အသေးစိတ်စစ်ထုတ်မှုများ

နဂိုအတိုင်းပြန်ထားရန်

Samitivej မှ ညပိုင်း ပါရဂူများ

ပုံမှန်အလုပ်ချိန်အတွင်းမှာ အထူးကုတစ်ယောက်နဲ့ လာပြဖို့ အမြဲတမ်းတော့ အဆင်မပြေဘူးဆိုတာ ကျွန်တော်တို့ Samitivej အနေနဲ့ နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ လူနာတွေနဲ့ သူတို့ကို ပြုစုစောင့်ရှောက်တဲ့ မိသားစုတွေမှာ အချိန်ပေးရမယ့် တာဝန်ဝတ္တရားတွေ ရှိပါတယ်။ အဲ့ဒီအပြင် နာမကျန်းမှုတွေနဲ့ ထိခိုက်ဒဏ်တွေဟာ မနက် ၉ နာရီ – ညနေ ၅ နာရီ အချိန်ဇယားနဲ့ပဲ ဖြစ်ရမယ်လို့ ကန့်သတ်မထားဘူးဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။

Samitivej Sukhumvit ထပ်မံ၍ကြည့်ရှုရန်

Samitivej အလှအပဗေဒသိပ္ပံ

အရေပြားဟာ လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အရေးအပါဆုံးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အလှအပနဲ့ ငယ်ရွယ်နုပျိုတဲ့ ရုပ်ရည်ဆိုတာကို နူးညံ့ပျော့ပြောင်းလို့ ကျန်းမာသန်စွမ်းပြီး အားအင်ပြည့်၀နေတဲ့ အရေပြားလို့ ပြောနိုင်ပါတယ်။ ကံမကောင်းအကြောင်းမလှလို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေနဲ့ ညစ်ညမ်းမှုလိုမျိုး ပတ်ဝန်းကျင် အခြေအနေတွေက ထိခိုက်ပျက်စီးလွယ်တဲ့ ဒီအပေါ်ယံအရေပြားကို ပျက်စီးစေပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

ကင်ဆာရောဂါဆေးခန်း

Samitivej Sukhumvit ဆေးရုံကြီးရဲ့ ကင်ဆာရောဂါဆေးခန်းဟာ ပြီးပြည့်စုံတဲ့ ကင်ဆာရောဂါ ကုသစောင့်ရှောက်မှု အစီအစဉ်များကို တ်သမတ်သော အဆင့်အမြင့်ဆုံး နိုင်ငံတကာစံနှုန်းများနဲ့ ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ လူနာတစ်ယောက်ဆီကို အပြည့်အဝပြန်လည် ကျန်းမာလာစေဖို့ အကောင်းဆုံး အခွင့်အရေးတွေပေးဖို့အတွက် ပုံမှန်စစ်ဆေးမှုတွေကတဆင့် ရောဂါကို စောလျှင်စွာသိရှိဖို့ ကျွန်တော်တို့ အဓိကထားပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

ကာကွယ်ဆေးနှင့် ခရီးသွားဆေးပညာဌာန

ကာကွယ်ဆေးထိုးခြင်းဆိုတာ အသက်တွေကို ကယ်တင်နိုင်တဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကို လျော့နည်းစေနိုင်မယ့်၊ သိသာပြင်းထန်တဲ့ နာကျင်မှုတွေ အဆင်မပြေမှုတွေကို ရှောင်ရှားနိုင်မယ့် အင်မတန်မှပဲ ရိုးရှင်းလှတဲ့ ဆောင်ရွက်မှုလေးတစ်ခုပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံကတော့ ကိုယ်ခန္ဓာကို ပဋိပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် လှုံ့ဆော်ပေးပြီး ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးကို ခုခံအားရှိဖို့ တည်ဆောက်ပေးပါတယ်။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ ကလေးတွေ ကာကွယ်ဆေးထိုးဖို့ ရွေးချယ်ခြင်းအားဖြင့် မိမိကိုယ်ကို ကူညီရုံသာမကပဲ ကိုယ့်အနီးအနားက တစ်ခြားလူတွေကိုပါ မကူးစက်စေဖို့ ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin ထပ်မံ၍ကြည့်ရှုရန်

