အသစ် ၅ ခန်း ထပ်မံပါဝင်ပြီး သဘာဝမွေးခန်းများအတွက်လဲ ပစ္စည်းများပါဝင်ထားရှိပါတယ်။ မွေးဖွားခန်းတွေကို လူနာတွေအတွက် နွေးထွေး၍ စိတ်အပန်းဖြေနိုင်သော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် ဒီဇိုင်းဆွဲထားပါတယ်။ မွေးဖွားခန်းအသစ်များတွင် နားနေစောင့်မျှော်ခန်းနှင့် သားမွေးခန်းများ ပါဝင်ပါတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့ သားမွေးခြင်းရဲ့ နောက်ဆုံးအဆင့်ကို မရောက်သေးသောအခါတွင် သားမွေးခန်းသို့ ကူးပြောင်းပို့ဆောင်စရာ မလိုသေးပဲ ကိုယ့်အခန်းထဲမှာပဲ အနားယူကာ စိတ်အပန်းဖြေနိုင်ပါတယ်။ အခန်းများတွင် အင်တာနက်သုံးစွဲနိုင်ပြီး မျက်နှာပြင်ကျယ် TV များ တပ်ဆင်ထားသောကြောင့် မိဘများအနေဖြင့် မိမိတို့၏ မိတ်ဆွေများ၊ မိသားစုများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ပါတယ်။ သဘာဝမွေးခန်းများတွင် သားမွေးချိန်တွင် နာကျင်မှုအတွက် အထောက်အကူပြုရန် လှေကား၊ ကြိုး၊ လေ့ကျင့်ခန်း ဘောလုံးများကဲ့သို့ ကိရိယာများလဲ ထားရှိပေးထားပါတယ်။ ထို့အပြင် မွေးဖွားချိန်တွင် အသုံးပြုသော ရေကို ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသန့်စင်ထားသောကြောင့် မိခင်နှင့် ကလေးအတွက်ပါ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Birth Room

သန္ဓေသားလောင်း သိပ္ပံဓာတ်ခွဲခန်း

ကျွန်တော်တို့၏ သန္ဓေသားလောင်း သိပ္ပံဓာတ်ခွဲခန်းသစ်တွင် နိုင်ငံတစ်ကာ စံချိန်မှီ၍ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားကာ မျိုးမအောင်သော မိဘများအတွက် သဘာဝ သန္ဓေသားလောင်းဖြစ်တည်ရန် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး မျိုးအောင်မှုနှုန်းကို ထောက်ပံ့ပေးထားပါတယ်။ ဒီ ဓာတ်ခွဲခန်းအသစ်အတွင်းမှာ ယခင် ဆေးဘက်ဆိုင်ရာအဆင့်အတန်းများကို လက်ကိုင်ထား၍ ပိုမိုများပြားသော မျိုးမအောင်သည့် စုံတွဲများကို ကုသမှုပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။  ဓာတ်ခွဲခန်းအတွင်းမှာ အောက်ပါ ထူးခြားတဲ့ အင်္ဂါရပ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်မထွက်သော အလင်းရောင်ကို သုံးခြင်းဖြင့် သန္ဓေသားလောင်းများကို အန္တရာယ်မှ ပို၍ ကာကွယ်ပေးထားပါတယ်။

လေအားသုံး သန့်စင်စနစ်တစ်ခုကို သုံး၍ ခန္ဓာကိုယ်ရှိ အမှုန်အမွှားများကို အခန်း၏စံချိန်စံညွန်းအတိုင်း (ကုဗတစ်ပေတွင် ၁,၀၀၀) ဖြစ်ရန် လျှော့ချပေးပါတယ်။

မျိုးဥတွေကို မိခင်ရဲ့ ခန္တာကိုယ်အပူချိန်ဖြစ်တဲ့ ၃၇ဒီဂရီ ဆဲလ်ဆီးရက်စ် မှာပဲ ထိန်းသိန်းထားရှိပါတယ်။ မသန္ဓေမျိုးစေ့ကိုရယူခြင်း ပြီးသောအခါ  ဓာတ်ခွဲခန်းအတွင်းသို့ မပို့ဆောင်မှီ မျိုးဥများကို Pass Box ထဲသို့ထည့်ခြင်းဖြင့် ဆေးဝါးကျွမ်းကျင် ပညာရှင်မှ သန္ဓေသားမျိုးဖောက်ခြင်းကို ဓာတ်ခွဲခန်းအတွင်းတွင် ချက်ချင်းစတင်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ မျိုးဥများကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းပေးထားပါတယ်။

