ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်နဲ့ တန်ဖိုးထားမှု

အရှေ့တောင်အာရှရှိ JCI အသိအမှတ်ပြု ဆေးရုံတစ်ရုံဖြစ်တဲ့ Samitivej ဆေးရုံဟာအောက်ဖော်ပြပါ ရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ တန်ဖိုးထားမှုတွေအတွက်ကို ကတိကဝတ်ပြုပါတယ်။

 

ရည်ရွယ်ချက်

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ထိုင်းနိုင်ငံရဲ့ကျန်းမာရေးနဲ့ပါတ်သက်တဲ့ နယ်ပယ်မှာဦးဆောင်သူဖြစ်ဖို့ပါပဲ။ ကျွန်တော်တို့ဆီ ရောက်လာတဲ့သူတွေကို ဖြစ်နိုင်သမျှသော အပြီးပြည့်စုံဆုံးဖြစ်တဲ့ ဂရုစိုက်မှုတွေကိုပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာဝန်တွေကို အဆင့်အမြင့်ဆုံး နည်းပညာတွေနဲ့ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို ထောက်ပံ့ပေးပြီး အကောင်းဆုံးဆောင်ရွက်စေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကိုလည်း သာတူညီမျှ ဆက်ဆံစေပြီးကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ ကတိပြုထားပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် ဖြောင့်မတ်မှန်ကန်ပြီး ပြီးပြည့်စုံတဲ့၊ တာဝန်ယူမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်စေဖို့ ကတိပြုပါတယ်။

 

ရည်မှန်းချက်

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် Samitivej ရဲ့ နာမည်အောက်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေအားလုံးမှာ ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်း သေချာပြည့်စုံစွာ ထောက်ပံ့ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ ဘယ်နေရာကိုပဲရောက်နေပါစေ အဆင့်အတန်းမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အစဉ်အဆက် ထိန်းသိမ်းထားပါတယ်။

 

တန်ဖိုးထားမှု

Samitivej မှာတော့ လူသားအားလုံးရဲ့ ဘဝတန်ဖိုးကို လေးစားသမှုရှိပါတယ်။လူနာတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ အခြေခံရပိုင်ခွင့်တွေကို အသိအမှတ်ပြုပေးထားပါတယ်။ သူတို့ကို ဂုဏ်သိက္ခာရှိစွာ ဆက်ဆံပါတယ်။ လူနာတွေရဲ့ ကုသမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားပေးပြီး အဆင့်အမြင့်ဆုံးဂရုစိုက်မှုတွေနဲ့ အဆင်မပြေမှု အနည်းဆုံးဖြစ်စေရန် ရည်မှန်းထားပါတယ်။ ဘဝရဲ့အရည်အသွေးဟာ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တွေအားလုံးကိုသတိရှိစွာနဲ့ သဘောတူညီမှုတောင်းခံပြီး တာဝန်အပြည့်ယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကျွန်တော်တို့လူနာတွေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဘဝကို ပိုကောင်းလာစေချင်တာပါ။ ကျွန်တော်တို့ကူညီချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Samitivej မှာ ကျွန်တော်တို့တကယ်ကို ဂရုစိုက်တတ်ကြလို့ပါ။