ကျန်းမာကြံ့ခိုင်ရေးဌာန

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ကျန်းမာရေး စောင့်ရှောက်မှုပေးသူအနေနဲ့ Samitivej ဟာ ဒေသခံတွေနဲ့ နိုင်ငံတကာလူနာတွေအတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်တစ်ခု ဆောင်ရွက်ပေးထားပါတယ်။ ကြိုတင်ကာကွယ်ခြင်းနဲ့ ပုံမှန် ကျန်းမာရေးစစ်ဆေးဖို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ အားပေးပါတယ်။ ရောဂါတွေ၊ မူမမှန်မှုတွေနဲ့ အခြေအနေတွေကို သူတို့ရဲ့ ရောဂါလက္ခဏာတွေ မြင်သာအောင်ပေါ်မလာခင် မိအောင်ဖမ်းခြင်းအားဖြင့် ကျွန်တော်တို့ လူနာတွေရဲ့ အချိန်တွေ၊ မသက်မသာဖြစ်ခြင်းတွေနဲ့ ငွေကြေးတွေအားလုံး သက်သာစေနိုင်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi Samitivej Chonburi ထပ်မံ၍ကြည့်ရှုရန်

ကျောက်ကပ်ဆေးဌာန

ကျောက်ကပ်ဆေးဌာနဟာ Samitivej ဆေးရုံကြီးကို နိုင်ငံတကာက ချီးကျူးဂုဏ်ပြုမှုတွေနဲ့ အားလုံးလိုချင်ကြတဲ့ JCI အသိအမှတ်ပြုလက်မှတ် ရရှိစေတဲ့ အရည်အသွေးမြင့် စောင့်ရှောက်မှုအတိုင်း ထပ်တူညီတဲ့ အဆင့်နဲ့ ကုသပေးလျှက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပြည့်စုံလှတဲ့ ဌာနဟာ ကျောက်ကပ်အညစ်အကြေးဆေးခြင်းနဲ့ ကုသမှုတွေကို Bangkok မြို့က ဒေသခံတွေ၊ အခြားနိုင်ငံတွေက လာရောက် အခြေချနေထိုင်သူတွေနဲ့ နိုင်ငံတကာက လူနာတွေတွက် ပံ့ပိုးကုသပေးလျှက်ရှိပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

ခွဲစိတ်ကုဆေးခန်း

အပြည်ပြည်ဆိုင်ရာနှင့် ဒေသခံထိုင်းလူမျိုးတွေကို ပြုစုစောင့်ရှောက်ရင်း Samitivej ရဲ့ ခွဲစိတ်ကုဆေးခန်းဟာ အရည်အသွေးအဆင့်အတန်း အမြင့်ဆုံးဖြစ်အောင် စွမ်းဆောင်လျှက်ရှိပါတယ်။ နှစ်ပေါင်းများစွာသော အတွေ့အကြုံ အမျိုးမျိုးနဲ့ လက်မှတ်ရ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ ဦးဆောင်တဲ့ ကျွန်တော်တို့ရဲ့ ဆေးခန်းဟာ လိုအပ်တဲ့ သူတိုင်းအတွက် ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိတဲ့ ခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်ပေးနေရတာဟာ သိပ်ကိုဂုဏ်ယူမိပါတယ်။ မှန်ကန်သင့်လျှော်တဲ့ ခွဲစိတ်အထူးကုဆရာဝန်ကို ရှာဖို့ဟာ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့နားလည်ထားပြီး ကျွန်တော်တို့နဲ့ အတူအလုပ်လုပ်ဖို့ အကောင်းဆုံးတွေကိုပဲ သေချာပေါက် ရွေးချယ်ထားပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