မက်နှာကြက်ပေါ်တွင်လဲ Hepa-filter များကို တပ်ဆင်ထားတဲ့အတွက် ပြင်ပလေကိုသန့်စင်ပေးပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဆိပ်အတောက်နဲ့ ဘတ်တီးရီးယားပိုးတွေ ကင်းစင်အောင် သန့်စင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ကိရိယာများအတွက် အသုံးပြုသော ပစ္စည်းများကိုလဲ သန္ဓေသားလောင်းများကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိန်းထားနိုင်ရန် ရည်ရွယ်ပြီး ရွေးချယ်ထားပါတယ်။ ဥပမာအနေနဲ့ ဓာတ်ငွေ့ကြိုးများကို stainless steel ဖြင့် ပြုလုပ်ထားသောကြောင့် ဓာတ်ငွေ့များရဲ့ အရည်အသွေးကို မပြောင်းလဲပဲ ထားရှိနိုင်ပါတယ်။

စိုထိုင်းမှုပမာဏအရမ်းများလာရင် အခန်း၊ ကိရိယာတွေနဲ့ မျိုးဥတွေမှာ မှိုတက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဓာတ်ခွဲခန်းထဲမှာ စိုထိုင်းမှုပမာဏကို တသတ်မတ်ထဲ လုံးဝထိန်းချုပ်ထားပါတယ်။

ခွဲစိတ်ပြီးကျမ်းမာရေးစောင့်ရှောက်ခန်း (Recovery Room)

ပြန်လည်ကျန်းမာရေးအခန်းကို ကျွန်တော်တို့ရဲ့ ပင်မစောင့်ကြည့်စနစ်ဖြင့် ချိတ်ဆက်ထားသောကြောင့် လူနာများအနေဖြင့် အချိန်ပြည့် စောင့်ရှောက်ကြည့်ရှုခြင်းနှင့် ကူညီထောက်ပံ့ခြင်းကို ရရှိနိုင်ပါတယ်။ အိပ်ရာတစ်ခုစီတွင် လူနာတစ်ဦးချင်းစီအတွက် အပြည့်အဝတာဝန်ယူထားသော သူနာပြုတစ်ယောက်ကို ခေါ်ဆိုနိုင်သည့် ခလုတ်တစ်ခု ထားရှိပေးထားပါတယ်။ ကျွန်တော်တို့တွင် ကလေးငယ်များအတွက် အလေးထားကာ ဒီဇိုင်းဆွဲ၍ထားရှိသော ပြန်လည်ကျန်းမာရေးအခန်းလဲ ထားရှိပါတယ်။

 

ICU, CCU and Post-Op Rooms

ကျွန်တော်တို့ရဲ့ ICU အသစ်မှာ အောက်ပါအချက်အလက် အသစ်တွေပါဝင်ပါတယ်။

လူနာတွေ အပြင်ကိုကြည့်ရှုနိုင်ပြီး ဘယ်အချိန်ရှိပြီဆိုတာကို သိရှိနိုင်ဖို့အတွက် ပြတင်းပေါက်များထားရှိထားပြီး လူနာများအတွက် ICU psychosis ကိုခံစားနိုင်ခြေများကို လျှော့ချထားပါတယ်။

နှလုံးအထူးကုဆရာဝန်တစ်ဦးကို အချိန်ပြည့်အသင့်ထားရှိပေးထားပါတယ်။ လူနာတစ်ယောက်က နှလုံးခွဲစိတ်ကုသမှုခံယူပြီးသွားတဲ့အခါမှာ အနီးမှာရှိတဲ့ CCU အခန်းကို ချက်ချင်းပြောင်းရွေ့ထားရှိပါတယ်။ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့ လူနာတွေကို အချိန်ပြည့်ကြည့်ရှုစောင့်ရှောက် ပေးဖို့အတွက်လဲ Intensivist တစ်ယောက်ထားရှိပေးထားပါတယ်။

ကိရိယာမျိုးစုံလိုအပ်ပြီး ခက်ခဲတဲ့ အခြေအနေများအတွက်လဲ အခန်းတိုင်းမှာ ကိရိယာများကို အသင့်သိုလှောင်ထားတဲ့ သိုလှောင်ခန်းငယ်များကိုလဲ ဆရာဝန်တစ်ယောက်ရဲ့ အလုပ်နေရာမလျှော့စေပဲ အသုံးပြုနိုင်ရန် စီစဉ်ပေးထားပါတယ်။

အခန်းတိုင်း၏ အပြင်ဖက်တွင်လဲ ကွန်ပြူတာတစ်လုံးစီထားရှိပေးထားပြီး လူနာများအနေဖြင့် ဆရာဝန်ညွှန်ကြားထားသော အချက်အလက်များကို တိုက်ရိုက်လျင်မြန်စွာ ရယူနိုင်ပါတယ်။ သူနာပြုများနဲ့ ဆရာဝန်များလဲ ဓာတ်ခွဲခန်း ရလာဒ်များ၊ ultrasound ရလာဒ်များ ရယူခြင်း၊ ထည့်သွင်းခြင်းများကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ကွန်ပြူတာအား ဆေးဝါးများမှာယူခြင်း၊ သို့မဟုတ် သွေးစစ်ခြင်းများအတွက်လဲ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် cardiac လူနာများအတွက် လျင်မြန်စွာကုသနိုင်မှုဟာ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။

