အဖြေရှာရန် အားလုံးပူးပေါင်းဆောင်ရွက်ခြင်း

 

Samitivejရဲ့ အကြံပေးတွေနဲ့ တွဲဖက်အလုပ်လုပ်သူအားလုံးဟာကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာများပြားလှတဲ့ အတွေ့အကြုံတွေအပြင်ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေရှိတဲ့ ကျွမ်းကျင်သူတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာဆေးရုံအသစ်တည်ဆောက်ဖို့ တွက်ချက်မှုတွေကစပြီး လက်ရှိဆေးရုံကို အဆင့်တိုးမြှင့်ဖို့ လုပ်ဆောင်ရမှာမျိုးတွေထိ စိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။

 

ကမ္ဘာကြီးကပိုကောင်းတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ လိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့လိုအပ်နေတဲ့လူတွေကို ပြီးပြည့်စုံတဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူနာတိုင်းရဲ့ ပြဿနာတိုင်းဟာအရေးပါတယ်လို့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေကိုအခြေအနေတစ်ခုချင်းစီရဲ့ အကောင်းဆုံး ဖြစ်နိုင်ခြေတွေကိုရှာဖွေဖို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့်ပဲလူနာတွေရဲ့ ရပိုင်ခွင့်နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို မျက်ကွယ်ပြုပြီး ကိစ္စရပ်တစ်ခုအပေါ်မှာ ကျွန်တော်တို့ရဲ့ အမြင်ကိုပဲ လုပ်ဆောင်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကို အသုံးချပြီးလူနာတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေမှာကုန်ကျစားရိတ်အနည်းဆုံးနဲ့ အကျိုးအရှိဆုံးဖြစ်စေဖို့ အကြံပေးပါတယ်။

 

Samitivej ရဲ့ ဘဝသစ်ဖောင်ဒေးရှင်းအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကမ္ဘာ့အဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ ဒီအစီအစဉ်က မွေးရာပါနှလုံးချို့ယွင်းမှုနဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုတွေလိုမျိုး အသက်ကယ်ခွဲစိတ်မှုတွေအထိ လုပ်ဆောင်ပေးပါတယ်။ ခွဲစိတ်မှုနှစ်ခုစလုံးဟာ ကုန်ကျစားရိတ်မြင့်မားတဲ့အတွက် သာမန်မိသားစုတွေအနေနဲ့ မတတ်နိုင်ပါဘူး။ သို့ပေမယ့်လည်း ဖောင်ဒေးရှင်း၏ ကြိုးစားအားထုတ်မှုနဲ့အတူ ရက်ရောတဲ့ အလှူရှင်တွေ လှူဒါန်းတဲ့အလှူငွေတွေနဲ့ Samitivej ရဲ့ ဆရာဝန်တွေအပြင် ခွဲစိတ်ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုတွေကြောင့်လည်း များပြားလှစွာသော ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

 

ဘဝသစ်ဖောင်ဒေးရှင်းအကြောင်း ပိုပြီးတော့ သိချင်သေးတယ်ဆိုရင်တော့ ကျေးဇူးပြုပြီးဒီနေရာကိုကလစ်နှိပ်ပါ။