စိတ်ရောဂါကုဆေးခန်း

Samitivej Sukhumvit Bangkok နဲ့ Samitivej Sriracha Bangkok နှစ်နေရာလုံးမှာရှိတဲ့ စိတ်ရောဂါကုဆေးခန်းတွေမှာ ကျွန်တော်တို့ရဲ့ လက်မှတ်ရ စိတ်ရောဂါအထူးကုဆရာဝန်ကြီးများနဲ့ စိတ်ကျန်းမာရေး ပညာရှင်များအဖွဲ့ဟာ ကျွန်တော်တို့ရဲ့ JCI အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံကြီးမှာ ကိုယ်ခန္ဓာပိုင်းကို အလေးထားတဲ့အတိုင်းပါပဲ စိတ်ပိုင်းဆိုင်ရာကိုလည်း အလေးထားစောင့်ရှောက်ပေးလျှက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ထူးခြားထက်မြက်တဲ့ ဝန်ထမ်းတွေဟာ အသေးစိတ်ကျနတဲ့ သင်တန်းတွေတက်ထားခဲ့ပြီး စိတ်ရောဂါဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးနေတာဟာဆိုရင် နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

ဌာနများ

ဓါတ်မတည့်မှုဖြစ်စဉ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ မြင့်တက်လျှက်ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကြာက Bangkok မြို့နေ ကလေးငယ်များအကြား ပန်းနာရင်ကျပ်ဖြစ်ပွားနှုန်းဟာ ၄.၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ယခုအခါမှတော့ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဆက်လက် မြင့်တက်လို့နေပါတယ်။ အခြားအဖြစ်များတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓါတ်မတည့်မှု တစ်မျိုးဖြစ်တဲ့ ထိပ်ခတ်နာ (sinusitis) ဟာလည်း အခုဆိုရင် ဒေသခံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ ခံစားနေကြရပါတယ်။

Samitivej Sukhumvit Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

ဓါတ်မှန်ဌာန

Samitivej ဆေးရုံကြီးရဲ့ ဓါတ်မှန်ဌာနဟာ တိကျမြန်ဆန်တဲ့ အချက်အလက်နဲ့ အရည်အသွေးမြင့် ပုံရိပ်တွေပေးနိုင်ဖို့အတွက် ဈေးကွက်အတွင်းမှာ ခေတ်အမီဆုံး ပစ္စည်းကိရိယာတွေကို အသုံးပြုထားပါတယ်။ ဒေသခံထိုင်းလူမျိုးများ၊ ထိုင်းနိုင်ငံအတွင်း လာရောက်အခြေချနေထိုင်သူများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝန်ဆောင်မှုပေးနေတာဟာဆိုရင် နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်ကာ ဆက်လက်ပြီးတော့လည်း ဒီနယ်ပယ်မှာ ထိပ်ဆုံးကရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထပ်မံအဆင့်မြှင့်တင်ပြီး တိုးတက်ကောင်းမွန်အောင် ဆက်လက်ကြိုးစားလျှက်ရှိပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi Samitivej Chonburi ထပ်မံ၍ကြည့်ရှုရန်

နား၊ နှာခေါင်း၊ လည်ချောင်း ဆေးခန်း

Samitivej ဆေးရုံကြီးမှာရှိတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း (ENT) ဆေးခန်းဟာ နား၊ နှာခေါင်းနဲ့ လည်ချောင်းတို့နဲ့ဆိုင်တဲ့ ရောဂါများ၊ မူမမှန်မှုများနဲ့ အခြေအနေအားလုံးအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အထူးလေ့ကျင့်ထားကြတဲ့ ကျွမ်းကျင်သူတွေဟာ ကျွန်တော်တို့ ဆေးရုံကြီးကို နိုင်ငံတကာမှာ ကျော်ကြားစေတဲ့ ထူးခြားပြောင်မြောက်တဲ့ JCI အသိအမှတ်ပြုလက်မှတ်ရ စောင့်ရှောက်မှုရဲ့ စံနမူနာတွေပဲ ဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

နေ့ကလေးထိန်းဌာနနှင့် NICU

Samitivej ဟာ နို့စို့အရွယ်ကလေးများအတွက် မွေးကင်းစကလေးငယ်များစောင့်ရှောက်မှုနဲ့ မိသားစုများအတွက် ပြီးပြည့်စုံတဲ့ ပံ့ပိုးမှုတွေကို ပေးနေတာဟာဆိုရင် အောင်မြင်ကျော်ကြားပြီး ရှည်ကြားလှတဲ့ သမိုင်းမှတ်တိုင်တွေ ထူခဲ့ပြီးပါပြီ။ ၁၉၉၈ ခုနှစ်မှာ ဆေးရုံကြီးဟာ မိခင်နှင့်ကလေးအတွက် သင့်လျှော်သောဆေးရုံအဖြစ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနတို့မှ လက်မှတ်ရရှိခဲ့ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin ထပ်မံ၍ကြည့်ရှုရန်

