Share the message

သွေးဆုံးကိုင် ပြဿနာ ကိုင်တွယ်ဖြေရှင်း

 

ပြောင်းလဲမှုတစ်ခုကို မိမိတစ်ဦးတည်းသာ ရင်ဆိုင်နေရတယ်လို စိတ်ထဲမှာခံစားနေရပါက အလွန်စိုးရိမ်ဖွယ်ဖြစ်နေပါမည်။ သုတေသနရှာဖွေလေ့လာချက်များအရ သွေးဆုံးကိုင်ခြင်းကို ရင်ဆိုင်ကြုံတွေ့ရသော အမျိုးသမီးများသည် အထီးကျန်အဖော်မဲ့နေခြင်းနှင့် မည်သူမှာ မိမိဘက်မှာမရှိဘူးလို့ခံစားနေ ရတယ်လို့တွေ့ရပါသည်။ သို့သော်လည်း မိမိ၌ဘဝတွင် ထိုကဲ့သို့သော ပြောင်းလဲမှုကြီးကြုံတွေနေရပြီဆိုပါက ၎င်းပြောင်းလဲမှုအခက်အခဲအတွက် ကူညီဖြေရှင်းနိုင်သော နည်းလမ်းများစွာရှိသည်ဆိုတာကို သင်သိရှိထားဖို့လိုအပ်ပါသည်။

အမျိုးသမီးထုအများစုသည် အသက်(၅၀) အရွယ်တွင် သွေးဆုံးကိုင်ခြင်းကိုကြုံတွေ့ရတတ်ပြီး  ၎င်းသိသာထင်ရှားသော  သွေးဆုံးကိုင်ခြင်း လက္ခဏာ တစ်ရပ်မှာ တစ်နှစ်ပတ်လုံးဓမ္မတာပျောက်ဆုံးခြင်းဖြစ်ပါသည်။ ထိုအမျိုးသမီးထုတိုင်းတွင် အမျိုးသမီးများတစ်ဦးချင်းစီ၌ ဟော်မုန်းမညီမျှခြင်းများ ဖြစ်သော လက္ခဏာများတွင်မူ ကွဲပြားခြားနားကြပါသည်။ အချို့အမျိုးသမီးများ ထိုသို့ကြုံတွေ့ရလျှင် ဝေဒနာလက္ခဏာများစွာ ခံစားရခြင်းမျိုးမရှိဘဲ၊ အချို့အမျိုးသမီးများတွင်မူ အလွန် ခက်ခဲသော အချိန်ကာလနှင့် ကြုံတွေ့နေရတတ်ပါသည်။ မည်သို့သော အခြေအနေ၌ ကြုံတွေ့စေကာမူ ထိုသို့ ကြုံဆုံရသော ထူးခြားသည့် ကာလတစ်ခုသို့ အမြဲကျရောက်သည်ဟူ၍ မမှတ်ယူလျက် ရှေ့ဆက်ရ မည့် အနာဂတ်ကို ဆက်လှမ်းပြီး ကျန်းမာကောင်းမွန်ခြင်းဆီသို့ ရောက်အောင် သွားရမည်သာဖြစ်ပေ သည်။

သင်နှင့် အမျိုးသမီးထုကြီးသည် မိမိတို့ သွေးဆုံးမည့် အချိန်၏ ပြောင်းလဲမှုကာလတစ်ခုကို ဖြတ် ကျော်ရမည်ကို မှတ်သားအသိအမှတ်ပြုပါသည်။ အမျိုးသမီးထုတိုင်း၏ သွေးဆုံးကုန်သွားသည့်
ကာလတွင် ရင်ဆိုင်ရသည့် လက္ခဏာများမှာ ကွာခြားကြပါသည်။ အောက်ပါတို့မှာ အချို့သော လက္ခဏာများဖြစ်ကြပါ သည်။

