Share the message

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်ပါတယ်

cervicalcancer

 

 

နှစ်စဉ်နှစ်တိုင်း ထိုင်းအမျိုးသမီး ၅ထောင်ကျော်ဟာ ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ပေမယ့် သားအိမ်ခေါင်းကင်ဆာရောဂါကို ခံစားနေရပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ ရင်သားကင်ဆာပြီးရင် ဒုတိယသေဆုံးမှု အများဆုံး ရောဂါတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နေ့စဉ်အမျိုးသမီး ၁၄ယောက်ဟာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနေပါတယ်။ ကာကွယ်ဆေးတွေပေါ်နေပေမယ့် လူအများစုဟာ သတိထားခြင်းမရှိကြသေးပါဘူး။

Dr. Surached Apininbongkode ဟာ မီးယပ်နဲ့ သားဖွားအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပြီး မီးယပ်ရောဂါများနဲ့ ပတ်သက်ပြီး သူရဲ့ကျွမ်းကျင်မှုဟာ အမျိုးသမီးများအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

အမျိုးသမီးတွေက သူတို့ဘာသာဂရုစိုက်မှုမရှိကြဘူး လေ့ကျင့်ခန်းနဲ့ ပတ်သက်လို့ပေါ့။ “အခုအချိန်က ကျန်းမာရေးစစ်ဆေးမှုတွေလိုအပ်တယ်” လို့ Dr. Surached က အကြံပြုပါတယ်။

“မတူညီတဲ့အသက်အရွယ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပြဿနာတွေက ကွဲပြားကြပါတယ်။ အသက်၂၀မှ ၃၀ပတ်၀န်းကျင်ကြားမှာ အဖြစ်အများဆုံးပြဿနာကတော့ မွေးလမ်းကြောင်းမှာ ကူးစက်ရောဂါ ဖြစ်ခြင်းပါပဲ။ ဟိုမုန်းမညီမျှမှုကြောင့်ဖြစ်စေ ကူးစက်ရောဂါပိုးကြောင့်ဖြစ်စေ ဖြစ်တတ်ပါတယ်။ အသက် ၃၀မှ ၄၀အတွင်းရှိ အမျိုးသမီးများဟာ ရာသီသွေးဆင်းချိန်မှာ နာကျင်မှုကိုခံစားရတတ်ပြီး ၄င်းအခြေအနေမှတစ်ဆင့် နာတာရှည် သို့မဟုတ် အခြားရောဂါများကိုဖြစ်ပေါ်လာစေပါတယ်။ အသက်၄၀ကျော် အမျိုးသမီးများ ဂရုစိုက်သင့်တာကတော့ သားအိမ်နဲ့ မျိုးဥအိမ်မှာ အကြိတ်တည်တာမျိုးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါလက္ခဏာက လူတိုင်းမှမပြတတ်ပါဘူး။” လို့ Dr. Surached က ရှင်းပြပါတယ်။

အမျိုးသမီးများအတွက် အသံတိတ် သတ်ဖြတ်သူကတော့ သားအိမ်ခေါင်းကင်ဆာပဲ ဖြစ်ပါတယ်။ “ဆေးစစ်ချက်ကို လူကိုယ်တိုင်လာရောက်ပြုလုပ်မှရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုရဲ့ အဓိကအကြောင်းအရင်းက HPV ရောဂါပိုးရှိတဲ့လူနဲ့ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တာကြောင့် လူအများစုက ဆေးစစ်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့ရောဂါပိုးက အဓိကအားဖြင့် HPV16 နဲ့ HPV18 တို့ပဲဖြစ်ပါတယ်။ ကင်ဆာကိုဖြစ်စေတဲ့ အခြား အကြောင်းအရာများလည်း ရှိပါတယ်။ ဒီရောဂါပိုး၂ခုကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ၇၀%သော အကြောင်းရင်းဖြစ်ပါတယ်။” လို့  Dr. Surached က ပြောကြားခဲ့ပါတယ်။