နှလုံးရောဂါသိပ္ပံ

အဆင့်အမြင့်ဆုံး နှလုံးရောဂါ ပြုစုကုသမှုပေးဖို့အတွက် Samitivej ဆေးရုံကြီးရဲ့ စဉ်ဆက်မပြတ်တဲ့ အာမခံချက်ကြောင့် ထိုင်းနိုင်ငံရဲ့ နှလုံးရောဂါသိပ္ပံနဲ့ JCI နှစ်ခုလုံးရဲ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်တဲ့ ဆေးရုံကြီးမှာ လက်မှတ်ရ လူကြီးနဲ့ ကလေးနှလုံးရောဂါ အထူးကုဆရာဝန်ကြီးများ၊ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ ပြန်လည်ထူထောင်ရေး သမားတော်ကြီးများ၊ အထူးလေ့ကျင့်ပေးထားတဲ့ သူနာပြုများနဲ့ Bangkok မြို့မှာ အကောင်းဆုံး နှလုံးစောင့်ရှောက်မှုပေးတဲ့ အလုပ်မှာ နှစ်မြှုတ်ထားကြတဲ့ အခြားသောဆေးဘက်အကူဆိုင်ရာ ဝန်ထမ်းများပါဝင်တဲ့ အဖွဲ့က ဦးဆောင်ကုသပေးနေတာ ဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

ဘဝရှင်သန်မှုဌာန

Samitivej မှာတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ လူကြီးမင်းတို့ကို ကျန်းမာလာအောင် ကူညီပေးဖို့ တစ်ခုတည်းတင် မဟုတ်ဘဲ ဆက်လက်ကျန်းမာစွာ နေထိုင်သွားနိုင်တယ်ဆိုတာကိုလည်း သေချာစေဖို့ ရည်မှန်းထားပါတယ်။ ကာကွယ်ရေးဆေးပညာဟာ အကောင်းဆုံး စောင့်ရှောက်မှုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရိုးရှင်းလှတဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲမှုလေးတွေနဲ့ နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ်တွေကို သိမ်သိမ်မွေ့မွေ့လေး ချိန်ညှိလိုက်တာနဲ့ ရေရှည်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိစေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် ကျွန်တော်တို့ရဲ့ ဘဝရှင်သန်မှုဌာနအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခန္ဓာကိုယ်တစ်ခုလုံးက လက္ခဏာတွေကို ကြည့်ရှုစစ်ဆေးကာ ခြုံငုံသုံးသပ်တဲ့နည်းကို အသုံးပြုပါတယ်။

Samitivej Sukhumvit ထပ်မံ၍ကြည့်ရှုရန်

မျက်စိဆေးခန်း

Samitivej Sukhumvit ဆေးရုံကြီးမှာရှိတဲ့ မျက်စိဆေးခန်းဟာ အကောင်းဆုံး မျက်စိကုသစောင့်ရှောက်မှုပေးဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှာ ကျော်ကြားတဲ့ သမားတော်တွေဟာ ခေတ်အမီဆုံး ပစ္စည်းကိရိယာတွေနဲ့ ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့ Bangkok ဌာနမှာ ပုံမှန် အမြင်အာရုံစစ်ဆေးမှုများနဲ့ ရောဂါရှာဖွေမှုတွေကနေ ရေတိမ် (glaucoma) နဲ့ အတွင်းတိမ် (cataract) ကုသမှုတွေအထိ အားလုံးကိုဆောင်ရွက်ပေးဖို့ လက်မှတ်ရ မျက်စိကုဆရာဝန်တွေနဲ့ သူနာပြုတွေဟာ အသင့်ရှိနေပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

မှတ်ဉာဏ် ဆေးခန်း

အသက်အရွယ်အိုမင်းကြီးရင့်သူတွေရဲ့ လူ့အဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ကမ္ဘာမှာ များပြားလာတဲ့အပြင် ထိုင်းနိုင်ငံမှာလည်း အသက်အရွယ်အိုမင်းကြီးရင့်သူတွေရဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိနေပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ အသက် ၆၅ နှစ်အထက်ရှိတဲ့ လူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိနေပြီ ဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin ထပ်မံ၍ကြည့်ရှုရန်

