Share the message

အရိုးပွရောဂါ အန္တရာယ် ကို လေ့လာကြည့်ရအောင်

ကျွန်တော်တို့ ပုံမှန်စစ်ဆေးခြင်း မပြုလုပ်ခဲ့ လျှင် ကျွန်တောတို့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ အဂါၤအစိတ်အပိုင်းများ ကောင်းစွာ လည်ပတ်နေသည်ကို ဘယ်လိုသိရှိနိုင်မလဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ အရိုးနှင့်အဆစ် ၏ ဖြစ်ရပ် အတွက် အထူးသဖြင့် ပိုမှန်ပါတယ်။အကယ်၍ ကျွန်တော်တို့ စစ်ဆေးမှု တစ်စုံတစ်ခု မရှိခဲ့ဘူးဆိုရင် အရိုးတွင်း အပေါက်ငယ်လေးများ ဖြစ်ပေါ်လာခြင်းကို ကျွန်တော်တို့ ဘယ်လို့မှ သိရှိနိုင်မှာ မဟုတ်ပါဘူး, ဘယ်လောက်တောင် အန္တရာယ် များလဲ ဆိုရင် အားနည်းခြင်း ဒါမှမဟုတ် ကျွန်တော်တို့ အရိုးတွေ ကျိုးလွယ်ခြင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်စုံတခုရဲ့ အကြောင်းအရင်း သေချာ မသိဘူး ဆိုရင် , ကျွန်တော်တို့ ကာကွယ်တားဆီးဖို့ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး။

အရိုး ပေါင်းစပ် ဖွဲ့စည်းခြင်းကို နားလည်ခြင်း

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရိုးအမျိုးအစား များစွာ ရှိပါတယ်။ ရှည်လျားသောအရိုး ထိုကဲ့သို့ လက်နှင့် ခြေထောက် ၊ စတုရန်းပုံ အရိုးအဆစ် များ ထိုကဲ့သို့ ကျောရိုး,လက်ဆစ်ရိုး,နှင့် ခြေဆစ်ရိုး၊ သိပ်သည်းဖွဲ့စည်းမှုနှင့်အတူ အရိုးများ သူတို့ကို ကျစ်လစ်သိပ်သည်းသည် အရိုး(cortical bone) နှင့် ဝိသေသလက္ခဏာများနှင့် စုအုံနေသော အရိုးများ ဟုလည်း ခေါ်ကြတယ်။ အမျိုးသမီး တွေဟာ အမျိုးသားတွေ ထက် အရိုးကျိုးခြင်း သုံးကြိမ် ဖြစ်နိုင်ခြေ ပိုများပါတယ်၊ အမျိုးသမီး တွေရဲ့အရိုးဟာ ပါးလွှာပြီး ပိုပြီး အပေါက်ငယ်လေးတွေများလို့ပါ။

