Share the message

အသည်းရောင်အသားဝါ စီ−ကာကွယ်ပါ၊ စမ်းသပ်ရှာဖွေပါ၊ ကုသပါ

rsz_3322779102_b6acdf67c8_b_1

 

အသည်းရောင်အသားဝါ စီ ခေါ် စီပိုး ဆိုတာဘာလဲ။

အသည်းရောင်ရောဂါ စီ (အသည်းရောင်နာတာရှည်ရောဂါ) ဆိုတာက ဆေးပညာအခြေအနေအရ အသည်းဟာ ပုံမှန်ထက်ကြီးထွားလာခြင်းကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေနိုင်ပါတယ်။ အများဆုံးတွေရတာကတော့ ပုံစံ၁ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရောဂါလက္ခဏာက အရမ်းနည်းတဲ့အတွက် အသည်းရောင်အသားဝါ စီ ပိုးကို တွေ့ရှိဖို့ခက်ခဲ့ပါတယ်။ လူတွေအများစုက ရောဂါလက္ခဏာမသိရပါပဲနဲ့ အသည်းရောင်အသားဝါကို ခံစားနေကြရပါတယ်။ ရောဂါလက္ခဏာများကို စောစီးစွာသိရှိဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အသည်းကို ကြီးမားစွာ ထိခိုက်မှုဖြစ်နိုင်တဲ့အပြင် မိမိနဲ့ လိင်ဆက်ဆံသူကိုလဲ မရည်ရွယ်ပဲ ကူးစက်စေနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ဝမ်းမြောက်ဖွယ်သတင်းကတော့ အသည်းရောင်အသားဝါ စီ ဟာ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ တခြားဗိုင်းရပ်စ်တွေနဲ့ မတူတာက သူက လိင်ကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါကို စောစီးစွာသိရလေ ပုံမှန်လူတစ်ယောက်အဖြစ် ကျန်းမာသောဘ၀ကို စောစီးစွာ ပြန်ရနိုင်လေပါပဲ။ စိတ်ထဲမှာမှတ်ထားရမှာက ရောဂါလက္ခဏာတွေဟာ အောက်ပါအတိုင်းဖြစ်ပါတယ်−

  • အသားဝါရောဂါဖြစ်ခြင်း (အသားအရေနှင့် မျက်လုံးဝါခြင်း၊ ဆီးများပိုဝါလာခြင်း)
  • မောပန်းနွမ်းနယ်လွယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့အန်ခြင်း

အထက်ပါရောဂါလက္ခဏာများကို ခံစားရပါက ဆရာ၀န်နဲ့တွေ့ဆုံပြီး ချက်ချင်းသွေးစစ်သင့်ပါတယ်။ ဒီဗိုင်းရပ်စ်ကို စောစောသိရပြီး စောစောကုသမှုခံလေ ပိုကောင်းလေပဲဖြစ်ပါတယ်။ တကယ်လို့ ကုသမှုမခံယူပါက အသည်းရောင်နာတာရှည်ရောဂါမှ အသည်းမာခြင်း အသည်းခြောက်ခြင်းတို့အပြင် ကင်ဆာအထိ ဖြစ်လာနိုင်ခြေရှိပါတယ်။ သွေးစစ်မှုအဖြေမှာ ရောဂါပိုးရှိတယ်လို့ ထွက်ပေါ်လာပါက အောက်ဖော်ပြပါ ကုထုံးများကို ဆရာ၀န်က ညွှန်ကြားပါလိမ့်မယ်။

  • တစ်နေ့ကို တစ်လုံးသောက်ရမယ့် ဟာဗိုနီလို့ခေါ်တဲ့ဆေးက ဗိုင်းရပ်စ်ကို ၈ပတ်ကနေ ၁၂ပတ်အတွင်း ကုသပျောက်ကင်းဆေးပါတယ်။ ထိုဆေးဟာ ဈေးအရမ်းကြီးပါတယ်။ ထို့ကြောင့် ဆရာ၀န်တွေက ဈေးအနည်းငယ်သက်သာတဲ့ တခြားဆေးတွေကို ပေါင်းပြီးလည်း တိုက်နိုင်ပါတယ်။
  • Boceprevir(Victrelis), simeprevir(Olysio), sofosbuvir(Sovaldi), သို့မဟုတ် Viekira Pak(ombitasvir, paritaprevir, pegylated interferon, ritonavir, dasabuvir) တို့ကို ပေါင်းစပ်လို့ရပါတယ်။
  • Interferon (ထိုးဆေး)
  • Ribavirin (အရည် သို့မဟုတ် ဆေးအခဲ)