ရင်သားကုသမှုဌာန

ဆေးရုံခွဲတွေအားလုံးမှာ အမျိုးသမီးများရဲ့ ကျန်းမာရေးဟ အမြဲပဲ ထိပ်တန်းဦးစားပေးနေရာမှာ ရှိခဲ့ပါတယ်။ ရင်သားအခြေအနေ အမျိုးမျိုးအတွက် ရောဂါကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသမှုခံယူခြင်းစတဲ့အဆင့်တွေ လုပ်ဆောင်ရတော့မယ်ဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အမျိုးသမီးလူနာတွေဟာ အကောင်းဆုံးဆိုတာနဲ့ ထိုက်တန်သူတွေလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒီလိုဖြစ်စေဖို့အတွက် ရင်သာကင်ဆာရောဂါကို အစောဆုံးအဆင့်မှာတင် ကြိုတင်သိရှိလိုက်ပြီး ပြန်လည်တိုက်ထုတ်ပေးဖို့ရာအတွက် ရရှိနိုင်သမျှ နောက်ဆုံးပေါ် နည်းပညာအဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရင်သားကုသမှုဌာနမှာ ပုံမှန် ရောဂါစစ်ဆေးရှာဖွေဖို့အတွက် ခေတ်အမီဆုံး ရင်သားဓါတ်မှန်စက် (mammography)၊ တီဗီဓါတ်မှန် (ultrasound) နဲ့ သံလိုက်ဓါတ်မှန်စက် (MRI) စတဲ့ကိရိယာများကို တပ်ဆင်ထားတဲ့အပြင် ထပ်တိုးစစ်ဆေးမှုတွေအတွက် အသားစယူစစ်ဆေးမှု အမျိုးမျိုးကို လုပ်ဆောင်ဖို့လိုအပ်တဲ့ ကိရိယာတွေကိုလည်း တပ်ဆင်ထားပါတယ်။

Samitivej Srinakarin Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

ရုပ်ပိုင်းဆိုင်ရာ ဆေးပညာနှင့် ပြန်လည်ထူထောင်ရေး ဆေးခန်း

အရည်အသွေးမြင့် ပြန်လည်ထူထောင်ရေးဌာနအတွက် နိုင်ငံတကာက အသိအမှတ်ပြုခံထားရတဲ့ Bangkok ရဲ့ Samitivej ဆေးရုံကြီးမှာ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေကြရတဲ့ လူနာတွေကို ကုသမှုပေးလျှက်ရှိပါတယ်။ အားကစားကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာများအတွက် ရုပ်ပိုင်းဆိုင်ရာကုထုံးများ စီမံပေးခြင်းအပြင် ခက်ခဲတဲ့ခွဲစိတ်ကုသမှုတွေကနေ ဆေးဝါးသုံးပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်တွေမှာ အကူအညီပေးဖို့အထိ ကျွန်တော်တို့ရဲ့ လူနာတွေ သူတို့ခြေထောက်ပေါ် သူတို့ ပြန်ရပ်နိုင်လောက်တဲ့အထိ အကူအညီတွေ ပေးမှာဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi Samitivej Chonburi ထပ်မံ၍ကြည့်ရှုရန်

လမစေ့မီးဖွားမှု ကာကွယ်ရေးဆေးခန်း

အမျိုးသမီးများမိသားစုဘဝတည်ထောင်ရန်(သို့)ကိုယ်ဝန်ဆောင်ရန်စတင်စဉ်းစားလျှင် ဆစ်မီတဝေ့ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေးမှကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးချင်းစီအလိုက်တိကျမှန်ကန် သော ဆေးစစ်ကုမှု၊ ကိုယ်ဝန်ဆောင်သည့်အချိန်မှစ၍မီးဖွားချိန်အထိဘေးကင်းလုံခြုံစွာမွေးဖွားနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိသည်။

