Share the message

ရွေးချယ်ခွင့်အသစ်တစ်ခု…… အမာရွတ်မဲ့သိုင်းရွိုက်ခွဲစိတ်ခြင်း

သိုင်းရွိုက်ပြဿနာများသည် အမျိုးသမီးငယ်များတွင် အဖြစ်များပါသည်။ မည်သို့ပင်ဆိုစေကာမူ ခွဲစိတ်ခြင်းကြောင့် ရရှိလာမည့် လည်ပင်းပေါ်ရှိ အမာရွတ်သည် ကြည့်ရဆိုးလှပါသည်။ ထိုကဲ့သို့သော ပြဿနာကို ယခုအခါ အနာရွတ်မကျန်စေမယ့် ခွဲစိတ်မှုနည်းပညာသစ်ဖြင့် ဖြေရှင်းနိုင်ပါပြီ။ ထိုခွဲစိတ်မှုသည် အာခံတွင်းမှ တစ်ဆင့်ပြုလုပ်ပြီး ယခုအခါ ကျွန်တော်တို့ ထိုင်းနိုင်ငံမှ ခွဲစိတ်ဆရာဝန်များသည် ထိုကဲ့သို့သော ခွဲစိတ်မှုအတွက် နိုင်ငံတကာအသိမှတ်ပြုခံထားရပြီး ဖြစ်ပါသည်။
သိုင်းရွိုက်ဂလင်း ဆိုသည်မှာ အဘယ်နည်း။
သိုင်းရွိုက်ဆိုသည်မှာ လည်ပင်းရှေ့ရှိ လိပ်ပြာပုံစံ ဂလင်းအကျိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ လည်စေ့ရဲ့အောက်ဖက်မှာရှိပြီး လည်မျိုပြွန်နဲ့နီးကပ်စွာ တည်ရှိနေကာ အခြမ်းနှစ်ခြမ်းပါရှိပါတယ်။ သိုင်းရွိုက်မှ ခန္ဓာကိုယ်အပူချိန်၊ ကြီးထွားမှု နှင့် ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များအတွက် လိုအပ်သော ဟိုမုန်းများကို ထုတ်လုပ်ပေးပါသည်။

သိုင်းရွိုက်ဂလင်း ပုံမမှန်ဖြစ်မှုများ

သိုင်းရွိုက်ပုံမမှန်ဖြစ်မှုများဟာ အိုင်အိုဒင်းဓါတ် မလုံလောက်ခြင်းကြောင့်သော်လည်းကောင်း၊ သိုင်းရွိုက်ဟော်မုန်းဆောင်ရွက်ချက်ချို့ယွင်းခြင်း (ဟိုမုန်းပိုထုတ်ခြင်း၊လျော့ထုတ်ခြင်း) ကြောင့် ဖြစ်ရခြင်းဖြစသိုင်း်ပါတယ်။ ထိုကဲ့သို့သော အခြေအနေတွေဟာ သောက်ဆေးဖြင့်သော် လည်းကောင်း၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း စားသုံးခြင်းဖြင့်သော်လည်းကောင်း၊ ခွဲစိတ်ခြင်းအားဖြင့်သော်လည်းကောင်း ကုသနိုင်ပါတယ်။ ခန္ဓာဗေဒကွဲပြားခြင်းကြောင့်လည်း သိုင်းရွိုက်တွင် အလုံး အကျိတ်တို့လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အလုံးအကျိတ်ဖြစ်ပေါ်ရာတွင် ကင်ဆာမဖြစ်နိုင်သော အလုံး၊ ကင်ဆာအဖြစ်ပြောင်းနိုင်ချေရှိသော အလုံးတို့ဖြစ်နိုင်ပြီး အလုံးအကျိတ်လုံးဝမရှိပဲ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးနေတာမျိုးလည်း ရှိတတ်ပါတယ်။

