
Natural Orifice Transluminal Endoscopic Surgery (NOTES) ဆိုတဲ့ ခွဲစိတ်မှုနည်းပညာကို သုံးပြီး Tubal Sterilization လို့ခေါ်တဲ့ ကိုယ်ဝန်မရအောင် သားကြောဖြတ်ပေးတဲ့ နည်းလမ်းတစ်ခုဟာ ဆိုရင် ကမ္ဘာ့နိုင်ငံတွေမှာ အသုံးပြုအောင်မြင်နေတာ ဆယ်စုနှစ်တစ်ခုမက ရှိခဲ့ပြီဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာတော့ နည်းပညာအသစ်တစ်ခု ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ သူ့နည်းလမ်းကတော့ အလွန်သေးငယ်တဲ့ ကင်မရာလေးနဲ့ ခွဲစိတ်ကိရိယာတစ်ချို့ ကို မိန်းမကိုယ်ကတစ်ဆင့် သွင်းပြီးတော့ လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပြင်ပ အခြားနေရာကနေ ထိုးဖောက်ရတာမဟုတ်တဲ့အပြင် အရင်လို ဗိုက်ခွဲစရာလည်း မလိုတော့တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီနည်းနဲ့ဆိုရင် မမြင်နိုင်တဲ့ ဧရိယာအထိ ကြည့်လို့လည်း ရပါတယ်။ ဒီနည်းလမ်းဟာ သားကြောဖြတ်ပေးရာမှာတင်မဟုတ်ဘဲ အက်တိုးပစ်ကိုယ်ဝန် လို့ခေါ်တဲ့ နေရာမှား ကိုယ်ဝန်တည်နေတဲ့ သားဥပြွန်ကို ဖြတ်ထုတ်ရာမှာရော၊ သားအိမ်ထဲက အလုံးကို ဖယ်ရှားရာမှာရော၊ သားအိမ်ထုတ်တဲ့နေရာမှာပါ အသုံးပြုပါတယ်။ အဓိကကတော့ ခွဲစိတ်တာမဟုတ်တဲ့အတွက် ကိုယ်ပေါ်မှာ ချုပ်ရိုးရာ အမာရွတ်မကျန်တာပါပဲ။ ဒါပေမယ့် ဆရာဝန်အနည်းငယ်ကသာ ဒီလို NOTES ခွဲစိတ်မှုမျိုးကို လုပ်ပေးနိုင်ကြပါတယ်။ ဒါကြောင့်လည်း သားကြောဖြတ်တဲ့နည်းလမ်းတွေမှာ ဒီနည်းလမ်းဟာ စိတ်အချရဆုံး ဖြစ်ပေမယ့် ဆရာဝန်တွေရဲ့ ဦးစားပေးနည်းလမ်းတစ်ခု မဖြစ်ခဲ့ပါဘူး။ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ စစ်ဆေးမှုရလဒ်တွေနဲ့ လူနာရဲ့ တောင်းဆိုမှုရှိမှသာ ဒီနည်းလမ်းကို အသုံးပြုဖြစ်ကြပါတယ်။ “ခွဲစိတ်ဖို့လိုတဲ့လူနာတွေအတွက်တော့ ဒီနည်းလမ်းဟာ အကျိုးအရှိဆုံးနဲ့ အသင့်တော်ဆုံး နည်းလမ်းလို့ ထင်ပါတယ်” လို့ Dr. Santi က ဆို ပါတယ်။
NOTES နည်းလမ်းနဲ့လုပ်တဲ့ Tubal Sterilization မှာ အခြား အားသာချက်တွေလည်း အများကြီး ရှိပါသေးတယ်။ သားကြောဖြတ်မယ်လို့ စဉ်းစားလိုက်တာနဲ့ ဗိုက်ခွဲရမယ်လို့ လူတိုင်း ထင်ကြပါတယ်။ ဗိုက်ဖွင့်ရမယ်ဆိုရင် နာကျင်မှုတွေအပြင် အခြားမထင်မှတ်နိုင်တဲ့ ကိစ္စတွေလည်း ဖြစ်နိုင်ချေ ရှိလာပါတယ်။ ရိုးရိုးမှန်ပြောင်းကြည့်နည်းလမ်းတွေ ရှိပါတယ်။ နာကျင်မှုလည်းလျော့ပါးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းခေါင်းကို ခွဲစိတ်ရတာဟာ မိန်းမကိုယ်အတွင်းမျက်နှာပြင်မှာခွဲရာပေးပြီးလုပ်တဲ့ ခွဲစိတ်မှုထက် နာကျင်မှု ဝေဒနာကို ပိုပြီးခံစားရလို့ပဲ ဖြစ်ပါတယ်။ဖော်ပြပါနည်းလမ်းကတော့ လုံးဝမနာကျင်တဲ့အပြင် ထင်သာမြင်သာတဲ့ အမာရွတ်လည်း မကျန်တဲ့အတွက် အမျိုးသမီးတွေရဲ့ အလှအပရေးရာအတွက်ကတော့ ဒီနည်းလမ်းဟာ ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ အခြားရောဂါကူစက်ခံရဖို့လည်း အခွင့်အလမ်း နည်းတယ်လေ။ ရိုးရိုး မှန်ပြောင်းကြည့်ခွဲစိတ်မှုတွေဟာ အရင်တုန်းက ခွဲစိတ်ထားဖူးလို့ ဝမ်းခေါင်းထဲမှာ အမာရွတ်တွေ ထင်ကျန်နေတတ်တဲ့ လူနာတွေအတွက်ဆို ကန့်သတ်ချက်တွေ ရှိနေတတ်ပါတယ်။ အခု ဖော်ပြထားတဲ့ နည်းလမ်းနဲ့ လုပ်ရင်တော့ ရာနှုန်းပြည့်မဟုတ်တောင် အများစုအတွက် အဆင်ပြေတယ် လို့ပြောနိုင်တဲ့အတွက် ရိုးရိုးမှန်ပြောင်းကြည့် ခွဲစိတ်မှုတွေထက် အပုံကြီး သာ တာကတော့ သေချာပါတယ်။
ဒီ NOTES အခြေပြု သားကြောဖြတ်တဲ့ ကိစ္စကို ဆောင်ရွက်မယ်ဆိုရင်တော့ ဇနီးမောင်နှံတွေ အနေနဲ့ နောက်ထပ် ကလေးမယူဖြစ်မှာ သေချာလားဆိုတာကို လေးလေးနက်နက် ဆွေးနွေးဆုံးဖြတ်ဖို့ လိုပါတယ်။ ဘာလို့ဆို ဒီလုပ်ငန်းဟာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ ကိစ္စတစ်ခု ဖြစ်နေလို့ပါပဲ။ ကလေးပြန်ရအောင် လုပ်ဖို့ အလွန် ခက်ခဲတဲ့အတွက် ဇနီးမောင်နှံတွေအနေနဲ့ ဒီ tubal sterilization ကို လုပ်မယ်ဆို ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချထားဖို့ လိုတယ်လို့ ပြောတာပါ။ ကောင်းတာတစ်ခုက ဒီကိစ္စကိုလုပ်ဖို့ ဘာမှ ထူးထူးခြားခြား ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လည်းမလိုပါဘူး။ သာမန် လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ကုန်ကျစရိတ်ကလည်း ထင်ထားသလောက် မဟုတ်ပါဘူး။ ရိုးရိုးမှန်ပြောင်းကြည့်သားကြောဖြတ်တဲ့ ကုန်ကျစရိတ်လောက် တတ်နိုင်တယ်ဆိုရင် ရပါပြီ။ ဒီ့ထက်ဘာမှ ထူးပြီး ကုန်စရာမရှိပါဘူး။
အဲဒီတော့ရင် … အိမ်ထောင်ရှင်မမတို့ မနာမကျင်၊ ချုပ်ရိုးရာမကျန်လို့ အလှမပျက်၊ ကိုယ်လဲတတ်နိုင်တဲ့ကုန်ကျစရိတ်လောက်နဲ့ သားဆက်ခြားဖို့ သားကြောဖြတ်မယ် စဉ်းစားရင် ဒီနည်းလမ်းဟာ ပထမဦးစားပေး ဖြစ်သင့်ပါတယ်….လို့..။
Faculty of Medicine Siriraj Hospital, Mahidol University , 1999
