Share the message

အသက် ၄၀ ကျော်လာပြီဆိုရင်… သတိထားရတော့မယ့်အသံတိတ်ခြိမ်းခြောက်မှုများ..


မိမိရွေးချယ်လိုသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် ခေါင်းစဉ်တစ်ခုကို ရွေးချယ်ရန်


ကင်ဆာရောဂါ

“ကင်ဆာ” ဆိုတဲ့အသံကတော့ ကိုယ်တိုင်အတွက်ရော မိသားစုဝင်တွေအတွက်ပါ ဘယ်သူမှ အသံတောင် မကြားချင်တဲ့ ရောဂါပါပဲ။ ကိုယ့်မိသားစုဝင်အရင်းအချာထဲကများ ကင်ဆာဖြစ်နေပြီဆိုရင်၊ ဒါမှမဟုတ် ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တယ်ဆိုရင် ကိုယ်ဟာလည်း သူများတကာထက် ကင်ဆာဖြစ်နိုင်ချေ ပိုများတဲ့အထဲမှာ ပါနေပြီ ဆိုတာကို သတိချပ်စေချင်ပါတယ်။

ကင်ဆာဘာကြောင့်ဖြစ်

  • ၉၀% ရာခိုင်နှုန်းက ပတ်ဝန်းကျင်နဲ့ ဘဝနေထိုင်မှုပုံစံကြောင့်ဖြစ်တာဖြစ်ပြီး ၁၀%ကတော့ မျိုးရိုးကြောင့်သာ ဖြစ်ရတာပါ။
  • ပတ်ဝန်းကျင်ကြောင့်လို့ ဆိုရာမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေ စားသုံးတာ၊ လေထုညစ်ညမ်းမှု၊ ဓာတ်ရောင်ခြည်သင့်မှု၊ တစ်ချို့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေ ကြောင့် ဖြစ်ပါတယ်။
  • အမူအကျင့်ကြောင့်ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဆေးလိပ်သောက်ခြင်း၊ အရက်ကို ပုံမှန်သောက်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေအများကြီးပါတဲ့ အစားအသောက်တွေ စားခြင်း၊ ချိုလွန်း ငန်လွန်းတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေ၊ တာရှည်ခံဆေးတွေပါဝင်တဲ့အစားအစာ တွေနဲ့ အကင်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။
  • မျိုးရိုးဗီဇကြောင့်လို့ဆိုရာမှာ အမေ အဖေဆီက အမွေဆက်ခံရတဲ့ ပုံမမှန်မျိုးရိုးဗီဇဆိုင်ရာတွေပဲ ဖြစ်ပါတယ်။

မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ချေအကဲဖြတ်မှုများ ပြုလုပ်ကြည့်လိုပါလျှင် ဒီနေရာမှာ ဆက်လက် လုပ်ဆောင်နိုင်ပါတယ်။

ကင်ဆာနှင့်ပတ်သက်သော ကိုးကားချက်များ
Oxford Desk Reference: Clinical Genetics and Genomics / Helen V. Firth, Jane A. Hurst, 2017

(ဆောင်းပါးရှင်Ph.D. Objoon Trachoo, M.D.)
ပိုမို၍ အချက်အလက် အကြောင်းအရာများ သိရှိလိုပါက(သို့မဟုတ်) ဆရာဝန်ဖြင့်တွေ့ရန် ရက်ချိန်းရယူ လိုပါက ကျေးဇူးပြု၍ info@samitivej.co.th ကိုဆက်သွယ်ပါရန်။

အကြံပြုလိုသောကင်ဆာနှင့် ပတ်သက်သည့်ဆေးစစ်ရှာဖွေမှု အစီအစဉ်များ

 

