Share the message

အသည်းရောင်ရောဂါကို ရှာဖွေခြင်းနဲ့ ကာကွယ်ခြင်း

 

 

အသည်းရောင်ရောဂါသည် အသည်းကိုများစွာသော ဗိုင်းရပ်စ်ပိုးတွေနဲ့ ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေမှာဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ပုံစံတွေကလည်း ခြားနားနေတဲ့အတွက် ဗိုင်းရပ်စ်အမျိုးအစားမျိုးစုံဟာ ရောင်ရမ်းခြင်းနဲ့ အသည်းကို ပုံမှန်မဟုတ်တဲ့ ဆောင်ရွက်မှုတွေကို ဖြစ်စေမှာဖြစ်ပါတယ်။

အသည်းရောင်ရောဂါ အမျိုးအစားကွဲပြားမှုကို နားလည်ခြင်း

အဓိကအားဖြင့် အသည်းရောင်ရောဂါဟာ အမျိုးအစား ၂ မျိုးနဲ့ ဖြစ်ပေါ်နိုင်ပြီးတော့ အဲ့ဒါကတော့  ရုတ်တရက်အသည်းရောင်ရမ်းခြင်းရောဂါ နဲ့ နာတာရှည်အသည်းရောင်ရောဂါတွေပဲဖြစ်ပါတယ်။ အသည်းရောင်ရောဂါအားလုံးဟာ ဖြစ်ပွားတဲ့လက္ခဏာတူညီတယ်ဆိုပေမယ့် အဓိကျတဲ့ ကွဲပြားမှုတွေအများအပြားရှိနေမှာဖြစ်ပါတယ်။ အသည်းရောင်ရောဂါ A ကို ခံစားနေရတဲ့လူနာတွေဟာ ပုံမှန်အားဖြင့် ဆေးကုသမှုမပြုလုပ်ပဲနဲ့တောင် သက်သာလာနိုင်ပြီးတော့ ရေရှည်ဖြစ်ပွားတတ်တာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အသည်းရောင်ရောဂါ B နဲ့ C ကို ခံစားနေရရင်တော့ နာတာရှည်ဖြစ်ပွားနိုင်ပြီးတော့ ရေရှည်မှာ အသည်းကို ထိခိုက်မှုတွေကိုဖြစ်ပွားနိုင်ပါတယ်။ အဲ့ဒီထက်ဆိုးရွားတာကတော့ အသည်းရောင်ရောဂါ A နဲ့ B လိုမဟုတ်ပဲ အသည်းရောင်ရောဂါပိုး C အတွက် ကာကွယ်ဆေးမရှိပါဘူး။

အသည်းရောင်ရောဂါကို ဖြစ်စေတဲ့အကြောင်းအရာ

အသည်းရောင်ရောဂါပိုး A ကိုဖြစ်စေတဲ့အရာတွေကတော့ မသန့်ရှင်းတဲ့ ရေ၊ သေချာစွာမသန့်စင်ထားတဲ့ ငါးအစိမ်းတွေနဲ့ အိမ်သာတက်ပြီး လက်ကိုစင်ကြယ်စွာမဆေးကြောပဲ အရာဝတ္ထုတွေကို ကိုင်တွယ်တဲ့သူတွေနဲ့ ရောဂါပိုးရှိသူနဲ့ အထိအတွေ့ရှိရင်ပဲဖြစ်ပါတယ်။ အသည်းရောင်ရောဂါပိုး B ကတော့ လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေ၊ ဆေးထိုးအပ်ကို မျှဝေအသုံးပြုတာ ဒါမှမဟုတ် မိခင်ကနေ ကလေးကိုကူးစက်တာတွေကနေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ အသည်းရောင်ရောဂါပိုး C ကတော့ အခုရောဂါပိုး ၃ မျိုးထဲမှာ အန္တရာယ်အများဆုံးဖြစ်ပြီးတော့ ရောဂါပိုးရှိတဲ့သွေးကနေ တစ်ဆင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တာပဲဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မှုတွေပြုလုပ်နိုင်မလဲ?