Samitivej Sukhumvit ထပ်မံ၍ကြည့်ရှုရန်

လုပ်ငန်းခွင်ဆိုင်ရာ ဆေးပညာဌာန

Samitivej Sriracha ဆေးရုံကြီးဟာ အမေရိကန်နိုင်ငံ JCI နှင့် HA တို့မှ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါတယ်။ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံ အရှေ့ပိုင်းက လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးလျှက်ရှိပြီး စီးပွားရေးကဏ္ဍမျိုးစုံ ပေါင်းစုထားတဲ့ စက်မှုဇုန်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ လုပ်ငန်းတိုင်းမှာ အရေးကြီးတဲ့အပိုင်းကတော့ လုပ်ငန်းဆောင်တာတွေကို ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ အဓိကကျတဲ့ လူ့စွမ်းအားအရင်းအမြစ်ပဲ ဖြစ်ပါတယ်။

Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

သွားနှင့်ခံတွင်းဆေးခန်း

ကျွန်တော်တို့ရဲ့ သွားနှင့်ခံတွင်းဆေးခန်းဟာဆိုရင် ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ အယုံကြည်ရဆုံး ဆေးခန်းများ အနက်က တစ်ခုဖြစ်ပြီး ဒေသခံတွေ၊ ရွေ့ပြောင်းနေထိုင်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လူနာတွေကို ထူးခြားကောင်းမွန်တဲ့ ကုသမှုအပြင် စောင့်ရှောက်မှုပေးတဲ့နေရာမှာလည်း အထူးသာလွန်ကောင်းမွန်တဲ့ ဆေးခန်းတစ်ခုပဲ ဖြစ်ပါတယ်။ Samitivej ဟာ ဂုဏ်သတင်းကြီးမားတဲ့ JCI ရဲ့ နိုင်ငံတကာဆေးရုံ အသိအမှတ်ပြုလက်မှတ်ကို ရရှိပြီးဖြစ်တဲ့အပြင် ထူးချွန်ပြောက်မြောက်တဲ့ မှတ်တမ်းတွေကြောင့် ကမ္ဘာတစ်လွှားမှာ အသိအမှတ်ပြုခြင်းကို ခံထားရပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

အ ဆုတ်ဌာန

Samitivej ဆေးရုံကြီးရဲ့ အဆုတ်ဌာနဟာ အသက်ရှုလမ်းကြောင်းစနစ်မှာ ဖြစ်ပွါးတဲ့ ရောဂါတွေအားလုံးအတွက် ပြီးပြည့်စုံတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုတို့ကို နောက်ဆုံးပေါ်နဲ့ ခေတ်အမီဆုံး ဆေးပညာဆိုင်ရာ နည်းပညာများကို အသုံးပြုပြီး ဆောက်ရွက်ပေးလျှက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် ဆေးပညာဆိုင်ရာ ပစ္စည်းကိရိယာတွေထဲမှာ အဆုတ်ကင်ဆာနဲ့ အဆုတ်ပိုးဝင်ခြင်း ပုံစံအမျိုးမျိုးကို ရှာဖွေတွေ့ရှိနိုင်တဲ့ အဆုတ်လေပြွန်အတွင်းကြည့် အဆုတ်လေပြွန်အတွင်းကြည့် တီဗွီဓါတ်မှန် (E-BUS) အပြင် အသားစယူစစ်ဆေးဖို့အတွက် လိုအပ်တဲ့ ကိရိယာတွေလည်း ပါဝင်ပါတယ်။

Samitivej Sukhumvit Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

အထွေထွေရောဂါ အထူးကုဆေးခန်း

Samitivej ဟာ ထိုင်းနိုင်ငံရဲ့ အထွေထွေရောဂါဆေးပညာမှာ JCI အသိအမှတ်ပြုလက်မှတ်ရ ထိပ်တန်းဆေးရုံတစ်ရုံအနေနဲ့ ဆေးရုံတွေမှာ ခေတ်အမီဆုံး နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ ဂုဏ်ယူစွာကုသပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အထွေထွေရောဂါအထူးကုဆေးခန်းဟာ အဆုတ်ရောဂါဗေဒကနေ နှလုံးရောဂါဗေဒအထိ အရာအားလုံးမှာ ပြီးပြည့်စုံတဲ့ ကမ္ဘာ့အဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျှက်ရှိပါတယ်။ ရောဂါအမျိုးမျိုးနဲ့ အထွေထွေရောဂါအခြေအနေအမျိုးမျိုးတို့အတွက် အထူးကုသမှုတွေပေးတဲ့ နေရာမှာ ကျွန်တော်တို့ဟာ သာလွန်ကောင်းမွန်တယ်ဆိုတာ မလွဲပါဘူး။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

