ဂရုစိုက်မှုခရီးစဉ်

 

Samitivej မှကြိုဆိုပါတယ်။ ကျွန်တော်တို့ဂရုစိုက်မှုခရီးစဉ်ရဲ့ ဆေးရုံတစ်ရုံမှာ ကုတင်အလုံး၁၀၀နဲ့ စတင်ခဲ့ရာကနေ အခုဆိုရင် ဆေးရုံသုံးရုံပေါင်း ခုတင် ၈၀၀အထိ ရှိနေပြီဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ လူနာပေါင်း ၁သန်းလောက်က ကျွန်တော်တို့ ဆေးရုံကို ယုံကြည်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အဲဒီအထဲကမှ ၄၀%လောက်ဟာ ရပ်ဝေးရပ်နီးက တကူးတကလာကြတဲ့ နိုင်ငံခြားသားတွေပဲ ဖြစ်ပါတယ်။

 

Samitivej ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဟာ အရည်အသွေးမှီတဲ့ ဂရုစိုက်မှုကိုပြသဖို့ ၀န်လေးတွန့်ဆုတ်နေခြင်း မရှိခဲ့ဖူးပါဘူး။ Samitivej ဆေးရုံဟာ လက်ရှိရောက်နေတဲ့နေရာမှာ ရောင့်ရဲတင်းတိမ်ခြင်းမရှိဘဲ ဆေးပညာဟောပြောပွဲတွေကို လက်ခံကျင်းပပေးပြီး ပြည်တွင်း ပြည်ပဆေးပညာ ဟောပြောပွဲတွေ၊ သင်တန်းတွေနဲ့ လူငယ်တွေအတွက် သင်ကြားမှုတွေကိုပါ ပြုလုပ်ပေးပြီး သူတို့ရဲ့ အရည်အချင်းနဲ့ အသိပညာကို တိုးတက်စေပါတယ်။ အဆိုပါ လုပ်ဆောင်ချက်တွေနဲ့ ပါတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ နိုင်ငံတကာချိတ်ဆက်မှု ကောင်မရှင်(JCI) တို့ အပြင် အခြားအဖွဲ့အစည်းများမှပါ အသိအမှတ်ပြု ထောက်ခံခဲ့ကြပါတယ်။ JCI အနေနဲ့ ဆေးရုံသုံးရုံဖြစ်တဲ့ (Samitivej Sukhumvit, Srinakarin နဲ့ Siracha) တို့ကို အသိအမှတ်ပြုပေးထားပါတယ်။

 

Samitivej ဆေးရုံအနေနဲ့ ခင်ဗျားတို့ရဲ့တစ်သက်တာ ကျန်းမာရေးစောင့်ရှောက်မှု အဖော်မွန်အနေနဲ့ ရှိနေပေးဖို့ ဆန္ဒရှိပါတယ်။ သင့်ရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ခန့်မှန်းချက်တွေ၊ ကြိုတင်တားဆီးမှုတွေ၊ ဆေးစစ်ချက်တွေ၊ ကုသမှုတွေကို ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါရစေ။ သင်တို့ရဲ့ ကျန်းမာရေးကောင်းမွန်နေစေဖို့ ၀မ်းမြောက်၀မ်းသာ ကူညီနေမှာပါ။ ဘာကြောင့်လဲဆိုတော့ Samitivej မှာ ကျွန်တော်တို့ တကယ်ကို ဂရုစိုက်တတ်ကြလို့ပါ။