Genetic screening programs to identify initial risk factors

Screening for genetic mutations in anti-cancer genes that cause breast and ovarian cancer, alongside a general health checkup and obstetrics and gynecology assessment / Precision BRCA1 and BRCA2 | Checklist
Genetic screening for the 50 most dangerous genes which have the potential to cause over 30 types of cancer (males and females) / Precision Cancer Hotspot Mutation Panel (50 genes) | Checklist
Genetic screening to identify the 31 most dangerous genes alongside a general health checkup (males and females) / Precision Hereditary Cancer Screening | Checklist
Complete genetic screening to identify the risks of congenital diseases and conditions (males and females) / Precision CentoGenome Advanced-Solo for Men and Women | Checklist
Genetic screening to identify the genes responsible for causing colon cancer, alongside a general health checkup (males and females) / Precision Hereditary Colon Cancer for Men and Women | Checklist
For more information or to make an appointment with a doctor, please contact info@samitivej.co.th

 

Health assessment programs

Program Price (THB)
Premium Life Program / Includes 38 assessment programs (for women aged 50 years and over) | Checklist 42,400
Premium Plus Program / Includes 37 assessment programs (for women aged 55 years and over) | Checklist 48,000
Premium Life Program (for men aged 50 years and over) | Checklist 37,500
Premium Plus Program (for men aged 55 years and over | Checklist 41,900
Prestige Life Program / Complete health assessment program (males) | Checklist 72,000
Prestige Life Program / Complete health assessment program (females) | Checklist 81,000
Screening for various types of cancer risk factors, alongside basic health checkup (for women) | Checklist 15,000
Screening for various types of cancer risk factors, alongside basic health checkup (for men) | Checklist 14,000
Screening for skin cancer risk 3,500
Colonoscopy screening for colon cancer risk Starting from 18,500
CT scan screening for lung cancer risk 5,000
Ultrasound examination and mammography screening for breast cancer risk 4,800
Remark: Prices valid until December 31, 2018
For more information or to make an appointment with a doctor, please contact info@samitivej.co.th

 

Health assessment programs

Programs Price (THB)
Screening for various types of cancer risk factors, alongside basic health assessment (women) | Checklist 15,000
Screening for various types of cancer risk factors, alongside basic health assessment (men) | Checklist 14,000
Remark: Prices valid until December 31, 2018
For more information or to make an appointment with a doctor, please contact info@samitivej.co.th

 

Gastroscopy and colonoscopy cancer screening programs

Programs Price (THB)
Gastroscopy cancer screening program – Gastroscopy 15,000
Colonoscopy cancer screening program – Colonoscopy 19,000
Gastroscopy and colonoscopy cancer screening program – Gastroscopy & Colonoscopy 30,000

To celebrate Mother’s Day, just quote code COL01

Receive a further discount of 3,000 THB

  • When purchasing the gastroscopy cancer screening program.
  • When purchasing the colonoscopy cancer screening program.

Receive a further discount of 6,000 THB

  • When purchasing the gastroscopy and colonoscopy cancer screening program.่

Terms and conditions

  1. May only be used at Samitivej Srinakarin Hospital.
  2. May not be exchanged for cash.

Exclusively available from today until August 31, 2018

Terms and conditions for these promotional prices

  • Prices exclude special equipment fees and laboratory fees in cases where an irregularity is identified and tissue sample is further examined.
  • Prices are exclusive to services provided at Samitivej Srinakarin Hospital.
  • Services may only be purchased at these prices until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th

Liver fat level screening programs

Program Normal price
(THB)
FibroScan® liver fat level screening and liver cirrhosis assessment 4,500
Remarks:

  • Price excludes doctors’ fees, hospital outpatient service fees, fees for general health assessment carried out prior to the screening, medication fees and laboratory fees if irregular tissue has been identified and requires further testing.
  • Program may only be purchased at this price until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th


Go to Top


Alzheimer’s အယ်လ်ဇိုင်းမား

မေ့လျော့တတ်ခြင်းနဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုများဟာ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်