  • ပင်ပန်းနွမ်းနယ်ခြင်းနှင့် နှုံးချိခြင်း
  • ညဖက်တွင် ပူလိုက်အေးလိုက်ဖြစ်ခြင်းမျိုးကို လနှင့်ချီ (သို့မဟုတ်) နှစ်ချီကြာဖြစ်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်း
  • ဆံပင်ပါးခြင်း
  • အရေပြား ခြောက်ကပ်ခြင်းနှင့် ယားယံခြင်း
  • ပုံမှန်ထက်ချွေးထွက်ခြင်း
  • အိပ်စက်ခြင်းဆိုင်ရာ အခက်ခဲရှိခြင်း
  • ကိုယ်ခန္ဓာအလေးချိန်တက်လာခြင်း
  • မိန်းကကိုယ် ခြောက်သွေ့ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနည်းတွင် လိင်ဆက်ဆံရာ၌ နာကျင်ခြင်း
  • မှတ်ဥာဏ်သတိလစ်ဟင်းမှုကြုံခြင်း
  • စိတ်အပြောင်းအလဲမြန်၍ စိတ်ဓာတ်ကျခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • အစာအိမ်ပြဿနာများနှင့် ဆီးအိမ်ပြဿနာဖြစ်ခြင်းတို့ ပါဝင်ပါသည်။

သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ

မိမိတွင်သွေးဆုံးပြီလို့ စတင်သတိထားမိပြီးနောက် အချို့သောအမျိုးသမီးများသည်၎င်းတို့၏သွေးဆုံးခြင်းလက္ခဏာများသည် ဆရာဝန်နှင့်တွေ့ဆုံနိုင်လောက်သည်အထိ အခြေအနေမျိုးမရှိ
ခြင်း နှင့် ၎င်းအခြေအနေပျောက်ကင်းစေရန် ကူညီနိုင်မှုရှိမရှိသံသယဝင်တတ်သည်။ သို့သော်လည်း သင်ကြုံတွေ့နေရသော ဝေဒနာမှာ သဘာ၀ ဖြစ်ကြောင်း ဆရာဝန်နှင့်တွေ့ပြီး သေချာစွာနားလည်ရန်နှင့် လိုအပ်သော အထောက်အကူများ အကြံ ဉာဏ်များ ဤကာလ၌ ရယူသင့်ပေသည်။ အထူးသဖြင့် အသက် ၅၀ ရောက်လာလျှင် နှစ်စဉ်ကျန်းမာရေး စစ်သွားသင့်ကြောင်း လိုအပ်ပါသည်။ ဓမ္မတာကုန်ဆုံးချိန်သို့ရောက်လာလျှင် နှလုံးရောဂါ၊ ဇီ၀ဖြစ်စဉ်မမှန် ခြင်း ပြဿနာနှင့် အရိုးပွေရောဂါများကို ဖြစ်နိုင်ရန် ပိုမိုမြင့်မားသောကြောင့်ပင် ဖြစ်သည်။

  • (အရိုးသိပ်သည်းခြင်း) – အရိုးပွခြင်းရှိမရှိ စစ်ဆေးခြင်း။ ဤရောဂါသည် အသက် ၄၀ကျော် အမျိုးသမီးများ သွေးဆုံးပြီးနောက်ဖြစ်တတ်သော အရိုးပါးသွားခြင်းပင် ဖြစ်သည်။
  • (သွေးတိုင်းတာခြင်း) – လေဖြတ်ခြင်း၊ နှလုံး လုပ်ဆောင်ချက်ပုံမှန်မဟုတ်ခြင်းနှင့် ကျောက်ကပ်ပျက်ခြင်းဖြစ်နိုင် သော အခြေအနေမှ ကြိုတင်ကာကွယ်နိုင်ရန်။
  • ဆီးချို
  • သွေးတွင်း အဆီများခြင်း
  • ကိုလက်စထရော အဆီများခြင်း
  • (စိတ်ကျရောဂါဖြစ်ခြင်း) ဓမ္မတာကုန်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် လည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဲ့သို့ အရေးကြီးလှပါသည်။

