
အများစုကတော့ ကုပေးနေတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ သည်းခြေထဲမှာတည်နေတဲ့ကျောက်ကို အာလ်ထရာဆောင်းကနေတစ်ဆင့် ရှာလေ့ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သည်းခြေထဲမှာ ကျောက်တည်နေပြီဆိုတာ သိရဖို့ တခြား စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ ကွန်ပျူတာတိုမိုဂရပ်ဖီ၊ endoscopic retrograde cholangiopancreatography လို့ခေါ်တဲ့ သည်းခြေအိတ်၊ သည်းခြေ၊ ပန်ကရိယ နဲ့ အသည်း စတာတွေကို မှန်ပြောင်းနဲ့ ကြည့်တာ၊ MRI ရိုက်ကြည့်တာ စ တာတွေပဲ ဖြစ်ပါတယ်။ ကိုယ်ထဲမှာ ‘silent gallstones’ လို့ ခေါ်တဲ့ ဘာလက္ခဏာမှ မပြတဲ့ သည်းခြေကျောက် ရှိနေသူတွေဟာ အခြားမကျန်းမာမှုတွေကို စစ်ဆေးရင်နဲ့မှပဲ ကျောက်ရှိနေမှန်း သိကြရပါတယ်။
သွေးစစ်အဖြေတွေကိုကြည့်ပြီး သည်းခြေကျောက်ဖြစ်နိုင်ချေသတိပေးအချက်ပြမှုတွေဖြစ်တဲ့ သည်းခြေအိတ် ရောင်နေတာတို့ ၊သည်းခြေပြွန် ပိုးဝင်တာတို့ စတာတွေကတစ်ဆင့် လည်း သိရနိုင်ပါတယ်။ ဒါပေမယ့် သွေးစစ်တယ်ဆိုတာ အဖြေထွက်ဖို့ ရက် အတန်ကြာ စောင့်ရသေးတာပဲ။ တိကျတဲ့ အဖြေတစ်တစ်ခုရဖို့ ဓာတ်ခွဲခန်းမှာ အချိန်တစ်ခုပေးပြီး ဆန်းစစ် ရသေးတာပဲ။ တစ်ချို့ ကေ့စ်တွေမှာ ကနဦး ရောဂါရှာဖွေမှုမှာ လွဲခဲ့ရင် သည်းခြေကျောက်ရဲ့ ရောဂါလက္ခဏာတွေဟာ အခြားကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ အန်ချင်နေတာ၊ ကိုယ်ပူတာ၊ ဗိုက်နာတာ စတဲ့လက္ခဏာတွေဟာ အစာအိမ်နာတာနဲ့ မသဲကွဲပဲ ဖြစ်နေ တတ်ပါတယ်။ အူအတက်ရောင်တာလား၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာဘက်ကလား၊ ပန်ကရိယမှာ များလား စသဖြင့် ဇဝေဇဝါ ဖြစ်တတ်ပါတယ်။
သည်းခြေမှာ ကျောက်ရှိနေပေမယ့် ဒုက္ခမပေးသေးသရွေ့တော့ ယေဘုယျအားဖြင့် ဘာ ကုသမှု မှ ပေးဖို့ မလိုသေးပါဘူး။ လက္ခဏာတစ်ခုခု ပြလာပြီဆိုရင်တော့ (နာလာရင်၊ နေလို့မကောင်းဖြစ်လာရင်) သင့်တော်တဲ့ ကုသမှုတစ်ခုခုတော့ ပေးရတော့မှာ ဖြစ်ပါတယ်။ ရုတ်တရက် နာ လာတာမျိုး ဆိုရင်တော့ ဆေးဘက်ဆိုင်ရာကုသမှုကို ချက်ချင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အများဆုံးလုပ်တာကတော့ သည်းခြေအိတ်ကို ခွဲထုတ်ပစ်လိုက်တာပါပဲ။ လုပ်ရိုးလုပ်စဉ် ခွဲစိတ်မှုဖြစ်လို့ စိုးရိမ်စရာလည်း မရှိပါဘူး။
သည်းခြေအိတ် မရှိတော့ရင် အသည်းကထုတ်ပေးလိုက်တဲ့ သည်းခြေရည်တွေဟာ သည်းခြေအိတ်ထဲမှာ စု မနေတော့ဘဲ သည်းခြေပြွန်ကတစ်ဆင့် အူသိမ်ထဲကို တိုက်ရိုက်ရောက်သွားတာပေါ့။ သည်းခြေအိတ် ဟာ ကိုယ်ခန္ဓာအတွက် အရေးတကြီး အစိတ်အပိုင်းတစ်ခုတော့ မဟုတ်ပါဘူး။ သည်းခြေအိတ်မရှိတဲ့ အတွက်လည်း ဘာမှ ဆိုးဆိုးရွားရွား ဖြစ်သွားတာမျိုး မရှိပါဘူး။