ဦးနှောက်ယိုယွင်းပျက်စီးခြင်းနဲ့ ဆက်စပ်ပြီး အဖြစ်အများဆုံးကတော့ အယ်လ်ဇိုင်းမားရောဂါပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေမှာသာ ဖြစ်တတ်တယ်ဆိုပေမယ့် အလုပ်လုပ်တဲ့အရွယ်တွေမှာလဲ ဖြစ်တာကို တွေ့ရပါတယ်။ ကာကွယ်ရေးနဲ့ ကုသရေးဆေးဘက်ဆိုင်ရာလေ့လာမှုတွေအရတော့  စောစောသိရှိပြီး ကုသမှု စောစောပေးနိုင်ရင် အယ်လ်ဇိုင်းမားရောဂါကို အဆင်ပြေအောင်နဲ့ တိုးတက်မှုနှုန်း နှေးသွားအောင် လုပ်နိုင်တယ် လို့ ဆိုပါတယ်။ တစ်ချို့ လူနာတွေဆိုရင် ပုံမှန်လောက်နီးနီး ပြန်ကောင်းလာအောင် ကုပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

စာရင်းဇယားတွေအရ…

  • ဦးနှောက်ယိုယွင်းပျက်စီးမှုဖြစ်လာတဲ့ လူနာအားလုံးရဲ့ ၅၀% ဟာ အယ်လ်ဇိုင်းမားရောဂါကို ခံစားနေကြရပါတယ်။
  • ၆၅နှစ်ကျော်လာရင် အယ်လ်ဇိုင်းမားဝင်လာတဲ့နှုန်းဟာ ၅ နှစ်အတွင်း ၂ဆ တက်လာပါတယ်။
  • ၈၅နှစ် အမျိုးသမီးတွေဟာ အသက်တူ အမျိုးသားတွေထက် အယ်လ်ဇိုင်းမားဖြစ်ဖို့ ပိုများပါတယ်။

အယ်လ်ဇိုင်မားဟာ မှတ်ဉာဏ်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်တွေ နဲ့ အခြား အမူအကျင့် တွေပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အယ်လ်ဇိုင်းမားရဲ့ လက္ခဏာတွေဟာ တဖြည်းဖြည်း တိုးပွားလာတတ်ပြီး မှတ်ဉာဏ်စွမ်းရည်တွေဟာလည်း တဖြည်းဖြည်း ကျဆင်းလာကာ အရင်ကဖြစ်ရပ်တွေကို မေ့လျော့ကုန်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်လုပ်နေကျလုပ်ငန်းဆောင်တာတွေကို မေ့နေတာ နဲ့ စိတ်ညစ်စရာအကောင်းဆုံးကတော့ မိသားစုဝင်တွေရဲ့ နာမည်တွေနဲ့ မျက်နှာတွေကို မမှတ်မိတော့တာပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမား ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေကတော့ မျိုးရိုးဗီဇပြောင်းလဲခြင်း၊ ဓာတ်သတ္တုများရဲ့ ဒဏ်သင့်ခြင်း၊ နာတာရှည် စိတ်ဖိစီးမှုများ၊ သွေးတွင်းအဆီဓာတ်မြင့်မားမှုများ၊ စိတ်ကျရောဂါ နဲ့ ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း စတာတွေအပြင် အခြား အကြောင်းတွေလည်း များစွာ ရှိပါသေးတယ်။

လောလောဆယ်မှာတော့.. မျိုးရိုးဗီဇစစ်ဆေးမှုဆိုင်ရာနည်းပညာတွေနဲ့  နောက်ဆုံးပေါ် ဆေးပစ္စည်းတွေကို အသုံးပြုပြီး  အယ်လ်ဇိုင်းမားရဲ့ အခြေအနေကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်နေပြီ ဖြစ်ပါတယ်။

ကိုယ့်မှာအယ်လ်ဇိုင်းမားနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ချေအကဲဖြတ်မှုများ ပြုလုပ်ကြည့်လိုပါလျှင် ဒီနေရာမှာ ဆက်လက် လုပ်ဆောင်နိုင်ပါတယ်။

Alzheimer ရောဂါနှင့်သက်ဆိုင်သော ဆေးစစ်ချက် ပရိုဂရမ်များ စစ်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်သင့်ကြောင့် အကြံပြုပါသည်။

 

Program

Price (THB)

Genetic screening program to identify the risks of developing Alzheimer’s disease
(Precision Alzheimer’s disease) | Checklist
Program 1 – 4,500
Program 2 – 6,500
Screening program to identify the risk of developing Alzheimer’s disease (Alzheimer’s Screening Program) | Checklist 7,300
Remark:

  • Programs may only be purchased at these prices until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th

 

Program

Price (THB)

CT scan to assess the risk of developing Alzheimer’s disease – Alzheimer’s Screening Program with CT Scan 25,000
MRI scan to assess the risk of developing Alzheimer’s disease – Alzheimer’s Screening Program with MRI Scan 30,000
Annual health checkup for those suffering from brain disorders and Alzheimer’s disease – Annual Health Checkup for People With Brain Diseases and Alzheimer’s 6,300
Remark:

  • Programs may only be purchased at these prices until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th


Go to Top


လေဖြတ်ခြင်း

မကြာခဏ ခေါင်းကိုက်နေတတ်ပြီး သွေးတွင်းအဆီဓာတ် မြင့်တက်မှုကြောင့် သွေးတိုး နေမယ်ဆိုရင် လိုအပ်တဲ့ ဆေးကုသမှုတွေပေးဖို့ ဂရုစိုက်ရတော့မှာ ဖြစ်ပါတယ်။

ဦးနှောက်ထဲမှာ သွေးယိုစိမ့်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်း ဆိုတာ ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အသက်ကြီးလာတာ၊ ဆီးချို၊ စိတ်ဖိစီးမှု၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်း စတာတွေအပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ နဲ့ လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်းတို့ ကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

ဦးနှောက်ထဲက တစ်ရှူးတွေ သေဆုံးပြီး လေဖြတ်တော့မယ်ဆိုရင် မိနစ် ၂၇၀ စောပြီး လက္ခဏာတွေပြလာတတ် ပါတယ်။ စာရင်းဇယားများအရ လေဖြတ်သူ သုံးယောက်မှာ နှစ်ယောက်ဟာ ရာသက်ပန် မသန်မစွမ်း ဖြစ်သွားရ ပါတယ်။ ဆေးရုံကို အချိန်မီ ရောက်လာမယ်ဆိုရင်တော့ ကယ်နိုင်ပါတယ်။

သိထားသင့်တဲ့ လေဖြတ်ခြင်းဆိုင်ရာ လက္ခဏာ ၄ မျိုး (F.A.S.T)

  • မျက်နှာရွဲ့သွားခြင်း – မျက်နှာမှာရှိတဲ့ ကြွက်သားတစ်ရှူးတွေ အားနည်းသွားတာမို့ ပါးစပ်တစ်ခြမ်းဟာ အောက်ဘက်ကို ရွဲ့ကျသွားမှာဖြစ်ပြီး မျက်လုံးလည်း ပိတ်ရခက်သွားပါတယ်။ သွားရည်ယိုနေမှာဖြစ်ပြီး ပါးစပ်တစ်ခြမ်းဟာ အောက်ဘက်ကို ကျနေတာမို့လို့ ပြုံးလို့လဲမရတော့ဘဲ ပါးစပ်ကို ထိန်းချုပ်ဖို့ ခက်သွားမှာဖြစ်ပါတယ်။
  • လက်ကိုထိန်းမထားနိုင်ဘဲ ပြုတ်ကျသွားခြင်း – လက်မောင်း ဒါမှမဟုတ် ပေါင်က ကြွက်သားတွေ အားနည်းသွားတာမို့လို့ မမြှောက်နိုင်တော့တာ၊ မြှောက်နိုင်ရင်လဲ ခဏပဲ ခံပြီး ပြန်ပြုတ်ကျသွားတာမျိုး ဖြစ်ပါမယ်။
  • စကားမပီတော့ခြင်း- စကားပြောရခက်လာတာ၊ ဗလုံးဗထွေးဖြစ်နေတာ၊ စကားလုံးတွေ ရောထွေးနေလို့ ဘာပြောမှန်းမသိ ဖြစ်နေတာမျိုးတွေလည်း ဖြစ်လာပါမယ်။
  • အချိန်- လူနာကို ဆေးရုံရောက်အောင် အမြန်ခေါ်သွားပေးဖို့လိုပါတယ်။ လေဖြတ်တဲ့ လက္ခဏာတွေပြလာပြီးနောက် မိနစ် ၂၇၀ နေရင် ဦးနှောက်ထဲက တစ်ရှူးတွေ သေဆုံးကုန်ပြီး အပြီးအပိုင် လေဖြတ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ခုချိန်မှာတော့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းစနစ်တွေရှာဖွေတွေ့ရှိထားပြီဖြစ်ပြီး လေဖြတ်နိုင်ချေရှိတဲ့ လူနာတွေကို အဓိကထားပြီး မဖြစ်မနေ ဆေးစစ်ပေးတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(By Jitlada Samajarn, M.D.)