သိုင်းရွိုက်ဂလင်း ပုံမမှန်ဖြစ်မှုများကို ဘယ်လိုကုသမလဲ။

သိုင်းရွိုက်ကုသမှုသည် လူနာတစ်ယောက်ချင်းစီ၏ အခြေအနေနှင့် ကုသရန်လိုမလို အကြောင်းချင်းရာများပေါ်တွင် မူတည်ပါသည်။ သိုင်းရွိုက်လုပ်ငန်းဆောင်တာ မြင့်တက်နေခြင်းတွင် ပုံမှန်အားဖြင့် သောက်ဆေးနှင့် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတို့ဖြင့် ကုသလေ့ရှိပါသည်။ များသောအားဖြင့် ဆေးကုသခြင်းဖြင့် သိုင်းရွိုက်အရွယ်အစားပုံမှန်ဖြစ်အောင် ပြန်လည်မကုသနိုင်ပါက ခွဲစိတ်ကုသခြင်းဖြင့်သာ ဆောင်ရွက်ရပါသည်။ အကယ်၍ မကုသလျှင် ကင်ဆာပြောင်းနိုင်ချေရှိသောကြောင့်ဖြစ်ပါသည် (ကင်ဆာဖြစ်နိုင်သည့်အခွင့်အလမ်းနည်းပါးသော်လည်း)။ အချို့လူနာများတွင် လှပမှုဆိုင်ရာရည်ရွယ်ချက်ဖြင့် ကြည့်ပျော်ရှုပျော်ရှိစေရန် ကြီးနေသည့် အကျိတ်ကို ခွဲထုတ်ကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ဆေးဝါးကုသမှုနှင့် ခွဲစိတ်ကုသမှုတို့သည် ဆရာဝန်၏ရောဂါအခြေအနေသတ်မှတ်မှုပေါ်တွင် မူတည်နေပါသည်။

 

အမာရွတ်မဲ့ သိုင်းရွိုက်ခွဲစိတ်ခြင်း

ပုံမှန်အားဖြင့် သိုင်းရွိုက်ခွဲစိတ်ရာတွင် လည်ပင်းတွင် အလျားလိုက်ခွဲကြောင်းဖြင့် ဖွင့်၍ခွဲစိတ်ဖယ်ရှားကြပါသည်။ တချို့လူနာများတွင် ထိုနည်းအားဖြင့် သိုင်းရွိုက်ဂလင်းနှင့်အတူ ပြန်ရည်ကျိ်တ်များကိုပါ အတူ ဖယ်ရှားပစ်ကြပါသည်။ ခွဲစိတ်ပြီးနောက်ပိုင်းတွင် လူနာများသည် လည်ပင်းတွင် အလျားလိုက် အမာရွတ်ထင်ကျန်ရစ်နေတတ်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ခွဲစိတ်မှုနည်းပညာ အသစ်တစ်ခု ပေါ်ခဲ့ဖူးပါသည်။ ထိုခွဲစိတ်မှုသည် လည်ပင်းတွင် အမာရွတ်ထင်ကျန်ခြင်းမှ ရှောင်ရှားရန်အတွင် ချိုင်းကြား သို့ နို့သီးခေါင်းမှ သေးငယ်သော အပေါက်ဖောက်၍ ခွဲစိတ်ခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ကန့်သတ်မှုများစွာ ရှိပါသည်။ လက်မောင်းချိုင်းကြားနှင့်သိုင်းရွိုက်ဂလင်းမှာ ဝေးကွာသောကြောင့် ခွဲစိတ်ရန်အတွက် ခက်ခဲပြီး အကယ်၍ သိုင်းရွိုက်ဂလင်း၏ အခြမ်းနှစ်ခြမ်းစလုံးကို ခွဲစိတ်ရမည်ဆိုပါက ခွဲစိတ်ရာကို လက်မောင်းချိုင်းကြားနှစ်ဖက်စလုံးတွင် ပြုလုပ်ရမည် ဖြစ်ပါသည်။ တစ်ချို့အမျိုးသမီးများသည် လက်မောင်းတွင် ခွဲစိတ်ရာကျန်ပါက လက်တိုဝတ်ရာတွင် မြင်နိုင်မည်ဖြစ်သောကြောင့် အဆိုပါခွဲစိတ်မှုနည်းပညာမှာ လူတိုင်းအတွက် နှစ်သက်လောက်စရာ ရွေးချယ်မှုမဖြစ်ခဲ့ပါ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာ နောက်ထပ်နည်းပညာအသစ်တစ်ခု ပေါ်ပေါက်လာပါသည်။ ထိုနည်းပညာသည် ခွဲစိတ်ပြီးနောက် အမာရွတ်ထင်ကျန်ခြင်းကို ရှောင်ရှားရန် အောက်နှုတ်ခမ်းအောက်မှတစ်ဆင့် ပါးစပ်အတွင်း အပေါက်ငယ်ဖောက်ကာ ခွဲစိတ်မှုကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ထိုနည်းပညာသည် အထူးကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်၏် ကျွမ်းကျင်မှုလည်း လိုအပ်ပါသေးသည်။ ယခုအခါ ဘန်ကောက်မြို့၏ ရဲဖက်ဆိုင်ရာအထွေထွေဆေးရုံမှ ခွဲစိတ်ဆရာဝန်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၏ပထမဆုံး ခံတွင်းမှတစ်ဆင့် မှန်ပြောင်းဖြင့် သိုင်းရွိုက်ခွဲထုတ်ဖယ်ရှားခြင်းကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဒီနည်းပညာဟာ တိုးတက်လာနေပြီ ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများလည်း နည်းပါးတာကို တွေ့ရပါတယ်။ ရလဒ်အနေနဲ့ ပုံမှန်ခွဲစိတ်မှုတွေနဲ့ တန်းတူရှိတာကိုလည်း တွေ့ရှိရပါတယ်။ ယခုဆိုရင် ဒီနည်းပညာဟာ အသိမှတ်ပြုခြင်းခံနေရပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အသုံးပြုနေတာကိုလည်း တွေ့ရပါတယ်။

