အနှစ်ချုပ်
- သားသားမီးမီးတို့ရဲ့ ကြီးထွားမှုအဆင့်တိုင်းမှာ တိကျတဲ့ ပြောင်းလဲမှု တစ်ခုချင်းစီ ရှိပါတယ်။ ဒါကြောင့် ဆရာဝန်များအနေနဲ့ ကလေးတစ်ဦးချင်းစီကို အရွယ်ရောက်ပြီးသူတွေထက် ပိုပြီး ခဏခဏနဲ့ သေသေချာချာ စောင့်ကြည့် စစ်ဆေးပေးဖို့ လိုပါတယ်။
- ဒါကြောင့် ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာအပြင် အခြား ကျန်းမာရေးရှုထောင့် အမျိုးမျိုးဖြစ်တဲ့ အမူအကျင့်၊ ဖွံ့ဖြိုးမှုနှုန်း စတာတွေနဲ့အတူ အခြားဖြစ်လာနိုင်ချေရှိတဲ့ ကျန်းမာရေး ဖောက်ပြန်မှုများကနေ ကာကွယ်ပေးခြင်း စသည်တို့ကနေတစ်ဆင့် စောင့်ကြည့်ပေးနေဖို့လည်း လိုအပ်ပါတယ်။
|

Well Baby Clinic ကို လာရောက်စုံစမ်းမေးမြန်းတဲ့ မေမေဖေဖေတွေကို “ကာကွယ်ဆေးထိုးပါ” ဆိုတာထက် ပိုတဲ့ ဘက်စုံစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်တွေကို ပံ့ပိုးပေးပြီး ကလေးတွေအတွက် သူတို့အလားအလာရှိသလောက် ဖြစ်မြောက်နိုင်ဖို့ မြှင့်တင်ပေးလျက်ရှိနေပါတယ်။ သားသားမီးမီးတို့ရဲ့ ကြီးထွားမှုအဆင့်တိုင်းမှာ တိကျတဲ့ ပြောင်းလဲမှု တစ်ခုချင်းစီ ရှိပါတယ်။ ဒါကြောင့် ဆရာဝန်များအနေနဲ့ ကလေးတစ်ဦးချင်းစီကို အရွယ်ရောက်ပြီးသူတွေထက် ပိုပြီး ခဏခဏနဲ့ သေသေချာချာ စောင့်ကြည့် စစ်ဆေးပေးဖို့ လိုပါတယ်။ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အကြောင်းအချက်တွေကတော့ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အကဲဖြတ်ခြင်း၊ အမူအကျင့် နဲ့ ကြီးထွားမှုနှုန်း စတာတွေ ပုံမှန်အတိုင်း တိုးတက်လာမှု ရှိ မရှိ စောင့်ကြည့်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မေမေဖေဖေတွေကို ကလေးသူငယ်ပြုစုနည်း၊ မဖျားမနာအောင် ဂရုစိုက်ခြင်း နဲ့ ဖျားရင် စောင့်ကြည့်တဲ့ နည်းများ၊ ကလေးငယ် ကြီးထွားဖွံ့ဖြိုးစေဖို့ ဘာတွေ ပံ့ပိုးပေးရမှာလဲ၊ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ခြင်းနဲ့ အသက်အရွယ်အလိုက် အာဟာရဆိုင်ရာ အကြံဥာဏ်များ စ တာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခြား ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စတွေဖြစ်တဲ့ မျက်လုံးစစ်ဆေးခြင်း၊ အကြားအာရုံ စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ သွားလေးတွေ အကောင်းဆုံးဖြစ်စေဖို့ သွားဆရာဝန်နဲ့ စစ်ဆေးပေးခြင်း စတဲ့ ဆန်းစစ်မှုတွေကိုလည်း လုပ်ပေးဖို့ လိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ကလေးဆရာဝန်များဆိုင်ရာ တော်ဝင်ကောလိပ်က အဆိုပါစစ်ဆေးမှုတွေကို အောက်ပါ အကြိမ် အရေအတွက်အတိုင်း လုပ်ပေးဖို့ အကြံပြုတိုက်တွန်းထားပါတယ်။
- မွေးကင်းစ – အနည်းဆုံး ၇ ကြိမ် ( ၀ မှ ၇ ရက်၊ ၁လ၊ ၂လ၊ ၄လ၊ ၆လ၊ ၉ လ နဲ့ တစ်နှစ်)
- နို့စို့အရွယ် – အနည်းဆုံး ၄ ကြိမ် ( ၁၈လ၊ ၂ နှစ်၊ ၃ နှစ် နဲ့ ၄ နှစ်)
- ကလေး – အနည်းဆုံး ၃ ကြိမ် ( ၆နှစ်၊ ၈နှစ် နဲ့ ၁၀ နှစ်)
- ဆယ်ကျော်သက်နဲ့ ကြီးကောင်ဝင်တဲ့ နှစ်များ – အနည်းဆုံး ၃ ကြိမ် (၁၁ နဲ့ ၁၄ နှစ်ကြား၊ ၁၅ နဲ့ ၁၇ နှစ်ကြား နဲ့ ၁၈ နဲ့ ၂၁ နှစ်ကြား)