ဘယ်လောက်ရှိနေပြီလဲ ဆန်းစစ်ကြည့်ချင်ရင် ဒီကနေတစ်ဆင့် သွားကြည့်နိုင်ပါတယ်။

လေဖြတ်ခြင်းပတ်သက်သောကိုးကားချက်များ

နောက်ဆုံးပေါ်ခေတ်သစ်နည်းလမ်းနှင့် တိကျမှန်ကန်သော နည်းပညာဖြင့် လေဖြတ်ခြင်း ကြောင့် ရုတ်တရက် အသက်ဆုံးရှုံးရခြင်းနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းမှု ပြဿနာကြီးများ ကိုကြိုတင်ကာကွယ်နိုင်ရန် စစ်ဆေးနိုင်ပါသည်။

 

Program

Price (THB)

Premium Extra Stroke Screening | Checklist
(excludes doctors’ fees, hospital outpatient service fees and X-ray fees)
25,000
Extra Stroke Screening | Checklist
(excludes doctors’ fees, hospital outpatient service fees and X-ray fees)
15,000
Carotid & Transcranial Doppler Ultrasound | Checklist
(excludes doctors’ fees, hospital outpatient service fees and X-ray fees)
8,900
MRI Stroke Screening | Checklist 8,000
Remarks:

  • Prices exclude doctors’ fees, hospital outpatient service fees and X-ray fees
  • Programs may only be purchased at these prices until December 31, 2018.

For more information or to make an appointment with a doctor, please contactinfo@samitivej.co.th

Program

Price (THB)

Stroke Risk Screening Program – stroke screening program 27,000
Remark:

  • Program may only be purchased at this price until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th


Go to Top


နှလုံးရောဂါ

မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူ ပါနေရင် ကိုယ့်မှာလည်း နှလုံးရောဂါဖြစ်လာနိုင်ချေရှိတယ်ဆိုတာ သတိပြုပါ။

ကမ္ဘာမှာ ကင်ဆာပြီးရင် နှလုံးရောဂါကြောင့် သေဆုံးရမှုမှာ ဒုတိယ လိုက်ပါတယ်။ နှလုံးရောဂါဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်လာတတ်ပါတယ်။ များသောအားဖြင့် နှလုံးသွေးကြောကျဉ်းတာ၊ သွေးကြောပိတ်သွားတာ၊ နှလုံးခုန် မူမမှန်တာနဲ့ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရတာတွေ အဖြစ်များပါတယ်။ နှလုံးရောဂါဖြစ်ရခြင်းအကြောင်း တွေကိုတော့ ထိန်းချုပ်နိုင်တဲ့အကြောင်းတွေ နဲ့ မထိန်းချုပ်နိုင်တဲ့အကြောင်းတွေ ဆိုပြီး ၂မျိုး ခွဲ ထားပါတယ်။

မထိန်းချုပ်နိုင်တဲ့ အကြောင်းတွေကတော့

  • မျိုးရိုးလိုက်ခြင်း – မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူ ပါနေရင် ကိုယ့်မှာလည်း နှလုံးရောဂါဖြစ်လာနိုင်ချေ ရှိတယ်ဆိုတာ သတိပြုပါ။
  • အသက်ကြီးရင့်ခြင်း – အသက် ၄၀ ကျော်လာရင် ကျန်းမာရေး ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။
  • ကျား/မ ကွဲပြားမှု – သုတေသနပြုမှုတွေအရ အမျိုးသားများဟာ အမျိုးသမီးများထက် နှလုံးရောဂါ ပို ဖြစ်တတ်ပြီး၊ အမျိုးသမီးတွေမှာကျတော့ သွေးဆုံးပြီးတဲ့အမျိုးသမီးများဟာ သွေးမဆုံးသေးတဲ့ အမျိုးသမီးများထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများကြောင်း သိရပါတယ်။