အမျိုးသမီး ကျန်းမာရေးဌာန

Bangkok မြို့ရဲ့ Samitivej ဆေးရုံကြီးဟာ အရည်အသွေးမြင့် အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့နေရာမှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသမီး ကျန်းမာရေးဌာနမှာရှိတဲ့ လုပ်ငန်းစဉ်တွေ၊ ဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေ အားလုံးကို အမြင့်မားဆုံး နိုင်ငံတကာအဆင့်ရောက်အောင် စီမံထားပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

အရေပြားရောဂါ ဆေးခန်း

Samitivej ရဲ့ အရေပြားရောဂါကုဆေးခန်းဟာ ထိုင်းနိုင်ငံနဲ့ ပြည်ပက လူနာတွေအတွက် အရည်အသွေးအကောင်းဆုံး အရေပြားကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဟာ နှစ်ပေါင်းများစွာ တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့ဌာနဟာ ကျယ်ကျယ်ပြန့်ပြန့်ကို အသိအမှတ်ပြုထားခြင်း ခံရပြီး ပြည်တွင်းမှာရော ပြည်ပမှပါ အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ရရှိနိုင်တဲ့ဆုတွေအနက်က အမြင့်ဆုံးအပြည်ပြည်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးတစ်ခုဖြစ်ပြီး ဂုဏ်သတင်းကြီးတဲ့ အမေရိကန် JCI ကပေးတဲ့ အသိအမှတ်ပြုစာလွှာကိုလည်း ရရှိပြီးဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

အရေပြားအစားထိုးခြင်းဆိုင်ရာနှင့် အလှအပဆိုင်ရာ ခွဲစိတ်ကုသမှု သိပ္ပံ

အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုကို ရှာဖွေဖို့ ရွေးချယ်ကြတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ လူနာအများစုက အပူလောင်နာလို ဒါမှမဟုတ် သိသာထင်ရှားတဲ့ အမာရွတ်လို ထိခိုက်ဒဏ်ရာတစ်ခု ရပြီးနောက်မှာ သူတို့ရဲ့ အရင်ပုံစံကို ပြန်ရချင်ကြပါတယ်။ တစ်ချို့တွေကတော့ မွေးရာပါ ရုပ်ဆင်းအင်္ဂါချို့ယွင်းမှုတွေကို ဖယ်ရှားပစ်ဖို့ မျှော်လင့်ကြတယ်။ တစ်ချို့တွေကတော့ သူတို့ကိုယ်သူတို့ လှပအောင်လုပ်ဖို့ အခွင့်အလမ်းအတွက် ဒါမှမဟုတ် သူတို့ ဘယ်တုန်းကမှ သိပ်မကြိုက်ခဲ့တဲ့ မျက်နှာပုံတစ်ခုကို ပြောင်းပစ်ဖို့အတွက် အလှအပဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ဆန္ဒရှိကြပါတယ်

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

အရေးပေါ်ဌာန

Samitivej အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးဟာ အကြောင်းကြားပြီး တစ်ခဏအတွင်းမှာတင် အရေးပေါ် ဆေးဝါးကုသမှုပေးဖို့ အသင့်ရှိနေပါတယ်။ ကျွန်တော်တို့မှာ အတိမ်းအစောင်းမခံတဲ့ ပြုစုကုသမှုမျိုးမှာ အတွေ့အကြုံရှိထားပြီး အဆင့်မြင့်လေ့ကျင့်ပေးထားတဲ့ Bangkok အခြေစိုက် ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ၂၄ နာရီ အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ ဆေးရုံကြီးရဲ့ ကျော်ကြားလှတဲ့ စူးစိုက်နှစ်မြှုတ်ထားမှု၊ အာမခံချက်နဲ့ နည်းပညာ ကျွမ်းကျင်မှုတို့အတိုင်း ကျွန်တော်တို့ရဲ့ အရေးပေါ်ကျန်းမာရေးဝန်ထမ်းတွေဟာလည်း ထပ်တူညီစွာ သက်သေပြနိုင်ကြပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha Samitivej Thonburi ထပ်မံ၍ကြည့်ရှုရန်