ခံတွင်းမှတစ်ဆင့် မှန်ပြောင်းဖြင့်သိုင်းရွိုက်ခွဲစိတ်ခြင်း၏ အကျိုးကျေးဇူးများ

• ခွဲစိတ်ရာသည် အောက်နှုတ်ခမ်းနှင့် အောက်သွားဖုံးကြားတွင် ပြုလုပ်ပြီး ပြင်ပအရေပြားတွင် ခွဲစိတ်ရာမရှိသောကြောင့် အမာရွတ် မထင်ကျန်စေခြင်း
• အခြားခွဲစိတ်နည်းပညာများနှင့်နှိုင်းယှဉ်ပါက နောက်ဆက်တွဲဆိုးကျိုးနည်းပါးခြင်း
• အမာရွတ်မထင်ကျန်စေပဲ အနာကျက်မြန်ခြင်း
• အခြားမှန်ပြောင်းဖြင့်ခွဲစိတ်သောနည်းပညာများဖြင့်နှိုင်းယှဉ်ပါက သိုင်းရွိုက်ဂလင်းသို့ အကွာအဝေးနည်းခြင်းကြောင့် ခွဲစိတ်ရာတွင် ပိုမိုလွယ်ကူစေခြင်း
• အခြားတစ်နေရာတွင် နောက်ထပ်ခွဲစိတ်ရာပြုလုပ်စရာမလိုပဲ သိုင်းရွိုက်ဂလင်း၏နှစ်ခြမ်းစလုံးအား ခွဲစိတ်ဖယ်ရှားနိုင်ခြင်း
• သွေးထွက်မှုနည်းခြင်း
• နာကျင်မှု နည်းခြင်းနှင့် နာလန်ထမြန်ခြင်း
• ထိုကဲ့သို့ခွဲစိတ်မှုသည် လည်မျိုနှင့်အပြိုင်ရှိနေသော အာရုံကြောများအား မြင်ကွင်းကောင်းမွန်စွာ ပိုမိုမြင်နိုင်သောကြောင့် ရှောင်ရှားနိုင်ပြီး လည်ချောင်းအား ထိခိုက်မှုမရှိခြင်း
• ခွဲစိတ်မှုအချိန်တိုခြင်း (တစ်နာရီမှ တစ်နာရီခွဲခန့်အထိသာ)
• ခွဲစိတ်ပြီးနောက်တစ်ရက်တွက် အစာပျော့နှင့်ရေ စားသောက်နိုင်ခြင်း
• ချုပ်ရိုးမှာ ပျော်ဝင်သွားမည်ဖြစ်သည့်အတွက် ချုပ်ရိုးဖြည်ရန်မလိုအပ်ခြင်း

ခံတွင်းမှတစ်ဆင့် မှန်ပြောင်းဖြင့် သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအတွက် ကန့်သတ်ချက်များ

ခံတွင်းမှတစ်ဆင့် မှန်ပြောင်းဖြင့် သိုင်းရွိုက်ခွဲစိတ်ရန်အတွက် အလုံးသည် ခြောက် စင်တီမီတာထက် မကြီးရပါ။ ထို့အပြင် သိုင်းရွိုက်ဂလင်း၏လုပ်ငန်းဆောင်တာသည်လည်း ပုံမှန်အခြေအနေတွင် ရှိနေရပါမည်။ အလုံးအရွယ်အစားကြီးလေ ခွဲစိတ်မှုသည် ခက်ခဲလေဖြစ်ပြီး အောင်မြင်မှုရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။အကယ်၍ သိုင်းရွိုက်ဂလင်း၏လုပ်ငန်းဆောင်တာသည် ပုံမမှန်ဖြစ်နေခဲ့လျှင် ဆရာဝန်သည် အခြားသင့်တော်ရာ ကုသမှုတစ်ခုခုကို ညွှန်ကြားပါလိမ့်မည်။
ခွဲစိတ်မှုမပြုလုပ်ခင်နှင့် ပြုလုပ်ပြီးတွင် မည်သို့ပြုလုပ်သင့်သနည်း
ခွဲစိတ်မှုမပြုလုပ်ခင်တွင် လူနာသည် ပုံမှန်အတိုင်း စားသောက်နေနိုင်ပါသည်။ သို့သော် ငါးကြေးဆီသောက်သုံးခြင်း (သွေးထွက်များစေနိုင်သောကြောင့်) နှင့် အအေးမိခံခြင်း (မေ့ဆေးပေးရာတွင် အခက်တွေ့နိုင်စေသောကြောင့်) တို့ကို ရှောင်ရှားသင့်ပါသည်။ ခွဲစိတ်မှုပြုလုပ်ပြီး ၂၄ နာရီအတွင်းတွင် ရေသောက်သုံးနိုင်ပြီး နောက်တစ်နေ့တွင် အစာပျော့ စတင်စားနိုင်ပါသည်။ လူနာအား ဆေးရုံတွင် သုံးရက်မှ လေးရက်ထိ စောင့်ကြည့်ပြီး နောက်ဆက်တွဲဆိုးကျိုးများမရှိပါက အိမ်ပြန်နိုင်ပါသည်။ သွေးထွက်မှုအန္တရယ်လျော့နည်းစေရန်အတွက် လူနာနာလန်ထချိန်တွင် ချောင်းဆိုးခြင်းနှင့် သလိပ်ဟပ်ထုတ်ခြင်းများ မပြုလုပ်ရန် အကြံပေးလိုပါသည်။ နောက်ပိုင်းတွင် လူနာသည် ပုံမှန်အတိုင်း ပြန်လည်နေနိုင်ပြီ ဖြစ်ပါသည်။

“ခံတွင်းမှ တစ်ဆင့် အမာရွတ်ကင်းမဲ့ သိုင်းရွိုက်ခွဲစိတ်မှု နည်းပညာ သည် ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးကို အံ့သြဖွယ်ရာ တိုးတက်စေပြီး လူနာများအနေဖြင့်လည်း ယုံကြည်မှုတိုးတက်လာတာကို တွေ့ရပါတယ်။ ယခုအခါ လူများဟာ ကျန်းမာရေး သတိအသိ ပိုမိုတိုးတက်လာပြီး ဖြစ်သောကြောင့် အကယ်၍ တွေ့ရှိသော အလုံးအရွယ်အစားသည် သေးငယ်ပါက ယခုနည်းပညာဖြင့် အမာရွတ်မထင်ကျန်ရစ်ပဲ ပိုမိုစိတ်ချဘေးကင်းစွာ ခွဲစိတ်ဖယ်ရှားနိုင်ပြီ ဖြစ်ပါသည်။ “

Rate This Article

User rating: 0 out of 5 with 0 ratings