ထိန်းချုပ်နိုင်တဲ့ အကြောင်းအရာတွေကတော့

  • ကိုလက်စထေရော၊ အချို နဲ့ သွေးဖိအားတွေကို ပုံမှန်အတိုင်းအတာအတွင်းမှာပဲ ရှိနေအောင် ထိန်းထားခြင်း။
  • ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုပုံစံ နဲ့ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားခြင်း။
  • ဆေးလိပ်နဲ့ အရက် ဖြတ်ခြင်း။
  • စိတ်ဖိစီးမှုမများအောင်နေထိုင်ခြင်း။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အထဲမှာ နှလုံးခုန်နှုန်း ဆန်းစစ်တာလည်း ပါဝင်မှာ ဖြစ်ပါတယ်။  ဒါ့အပြင် အထူးကုဆရာဝန်နဲ့ နောက်ဆုံးပေါ်စက်ကိရိယာတွေကိုသုံးပြီး  နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကိုပဲ သီးသန့် အဓိကထား စစ်ဆေးလို့လဲ ရပါတယ်။

(By Mann Chadavimol, M.D.)

ကိုယ့်မှာ နှလုံးရောဂါ ဖြစ်နိုင်ချေ ဘယ်လောက်ရှိနေပြီလဲ ဆန်းစစ်ကြည့်ချင်ရင် ဒီကနေတစ်ဆင့် သွားကြည့်နိုင်ပါတယ်။

နှလုံးရောဂါနှင့်ဆိုင်သောကိုးကားချက်များ

သင်နှင့် သင်၏ချစ်ရသူများအတွက် ရုတ်တရက် အသက်ဆုံးရှုံးရခြင်းများမှာ ကြိုတင်ကာ ကွယ်နိုင်ရန် နှလုံးကျန်းမာရေးအတွက် သိထားသင့်သော စစ်ဆေးချက်များ ဆောင်ရွက်သင့် ပါသည်။

 

Program

Price (THB)

Heart Disease Detection Program – Heart Disease (EST) | Checklist 10,000
Heart Disease Detection Program – Heart Disease (Echo) | Checklist 11,000
Heart Disease Detection Program – Heart Disease (Stress Echo) | Checklist 12,000
Genetic screening to assess the risk of unexplained sudden cardiac arrest syndrome, alongside key health assessment for men and women | Checklist
Remark:

  • Programs may only be purchased at these prices until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th

 

Program Price (THB)
Heart health screening program – Maxcure Heart 4,200
Heart health screening program – Comprehensive Heart 6,800
Heart health screening program – Complete Heart 18,500
Remark:

  • Programs may only be purchased at these prices until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th


Go to Top


အသည်းအဆီဖုံးခြင်း

တစ်နေ့ကို အရက် ၂ ယူနစ်ထက် ပိုသောက်ရင် အသည်းအဆီဖုံးလာနိုင်ချေ ပိုများပါတယ်။

အသည်းအဆီဖုံးတယ်ဆိုတာ အသည်းဆဲလ်တွေထဲမှာ အဆီတွေ ပိတ် လာတာကို ဆိုလိုပါတယ်။ များလာရင် အသည်းတစ်ရှူးတွေ ပျက်စီးပါတယ်။ အဲဒါဟာ အသည်းအပေါ်မှာ အလွှာ တစ်လွှာဖုံးထားသလို ဖြစ်နေပြီး အသည်းရောဂါ ဖြစ်လာတာပါပဲ။ လိုအပ်တဲ့ ကုသမှုမပေးဘဲ ပစ်ထားလိုက်မယ်ဆိုရင် အသည်းတစ်ရှူးတွေ သေဆုံးသွားပြီး အသည်းခြောက်ရာကတစ်ဆင့် အသည်းကင်ဆာ ဖြစ်တော့တာပါပဲ။