အဆင့်တိုင်းမှာ လုပ်ရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကတော့
- သိုင်းရွိုက်ဟော်မုန်း နည်းသည့် ရောဂါ ၊ မွေးကင်းစ ဖီနိုင်းကီတုန်း ဆီးထဲပါသည့် ရောဂါ တို့အတွက် သွေးစစ်ခြင်း၊
- အသက်၂နှစ်နှင့် နှစ်နှစ် အောက် ကလေးများအတွက် ဦးခေါင်းခွံ တိုင်းတာခြင်း၊
- မွေးပြီးပထမ ၆လ အတွင်း အထူးကိရိယာဖြင့် နားကြားမှု စမ်းသပ်ခြင်း (အနည်းဆုံးတစ်ကြိမ်)၊
- ကျန်းမာရေးရာဇဝင်ကို စစ်ဆေးပြီး သာမာန်နားကြားမှု စမ်းသပ်ခြင်း ( ၄လ မှ ၆နှစ် အရွယ်ထိ)၊
- ကြီးထွားဖွံ့ဖြိုးမှု ဆန်းစစ်ချက် ( ၉ လ, ၁၈လနှင့် ၃ နှစ်)၊
- သွေးပေါင်ချိန်စစ်ဆေးခြင်း နှင့် မျက်စိမြင်နိုင်စွမ်း စစ်ဆေးခြင်း ( ၃နှစ် နှင့် အထက်)၊
- သွားဆရာဝန် နှင့် ပထမဆုံးအကြိမ်စစ်ဆေးခြင်း ( ၁၂ လ မှ ၂နှစ်)၊
- သွေး နီဥ စစ်ဆေးခြင်း ( ၆-၁၂ လ, ၃- ၆ နှစ်, ဆယ်ကျော်သက် မိန်းခလေးအတွက်)။
ကျန်းမာရေးစစ်ဆေးမှုတိုင်းမှာ မလုပ်မဖြစ်လုပ်ရမယ့် အချက်တွေကတော့
- အထွေထွေ ကျန်းမာရေး မေးမြန်းခြင်း၊
- ခန္ဓာကိုယ် ပြင်ပ အထွေထွေ စစ်ဆေးစမ်းသပ်ခြင်း၊
- အထွေထွေ သွားကျန်းမာရေး စစ်ဆေးခြင်း၊
- ကလေး၏ တိုးတက်ဖွံ့ဖြိုးမှုကို စစ်ဆေးခြင်း၊
- ကိုယ်ခန္ဓာ ကြီးထွားမှု စီစစ်ချက် (ကိုလ်အလေးချိန်၊ အရပ် အမြင့် တိုင်းတာခြင်း)
- ဖြစ်နိုင်ဖွယ်ရာ အလားအလာရှိသော လူမှုရေးဆိုင်ရာ အမူအကျင့် နှင့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များအား စီစစ်ဖေါ်ထုတ်ခြင်း၊
- အသက်အပိုင်းအခြားအလိုက် အံဝင်ဂွင်ကျသည့် ကြီးထွားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ရနိုင်ရန် အကောင်းဆုံး စောင့်ရှောက်မှုများနှင့်စပ်လျဉ်းပြီး မိဘများကို အကြံပြုပေးခြင်း၊
- အာဟာရဆိုင်ရာ အချက်အလက်များနှင့် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ရန် အကြံပြုခြင်း၊
- မတော်တဆ ထိခိုက် နာကျင်မှုများ မဖြစ်ရလေအောင် အကြံပြုခြင်း၊
- အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးအစီအစဉ်များ။
Well Baby ဆေးခန်း သို့ လာရောက်သူများကို ကာကွယ်ဆေးအတွက် သာမက ကလေးများအတွက် အခြားကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်းကိုပါ အကြံပြုပေးပါသည်။ အကယ်၍ မိဘများကိုယ်တိုင်က သူတို့၏ ကလေးများ ပုံမှန် ကျန်းမာပြီး ကောင်းစွာ ဖွံ့ဖြိုးနေပါသည်ဟု အသေအချာပြောလာသည့်တိုင် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းများကို လျစ်လျှုမရှုသင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။
Rate This Article
သားသားမီးမီးကျန်းမာရေး အချိန်မနှောင်းမီ စစ်ဆေးပေး
Well Baby Clinic ကို လာရောက်စုံစမ်းမေးမြန်းတဲ့ မေမေဖေဖေတွေကို “ကာကွယ်ဆေးထိုးပါ” ဆိုတာထက် ပိုတဲ့ ဘက်စုံစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်တွေကို ပံ့ပိုးပေးပြီး ကလေးတွေအတွက် သူတို့အလားအလာရှိသလောက် ဖြစ်မြောက်နိုင်ဖို့ မြှင့်တင်ပေးလျက်ရှိနေပါတယ်။
User rating:
3 out of 5 with 2 ratings
Recommended Doctor