Share the message

စိတ်ရောဂါကုဆေးခန်း

Building 2 (Sukhumvit Wing), 1st Floor
နေ့စဉ် (တစ်ပတ်လျှင် ၇ ရက်) - ၀၈:၀၀ - ၂၀:၀၀
၆၆ (၀) ၂၇၁၁-၈၀၆၁
info@Samitivej.co.th

Samitivej Sukhumvit Bangkok နဲ့ Samitivej Sriracha Bangkok နှစ်နေရာလုံးမှာရှိတဲ့ စိတ်ရောဂါကုဆေးခန်းတွေမှာ ကျွန်တော်တို့ရဲ့ လက်မှတ်ရ စိတ်ရောဂါအထူးကုဆရာဝန်ကြီးများနဲ့ စိတ်ကျန်းမာရေး ပညာရှင်များအဖွဲ့ဟာ ကျွန်တော်တို့ရဲ့ JCI အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံကြီးမှာ ကိုယ်ခန္ဓာပိုင်းကို အလေးထားတဲ့အတိုင်းပါပဲ စိတ်ပိုင်းဆိုင်ရာကိုလည်း အလေးထားစောင့်ရှောက်ပေးလျှက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ထူးခြားထက်မြက်တဲ့ ဝန်ထမ်းတွေဟာ အသေးစိတ်ကျနတဲ့ သင်တန်းတွေတက်ထားခဲ့ပြီး စိတ်ရောဂါဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးနေတာဟာဆိုရင် နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်ပါတယ်။

Psychiatry

Samitivej Sukhumvit Bangkok နဲ့ Samitivej Sriracha Bangkok နှစ်နေရာလုံးမှာရှိတဲ့ စိတ်ရောဂါကုဆေးခန်းတွေမှာ ကျွန်တော်တို့ရဲ့ လက်မှတ်ရ စိတ်ရောဂါအထူးကုဆရာဝန်ကြီးများနဲ့ စိတ်ကျန်းမာရေး ပညာရှင်များအဖွဲ့ဟာ ကျွန်တော်တို့ရဲ့ JCI အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံကြီးမှာ ကိုယ်ခန္ဓာပိုင်းကို အလေးထားတဲ့အတိုင်းပါပဲ စိတ်ပိုင်းဆိုင်ရာကိုလည်း အလေးထားစောင့်ရှောက်ပေးလျှက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ထူးခြားထက်မြက်တဲ့ ဝန်ထမ်းတွေဟာ အသေးစိတ်ကျနတဲ့ သင်တန်းတွေတက်ထားခဲ့ပြီး စိတ်ရောဂါဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးနေတာဟာဆိုရင် နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာစကားမျိုးစုံပြောနိုင်တဲ့ ဝန်ထမ်းတွေဟာ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားရင်း ဒါမှမဟုတ် အလုပ်လုပ်ကိုင်ရင်း အတွေ့အကြုံများစွာကို ရရှိခဲ့ပြီး ဒီအတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ အဆင့်အတန်းနဲ့ အခြေအနေကို အခြားကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတွေနဲ့ တန်းတူညီစေဖို့ အထောက်အကူပြုပေးပါတယ်။