ကျွန်တော် တို့၏ အရိုးတွင်း ပါဝင်မှုများ

  • အရိုးကိုဖုံးလွမ်းထားသော အမြှေး – သိပ်သည်းဆများသောအမြှေးပါးတစ်ခု အဓိကအားဖြင့် ရှည်လျားသော အရိုးတွင် တွေ့ရှိရပြီး အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေမှာ အရိုးကိုဖုံးလွမ်းသော အမြှေးတွေ ပိုရှိတယ်။ဒါဟာ အရိုးကြီးထွားမှုနှင့် ကျိုးပဲ့တဲ့ အခါ ၎င်းတို့ကို ပြုပြင်ဖို့ ကူညီဆောင်ရွက်ပေးတယ်။‌
  • ရိုးတွင်းချဉ်ဆီ – သွေးဆဲလ် ထုတ်လုပ်ဖို့ ကူညီပေးတယ်။ ကျိုးပဲ့နေသော အရိုးများပြန်လည်ခိုင်မှာလာအောင် ခွင့်ပြုသော ဆဲလ်ဖွဲ့စည်းမှု။
  • အဆစ် – ကျွန်တော်တို့၏ လှုပ်ရှားမှုကို ခွင့်ပြုသော ခန္တာကိုယ် ၏ လွတ်လပ်သော အစိတ်အပိုင်း များ။
  • ‌အရွတ် – ရှုပ်ထွေးသော ကိုယ်တွင်း အင်္ဂါများ, အထူးသဖြင့် ဒူးအဆစ် ကို တည်ငြိမ်အောင် ပြုလုပ်သည်။
  • ကြွတ်သားများ – အရိုးအစိတ်အပိုင်း နှစ်ခုကို ဆက်သွယ်ထားသော တစ်ရှုးများ, ထိုကဲ့သို့ ဒူးမှ တင်းပါးဆုံး ရိုးထိ တဆက်တည်းရှိသော ကြွက်သား နှင့် ဒူးအဆစ်မှဆက်ထားသော အခြား အစိတ်အပိုင်းများ ကျွန်တော်တို့ကို ကွေးနိုင် ဆန့်နိုင်ဖို့ ခွင့်ပြုပေးသည်။
  • အာရုံကြောများ – ဦးနှောက် မှ အချက်ပြမှုများကိုရယူပြီး အကြောရိုးနှင့် ဦးနှောက် အာရုံကြောစနစ်ကနေ တဆင့် ခန္ဓာကိုယ် ၏ အခြားအစိတ်အပိုင်းများကို ပို့ဆောင်သည်၊ ကျွန်တော်တို့၏ လက် ခြေထောက် ခန္ဓာကိုယ် လှုပ်ရှားမှုများကို ခွင့်ပြုပေးခြင်း။ ကျွန်တော်တို့အသားအရေးအတွက် အာရုံခံစားမှုများလဲ ဖြစ်ပေါ်စေပါတယ်။
  • သွေးကြော – ကျွန်တော်တို့၏ အရိုးနှင့် အဆစ်များကဲ့သို့ ကြွက်သားများ နှင့် အခြား ခန္ဓာကိုယ် အစိတ်အပိုင်း များကို အာဟာရဖြစ်စေဖို့ သွေးများကို ယူဆောင်ပေးသည်။
  • ဟော်မုန်း – Endocrine glands ရဲ့ လျှို့ဝှက်ချက် လူသားတွေ သာမန်ဘဝတခုရရှိရန် ခွင့်ပြုပေးခြင်း, ထိုကဲ့သို့ သဘာဝအလျောက် ကိုယ်ခန္ဓာကြီးထွားခြင်း, လိင်ကာမစိတ်ဖြစ်ပေါ်စေခြင်း နှင့် အရိုးတွင်း ကယ်ဆီယမ် ထိန်းချုပ်ခြင်း။

အရိုးတည်ဆောက်ပုံ အရာဝတ္ထုများမှာ ကယ်စီယမ်, မဂ္ဂနီစီယမ်, သံဓာတ် နှင့် အခြားအရာများ ထိုကဲ့သို့သော electrolytes ခေါ် ဒြပ်သဘာဝများဖြစ်သော ဆိုဒီယမ် နှင့် ပိုတက်စီယမ် တို့ဖြစ်ကြသည်။ အရိုးတွင်း ကယ်လစီယမ် ရယူဖို့ အတွက်ပထမဆုံး သွေးကြောထဲမှာ ကယ်လစီယမ်ရှိရမည် ဖြစ်ရပါမည်။ ကယ်လစီယမ်ပါဝင်သော အစားအစားများကို စားသုံးခြင်းဖြင့်သွေးကြောမှတဆင့် တိုက်ရိုက်စုပ်ယူမှု ရရှိမှာ ဖြစ်ပါတယ်။