အခန်းတိုင်းတွင် အိမ်သာတစ်လုံးစီလဲ ထည့်သွင်းတည်ဆောက်ထားသောကြောင့် လူနာများအတွက် အဆင်ပြေစွာအသုံးပြုနိုင်စေပြီး သူနာပြုများအတွက်လဲ ပိုမိုကောင်းမွန်စွာ စောင့်ရှောက်မှုပေးစွမ်းနိုင်ရန် အထောက်အကူပြုပါတယ်။

Total nursing care – Samitivej ရဲ့ ICU, CCU နဲ့ Post-Op အခန်းတွေမှာ အယောက်  ၇၀ ကျော်ရှိတဲ့ သူနာပြုတွေ ထားရှိပေးထားပါတယ်။ အိပ်ရာပေါင်း ၄၀ ကျော်ရရှိနိုင်ပြီး သူနာပြုတိုင်းဟာ နယ်ပယ်တစ်ခုစီမှာ အဓိကကျွမ်းကျင်အောင် သင်ယူလေ့လာထားကြပါတယ်။ ကျွန်တော်တို့ရဲ့ သူနာပြုများရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ အရေးပေါ်လူနာတွေကို ပြုစုစောင့်ရှောက်ရာမှာ လုပ်သက် ၁၀ နှစ်နှင့်အထက် အတွေ့အကြုံရှိထားကြပါတယ်။ လူနာတစ်ယောက်ကို ပိုမိုကောင်းမွန်တဲ့ စောင့်ရှောက်မှုနဲ့ လျင်မြန်စွာတုံ့ပြန်နိုင်မှု ပေးစွမ်းနိုင်ရန်အတွက် သူနာပြုတစ်ယောက်စီ ထားရှိပေးထားပါတယ်။

 

ကိရိယာ အသစ်များ

အထူးကျမ်းမာရေးကုသမှု အဆောက်အအုံဟာ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာနည်းပညာတွေကို အသုံးပြုထားတဲ့အတွက် ခွဲစိတ်ကုသမှု အဆင့်အတန်းနဲ့ လူနာတွေရဲ့ ဆေးကုသမှုအတွေ့အကြုံကိုလဲ မြင့်တင်ပေးထားပါတယ်။ တစ်နှစ်ကျော် ကြာအောင် သုတေသန၊ လေ့လာချက်တွေ လုပ်ပြီးတဲ့အခါမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်ပစ္စည်းများနဲ့ သဟဇာတဖြစ်မယ့် ကိရိယာများကို ရွေးချယ်ခဲ့ပါတယ်။

 

ကျွန်တော်တို့ရဲ့ ကိရိယာ အသစ်တွေထဲမှာ အောက်ပါအရာတွေ ပါဝင်ပါတယ်။

 

3D Integration of laparoscopic monitor and lighting control system

ဒီ ကိရိယာအသစ်နဲ့ ထိန်းချုပ်မှုစနစ်အသစ်ဟာ ခွဲစိတ်ခန်းပိုင်းဆိုင်ရာ အလုပ်တွေအတွက် ပိုမိုတိကျသေချာမှုကို ပေးစွန်းနိုင်ပါတယ်။ ထိန်းချုပ်စနစ်ဟာ ခွဲစိတ်ကုသမှုတစ်ခုချင်းတိုင်းကို ပိုမိုထိရောက်အောင် အလင်းရောင်နဲ့ အပူချိန်ကိုထိန်းညှိပေးပါတယ်။ ကြိုတင်ပြီးတော့ ထိန်းချုပ်မှုစနစ်တွေကို ပြင်ဆင်ထားလို့ရပြီး အသံနဲ့ထိန်းချုပ်နိုင်တဲ့အတွက် အရေးပေါ်ခွဲစိတ်ကုသမှုတွေအတွက် ပြင်ဆင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။

အပြာရောင် အလင်းရောင်

အပြာရောင် LED အလင်းရောင်တွေကို လူသွားစင်္ကြန်တွေနဲ့ ခွဲစိတ်ခန်းတွေအတွင်းမှာ ဆေးဘက်ဆိုင်ရာ monitor တွေကို အသုံးပြုရတဲ့အခါမှာ ပိုပြီးပြတ်သားစွာ မြင်နိုင်ရန်အတွက် အသုံးပြုထားပါတယ်။ အလင်းရောင်တွေအသုံးပြုခြင်းက ခွဲစိတ်ကုသချိန်ကို လျှော့ချပေးပြီး အချိန်တိုနဲ့ခွဲစိတ်နိုင်ခြင်းဟာ လူနာတွေအတွက်လဲ ပြန်လည်ကျန်းမာချိန်ကို မြန်ဆန်အောင် အထောက်အကူပေးပါတယ်။