အပြောင်းအလဲတစ်ခု ပြုလုပ်နိုင်ခြင်း

အပြောင်းအလဲတစ်ခုဆီသို့ သွားနေခြင်းနှင့် အပြောင်းအလဲများမှ လာသော စိုးရိမ်ခြင်းများမှာ မိမိကိုယ်ကို ခြောက်လှန့်စေနိုင်ပါသည်။ သို့သော်လည်း ထိုအပြောင်းအလဲတစ်ခုခြင်းစီကို ကျော်လွှားနေစဉ်တွင် မိမိကိုယ်ကို အားပေးနိုင်သည်မှာ မိမိသည် တဆင့်ပြီးတဆင့် ကျော်လွှားနိုင်မည် ဟူ၍ပင် ဖြစ်ပါသည်။ ထိုသို့သော အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • အစာပုံမှန်စားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားသုံးခြင်းသည် အရေးကြီးဆုံးနှင့် အချိန်မှန်စွာ စားသောက်ရန် အရေးကြီးလှပါသည်။ အပူနှင့်အစပ်တို့ကို ရှောင်ရှား၍ စားသုံးရ မည်။ အဘယ်ကြောင့်ဆိုသော် သွေးဆုံးသည့် လက္ခဏာတွင် မိမိကိုယ်ခန္ခာ၌ ပူခြင်းအေးခြင်း ဖြစ်ပွားနေသောကြောင့်ပင်ဖြစ်သည်။ အစေ့အဆန်၊ အသီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံး၍ အဆင်သင့်ပြုလုပ်ထားသော အစာများကို ရှောင်ရပါမည်။
  • မိမိ၏ခန္ဓာကိုယ်ကို အေးအောင်ထားခြင်းအားဖြင့် အပူဝေဒနာခံစားချက်ကို လျော့စေနိုင်ပါသည်။ ပေါ့ပါးသော အင်္ကျီများကိုသာ ဝတ်ဆင်ပြီး အခန်းကို ညဖက်တွင် အေးနေအောင်ထားထားရပါ မည်။
  • လေ့ကျင့်ခန်း- ပုံမှန်လေ့ကျင့်ခန်း လုပ်သွားခြင်းဖြင့် မိမိခန္ဓာကိုယ်ကို သက်လုံကောင်းစေရန်ဖြစ် သည်။ ဆရာဝန်နှင့် တွေ့ဆုံပြီးလျှင် မည်သည့်လေ့ကျင့်ခန်းသည် ပိုသင့်တော်ကြောင်း အကြံ ဥာဏ်ရယူရမည်။
  • အပန်းဖြေခြင်း – မိမိတွင် မည်သည့်ရောဂါက စိတ်ဖိစီးမှုကို ပို၍ တိုးစေကြောင်းသိသောအခါ ထိုအရာကို ရှောင်ရှားရမည်။ စိတ်ကို လျှော့ပေးစေသည်။ လေ့ကျင့်ခန်း (သို့မဟုတ်) ဝါဒနာ (သို့ မဟုတ်) ငြိမ်းချမ်းမှုပေးနိုင်သော အရာတစ်ခုကို စတင်မွေးရမည်။
  • အနားယူခြင်း – မိမိကိုယ်ကို အလုပ်ပို၍ ပိအောင် မလုပ်ဆောင်မိရန် ဂရုစိုက်ရမည်။ ညအိပ် ယာဝင်ခါနီးအချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်၍ အိပ်ယာဝင်ချိန် မှန်ရပါမည်။
  • မကောင်းသောအလေ့အကျင့် – ကော်ဖီ၊ အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရပါမည်။
  • ဖေးမမှုလက်ခံခြင်း – ဤကဲ့သို့သော ပြဿနာများ၌ တစ်ဦးတည်းမနေသင့်ရန် မိမိနှင့်ပြဿနာ ခြင်းတူသော သူငယ်ချင်းများဆီသို့ သွားရောက်ခြင်း၊ မိမိ၏ချစ်ခင်မြတ်နိုးရသူထံသို့ သွားရောက် သင့်ပေသည်။

 

 

 

Rate This Article

User rating: 3.19 out of 5 with 27 ratings

Recommended Doctor

, M.D. Summary: