Share the message

အရေးပေါ် အပေါ့အပါး သွားချင်တဲ့အချိန်မျိုးမှာ အများပြည်သူသုံးသန့်စင်ခန်းများကို စိတ်ချလက်ချ အသုံးပြုနိုင်မယ့် အကြံပြုချက်များ

အဓိကထား လေ့လာရမည့်အချက်များ:

  • အများပြည်သူသုံး သန့်စင်ခန်းများတွင်ပေါက်ပွားလာသော ဘက်တီးရီယားပိုးအများစုက ယေဘုယျအားဖြင့် သူ့အလိုအလျောက်ပျက်သုန်းသွားတတ်ပါတယ်။ သို့ပေမယ့် အများသုံးပြည်သူသုံးသန့်စင်ခန်းမှ အိမ်သာများကို အသုံးပြုတဲ့အခါမှာ ပေါ့လျော့စွာ အသုံးပြုခြင်း ၊ လျစ်လျူရှုကာ အသုံးပြုခြင်းများ မပြုလုပ်ပဲ ကျွန်ပ်တို့၏ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် နည်းစနစ်ကျကျအသုံးပြုပေးရပါမယ်။
  • ပေါင်ရင်း နဲ့ တင်းပါး ကို တင်းမာစေခြင်း (သို့) ထိုင်ထလေ့ကျင့်ခန်းတွေကို ပြုလုပ်ခြင်းတို့က အိမ်သာထိုင်ခုံအပေါ်ကို တင်ပါးနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိပဲ အပေါ့အပေါးသွားစေနိုင်မှာပါ။ ဒါ့အပြင် သင့်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ထိုင်ထလေ့ကျင့်ခန်းက သင့်ခြေထောက်နဲ့ တင်ပါးကို သန်မာလာစေပါတယ်။
  • သန့်စင်ခန်းမှာရှိတဲ့ ဘိုထိုင်အဖုံးကို ဖုံးအုပ်ဖို့ တစ်သျှူးစက္ကူကို အသုံးမပြုပါနှင့်။ ဘာဖြစ်လို့လဲဆိုရင် အဆိုပါ တစ်သျှူးကိုယ်တိုင် သန့်စင်ခန်းထဲမှာ အချိန်ကြာမြင့်စွာရှိနိုင်နေတာကြောင့်ဖြစ်ပြီး ဖုန်မှုန့်နဲ့ ဘက်တီးရီးယားပိုးတွေကို စုပ်ယူထားသလိုဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

 

အများပြည်သူသုံးသန့်စင်ခန်း : ယခုလိုမျိုး အများပြည်သူသုံးသန့်စင်ခန်းများကို အသုံးပြုရမယ်လို့ စဉ်းစားလိုက်တဲ့တစ်ခဏအတွင်းမှာ လူအများစုက သူတို့ရဲ့ အပေါ့အပါးသွားချင်သည့်စိတ်ကို ချုပ်တည်းထားရမယ်ဆိုသည့်စိတ်မျိုးဖြစ်ပေါ်စေပါတယ်။ ယခုလိုထိန်းချုပ်လိုက်မယ်ဆိုရင် ဆီးအိမ်ရောင်ရမ်းခြင်းဖြစ်ပွားစေနိုင်ပါတယ်။ တကယ်တမ်းတော့ အများပြည်သူသုံးသန့်စင်ခန်းတွေဟာ ထင်သလောက်ဆိုးရွားမနေခဲ့ပါဘူး။ အမေရိကနိုင်ငံ Illinois မှ Microbiologist တစ်ဦးဖြစ်တဲ့ Jack Gilbert ဟာ အများပြည်သူသုံးသန့်စင်ခန်းတွေမှာ ရှိနေတတ်တဲ့ ဘက်တီးရီယားတွေရဲ့ အမျိုးအစားနဲ့ အရေအတွက်ကို လေ့လာစမ်းသပ်ချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ၎င်းသေးငယ်တဲ့ပိုးမွှားလေးတွေက ကျွန်ပ်တို့ စိုးရိမ်ကြောင့်ကြရလောက်တဲ့အထိ အန္တရာယ်ရှိမနေခဲ့ဘူးလို့ လေ့လာစမ်းသပ်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကဘာကြောင့်လဲဆိုရင် အများပြည်သူသုံး သန့်စင်ခန်းအတွင်းမှာ ရှိနေတဲ့ ဘက်တီးရီယားပိုးအများစုက ယေဘုယျအားဖြင့် သူ့ဘာသာသူပျက်သုန်းသွားပြီးတော့ လူ့ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်နိုင်နှုန်းဟာ အလွန်နည်းပါးခြင်းကြောင့်ပဲဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်ပြီးလုံခြုံစိတ်ချရပါတယ်။ အဲ့ဒီအတွက် အများပြည်သူသုံးသန့်စင်ခန်းများကို သန့်သန့်ရှင်းရှင်းနှင့် စိတ်ချလက်ချအသုံးပြုနိုင်အောင် ဘယ်လိုနည်းလမ်းတွေအသုံးပြုရမယ်ဆိုတဲ့ ရိုးရှင်းတဲ့ အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

လက်နဲ့ ထိတွေ့တတ်တဲ့နေရာတွေဖြစ်တဲ့ ရေဘုံဘိုင်ခေါင်း၊ ဘေစင် နဲ့ တံခါးတွေကို ရှောင်ရှားပါ။ အကယ်၍ အဆိုပါနေရာများကို လက်နဲ့ကိုင်တွယ်ရမယ်ဆိုရင်လည်း ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောပေးပါ။

သန့်စင်ခန်းကို အသုံးမပြုခင် သန့်သန့်ရှင်းရှင်းနဲ့ စိတ်ချလက်ချအသုံးပြုနိုင်စေဖို့အတွက် ရေနှင့် အရင်လောင်းချပါ။

သန့်စင်ခန်းမှာရှိတဲ့ ဘိုထိုင်အဖုံးများကို အသုံးပြုပေးပါ။ ယင်းဘိုထိုင်အဖုံးများဟာ ပိုးမွှားတွေ ကပ်တွယ်မှုမရှိအောင် ဒီဇိုင်းပြုလုပ်ထားပေမယ့် သန့်စင်ခန်းအတွင်းရှိ တစ်သျူးကိုအသုံးမပြုပဲ ဘိုထိုင်အဖုံးအဖြစ်အသုံးပြုနိုင်တဲ့ တကိုယ်ရည်သုံး တစ်သျူးစက္ကူများကိုသာ အသုံးပြုပေးပါ။ အဆိုပါ တကိုယ်ရည် ဘိုထိုင်အဖုံးတစ်သျူးစက္ကူများကိုရေနဲ့ မထိအောင် သတိထားအသုံးပြုပေးရပါမယ်။ အများပြည်သူသုံးသန့်စင်ခန်းရှိ ရေဟာ အိမ်သာထိုင်ခုံမှာရှိနေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို အလွယ်တကူ ကူးစက်စေနိုင်မှာဖြစ်ပါတယ်။ သန့်စင်ခန်းမှာရှိနေတဲ့ ဘိုထိုင်များကို ဖုံးအုပ်ဖို့အတွက် ရှိရင်းစွဲ တစ်သျှူးစက္ကူများကို အသုံးမပြုပါနှင့်။ ဘာကြောင့်လဲဆိုရင် အဆိုပါ တစ်သျှူးကိုယ်တိုင် အမာ်းပြည်သူသုံးသန့်စင်ခန်းထဲမှာ အချိန်ကြာမြင့်စွာရှိနေပြီး ဖုန်မှုန့်နဲ့ ဘက်တီးရီးယားဗိုင်းရပ်စ်ပိုးများကို စုတ်ယူထားနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

သန့်စင်ခန်းဘိုထိုင်ပေါ်မှာ မတ်တပ်မရပ်ပါနှင့်။ ပြုတ်ကျသွားခဲ့ရင် မိမိအတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အကယ်၍ မတော်တဆပြုတ်ကျပြီး ဘိုထိုင်ထဲကရေတွေ အပြင်ကို စင်လာခဲ့ရင် မလိုလားအပ်တဲ့ ရောဂါပိုးတွေရှိတဲ့ ပင်မနေရာတစ်ခုဖြစ်တဲ့အတွက် ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။