စီပိုး ဘယ်လိုကူးနိုင်သလဲ။

ဒီဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့လူရဲ့ သွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်များက တစ်ဆင့်သာကူးစက်နိုင်ပါတယ်။ အဲဒီအတွက် ကူးစက်ခံရမယ့်နည်းလမ်းက နည်းပါးပါတယ်။ အောက်ဖောက်ပြပါနည်းလမ်းများက အသည်းရောင်အသားဝါ စီ ပိုး ကူးစက်ခံရနိုင်တဲ့နည်းလမ်းများပဲဖြစ်ပါတယ်

  • ရောဂါပိုးရှိတဲ့ဆေးထိုးအပ်ကိုအသုံးပြုမိခြင်း
  • STD သို့မဟုတ် HIV ပိုးရှိနေစဉ် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
  • ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း
  • ကိုယ်၀န်အတွင်းသို့ဗိုင်းရပ်စ်၀င်ရောက်ခြင်း (ကိုယ်၀န်ဆောင်နေစဉ်မိခင်မှ အသည်းရောင်အသားဝါ စီ ပိုး ကူးစက်ခံရခြင်း)
  • ရောဂါပိုးရှိသော သွေးသွင်းခံရခြင်း

စီပိုးကို ဘယ်လိုကာကွယ်နိုင်သလဲ။

အသည်းရောင်အသားဝါ စီ ပိုးကို ကြိုတင်ကာကွယ်နိုင်တဲ့ဆေးက အခုလက်ရှိမှာတော့ မရှိသေးပါဘူး။ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ ရိုးရှင်းပါတယ်။

  • တစ်ခါသုံးဓားများကို မျှဝေသုံးစွဲခြင်း မပြုလုပ်ပါနဲ့။ ဓားတွေမှာ ရောဂါပိုးရှိနေတတ်ပါတယ်။ အကယ်လို့သင်က ရောဂါပိုးရှိနေတဲ့ဓားကို အသုံးပြုနေချိန် ဓားရှသွားပါက အသည်းရောင်အသားဝါ စီ ပိုးကူးစက်နိုင်ပါတယ်။
  • တက်တူးထိုးချိန် သို့မဟုတ် ကိုယ်ခန္ဓာကိုအပေါက်ဖောက်ချိန်မှား(ပမာ နားေဖာက် ြခင်း) ဂရုစိုက်သင့်ပါတယ်။ အဲဒါတွေ မပြုလုပ်ခင်မှာ အသုံးပြုမယ့်အရာတွေဟာ အသစ်ဖြစ်ကြောင်းနဲ့ ပိုးသတ်ထားကြောင်း သေချာအောင် ပြုလုပ်ပါ။
  • တကယ်လို့သင်ဟာ အသည်းရောင်အသားဝါ စီ ပိုးရှိပါက သွေးမလှူသင့်ပါဘူး
  • အကာအကွယ်ဖြင့် လိင်ဆက်ဆံပါ။ မိမိနှင့် လိင်ဆက်ဆံမည့်သူက လိင်မှတစ်ဆင့်ကူးစက်ရောဂါပိုးရှိမရှိ ဆေးစစ်ထားခြင်းမရှိပါက ကွန်ဒုံးကိုအသုံးပြုပါ။

 

စောစီးစွာသိရှိပါက အသည်းရောင်အသားဝါ စီ ပိုးကို ကုသနိုင်ပြီး နာတာရှည်ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ စီ ကိုကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပြီး ကူးစက်ခံရပါကလည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်းနဲ့ ရောဂါပိုးကူးစက်မှုရှိနိုင်တဲ့ တကိုယ်ရည်သုံး ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကျဉ်ဖို့ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သတိဝိရိယရှိခြင်းဖြင့် ကျန်းမာပြီး ပျော်ရွှင်တဲ့ အသည်းရောင်အသားဝါ ကင်းစင်တဲ့ဘဝတစ်ခုကို ရရှိနိုင်ပါတယ်။

 

အကိုးအကားများ

  1. WebMD: Hepatitis Health Center. Accessed from: http://www.webmd.com/hepatitis/hepc-guide/digestive-diseases-hepatitis-c?page=2#3 accessed July 10, 2015
  2. CDC: Viral Hepatitis: Hepatitis C Information. Accessed from: http://www.cdc.gov/hepatitis/hcv/ accessed July 10, 2015
  3. Hepatitis C. Accessed from: https://en.wikipedia.org/wiki/Hepatitis_C accessed July 10, 2015

Photo Credit: Marco Gomes via Compfightcc

Rate This Article

User rating: 3.30 out of 5 with 23 ratings

Recommended Doctor

Pongjarat Nun-anan, M.D. Summary: Internal Medicine Gastroenterology