အားထားရသောကျွန်တော်တို့ရဲ့ဆရာဝန်များအဖွဲ့

 

ကျွန်တော်တို့ Samitivej ဆေးရုံအနေနဲ့ အောင်မြင်မှုရဲ့ အဓိကအချက်ဟာ ဂရုစိုက်တတ်ပြီး အဆင့်မြင့်စွာလေ့ကျင့်ထားတဲ့ ဆရာဝန်တွေကြောင့်ပဲဆိုတာ အခိုင်အမာပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အတော်ဆုံး ဆေးပညာအထူးကုတွေကို တစ်နေရာတည်းမှာ စုစည်းထားတဲ့အတွက် ထိုင်းနိုင်အတွင်းမှာတင်မက ပြည်ပမှာပါ ဆေးပညာနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေနဲ့ ဖွဲ့စည်းထားနိုင်ခဲ့ပါတယ်။

 

ခွဲစိတ်ဆရာဝန်အဖွဲ့

သူတို့ရဲ့ပြည်တွင်းမှာရရှိထားတဲ့ အသိအမှတ်ပြုလက်မှတ်များအပြင် ကျွန်တော်တို့ ဆေးရုံတွေမှာရှိတဲ့ ခွဲစိတ်ဆရာဝန်တွေဟာ American Board of Surgery (ABS) သို့မဟုတ် European Board of Surgery Qualificantion (EBSQ) တို့မှ အသိအမှတ်ပြုလက်မှတ်များပါ ရရှိထားပါတယ်။ ဆရာဝန်တွေ အားလုံးဟာသူတို့ လုပ်ဆောင်ခဲ့တာတွေမှာ အထင်ကြီးလောက်စရာ အောင်မြင်မှုတွေရရှိထားပြီး သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိသူတွေလို့ သတ်မှတ်ထားရသူတွေပါ။ ရှုပ်ထွေးတဲ့ အသက်ကယ် နည်းပညာတွေဖြစ်တဲ့ ကလီစာအစားထိုးကုသမှုနဲ့ နှလုံးခွဲစိတ်မှုတွေမှာပညာသားပါတဲ့ လုပ်ဆောင်ချက်တွေနဲ့ လူနာတွေကိုအကောင်းဆုံးကုသမှုတွေကိုရရှိနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်တွေဟာ အခြားအမျိုးမျိုးသော ပြန့်ပွားနှောက်ယှက်တတ်တဲ့ အသေးစား ခွဲစိတ်မှုတွေမှာလည်း အတွေ့အကြုံ ရင့်ကျက်သူတွေပါ။ အဲဒါတွေကြောင့်လဲလူနာတွေအနေနဲ့ ပြန်လည်ကျန်းမာလာဖို့ စောင့်ဆိုင်းရတဲ့ အချိန်ကို အနည်းဆုံးဖြစ်စေပြီး အိမ်ကိုအမြန်ဆုံးပြန်ရဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

 

ကလေးအထူးကုဆရာဝန်အဖွဲ့

မိဘတိုင်းကတော့ ကိုယ့်သားသမီးအတွက်ဆိုရင် အကောင်းဆုံးတွေပဲ ဖြစ်စေချင်တာချည်းပါပဲ။ အဲဒါကြောင့်ပဲကျွန်တော်တို့ရဲ့ ကလေးအထူးကုဆရာဝန်တွေဟာ ကလေးတွေ ကြီးပြင်းလာမှုရဲ့ အဆင့်တိုင်းအတွက် ရှိနေတာပါ။ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမွေးဖွားလာချိန်အထိအပြင် Samitivej ရဲ့ ကမ္ဘာအနှံ့နာမည်ကြီးနေတဲ့ JCT အသိအမှတ်ပြု ကျန်းမာရေးစောင့်ရှောက်မှုတွေကိုကျွန်တော်တို့ရဲ့ ဆရာဝန်တွေက ကလေးငယ်တွေတိုင်းအတွက်ရရှိစေနိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးအထူးကုအဖွဲ့ဟာ ကျန်းမာရေးအခြေအနေအားလုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံများတဲ့ အထူးကုတွေအပြင် ခွဲစိတ်ဆရာဝန်တွေပါ ပါဝင်ပါတယ်။ ကလေးတစ်ယောက်အတွက် ရှုပ်ထွေးတဲ့ ကုသမှုဖြစ်တဲ့ ရိုးတွင်းခြင်ဆီလဲလှယ်မှုလိုမျိုးကနေ လွယ်ကူတဲ့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုအထိ ကျွန်တော်တို့ရဲ့ ဆရာဝန်တွေက ကူညီပေးနိုင်ပါတယ်။

 

 

အမျိုးသမီးကျန်းမာရေးအဖွဲ့

Samitivej မှာအမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက်ဟာလည်း အဓိကဦးစားပေးအနေနဲ့ ရှိနေပါတယ်။ တစ်ခါတစ်ရံမှာ အချို့သောအကြောင်းအရာတွေကို အမျိုးသားဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အခက်အခဲတွေ ရှိနိုင်တာကိုနားလည်ပါတယ်။ အဲဒါကြောင့်ပဲကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးအသက်အရွယ် အပိုင်းအခြားအလိုက် ကျယ်ပြန့်တဲ့ ရောဂါအမျိုးအစားတွေကို ခွဲခြားနိုင်တဲ့ အရည်အချင်းပြည့်ဝပြီး ထူးချွန်တဲ့ အမျိုးသမီးဆရာဝန်တွေကို ခန့်အပ်ထားပါတယ်။ မျိုးပွားမှုဆိုင်ရာကျန်းမာရေးကစပြီး ရင်သားကင်ဆာအထိ နေ့စဉ်ပြဿနာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အမျိုးသမီးကျန်းမာရေးအဖွဲ့ကကူညီဖို့ အသင့်ရှိနေပါတယ်။