ထိုင်ထလေ့ကျင့်ခန်းဟာလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ပေါင်ရင်း နဲ့ တင်းပါး ကို သန်းမာစေခြင်း (သို့) ထိုင်ထလေ့ကျင့်ခန်းများပြုလုပ်ခြင်းက အိမ်သာထိုင်ခုံအပေါ်ကို တင်ပါးနဲ့ ထိတွေ့မှုမရှိစေပဲ အပေါ့အပါးသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကျန်းမာရေးအတွက်လည်း ထိုင်ထလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အနေအထား မှန်ကန်တယ်ဆိုရင် သင့်ခြေထောက်နဲ့ တင်ပါးကို သန်မာလာစေမှာဖြစ်ပါတယ်။

ရေပုံး (သို့) ကြွေဘေစင်ထဲမှာ ကျန်နေတဲ့ရေများကို ဆေးကြောဖို့အတွက် အသုံးမပြုပါနှင့်။ သင့်အနေနဲ့ တင်ကျန်နေတဲ့ရေတွေနှင့် ကိုယ့်ကိုယ်ကိုဆေးကြောဖို့ လုံးဝအသုံးမပြုရပါဘူး။ အကယ်၍ အိမ်သာသုံးစက္ကူအစား ရေနဲ့ ဆေးကြောမယ်ဆိုရင်လည်း ရေဘုံဘိုင်ခေါင်းကနေ တိုက်ရိုက်ကျလာတဲ့ ရေကိုသာ အသုံးပြုပြီးဆေးကြောပေးရမှာပဲဖြစ်ပါတယ်။ သို့မဟုတ် လက်ကိုင်ရေပန်းကနေ တစ်ဆင့်အသုံးပြုမယ်ဆိုရင်လည်း အရင်ဆုံး ရေကို ခတ္တဖြန်းပြီးမှ ဆေးကြောဖို့ အသုံးပြုရပါမယ်။

ရေစိုတစ်သျူးထုပ်တွေကို အမြဲတမ်းကိုယ်နဲ့မကွာဆောင်ထားပေးပါ။ အများပြည်သူသုံးသန့်စင်ခန်းထဲမှာ ရှိတဲ့ လက်ကိုင်ရေပန်းတွေဟာ နောက်ထပ်ရောဂါပိုးတွေရှိနေနိုင်တဲ့ ပင်မနေရာတစ်ခုလည်းဖြစ်ပါတယ်။ Wet Wipes (သို့) ပိုးသတ်ထားတဲ့ တစ်သျှူးတွေက ရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် ကာကွယ်ပြုလုပ်ပေးတဲ့အကောင်းဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။

အိမ်သာကို အသုံးပြုပြီးတိုင်း လက်ကို အမြဲတမ်းစင်ကြယ်စွာဆေးကြောပေးပါ။ ညစ်ညမ်းတဲ့အရာဝတ္ထုတစ်ခုခုကို ကိုယ်တွယ်လိုက်တိုင်းမှာ မိမိလက်မှာ ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေ ကပ်ပါလာနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သန့်စင်ခန်းကို အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးကြောပေးရမှာဖြစ်ပါတယ်။ တကယ်လို့ သန့်စင်ခန်းထဲမှာ ဆေးကြောရမယ့် ဆပ်ပြာမရှိခဲ့ဘူးဆိုရင် ရေဘုံခေါင်းက တိုက်ရိုက်ကျလာတဲ့ရေအောက်မှာ လက်ချောင်းတွေကို အချင်းချင်း အကြိမ်ရေပေါင်းများစွာ ပွတ်တိုက်ဆေးကြောပြီး သန့်စင်တဲ့ စက္ကူ ဒါမှမဟုတ် လက်သုတ်ပဝါနဲ့ ခြောက်သွေ့အောင် သုတ်ပေးရမှာဖြစ်ပါတယ်။

အကယ်၍သင်က အပေါ်မှာပြောပြထားတဲ့အချက်တွေအတိုင်း ကြိုတင်ပြင်ဆင်ချက်တွေပြုလုပ်ထားမယ်ဆိုရင် အများပြည်သူသုံးသန့်စင်ခန်းတွေကို စိုးရိမ်ကြောင့်ကြနေစရာလိုတော့မှာ မဟုတ်ပါဘူး။

 

 

ပိုမိုသိရှိလိုပါက

Please complete the form below and we'll get back to you within 48 hours with a response

 

Rate This Article

User rating: 3 out of 5 with 9 ratings

Recommended Doctor

, M.D. Summary: