Share the message

အသည်းရောင်အသားဝါ-စီ – တားဆီးပါ၊ ရှာဖွေပါ၊ ကုသပါ။

အသည်းရောင်အသားဝါ-စီ – တားဆီးပါ၊ ရှာဖွေပါ၊ ကုသပါ။
အသည်းရောင်အသားဝါ-စီ ဆိုတာဘာလဲ?
အသည်းရောင်အသားဝါ-စီဆိုတာ ဆေးပညာအရ အသည်းရောင်ရမ်းခြင်းလက္ခဏာဟုဖော်ညွှန်းထားပါသည်။
အသည်းရောင်အသားဝါ-စီရောဂါပိုးလက္ခဏာများစွာရှိပါသည်။ ၄င်းတို့အထဲမှ အဖြစ်အများဆုံးမှာ ရောဂါပုံစံ အမျိူးအစား ၁ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသည်းရောင်အသားဝါ – စီ ရောဂါလက္ခဏာများကိုရှာဖွေ ရန်ခက်ခဲသောကြောင့်ဖြစ်ပါသည်။ အမှန်တကယ်တော့ ရောဂါလက္ခဏာများမပြဘဲအသည်းရောင်ရောဂါဖြင့် လူပေါင်းမြောက်များစွာအသက်ရှင်နေထိုင်လျက်ရှိနေသည်။ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းမှအပ အသည်းရောင်အသားဝါ ရောဂါကို စောလျင်စွာ ရှာဖွေတွေ ့ရှိခြင်းသည် အသည်းကို ပြင်းထန်စွာ ထိခိုက်မှုမှ ကာကွယ်နိုင်ရန် သော့ချက်တစ်ခုဖြစ်သည်။ ကံကောင်းထောက်မစွာ အသည်းရောင်အသားဝါရောဂါ-စီသည် အခြားလိင်ဆက်ဆံခြင်းကြောင့်ရရှိသောရောဂါပိုးများနှင့်မတူ ၄င်း ရောဂါကိုကုသပျောက်ကင်းနိုင်ပါသည်။ စောလျင်စွာတွေ ့ရှိနိုင်ပါက၊ စောလျင်စွာပုံမှန်ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်သည်။ ရောဂါလက္ခဏာ များဟာအောက်ပါအတိုင်းဖြစ်ပါသည်။
• အသားဝါရောဂါ (မျက်လုံးများနှင့်အသားဝါခြင်း၊ အသားဝါရောဂါခံစားနေရချိန်တွင်ဆီးအရောင် ရင့်ခြင်း)
• ပင်ပန်းနွမ်းလျခြင်း
• အစားစာချင်စိတ်မရှိခြင်း
• မအီမသာဖြစ်ခြင်း
အကယ်၍ဤကဲ့သို ့ရောဂါလက္ခဏာများခံစားနေရပါက၊ ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်တွေ ့ဆုံပြီး သွေး စစ်ဆေးခြင်းကို လုပ်ဆောင်သင့်ပါသည်။ အန္တရာယ်ပေးသောရောဂါပိုးကို အမြန်ဆုံးရှာဖွေတွေ ့ရှိခြင်းနှင့်ကုသ မှုခံယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ကုသမှုမခံယူပါက နာတာရှည်အသည်းရောင်ရောဂါ မှ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာရောဂါများအထိ ဖြစ်ပွားနိုင်သည်။ အကယ်၍သွေးစစ်ဆေးချက်တွင် ရောဂါအခြေအနေ အပေါင်းလက္ခဏာ အဖြေထွက်ပါက အောက်ပါကုသမှုများကို ဆရာဝန်ညွှန်ကြားချက်များ အရ ထိရောက်စွာဆောင်ရွက်သင့်ပါသည်။
• ၄င်းရောဂါပိုး ကို Harvoni ဆေးတစ်ရက်တစ်ကြိမ် ရက်သတ္တပတ် ၈ ပတ် မှ ရက်သတ္တပတ် ၁၂ ပတ်အတွင်း သောက်သုံးခြင်းဖြင့်ပျောက်ကင်းနိုင်သည်။ ၄င်းဆေးသည် အလွန်စျေးတန်ဖိုးကြီးသည်။ သို ့သော် ဆရာဝန်များမှ အခြားသော ဆေးဝါးများပေါင်းစပ်ခြင်းဖြင့် စျေးနှုန်းသက်သာစေနိုင်သော ရွေးချယ်စရာနည်းလမ်းများအကြံပြုပေးနိုင်သည်။
• Boceprevir(Victrelis)၊ simeprevir(Olysio) sofosbuvir (Sovaldi)၊ (သို ့) Viekira Pak (ombitasvir ၊ paritaprevir ၊ pegylated interferon ၊ ritonavir ၊ dasabuvir)
• Interferon (ထိုးဆေး)
• Ribavirin (ထိုးဆေး (သို ့) သောက်ဆေး)

