|

“Stand Proud…Carry a Condom”— ဆိုတဲ့ လိင်မှုရေးရာအတွက် ကွန်ဒုံးသုံးစွဲခြင်းဟာ ရှေးရိုးစွဲဝါဒီတွေအကြား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးတဲ့နောက် နည်းနည်းကြာတော့ တားဆေးသုံးတဲ့ ကိစ္စ “ ခေတ်ထ” လာတာပါပဲ။ အဲဒါကြောင့်လည်း မြီးကောင်ပေါက်တို့ရဲ့ အချိန်မတိုင်မီ လိင်မှုအတွေ့အကြုံကိစ္စတွေမှာ စိုးရိမ်စရာတွေ ဖြစ်လာရတာပေါ့။ တစ်ဖက်ကလှည့်တွေးမယ်ဆိုရင်တော့ မိဘတာဝန်ထမ်းဆောင်နိုင်တဲ့အရွယ် မတိုင်မီ ကလေးတွေ မွေးမလာဖို့ စိတ်ချရအောင် သန္ဓေတားဆေးကိုသုံးတာဟာ သင့်တော်တဲ့ နည်းလမ်းတစ်ခု လို့လည်း ဆိုရမှာပါပဲ။
သည်လိုနဲ့ “ အရေးပေါ်သန္ဓေတားဆေး” ဆိုတာလည်း ပေါ်လာပြန်ပါတယ်။ ဒီဆေးရဲ့ ရည်ရွယ်ချက်ကတော့ ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ကိစ္စတွေအတွက် နောက်ဆက်တွဲ ကိုယ်ဝန် ကိစ္စတွေ ဖြစ်မလာအောင် လုပ်ပေးဖို့ပါပဲ။ ဒါဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီဆေးအကြောင်း၊ ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်းနဲ့ အရေးအကြီးဆုံးက ဒီဆေးကို ဘယ်လိုသောက်ရမယ် ဆိုတာတွေကို သိထားရမှာ ဖြစ်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးလုံးကလေးတွေမှာ progestin လို့ခေါ်တဲ့ သန္ဓေတားပေးတဲ့ ဟောမုန်းတစ်မျိုးပါဝင်ပြီး တစ်ချို့ ဆေးတွေမှာ estrogen လို့ခေါ်တဲ့ မ ဟော်မုန်း ပေါင်းစပ် ပါဝင်ပါတယ်။ ဒီဆေးဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုးမှ တားဆီးပေးနိုင်ပါတယ်။ အတူနေပြီး ဘယ်လောက်အကြာမှာ သောက်သလဲ ဆိုတဲ့အပေါ်မူတည်ပြီး ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။
ဒီဆေးကို အခြားပုံမှန်တားဆေးတွေမသောက်တဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် ဆေးပတ်မလည်ဘဲ ပျက်ယွင်း နေတဲ့သူတွေအဖို့ အကာအကွယ်မဲ့ အတူနေပြီးတဲ့အခါ ကိုယ်ဝန်မရစေဖို့ သောက်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဆက်ဆံနေတုန်း ကွန်ဒုံး ပြဲသွားတာ၊ မိမိရဲ့ ရာသီစက်ဝန်း ပြက္ခဒိန်မှာ ရက်တွက်မှားတာ၊ ပုံမှန်သောက်နေကျ တားဆေးကို ၃ ရက်ထက်ကျော်ပြီး မသောက်ဘဲ မေ့နေတာ စတာတွေအပြင် အလိုမတူဘဲ အနိုင်ကျင့်ခံလိုက်ရတဲ့အခါမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။
အရေးပေါ် သန္ဓေတားဆေး လို့ ဆိုထားတဲ့အတွက် ဒီဆေးဟာ “ အရေးပေါ်” ကိစ္စတွေအတွက် သီးသန့် အသုံးပြုရန်သာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ မရည်ရွယ်ဘဲ ဖြစ်သွား တဲ့ ကိစ္စတွေအတွက် ထိရောက်တဲ့ ကုစားမှုတစ်ခုသာဖြစ်ပြီး ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမ မခံနိုင် ပါဘူး။ နောက်ပြီးတော့လည်း ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ AIDS ကဲ့သို့သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်ပါဘူး။
တစ်ကဒ် ဝယ်ရင် 0.75 mg ပါ ဆေးလုံး နှစ်လုံး ရမှာ ဖြစ်ပါတယ်။ အထိရောက်ဆုံးဖြစ်စေဖို့ အတူနေပြီးတဲ့နောက်ပိုင်း စောနိုင်သမျှ စောစော သောက်ရမှာ ဖြစ်ပါတယ်။ သောက်ရမယ့် နည်းလမ်း နှစ်မျိုးရှိပြီး တစ်မျိုးစီက ရလဒ် တစ်ခုစီ ပေးပါတယ်။
အဲဒါတွေကတော့…
ဒီဆေးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်တာနဲ့အမျှ သားအိမ်အတွင်းဘက်နံရံတွေမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ဆေးကို အကြိမ်ကြိမ်သုံးစွဲခြင်းအားဖြင့် အောက်ပါဖောက်ပြန်မှုများနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါတယ်။
အဲဒီတော့ ဒီဆေးကို သောက်မယ်လို့စဉ်းစားရင် မသောက်ခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ နောက်ပြီးတော့ ဆေးသောက်ပြီးတဲ့အခါ ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားလာရရင်၊ အထူးသဖြင့် မိန်းမကိုယ်က သွေးဆင်းရင်၊ ရာသီမလာဘဲ ကျော်သွားတာတို့ ထိန်သွားတာတို့ ဖြစ်ရင်၊ ကိုယ်ဝန်ရှိနေတယ်လို့ထင်ရင်၊ ဆေးဘက်ဆိုင်ရာ ကုသမှု စောင့်ရှောက်မှုကို ဆောလျင်စွာ ခံယူပြီး ဖြစ်နေတဲ့ပြဿနာကို မှန်ကန်တဲ့အဖြေ ရှာရမှာ ဖြစ်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တာနဲ့အမျှ ဖြစ်လာနိုင်တဲ့ အန္တရာယ်ဆိုးကျိုးတွေကလည်း ရှိနေပါတယ်။ အလွန်အကျွံသောက်ခြင်း၊ မကြာခဏသောက်ခြင်း၊ နားလည်မှုလွဲမှားပြီး မမှန်မကန်သောက်ခြင်း စတာတွေကြောင့် မျိုးဆက်ပွားတဲ့ အပိုင်းမှာ ပုံမှန်မဟုတ်တဲ့ ဖောက်ပြန်မှုတွေ နောက်ပ်ိုင်းမှာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ ဖြစ်ပြီးမှ သောက်ရတဲ့ ဆေး မို့လို့ ၁၀၀% ရာနှုန်းပြည့်လည်း အာမ မခံနိုင်ပါဘူးတဲ့။ ပြီးတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း မကာကွယ်နိုင်ဘူးလေ။ ဒါကြောင့်မို့လို့ ဆေးသောက်မယ့်အစား အတူနေချိန်မှာ ဦးထုပ်ဆောင်းတာ (ကွန်ဒုံးသုံးတာ) ဟာ စိတ်အချရဆုံး ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။
“ အရေးပေါ်ဆေးကို အရေးပေါ်ကိစ္စရပ်များတွင်သာ အသုံးပြုပါ။”
M.D., Faculty of Medicine, Srinakharinwirot University, 1997.