အသည်းနှင့် အစာခြေအင်္ဂါသိပ္ပံ

Samitivej Sukhumvit ဆေးရုံကြီးမှာရှိတဲ့ အသည်းနှင့် အစာခြေအင်္ဂါသိပ္ပံဟာ ထိုင်းလူမျိုးတွေအပြင် ထိုင်းနိုင်ငံမှာ လာရောက်အခြေချ နေထိုင်သူတွေနဲ့ နိုင်ငံတကာက လူနာတွေကို အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေသာမက အစာခြေအင်္ဂါနဲ့ပတ်သက်တဲ့ နာမကျန်းဖြစ်မှုတွေကို အဆင့်အမြင့်ဆုံး ရောဂါရှာဖွေမှုနဲ့ ကုသမှုတွေပေးဖို့ အပြည့်အဝအသင့်ပြင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ဆေးခန်းဟာ ထိုင်းနိုင်ငံရဲ့ လေးစားအခံရဆုံး ဆေးရုံကြီးတွေထဲက တစ်ခုရဲ့ ဂုဏ်ယူစရာ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်

အားကစားနှင့် အရိုးကုသမှုဌာန

ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ရလာဒ်ကောင်းတွေ ရနိုင်ပေမယ့် ထိခိုက်ဒဏ်ရာ ရနိုင်ခြေနဲ့ အမြဲတွဲနေပါတယ်။ လူကြီးမင်းဟာ ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ဦးဖြစ်ဖြစ် ဒါမှမဟုတ် အပန်းဖြေအနေနဲ့ အားကစားလုပ်ဖို့ စိတ်အားထက်သန်နေတာပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာတက်ကြွတဲ့ဘဝပုံစံ လိုအပ်နေတာဟာ အခက်အခဲရှိစေနိုင်ပါတယ်။ ဒါကြောင့် Samitivej မှာရှိတဲ့ အားကစားနှင့် အရိုးကုသမှုဌာနမှာတော့ လူကြီးမင်းတို့ ပြန်လည်ထူထောင်ပြီး ပြန်လုပ်ကိုင်နိုင်စေဖို့ အကောင်းဆုံး၊ စိတ်တိုင်းကျ ပြုစုကုသပေးနေပါတယ်။

Samitivej Sukhumvit Samitivej Srinakarin ထပ်မံ၍ကြည့်ရှုရန်

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးပညာဌာန

ရှုပ်ထွေးလှတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာကမ္ဘာနဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါများ၊ အခြေအနေများကို ကုသမှုတို့အတွက် အလုပ်တွင် နှစ်မြှုတ်လုပ်ကိုင်မှု၊ လေ့ကျင့်သင်ကြားမှုနဲ့ နှစ်ပေါင်းများစွာသော အတွေ့အကြုံတို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အထူးကုသမားတော်ကြီးတွေနဲ့ ဦးနှောက်နှင့်အာရုံကြော ဆရာဝန်ကြီးများအားလုံးဟာ ဒီကိစ္စမှာ စံနမူနာထားစရာတွေ ဖြစ်တဲ့အပြင် လူ့ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်တို့ရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံတို့ကို ကောင်းစွာ နားလည်ထားသူတွေ ဖြစ်ကြပါတယ်။ ဒီဌာနဟာ သူ့ရဲ့သီးသန့် ကျွမ်းကျင်သူများအဖွဲ့နဲ့အတူ Bangkok နဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို ထူးခြားကောင်းမွန်တဲ့ JCI အသိအမှတ်ပြုလက်မှတ်ရ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာဟာဆိုရင် ဆယ်စုနှစ်များစွာ တိုင်ခဲ့ပါပြီ။

Samitivej Sukhumvit Samitivej Srinakarin Samitivej Sriracha ထပ်မံ၍ကြည့်ရှုရန်