အသည်းရောင်အသားဝါ- စီကိုဘယ်လို ရရှိနိုင်သလဲ?
အသည်းရောင်အသားဝါ-စီရောဂါပိုးကူးစက်ခံရသူ၏ သွေးနှင့်ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ရောဂါပိုး အရည်များ ပျံ ့ခြင်းဖြင့်ရောဂါကူးစက်ရရှိသွားသည်။ အသည်းရောင်အသားဝါ-စီ ကူးစက်နိုင်သောနည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
• မသန် ့ရှင်းသော အပ်များမှကူးစက်ခြင်း
• လိင်ဆက်ဆံခြင်းမှ ကူးစက်သော STD (သို့) ကာလသားရောဂါ ပိုးရှိသူများနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
• ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်း
• မိခင်သားအိမ်ထဲမှ ရောဂါပိုးကူးစက်ခံရခြင်း (ဥပမာ – ကိုယ်ဝန်ဆောင် မိခင်မှ အသည်းရောင်အသားဝါ-စီ ရောဂါရှိခြင်း)
• မသန့်ရှင်းသောသွေးကိုသွင်းမိခြင်း

အသည်းရောင်အသားဝါ-စီ ကို ဘယ်လို တားဆီးကာကွယ်နိုင်မလဲ?
ယခုလက်ရှိတွင် အသည်းရောင်အသားဝါ-စီကို တားဆီးကာကွယ်နိုင်ရန် ကာကွယ်ဆေးမရှိသေးပါ။ ၄င်းရောဂါပိုး ကာကွယ်ခြင်း သည် လွယ်ကူရိုးရှင်းပါသည်။
• မုတ်ဆိတ်ရိတ်ဓါးများ မျှဝေသုံးဆွဲခြင်းကို ရှောင်ကြဉ်ပါ။ ၄င်းမုတ်ဆိတ်ရိတ်ဓါးများ တွင်ရောဂါပိုးကူး စက်ထားသောသွေးစွန်းထင်းနိုင်သည်။ အကယ်၍ ၄င်းမသန့်ရှင်းသောမုတ်ဆိတ်ရိတ်ဓါးဖြင့် သင့်ကို ထိခိုက် ရှမိပါက အသည်းရောင်အသားဝါ-စီကို ကူးစက်နိုင်သည်။
• နားဖောက်ခြင်း ဆေးမင်ကြောင်ထိုးခြင်း များပြုပါက အထူးသတိပြုပါ။ ၄င်းတို ့ကိုမပြုလုပ်မီ အသုံးပြုသောကိရိယာများအသစ်ဖြစ်ရမည်။ ပိုးသတ်ထားရမည်။
• မသန့်ရှင်းသောသွေးကို မလှူပါနှင့်။ အကယ်၍ သင့်မှာအသည်းရောင်အသားဝါ-စီရောဂါ ရှိပါက သွေးလှူခြင်းလုံးဝမပြုသင့်ပါ။
• အကာအကွယ်ဖြင့်လိင်ဆက်ဆံခြင်း၊ အကယ်၍မိမိနှင့်လိင်ဆက်ဆံမည့်သူသည်ရောဂါပိုးရှိမရှိမ စစ်ဆေး ရသေးပါကကွန်ဒုံးကိုလိင်ဆက်ဆံတိုင်းအသုံးပြုသင့်သည်။

စောလျင်စွာ စစ်ဆေးခြင်းသည် အသည်းရောင်အသားဝါ-စီိကိုကုသနိုင်သည်။ ရေရှည်တွင်ဖြစ်ပွားနိုင်မည့် ရောဂါအကျိူးဆက်များမှလည်းမဖြစ်အောင်တားဆီးနိုင်သည်။ အသည်းရောင်အသားဝါ-စီ ကိုတားဆီးကာကွယ် နိုင်သည်။ အကယ်၍ကူးစက်မှုခံရပါက ပျောက်ကင်းနိုင်သည်။ အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်ရေအသုံးပြုသောပစ္စည်းများကို မျှဝေသုံးဆွဲခြင်း အတတ်နိုင်ဆုံးရှောင်ခြင်း၊ ထိုကဲ့သို ့ဆောင်ရွက်ပါက အသည်းရောင်အသားဝါ-စီကင်းစင်ပြီးပျော်ရွှင်ကျန်းမာသောဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။

အညွှန်းကိုးကားခြင်းများ
၁. WebMD: Hepatitis Health Center. Accessed from: http://www.webmd.com/hepatitis/hepc-guide/digestive-diseases-hepatitis-c?page=2#3 accessed July 10, 2015
၂. CDC: Viral Hepatitis: Hepatitis C Information. Accessed from: http://www.cdc.gov/hepatitis/hcv/ accessed July 10, 2015
၃. Hepatitis C. Accessed from: https://en.wikipedia.org/wiki/Hepatitis_C accessed July 10, 2015

Rate This Article

User rating: 3.11 out of 5 with 9 ratings

Recommended Doctor

Pongjarat Nun-anan, M.D. Summary: Internal Medicine Gastroenterology