သည်းခြေအိတ်ထုတ်တဲ့လူနာဟာ ဆေးရုံ ၂ ရက်လောက်တက်ဖို့ လိုအပ်ပြီး တစ်ပတ်အကြာမှာ ပုံမှန် အလုပ်တွေ ပြန်လုပ်နိုင်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆစ်မီတဝေ့ဆေးရုံကြီးမှာဆိုရင် နောက်ဆုံးပေါ် ခေတ်အမီဆုံး၊ ထိုးဖောက်မှုအနည်းဆုံးနည်းပညာဖြစ်တဲ့ 3D-4K နည်းပညာနဲ့ ကုသပေး နိုင်နေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာဆိုရင် မှန်ပြောင်းကတစ်ဆင့် ရှင်းလင်းပြီး ပြတ်သားမှုမြင့်မားတဲ့ အသေးစိတ်ပုံရိပ်တွေကို ကြည့်ရှုနိုင်ပြီး ရှုပ်ထွေးလှတဲ့ ခွဲစိတ်မှုအဆင့်တွေကို လက်တွေ့ကျကျ တွေ့မြင် နိုင်မှာဖြစ်ပါတယ်။ အနီးကပ် ကြည့်ရမယ်ဆိုရင်လည်း ရှိပြီးသားကို ပုံကြီးချဲ့ ကြည့်တာမျိုးမဟုတ်ဘဲ မှန်ဘီလူးနဲ့ တကယ် အနီးကပ် ကြည့်နိုင်မယ် ဖြစ်ပါတယ်။
ဒီနည်းပညာနဲ့ဆိုရင် တစ်လက်မလောက်ဘဲ ခွဲစိတ်ဖို့ လိုအပ်ပါတယ်။ အဆင့်မြင့် 4K မော်နီတာကတစ်ဆင့် ခွဲစိတ်ဆရာဝန်ဟာ အထဲကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်တွေ့နိုင်ပြီး လိုအပ်တဲ့ ခွဲစိတ်မှုကို တိတိကျကျ သေသေချာချာ နဲ့ အန္တရာယ်ကင်းကင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ခွဲစိတ်မှု မစတင်ခင်မှာ နာကျင်မှုများမှ သက်သာစေဖို့ မေ့ဆေးပေးထားမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ခွဲစိတ်ဆရာဝန်ဟာ အသည်း နဲ့ သည်းခြေပြွန်များကြားက သည်းခြေအိတ်ကို ခွဲထုတ်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အသေးဆုံး ခွဲစိတ်မှုလေးကို လုပ်လိုက်မှာဖြစ်ပါတယ်။ ခုပြောပြခဲ့တဲ့ ထိုးဖောက်မှုအနည်ဆုံး နောက်ဆုံးပေါ် ခွဲစိတ်မှုနည်းပညာကြောင့် ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ လူနာတွေဟာ နာကျင်မှုအနည်းဆုံး ခွဲစိတ်ကုသမှု ပြီးတဲ့နောက် ဘေးအန္တရာယ်ကင်ရှင်းစွာနဲ့ အချိန်မဆိုင်းဘဲ အလုပ်ခွင်ကို ပြန်ဝင်နေနိုင်ကြပြီ ဖြစ်ပါတယ်။
ကျန်းမာရေးအခြေအနေတစ်ခုခုကြောင်း ခွဲစိတ်ကုသဖို့ မဖြစ်နိုင်ဘူးဆိုပါစို့။ အခြား နည်းလမ်းတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကိုလက်စထရောအဆီလုံးလိုဟာမျိုးတွေပေါ့။ အဲဒါမျိုးတွေဆိုရင် endoscopic retrograde cholangiopancreatography လို့ခေါ်တဲ့ မှန်ပြောင်းကတစ်ဆင့် သည်းခြေပြွန်တို့ ပန်ကရိယပြွန်တို့အထိ ရောဂါကိုရှာဖွေနိုင်ပြီး ကုသမှု ပေးနိုင်ပါကြောင်းကိုလည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်။
The Second Class Honour M.D., Faculty of Medicine Siriraj Hospital, Mahidol University. Faculty of Medicine Siriraj Hospital, Mahidol University , 2002