အသည်းရောင်ရောဂါပိုးကြိုတင်ကာကွယ်ဆေးတွေဟာ အသည်းရောင်ရောဂါပိုး A နဲ့ B အတွက်ရရှိနိုင်ပါတယ်။ အသည်းရောင်ရောဂါပိုး B အတွက် ကြိုတင်ဆေးတွေက မဖြစ်မနေသောက်သုံးဖို့ လိုအပ်တတ်ပြီးတော့ အသည်းရောင်ရောဂါပိုး A အတွက်ကြိုတင်ကာကွယ်ဆေးကိုတော့ ဆရာဝန်တွေက မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ၊ ဆေးထိုးအပ်ကိုမျှဝေအသုံးပြုမှု၊ ကူးစက်ဖို့အခွင့်အလမ်းများတဲ့နေရာတွေကို ခရီးသွားခြင်း၊ နာတာရှည်အသည်းရောဂါရှိသူတွေနဲ့ ယောင်္ကျားချင်း လိင်ဆက်ဆံတဲ့သူတွေကို အဓိကသောက်သုံးဖို့ တိုက်တွန်းတတ်တာဖြစ်ပါတယ်။ တကယ်လို့ သင့်ကိုယ်သင်လိုအပ်တယ်လို့ ထင်ရင်လည်း ကြိုတင်ကာကွယ်ဆေးကိုတောင်းခံနိုင်ပါတယ်။ စိတ်ချရတဲ့လိင်ဆက်ဆံမှုနဲ့ အခြားသောကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်၊ နေထိုင်မှုပုံစံတွေကို ပြုမူဆောင်ရွက်တာက ကူညီနိုင်မှာပါ။

ရောဂါရှေ့ပြေးလက္ခဏာများကို သိရှိခြင်း

ရုတ်တရက် အသည်းရောင်ရမ်းခြင်းရောဂါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားအနည်းငယ်ရှိခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ ဝမ်းဗ်ိုက်မသက်မသာဖြစ်ခြင်း၊ အန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေဟာ အသည်းရောင်ရောဂါဖြစ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ကံမကောင်းစွာနဲ့ အသည်းရောင်ရောဂါပိုး C လိုမျိုး ဗိုင်းရပ်စ်တွေဟာ သိသာတဲ့လက္ခဏာတွေကို နာတာရှည်အသည်းရောင်ရောဂါအဖြစ်မကူးပြောင်းခင် ပြသခြင်းမရှိပါဘူး။ နာတာရှည်အသည်းရောင်ရောဂါကိုတော့ ဝမ်းဗိုက်နဲ့ အသည်းကို စစ်ဆေးမှသိရှိနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးစစ်ဆေးခြင်းရဲ့ အရေးပါမှု

တကယ်လို့ သင်ဟာ အသည်းရောင်ရောဂါလက္ခဏာတွေဖြစ်ပွားနေတဲ့လို့ သံသဃရှိနေပြီ ဒါမှမဟုတ် သင်ဟာ ကူးစက်နိုင်စွမ်းမြင့်မားတဲ့နေရာတွေကို သွားခဲ့တယ်ဆိုရင် စစ်ဆေးမှုကိုခံယူသင့်ပါတယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းနဲ့ ကုသမှုတွေဟာ သင့်အသည်းကို ထိခိုက်မှုကို လျော့ကျစေမှာပါ။ သင်ကိုယ်တိုင် ကိုယ့်ရောဂါကို သတိထားနေတာက သင့်ပတ်ဝန်းကျင်ကသူတွေကို ဖြစ်ပွားမှုကိုပါ လျော့ကျစေမှာဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းရန်

Please complete the form below and we'll get back to you within 48 hours with a response

 

Rate This Article

User rating: 3.50 out of 5 with 24 ratings

Recommended Doctor

Nathavut Sirimontaporn, M.D. Summary: Internal Medicine Internal Medicine