အရိုး၏ ဇာစ်မြစ် နှင့် သိပ်သည်းဆများ

ကျွန်တော်တို့ အမိဝမ်းထဲမှာ ရှိနေစဉ်, ကျွန်တော်တို၏အရိုးများသည် အရိုးနုများအဖြစ် စတင်ပြီး ဆက်လက်၍ ကယ်စီယမ်ဓာတ်များကို ပိုပိုပြီး ရယူကြတယ် အဲဒါက ကလေးပေါက်စ အရွယ်ကစပြီး ၁၆-၁၇နှစ် အသက်အရွယ် ထိဖြစ် ပြီး အသက် ၂၅နှစ် နောက်ပိုင်းမှာတော့ ကယ်လစီယမ် ဓာတ် ရယူခြင်းပမာဏကို အရိုးများက လျော့ချပါလိမ့်မယ်။

ပါးလွှာသော သို့မဟုတ် အပေါက်ငယ်များ ပါဝင်သော အရိုးများ အတွက် သတိပြုဖွယ် အချက်များ

  • ဟော်မုန်း – အထူးသဖြင့် အမျိုးသမီး ဟော်မုန်း များတွင် ဖြစ်တက်သည်။ သွေးဆုံးနေစဉ် အတွင်း estrogen လျော့ချထုတ်လုပ်ခြင်း, ခပ်စောစော သွေးဆုံးခြင်း သူများတွင် အရိုးပါးခြင်းနှင့် အရိုးတွင် အပေါက်ငယ်များ ဖြစ်ပေါ်နိုင် ပြီး နောက်လွယ်ကူစွာဖြင့် ကိုယ်နေဟန်ပြောင်းရုံနှင့် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါသည်။
  • မျိုးရိုးဗီဇ နှင့်ကျားမ – ကျစ်လစ်ပြီး သေးသွယ်သောအမျိုးသမီးများတွင် အန္တရာယ် ရှိသည်၎င်းအပြင် ပုံမှန်အောက် အလေးချိန် ရှိနေသူများလဲ ပါဝင်သည်။
  • လူမျိုး – အရိုးပွရောဂါ ဟာ အာဖရိကန် လူမျိုး အတွက် အဆန်းအပြား မဟုတ်ပါဘူး။
  • အသက်အရွယ် – အသက်၂၅ အရွယ်အထိ အရိုးထုထည်ကြီးထွားမှုက ရှိနေလိမ့်မည်၊ ပြီးနောက် အရိုးများသည် အသက် ၄၀ အရွယ်အထိ တည်တည်ငြိမ်ငြိမ် ကြံခိုင့်နေလိမ့်မည်။
  • အစားအသောက် – ကယ်စီယမ် စားသုံးမှုနည်းခြင်းနှင့် အဝလွန်စေသော အစားသောက် စားခြင်းကလဲ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
  • နေ့စဉ် ဘဝ – နေရောင်အပြင်းဆုံး အချိန် ၁ဝနာရီ ကနေ ၂ နာရီ အတွင်း ထွက်ခြင်း ကလဲ အရေးပြား ကင်ဆာ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နေရောင်ထဲ ထွက်ဖို့ မနက်စောစောအချိန်နှင့် နေ့လည့် ၃နာရီ နောက်ပိုင်း ထွက်ဖို့ အကြံပြုပါတယ်။
  • ‌အရက်နှင့်ဆေးလိပ် – ထိုအလေ့အထ က ကယ်စီယမ် စုပ်ယူမှု ကို နှေးကွေး သွားနိုင်ပါတယ်။
  • ဆေးဝါးများ – တချို့သော steroids များကို တာရှည်စွာ သုံးစွဲ ခြင်းကလဲ အရိုးပါးခြင်း အပေါက်ငယ်များဖြစ်ခြင်း နှင့် ကြွက်သားကျုံ့သွားများဖြစ်ပေါ်နိုင်ပါတယ်။

အရိုးပွရောဂါ

အရိုးပွရောဂါ ဆိုသည်မှာ အရိုးများ၏ ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ယိုးယွင်းပျက်စီးခြင်းနှင့်အတူ အရိုးသိပ်သည်းဆ ကျဆင်းလာခြင်း၏ ရလဒ်ဖြစ်သည်။အရိုး၏ စွမ်းဆောင်ရည် ကို လျော့ချသည်အပြင် အရိုးပွရောဂါ အရိုးကိုအလွယ်တကူ ကျိုးလွယ်ခြင်း နှင့် ပျက်စီး လွယ်ခြင်းများလဲ ဖြစ်ပေါ်လာနိုင်ပါသည်။ကျောရိုးကျိုးပဲ့လျှင် အာရုံကြောချံခြင်းများဖြစ်လာပြီး သွက်ချာပါဒ ရောဂါကို ဖြစ်စေနိုင်သည်။ တင်ပါးဆုံရိုး တခု ကျိုးပဲ့ရန် အွင့် အခွင့်အလမ်းတစ်ခုလဲ ဖြစ်စေနိုင်သည်။သို့သော် ကယ်လစီယမ် အမြောက်အမြား စားသုံးခြင်းကလဲ ဟော်မုန်း ချိုတဲ့ မှုကို ဖြစ်စေပြီး ကယ်စီယမ် စုပ်ယူမှုကို ကောင်းစွာ ပြုလုပ်မည်မဟုတ်ပါ။ ဗီတာမင် D ကလဲ အခြားတဖက်မှာ ကယ်လဆီယမ် စုပ်ယူဖို့ ကူညီ လှုံဆော်ပေးတယ် ထိုကြောင့် အရေးပါသော အစားသောက် မှာ ထည့်ထားရ ပါမယ်။

ကျွန်တော် အရိုးပွရောဂါ ရှိတာ ဘယ်လို့ သိနိုင်မလဲ?

ကျွန်တော်တို့ရဲ့ ဆေးစစ်ဆေးချက်တွေကနေ တဆင့် သိရှိနိုင်ပါတယ်။ယေဘုယျအားဖြင့် စမ်းသပ်မှု လွယ်ကူတဲ့ ကျိုးပဲ့လွယ်တဲ့ နေရာ သုံးနေရာ ရှိပါတယ် ထိုအရာတွေက lumbar ခေါ်ခါးဆစ် ကျောရိုး, တင်ပါးဆုံ ရိုးများနှင့် လက်ဖျံ သိုမဟုတ် လက်ကောက်ဝတ် တွေ ဖြစ်ပါတယ်။ဆေးစစ်ချက်( -2.5) အောက် ရှိတဲ့သူတွေက အရိုးပွရောဂါ ရှိကြပါတယ်။ အများဆုံး ကိစ္စ တွေကတော့ ကျောရိုးနှင့် တင်ပါးဆုံရိုး တိုင်းတာချက် တွေကနေ ရရှိပါတယ် သူတို့တွေ ပိုပြီးတိကျအဖြေကို ပေးကြပါတယ် အထူးသဖြင့် သွေးဆုံးနေတဲ့ သူတွေ မှာ အရိုးပွရောဂါ ဝင်ရောက်နိုင်ပါတယ်။

အရိုးသိပ်သည်းဆ စစ်ဆေးခြင်းဆိုသည်မှာ ဖြည့်စွက်ရမည့် ပုံစံစာရွက်မှာ ဖြည့်ပီး ဆရာဝန်နှင့် တွေ့ဆုံကြပါစို့။
အသက် ၄၀ မှ ၈၀ အတွင်း ထိုင်းအမျိုးသမီးတွေရဲ့ ၂၀ ရာနှုန်းဟာအရိုးပွ ရောဂါကို ခံစားနေရပါတယ်။ စောစောပ်ိုင်းမှာတော့ ရောဂါလက္ခဏာ မပြသေးပါဘူး။ ဒါပေမဲ့ အရိုးသိပ်သည်းဆကို စစ်ဆေးကြည့်ခြင်းအားဖြင့် အရိုးပွခြင်းကိုတော့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အရိုးတွေရဲ့ ကြံ့ခိုင်မှု သိပ်သည်းမှုကို T score လို့ခေါ်တဲ့ နည်းတွေနဲ့တွက်ချက် ရောဂါရှာဖွေနိုင်မှာ ဖြစ်ပီး အဖြေတွေကတော့ အောက်ဖေါ်ပြပါအတိုငး သုံးသပ်ပါတယ်။

  • T score > (-1) ဆိုရင် ပုံမှန် အရိုးသိပ်သည်းဆပါ။
  • T score (-1 ) နှင့် (-5) ဆိုရင် အရိုးပါးနေပါပြီ။
  • T score < (-5) ဆိုရင်တော့ အရိုးပွခြင်းဖြစ်နေပါပြီ။

ကုသခြင်း

ခန္ဓာကိုယ်တွင်း အရိုးကျိုးပဲ့ခြင်း မခံရဘူးဆိုရင်တောင် ကယ်စီယမ် ကို ပုံမှန် မှီဝဲ နေရပါမယ် ခန္ဓာကိုယ် စစ်ဆေးခြင်းကိုလဲ ပြုလုပ်ရပါမယ်။ ကုသခြင်းက အခြေခံအားဖြင့် ရောဂါ လက္ခဏာ တွေပေါ်မူတည်ပါတယ်။
အရိုးတွင်း လှုပ်ရှားမှု သိသားထင်းရှားစွာ မရှိခဲ့ဘူး ဆိုရင် ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး,ထိန်းချုပ်မှုတခုက လူနာ အပေါ် အသုံးဝင်ပါမယ်။ ထို ထိန်းချုပ်မှု က ၂လ ၃လ ကြားနိုင်ပါတယ် လိုအပ်လျှင် အဲဒီ ထက်လဲ ပိုကြာနိုင်ပါတယ် အရိုးပြန်လည် ကောင်းမွန်တဲ့ အထိပါ။အရိုးကျိုးပဲ့ပြီး သိသားထင်ရှား လှုပ်ရှားနေသေးတယ်ဆိုရင် ၊ တင်ပါးဆုံး ရိုး ကျိူးတယ်ဆိုပါစို့ ခွဲစိတ်ဆရာ က အဲဒီ အရိုးအမြန်ဆုံးသက်သာ ပျောက်ကင်းအောင် ခွဲစိတ်ဖို့ အကြံပြုပါလိမ့်မယ်။ ထိန်းချုပ်မှု တခု က extended ကာလ အတွင်း မလိုအပ်ပါဘူး။ ဒါပေမဲ့ ယာယီ ဒါမှမဟုတ် အမြဲတမ်း အတွက် သံမဏိ အပ် လိုအပ်နိုင်ပါတယ်။

အရိုးပွရောဂါကို သင်ကာကွယ်နိုင်ပါတယ်..

  • အရိုးတွေသန်မာစေဖို့နဲ့ သိပ်သည်းဆကောင်းဖို့ တစ်ပတ်ကို သုံးကြိမ် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ တစ်ခါလုပ်ရင် မိနစ် ၂၀ မှ ၃၀ မိနစ်အထိ ကြာမြင့်ရပါမယ်။
  • သင့်နေ့တစ်ဓူဝလုပ်ငန်းတွေကို အလိုက်သင့်ပြုမူနေထိုင်ပါ။ နေရောင်ခြည်နှင့်ထိတွေ့ပါ။ နေ့လည် ၁၂:၀၀ မှ ၃:၀၀ အတွင်း နေကို ရှောင်ကျဉ်ပါ။
  • အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးတွင်ပါသော tannin ကိုရှောင်ကျဉ်ပါ။
  • လုံလောက်သော ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ တို့ကိုစားသုံးပါ။ ထိုဓာတ်များအပြည့်အဝပါတဲ့ အစားအစာများဖြစ်သော နို့၊ ငါးခြောက်၊ Cheese၊ ပဲပုပ်၊ ဗိုလ်စားပဲ၊ ပုစွန်ခြောက်၊ အစိမ်းရောင်အသီးအရွက်များဖြစ်သော ကွမ်းရွက်ကြမ်း၊ ကိုက်လန်၊ ပင်စိမ်းတို့ကို စားသုံးပါ။
  • အရိုးပါးစေသော အဆီပါဝင်မှုများသော အစားအစာများကိုရှောင်ကျဉ်ပါ။
  • ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေး၍ လိင်ဟော်မုန်းချို့တဲ့မှုကိုကာကွယ်ပါ။ အခြခံလိုအပ်သောဟော်မုန်းနည်းနေလျှင် အစားထိုးဖြည့်စွက်ကုသမှုခံယူပါ။