အသည်းအဆီဖုံးရောဂါမှာ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်း (AFLS) နဲ့ အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFLD) ဆိုပြီးတော့ ၂ မျိုး ခွဲထားပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်း (AFLS) – တစ်နေ့ကို အရက် ၂ ယူနစ်ထက် ပိုသောက်ရင် အသည်းပျက်စီးမှု ပိုမြန်ပါတယ်။ (၁ ယူနစ် ဆိုတာ – အရက် ဆိုရင် ၁ ပက် / ဝိုင် ဆိုရင် ၁ ခွက် / ဘီယာဆိုရင် ၁ ပုလင်း ကို ဆိုလိုပါတယ်။)

အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFLD) မှာကျတော့.. သက်ရွယ်မရွေး (ကလေးကနေ လူကြီးအထိ) အဝလွန်နေတဲ့သူတွေ မှာ အဖြစ်များပါတယ်။ အင်ဆူလင်တွေ အမြဲထိုးနေရတဲ့ ဆီးချိုဝေဒနာရှင်တွေ၊ သွေးတွင်းအဆီဓာတ်မြင့်မားသူတွေ၊ သွေးထဲမှာ အဆီဓာတ်မြင့်မားလွယ်တဲ့ မျိုးရိုးရှိသူတွေ၊ သောက်နေရတဲ့ တစ်ချို့ဆေးတွေ၊ အချိုစားတာ တအားများတဲ့သူတွေ စတဲ့လူမျိုးတွေမှာလည်း အသည်းအဆီဖုံးရောဂါ ဖြစ်လာနိုင်ချေ ပိုများပါတယ်။

(By Anupong Tangaroonsanti, M.D.)

ကိုယ့်မှာ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ချေ ဘယ်လောက်ရှိနေပြီလဲ ဆန်းစစ်ကြည့်ချင်ရင် ဒီကနေတစ်ဆင့် သွားကြည့်နိုင်ပါတယ်။

 

Program

Price
(THB)
Screening program using FibroScan® technology to detect fatty liver disease or liver fibrosis, which are factors that cause liver cirrhosis and liver cancer 4,500
Remarks:

  • Price excludes doctors’ fees and hospital outpatient service fees.
  • Program may only be purchased at this price until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th

Program

Normal price
(THB)
FibroScan® liver fat level screening program and liver cirrhosis assessment 4,500
หมายเหตุ:

  • Price excludes doctors’ fees and hospital outpatient service fees.
  • Program may only be purchased at this price until December 31, 2018.

For more information or to make an appointment with a doctor, please contact info@samitivej.co.th


Go to Top


အိပ်ပျော်နေစဉ်အသက်ရှူရပ်သွားခြင်း

ဟောက်ခြင်းနဲ့ အိပ်နေစဉ်အသက်ရှူရပ်သွားခြင်းတို့ဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ သင်္ကေတများပဲဖြစ်ပါတယ်။