Samitivej မှာ ကျွန်တော်တို့ဟာ ဒီစိတ်ကျန်းမာရေးပညာဆိုတာ ခက်ခဲရှုပ်ထွေးလှတဲ့နယ်ပယ် ဖြစ်တဲ့အကြောင်း ကောင်းကောင်းနားလည်ထားပြီး လူနာတစ်ယောက်ချင်းစီကို ကျွန်တော်တို့ သီးခြားစီ ပြုစုစောင့်ရှောက်ပေးပါတယ်။ စိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် မဟောသဓနတ်ဆေးလို တစ်ခါထဲပျောက်ကင်းစေသော ဆေးလည်းမရှိ၊  ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဖြေရှင်နည်းလည်း မရှိဘူးဆိုတာကိုတော့ ကျွန်တော်တို့ သဘောပေါက် နားလည်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ (schizophrenia) နဲ့ စိတ်လှုပ်ရှားတက်ကြွမှု မူမမှန်ခြင်းတို့ကစပြီး စိတ်ကျရောဂါ (depression) နဲ့ စိတ်ကျစိတ်ကြွရောဂါ (bipolar)၊ တားမြစ်ဆေးသုံးစွဲခြင်း (substance abuse)နဲ့ ဆေးစွဲခြင်း (addiction)၊  သာမန်လူမှုရေးစိုးရိမ်ပူပန်မှုတွေ (common social anxieties) နဲ့ အိပ်ရခက်ခဲတဲ့ပြဿနာတွေ၊ ခံတွင်းပျက်ခြင်း (anorexia)နဲ့ အစားအစာအလွန်အကြူးစားသုံးခြင်း (bulimia) တို့အထိ ကျွန်တော်တို့ရဲ့ လူနာတွေအတွက် အရည်အသွေးမြင့် ဆွေးနွေးအကြံပေးခြင်း၊ ကုသခြင်း၊ အဖွဲ့လိုက်ကုထုံး၊ ဆေးဝါးနဲ့ စိတ်ပညာဆိုင်ရာ ဆွေးနွေးအကြံပေးခြင်း ဝန်ဆောင်မှုတွေကို လုံးဝလျှို့ဝှက်စွာနဲ့ ဆောင်ရွက်ပေးနေပါတယ်။   လူကြီးမင်းအနေနဲ့ အားအင်ကုန်ခန်းနေလောက်တဲ့ အခြေအနေတွေ ခံစားနေရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စကားပြောစရာ တစ်စုံတစ်ယောက်ကို ရိုးရိုးလေးလိုအပ်နေတာပဲ ဖြစ်ဖြစ် လူကြီးမင်းအတွက် ကျွန်တော်တို့ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများ

အောက်ပါတို့ အပါအဝင် ရောဂါအမျိုးမျိုး အခြေအနေအမျိုးအမျိုးအတွက် ဆွေးနွေးအကြံပေးခြင်းနဲ့ စိတ်ရောဂါဆိုင်ရာ ကုသမှုများပေးလျှက်ရှိပါတယ် –

  • ခံတွင်းပျက်ခြင်း (anorexia) နဲ့ အစားအစာအလွန်အကြူးစားသုံးခြင်း (bulimia) တို့ကဲ့သို့ အစားအသောက် ပုံမမှန်ခြင်း
  • ရုတ်တရက် စိတ်နေစိတ်ထားပြောင်းလဲခြင်း (Mood swings)
  • အာရုံစူးစိုက်မှုနည်းသည့် ရောဂါ (ADD)
  • စိတ်ကျရောဂါ (depression) နှင့်/သို့မဟုတ် မိမိကိုယ်ကို သတ်သေလိုစိတ်ဖြစ်ပေါ်ခြင်း (suicidal tendencies)
  • စိတ်ကျစိတ်ကြွရောဂါ (bipolar)
  • အလွန်အကြူးစိတ်စွဲသောရောဂါ (OCD)
  • အရက်နှင့် တားမြစ်ဆေးသုံးစွဲခြင်း သို့မဟုတ် စွဲခြင်း
  • အိပ်စက်မှုခက်ခဲသောရောဂါ (Sleeping disorders)
  • စိုးရိမ်ပူပန်မှု (Anxiety) နှင့် ကြောက်စိတ်လွန်ကဲသောရောဂါများ (phobias)
  • မှတ်ဉာဏ်ပြဿနာများ
  • လိင်စိတ်လျော့နည်းလာခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်စောခြင်းစသည့် လိင်ပိုင်းဆိုင်ရာ အခြေအနေများ

ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာများနဲ့ ဆေးဘက်ဆိုင်ရာ နည်းပညားများ

  • သီးသန့် စမ်းသပ်ခန်းများ
  • တားမြစ်ဆေးသုံးသော လူနာများအတွက် အဖွဲ့လိုက်ကုထုံး
  • ကလေးများအတွက် အိုင်ကျူ စစ်ဆေးမှုများ
Building A, 2nd Floor
တနင်္လာ-သောကြာ ၀၈.၃၀-၁၈.၀၀၊ စနေနှင့် တနင်္ဂနွေ ၀၈.၀၀-၁၆.၀၀
၆၆ (၀) ၃၈၃၂-၀၃၀၀ လိုင်းခွဲ ၁၂၅၁ -၂
infossh@Samitivej.co.th