Share the message

အဆုတ်ကင်ဆာကို စောလျင်စွာရှာဖွေတွေ့ရှိပါက အသက်ရှင်ရန် အလားအလာရှိ

 

 

 

 

အဆုတ်ကင်ဆာဟာ ကမ္ဘာတဝှမ်းမှာ သေဆုံးမှုအများအပြားဖြစ်စေသော ကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ အဆုတ်ကင်ဆာ၏ ကြောက်စရာအကောင်းဆုံးသောအချက်သည် ရောဂါအကြိုလက္ခဏာများမပြခြင်းဖြစ်သည်။ အဆုတ်ကင်ဆာဟု ရောဂါအဖြေထုတ်နိုင်သောအချိန်တွင် ရောဂါအခြေအနေမှာ အသက်အန္တရာယ်ရှိသောအခြေအနေသို့ရောက်ရှိနေပြီပင်ဖြစ်သည်။ ဖြစ်စအဆင့်များတွင် ကင်ဆာဖြစ်မှန်းသိရှိပြီး ကုသမှုနည်းလမ်းမှန်ကန်ခဲ့ပါလျှင် အသက်ရှင်နိုင်ရန်အခွင့်အရေးမှာ ၉၀ ရာနှုန်းထိပင်ရှိနိုင်သည်။

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေနိုင်သော အဓိကအချက်ပင်ဖြစ်သည်။ သို့ဖြစ်၍ ဆေးလိပ်သောက်သူများသည် အဆုတ်ကင်ဆာဖြစ်နိုင်ခြေအများဆုံးသောသူများဖြစ်၍ အချိန်မှန်စစ်ဆေးရန် လိုအပ်လှလေသည်။ အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိသောအခြားသူများမှာ မိမိကိုယ်တိုင်ဆေးလိပ်သောက်သူမဟုတ်သော်ငြား ဆေးလိပ်သောက်သူအနီးနေမိ၍ ဆေးလိပ်ငွေ့ရှူရှိုက်မိသူများ၊ လုပ်ငန်းဧရိယာအတွင်းကျောက်ဂွမ်းမှုန့်ရှူရှိုက်နေရသူများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ စက်ရုံအလုပ်ရုံများ ကုန်းလမ်းသွားယာဉ်များမှမီးခိုး ရှူရှိုက်နေရသူများ နှင့် မိသားစုအတွင်း အဆုတ်ကင်ဆာသို့မဟုတ် တခြားကင်ဆာရောဂါဖြစ်ဖူးသူရှိသူများပင်ဖြစ်သည်။အစောပိုင်းအဆင့်အဆုတ်ကင်ဆာကို computerized tomography နှင့် စစ်ဆေးနိုင်သည်။ ဤနည်းလမ်းသည် ကင်ဆာဖြစ်စေနိုင်သော သေးငယ်သော သို့မဟုတ် တခြားအင်္ဂါအစိတ်အပိုင်းများအတွင်းပိတ်မိနေသော အတုံးအခဲလေးများကို စစ်ဆေးရာတွင် အချိန်ကုန်သက်သာခြင်းနှင့် တိကျမှုရှိခြင်းတို့ကြောင့် ပို၍နှစ်သက်အသုံးပြုလေ့ရှိကြသည်။ ဤနည်းလမ်းကိုသုံးခြင်းဖြင့် X-Ray သုံး အဆုတ်ကင်ဆာစစ်ဆေးခြင်းမပြုလုပ်သူများနှင့်ယှဉ်လျှင် လူသေနှုန်းလျှော့ကျသွားစေသည်။ အဆုတ်ကင်ဆာဖြစ်မှန်းသိရလျှင် ဆရာဝန်များသည် အစောဆုံးသောအဆင့်များ၌ပင် အပြီးသတ်ပျောက်ကင်းအောင် ကုသမှုများပေးလျှက်ရှိသည်။

ဘယ်လိုလူတွေက အဆုတ်ကင်ဆာဖြစ်မဖြစ်စစ်ဆေးသင့်ပါသလဲ?

  • ဖျားနာခြင်းမရှိဘဲ တစ်လကျော်ချောင်းဆိုးဝေဒနာခံစားနေရသူများ
  • အဆုတ်ကင်ဆာဖြစ်မှာကို စိုးရိမ်ပူပန်တတ်ကြသူများ
  • အတိတ်တွင်ဆေးလိပ်သောက်ဖူးသူများနှင့် အသက်လေးဆယ်ကျော်များ
  • ဆေးလိပ်သောက်သူနှင့်အတူနေထိုင်ကြသူများ
  • Asbestos ရေဒီယိုသတ္တိကြွပစ္စည်းများ၊ စက်ရုံအလုအ်ရုံများ၊ ကုန်းလမ်းသွားယာဉ်မှထွက်သောအငွေ့များရှူရှိုက်နေရသူများ
  • မိသားစုအတွင်း အဆုတ်ကင်ဆာ သို့မဟုတ် အခြားကင်ဆာတစ်ခုခုဖြစ်ပွားဖူးသူရှိသူများ

အထက်ဖော်ပြပါသူများသည် ဆရာဝန်နှင့်တွေ့ဆုံ အကြံဉာဏ်ယူ၍ သင့်တော်သောအရာများဆက်လက်လုပ်ဆောင်သင့်ပါသည်။ အဆုတ်ကင်ဆာကြောင့် သင့်အသက် သို့မဟုတ် သင်ချစ်ရသူ၏အသက်ကို ဆုံးရှုံးခွင့်မပေးပါနှင့်။

Recommend Health Articles

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Recommend Health Packages

Rate This Article

User rating: 2.88 out of 5 with 25 ratings

Recommended Doctor

Picheth Charoensiriwath, M.D. Summary: Internal Medicine Internal Medicine