အိပ်ပျော်နေစဉ် ဟောက်ခြင်းကို ၂ မျိုး ခွဲထားပါတယ်။

  • ပုံမှန် ဟောက်ခြင်း အိပ်နေစဉ် ရိုးရိုးဟောက်တာကတော့ အသံဆူညံပြီး ဘေးက အိပ်နေတဲ့လူကို အနှောက်အရှက်ပေးတာကလွဲလို့ ကျန်းမာရေးထိခိုက်မှု ဘာမှ မရှိပါဘူး။
  • အိပ်ပျော်နေစဉ် ရုတ်တရက်အသက်ရှူကြပ်သွားလို့ ဟောက်သံထွက်လာခြင်း – ဒါကတော့ အိပ်မောကျနေချိန်မှာ လေပြွန်ကျဉ်းသွားလို့ ဖြစ်တာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် မနေဘူးဆိုရင်တောင် ဟောက်သံက ပုံမှန် ထွက်နေမှာ ဖြစ်ပါတယ်။   ဘယ်လိုပဲဖြစ်ဖြစ် အိပ်မောကျနေတဲ့အချိန်မှာ လေပြွန်ထဲမှာ အတားအဆီးတစ်ခု ဖြစ်ပေါ်လာပြီးတော့ အသက်ရှူခေတ္တရပ်တန့်သွားတဲ့ ကာလကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒါဟာ အိပ်ပျော်နေစဉ်ရုတ်တရက်အသက်ရှူရပ်သွားခြင်းပဲ ဖြစ်ပါတယ်။ အစာနင်ပြီး အသက်ရှူလမ်းကြောင်းပိတ်သွားလို့ လေကို တအား အားစိုက်ပြီး ရှူသွင်းနေရခြင်းနဲ့ အလားသဏ္ဌာန် တူပါတယ်။ ဒီလိုဖြစ်သွားရင် သွေးထဲက အောက်ဆီဂျင်ပမာဏဟာ အန္တရာယ်ဖြစ်လောက်တဲ့အဆင့်အထိ ကျ သွားပြီး နှလုံး၊ အဆုတ် နဲ့ ဦးနှောက်အပါအဝင် အခြားကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ငန်းအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာပါတယ်။

ညဘက်မှာ အိပ်ပျော်စဉ် အသက်ရှူရပ်သွားမှု ခဏခဏ ဖြစ်လေလေ နောက်တစ်နေ့ကျရင် အိပ်ငိုက်နေတာတို့ ပင်ပန်းနွမ်းနယ်နေတာတို့ ဖြစ်လေလေ ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးတာတို့၊ သွေးပေါင်ချိန်မမှန်မကန်ဖြစ်တာတို့ စတာ တွေကနေတစ်ဆင့် နှလုံးသွေးကြောရောဂါတို့ လေဖြတ်တာတို့ဟာလည်း အိပ်စက်ချိန် အသက်ရှူရပ်သွားတာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲတွေအနေနဲ့ ဖြစ်လာနိုင်ပါတယ်။

(Written by Kaseansom Viranuvatti, M.D.)

ကိုယ့်မှာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေရှိနေပြီလားဆိုတာကို ဆန်းစစ်ကြည့်ချင်ရင် ဒီနေရာကနေ တစ်ဆင့် သွားကြည့်နိုင်ပါတယ်။

Epworth Sleepiness Scale

References : http://epworthsleepinessscale.com/about-the-ess/

Discover a program suited to you before making an appointment with one of our doctors

 

Programs Price (THB)
Sleep Lab Packages: Assessment of Sleep Apnea and Snoring (full night) 23,200
Sleep Lab Packages: Assessment of Sleep Apnea and Snoring (split night) 30,200
Today until December 31, 2019

For more information or to make appointment, please contact Ear, Nose, and Throat (ENT) Clinic or info@samitivej.co.th

Remarks:

  • Prices are applicable until December 31, 2019.
  • Prices include doctor’s fees, but exclude medication fees.
  • Prices may not be used in conjunction with any other special offer or promotion.
  • The hospital reserves the right to change any of the conditions without prior notice.
  • Prices exclude fees associated with various assessments, such as laboratory fees, X-ray fees, etc.

Programs

Price (THB) From (THB)
Sleep Lab Packages: Assessment of Sleep Apnea and Snoring 18,000 26,000
Until December 31, 2019
For more information or to make appointment, please contact Neurology Center or info@samitivej.co.thRemarks:

  • Price excludes doctors’ fees and fees associated with the initial consultation.
  • Services and prices on offer can only be used at Samitivej Srinakarin Hospital.
  • For those paying through an online payment channel, please present payment evidence to the service counter.
  • For those who purchase via online channels, please present payment confirmation to staff.
  • Promotion is available to Thai nationals and foreigners residing in Thailand only.


Go to Top


Ask a Quick Question

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.46 out of 5 with 26 ratings

Recommended Doctor

Anupong Tangaroonsanti, M.D. Summary: Internal Medicine Gastroenterology
Assist.Prof. Objoon Trachoo, M.D. Summary: Internal Medicine Internal Medicine