3D Full HD Medical Monitor

လူနာတွေဟာ ကျွန်တော်တို့ရဲ့ HD Medical Monitors တွေကို မိတ်ဆက်စတင်အသုံးပြုခြင်းကြောင့် ပိုမိုကောင်းမွန်ပြီးထိရောက်မှုရှိတဲ့ ဆေးကုသမှုတွေကိုရယူနိုင်ပါတယ်။ မျက်နှာပြင် အသစ်တွေဟာ ပုံရိပ်များကို ပြတ်သားစွာမြင်နိုင်ရန် အလင်းပြန်ကာကွယ်သော နည်းပညာသစ်ကို အသုံးပြုထားသောကြောင့် ခွဲစိတ်ဆရာဝန်များနှင့် ဝန်ထမ်းများအတွက် ခွဲစိတ်ကုသချိန်အတွင်းမှာ ပိုမိုပြတ်သားတဲ့ ပုံရိပ်များကို ပြသပေးနိုင်ပါတယ်။ ဒီမျက်နှာပြင်တွေဟာ ပုံရိပ်များကိုလဲ ပိုမိုကြည်လင်ပြတ်သားစွာပြသပေးနိုင်တဲ့အတွက် ခွဲစိတ်ဆရာဝန်များအနေနဲ့ အရောင်ကိုမူတည်ပြီး ကြွက်သားတစ်ရှုး၊ သွေးထွက်မှု စသဖြင့် ခွဲခြားပေးနိုင်ပြီး အလုံးစုံသော အသေးစိတ် အချက်အလက်များကိုလဲ ပြသပေးနိုင်ပါတယ်။

 

စိမ်းလန်းသော ဆေးရုံ

Samitivej ရဲ့ ခွဲစိတ်ခန်းသစ်တွေကို ဖွင့်လှစ်ခြင်းဟာ Samitivej ကို စိမ်းလန်းသောဆေးရုံတစ်ခုအဖြစ် ပြောင်းလဲချင်တဲ့ ကျွန်တော်တို့ရဲ့အမြင်ရဲ့ တစ်စိတ်တစ်ပိုင်းလဲ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ ဘုရင်ကြီး Mongkut ရဲ့ Institute of Technology Ladkarabang နဲ့ ပေါင်းဖက်လုပ်ဆောင်ပြီးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ ဆောက်လုပ်ထားတဲ့ ခွဲစိတ်အဆောက်အအုံဟာ နေရောင်စွမ်းအင်ကို အသုံးပြုပြီး လည်ပတ်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြန်လည်ပြုပြင်မွန်းမံခြင်း လုပ်ငန်းအစထဲက အခမဲ့စွမ်းအင်ကို အသုံးချဖို့ဟာ အဓိကရည်ရွယ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နေရောင်ခြည်သုံး ပါဝါပြားတွေဟာ တစ်နာရီကို ၁၅၀ ကီလိုဝပ်အထိ စွမ်းအင်ထုပ်လုပ်နိုင်စွမ်း ရှိပါတယ်။ Polyrethane foam တွေကို နံရံတွေ၊ မျက်နှာကြတ်တွေနဲ့ ခွဲစိတ်ခန်းတွေရဲ့ ခေါင်မိုးတွေမှာ တပ်ဆင်ထားပြီးတော့ အခန်းတွေကိုအေးနေအောင်နဲ့ တစ်ခြား အပူချိန်ကိုထိန်းချုပ်ထားရတဲ့အခန်း (ဥပမာ၊ သုတ်ပိုးရည်များ သိုလှောင်ခန်း) တွေရဲ့ အပူအအေးကို ထိန်းချုပ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ စိမ်းလန်းစိုပြေရေး စီမံချက်ဟာ ခွဲစိတ်ခန်းတွေပေါ်မှာ မိုးပြင်းကျသံတွေကိုလဲ လျော့နည်းအောင်လဲ ကာကွယ်ပေးပါတယ်။ စိမ်းလန်းခြင်းဆိုင်ရာ နည်းပညာတွေကို အသုံးချပြီးတော့ Samitivej ဟာ နောက်ထပ် ၂၅ နှစ်နဲ့ အထက်တိုင်အောင် ပိုမိုပြီးအသုံးပြုရလွယ်ကူပြီး ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအင်ကို အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။