
“ငါ့ပစ္စည်းယူထားပြီး ပြန်မပေးဘူးနော်… အေး… မျက်စိစွန်ပါစေတော်…..” ကျွန်တော်တို့ငယ်ငယ်က ကျိန် ခဲ့ကြဖူးတယ်။ စာဖတ်သူရော.. ညစ်ပတ်တဲ့နေရာတွေသွားပြီးရင် မျက်စိစွန်ဖူးလား။ မစွန်ဖူးလောက်ပါဘူးနော်။ သူများပစ္စည်းယူထားတာရှိရင် ပြန်ပေးလိုက်..
“မျက်စိစွန်ခြင်း” ဆိုတာ အင်္ဂလိပ်လိုတော့ “stye” ဒါမှမဟုတ် “hprdeolum” လို့ ခေါ်ပါတယ်။ မျက်ခွံမှာ အဖုကြီးထွက်လာပြီး ရောင် နေတာလေ။ Meibomian ဒါမှမဟုတ် Stye လို့ အင်္ဂလိပ်လိုခေါ်တယ်။ meibomian ဂလင်းတွေ ပိတ်ဆို့ပြီး ရောင်လာတာကိုခေါ်တာ။ ပုံမှန်အားဖြင့် ဒီဂလင်းတွေကနေ lipid လို့ ခေါ်တဲ့အဆီတွေကို ထုတ်လုပ်ပါတယ်။ အဲဒီအဆီတွေဟာ ဂလင်းထဲမှာ ပိတ်ပြီးဆို့နေတဲ့အခါမှာ ဒီပြဿနာ စ တော့တာပါပဲ။ လက်ညစ်ပတ်ကြီးနဲ့ မျက်လုံးတစ်ဝိုက်ကိုပွတ်တဲ့အခါမှာ ပိုးဝင်ပြီး မျက်စိစွန်တတ်တယ်။
အစပိုင်းမှာ မျက်ခွံတွေ နီရဲပြီးရောင် လာတတ်တယ်။ နည်းနည်းလေးပဲဖြစ်နေရင်တော့ ခပ်နွေးနွေးလေးနဲ့ ဖိပေးလိုက်ရင် ပျောက်သွားတတ်ပါတယ်။ ၂ နာရီ ၃ နာရီခြားတစ်ခါ တစ်နေ့ လေးငါးခြောက်ကြိမ်လောက် တစ်ခါဖိရင် ဆယ်မိနစ်လောက် လုပ်ပေးလိုက်ရင် ရပါတယ်။ သက်သာသွားမှာပါ။
ရောင်နေတာ အရမ်းကြီးပြီး များနေရင်တော့ ပဋိဇီ၀ဆေး သောက်မှ ရမှာဖြစ်ပါတယ်။ မျက်စိ မကြာခဏစွန်တတ်ရင် (အပတ်တိုင်း ဒါမှမဟုတ် တစ်လတစ်ခါလောက်ပြန်ပြန်ဖြစ်နေရင်) ပဋိဇီ၀ဆေးက အရောင်လျော့စေပြီး မျက်စဉ်း ဒါမှမဟုတ် ဆေး တစ်ခုခု လိမ်းပေးဖို့ လိုနေပါပြီ။ အကြီးကြီး ရောင် နေပြီး ပြည်တွေလဲ ထွက်နေတဲ့အပြင် ဆေးတွေကလည်းမထူးခြားဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြပြီး ခွဲထုတ်ရတော့မှာ ဖြစ်ပါတယ်။
မျက်စိစွန်တာဟာ အသက်အရွယ်မရွေး လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ညစ်ပတ်တူးနေတဲ့နေရာတွေကို မသွားဘဲနဲ့တောင် သူ့ဟာသူဖြစ်လာတတ်ပါတယ်။ ထိုင်းလူမျိုးတွေကတော့ သူများ အဝတ်အစားလဲနေတာကို ချောင်းကြည့်ရင် မျက်စိစွန်တတ်တယ် ပြောတာပဲ။ တကယ်ကတော့ မျက်ခွံသန့်ရှင်းရေးကို ဂရုတစိုက်လုပ်ပေးနိုင်ရင် မျက်စိစွန်တဲ့ဒုက္ခကနေ ကာကွယ်ပေးနိုင်ပါတယ်။ လေဒီတွေအနေနဲ့ မိတ်ကပ်တွေနေ့စဉ်လူးတယ်ဆိုရင် မျက်ခွံတွေတစ်ဝိုက်ကို သေသေချာချာ သန့်ရှင်းရေး လုပ်ပေးရမှာဖြစ်ပါတယ်။
The First Class Honors M.D., Faculty of Medicine, Chulalongkorn University