အရိုးပွရောဂါဝေဒနာရှိသူများ လေ့ကျင့်ခန်းလုပ်သင့်ပါသလား?

ဟုတ်ကဲ့ လုပ်သင့်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းပြင်းထန်ခြင်းရှိ မရှိ ပေါ်မှာမူတည်ပါတယ်။ လမ်းလျှောက်ခြင်းနှင့် ရေကူးခြင်းသည် လုံခြုံမှုအရှိဆုံးသော လေ့ကျင့်ခန်းများဖြစ်ပါတယ်။
အသက် ၇၀ အထက် လူကြီးများတွင် အန္တရာယ်များတတ်ပြီး မတော်တဆလဲကျခြင်းများမဖြစ်စေရန် သတိထားဂရုစိုက်သင့်ပါတယ်။

အရိုးပွရောဂါ ဖြစ်နိုင်ခြေရှိသူများ

    • သက်ကြီးပိုင်းဝင်လာသောအမျိုးသမီးများနှင့် သွေးဆုံးပြီးသူများ
    • ကဖင်းဓာတ်ပါဝင်မှုများသောအရည်များသောက်သုံးသူများနှင့် အငံဓာတ်ပါသောအစားများစားသုံးမှုများခြင်း
    • အရက်သောက်သုံးသူများနှင့် ဆေးလိပ်သောက်သူများ
    • စတီးရွိုက်သောက်နေရသူများ၊ ကင်ဆာရောဂါကုသမှုခံယူနေရသူများ၊ အတက်ကျဆေး၊ သွေးကျဲဆေးနှင့် သိုင်းရွိုက်ဟော်မုန်းဆေး အချိန်ကြာမှီဝဲနေရသူများ။
    • မိသားစုဝင်များထဲတွင် အရိုးပွရောဂါရှိဖူးသူများနှင့် မတော်တဆချော်လဲရာမှ အရိုးကျိုးမှုရှိဖူးခြင်းရှိသူများ။
    • အထက်ဖော်ပြပါ အချက်များမှ ၃ချက်မှ ၅ချက်အတွင်း ကိုက်ညီနေလျှင် ဆရာဝန်နှင့်တိုင်ပင်၍ အရိုးပွမှုမဖြစ်ပွားစေရန် ကာကွယ်သင့်ပါသည်။
    • အရိုးတွေရဲ့ကြံ့ခိုင်အောင်ကြိုးစားခြင်းသည် ဘဏ်တွင်ငွေစုခြင်းနှင့်ပင် အလားသဏ္ဍာန်တူလေသည်။ ကျွန်တော်တို့ သန်မာချိန်တွင် ကျွန်တော်တို့အရိုးအတွက် ကယ်လ်ဆီယမ်ကို စုဆောင်းခဲ့လျှင် လိုအပ်သောအခါ၌ အရိုးသည် ကောင်းစွာအလုပ်လုပ်နိုင်ပေလိမ့်မယ်။
    • အရိုးပွခြင်းသည် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Recommend Health Packages

Rate This Article

User rating: 2.88 out of 5 with 16 ratings