Share the message

ဆစ်မီတဝေ့ ချွန်ဘူရီ

ကြံခိုင်တဲ့ အခြေခံအုတ်မြစ်ပေါ်က အဆောက်အဦး

 

Sukhumvit Soiအမှတ် ၄၉ မှာတည်ရှိတဲ့ Samitivej Sukhumvitဆေးရုံနဲ့ စတင်ခဲ့တဲ့ Samitivej ဆေးရုံကြီးဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂလိက ဆေးရုံတစ်ရုံအဖြစ် ၁၉၇၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဆေးရုံဟာ နောက်ဆုံးပေါ်နည်းပညာ ပစ္စည်းကိရိယာတွေကို အသုံးပြုထားတဲ့ ခေတ်မီဆေးဝါးကုသမှုအတွက် ချီးကျူးဂုဏ်ပြုမှု များစွာ ရရှိထားတဲ့ ဆေးရုံတစ်ရုံပဲ ဖြစ်ပါတယ်။

 

  • ၁၉၉၉ ခုနှစ်မှာ Samitivej ဟာ ထိုင်းနိုင်ငံ၏ ပထမဦးဆုံး “ကလေးသူငယ်များနှင့် သင့်လျော်သော ဆေးရုံ” အဖြစ် ယူနီဆက် (UNICEF) နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်  (WHO) မှ သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။
  • ကျွန်တော်တို့ဟာ ဂုဏ်သတင်းကြီးမားတဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ပူးတွဲကော်မရှင် (JCI) မှ အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။
  • ကျွန်တော်တို့ရဲ့ နောက်ဆုံးရရှိထားတဲ့ အသိအမှတ်ပြု ဆုတံဆိပ်တစ်ခုကတော့ ၂၀၁၃ ခုနှစ်မှာ Aon Hewitt အတိုင်ပင်ခံကုမ္ပဏီ (ထိုင်းနိုင်ငံ) မှ ပေးအပ်ချီးမြှင့်တဲ့ “အကောင်ဆုံး အလုပ်ရှင်ဆု (Best Employer Award)” ပဲ ဖြစ်ပါတယ်။ အဆိုပါဆုဟာဆိုရင် ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို အတွေးအမြင် ကြည်လင်ပြတ်သားပြီး ထူးချွန်ပြောင်မြောက်တဲ့ ရှုမြင်ပုံနဲ့ ခေါင်းဆောင်များဖြစ်လာစေဖို့ ပျိုးထောင်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ဆေးရုံကို ထိုင်းနိုင်ငံ၊ Sasin စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သိပ္ပံ (Sasin Graduate Institute of Business Administration of Thailand) နဲ့ ပူးတွဲချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။

 

Samitivej-Chonburi-Hospital

 

Samitivej ဆေးရုံကြီးဟာ အရှေ့တောင် အာရှရဲ့ အကောင်းဆုံး ဆေးရုံတွေအနက်က တစ်ရုံအဖြစ် ကျယ်ပြန့်စွာပဲ အသိအမှတ်ပြုခံထားရပါတယ်။ ကျွန်တော်တို့ရဲ့ဆေးရုံခွဲတွေဖြစ်တဲ့ Samitivej Srinakarin ၊ Samitivej Sriracha ၊ Samitivej Thonburi တို့အပြင် ယခု Samitivej Chonburi ကိုပါ ထပ်မံတိုးချဲ့ခဲ့ပါတယ်။

 

Samitive Chonburi ဟာ ဆိုရင်ဖြင့် Samitivej ကို လူသိများစေခဲ့တဲ့ ဝန်ဆောင်မှုတွေ၊ ကုသမှုတွေနဲ့ ထပ်တူညီစွာပဲ လူကြီးမင်းကို ပြုစုကုသပေးဖို့ အသင့်အနေအထားနဲ့ပဲ ရှိနေပါတယ်

 

Samitivej Chonburi ရဲ့ ရည်မှန်းချက်ကတော့ Chonburi ဒေသမှာ နေထိုင်သူများအတွက် ကျွန်တော်တို့ရဲ့ဆေးဝါးကုသမှုဌာနအမျိုးမျိုးမှာ အပြင်လူနာများ၊ အတွင်းလူနာများ၊ အသည်းအသန်လူနာများနဲ့ အရေးပေါ်လူနာများအဖြစ် အဆင့်မြင့်စံချိန်စံနှုန်းနဲ့ ပြုစုကုသမှုခံယူနိုင်တဲ့ ဆေးရုံတစ်ရုံဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆေးရုံကို ၂၀၁၅ ခုနှစ်အတွက် Chonburi နယ်ရဲ့ ထိပ်တန်းဆေးရုံဖြစ်လာစေဖို့အတွက် အဆင့်အမြင့်ဆုံး ဆေးဝါးကုသမှု စံချိန်စံညွှန်းတွေနဲ့ ကျွန်တော်တို့ရဲ့ လူနာတွေကို ပြုစုကုသပေးဖို့ ဆန္ဒရှိပါတယ်။

Samitivej Chonburi ရဲ့အထူးကုစင်တာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ် –

  • နှလုံးအထူးကုဌာန
  • အရေးပေါ်ဌာန
  • အရိုးအထူးကုဌာန
  • အထွေထွေဆေးဝါးကုသမှုဆေးခန်း
  • ကလေးအထူးကုဌာန
  • အထွေထွေ အရေပြားအစားထိုးခြင်းဆိုင်ရာ ခွဲစိတ်ကုဌာန
  • အမျိုးသမီးကျန်းမာရေးဌာန

 

Chonburi လူထုအတွက်

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ Chonburi ရဲ့ လူထုနဲ့ အတူယှဉ်တွဲလျက် တည်ရှိနေဖို့အပြင် သူတို့အကျိုးဖြစ်ထွန်းမှုအတွက် အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ Chonburi လူထူအနေနဲ့ ပိုမိုကျန်းမာသန်စွမ်းတဲ့ ဘဝတွေကို ရရှိစေဖို့ ကျွန်တော်တို့ရဲ့ ဆရာဝန်တွေ၊ အထူးကုတွေနဲ့ ဝန်ထမ်းတွေဟာ ပြုစုစောင့်ရှောက်မှုတွေ၊ ကျွမ်းကျင်ပိုင်နိုင်မှုတွေ နဲ့အတူ ကုသပေးဖို့ အသင့်ရှိနေပြီပဲ ဖြစ်ပါတယ်။

Samitivej Chonburiမှာတော့ ကျွန်တော်တို့တွေဟာ အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေပါတယ်။