အများအားဖြင့် အမျိုးသားများဟာ ရောဂါပိုးသယ်ဆောင်လာပြီး အမျိုးသမီးများဟာ လိင်ဆက်ဆံမှုမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းဖြစ်ပါတယ်။ မတရားဘူးလို့ပြောလို့ရပေမယ့် ရှောင်လွှဲလို့တော့မရပါဘူး။

အမျိုးသမီးတိုင်းသိသင့်သော သတိထားရမည့်အချက်များ

  • လိင်ဆက်ဆံသူများပြားခြင်း
  • အသက်ငယ်ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်း
  • ကိုယ်ဝန်များများဆောင်ခြင်း သို့မဟုတ် ကလေးမွေးဖွားမှုများခြင်း
  • ကိုယ်၀န်တားဆေးကို အချိန်ကြာမြင့်စွာအသုံးပြုခြင်း
  • HPV ရောဂါစစ်ဆေးမှုမရှိခြင်း

 

အမျိုးသမီးများမှာ အထက်ပါအကြောင်းအရာများကို ရှောင်ကျဉ်ထားသော်လည်း သင်နဲ့ လိင်ဆက်ဆံသူရဲ့ ရောဂါရာဇဝင်ကို စစ်ဆေးဖို့လည်း အရေးကြီးပါတယ်။

 

အမျိုးသားတိုင်းသိသင့်သော သတိထားရမည့်အချက်များ

  • လိင်အင်္ဂါကင်ဆာဖြစ်ပွားနေခြင်း သို့မဟုတ် ဖြစ်ပွားခဲ့ဖူးခြင်း
  • သားအိမ်ခေါင်းကင်ဆာရှိသူနဲ့ လိင်ဆက်ဆံဖူးခြင်း
  • လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ရောဂါပိုးရှိနေခြင်း
  • အသက်ငယ်ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်း
  • လိင်ဆက်ဆံသူများပြားခြင်း

Dr. Surached ထပ်ပြောတာက “ဒီရောဂါပိုးက အမျိုးသားများကို ဒုက္ခမပေးနိုင်ပေမယ့် သူနဲ့ လိင်ဆက်ဆံသူ အမျိုးသမီးဆီကို ကူးစက်နိုင်ပါတယ်။”

သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အခြား အကြောင်းအရင်းများက ဆေးလိပ်သောက်ခြင်း၊ ခုခံအားကျဆင်းမှုရောဂါနှင့် အာဟာရချို့တဲ့ခြင်းများ ဖြစ်ပါတယ်။ “အချို့သောကင်ဆာရောဂါတွေ ဥပမာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာရောဂါတို့ဟာ မျိုးရိုးလိုက်တတ်ကြပါတယ်။ တကယ်လို့ ဆွေမျိုးနီးစပ်ထဲမှာ ရင်သားကင်ဆာ သို့မဟုတ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ခဲ့ဖူးသူရှိပါက အချိန်အပိုင်းအခြားအလိုက် ဆေးစစ်မှုပြုလုပ်ဖို့လိုအပ်ပါတယ်။ မည်သို့ပင်ဖြစ်စေ သားအိမ်ခေါင်းကင်ဆာဟာ ကြိုတင်ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါတယ်။ အမျိုးသမီးအများစုဟာ သားအိမ်ကိုစစ်ဆေးဖို့ ရှက်ရွံ့နေတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့သိထားသင့်တာက သားအိမ်ခေါင်းကင်ဆာကို ဆီးစစ်ဆေးပြီးတော့လည်း ရှိမရှိသိနိုင်နေပါပြီ။ ရောဂါပိုးမရှိဘူးဆိုတဲ့ အဖြေထွက်လာရင် ကိစ္စမရှိတော့ပါဘူး။ ဒါပေမဲ့ ရောဂါပိုးရှိနေတယ်ဆိုရင်တော့ သေချာတဲ့အဖြေထွက်လာဖို့ ထပ်ဆင့်” လို့ Dr. Surached က အကြံပေးပါတယ်။

သာမန်ကျန်းမာနေတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်ဟာ HPV ရောဂါပိုးကူးစက်ခံနေပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအနေအပေါ်မှာမူတည်ပြီး ရောဂါလက္ခဏာက ပေါ်လိုက်ပျောက်လိုက် ဖြစ်နိုင်ပါတယ်။ “HPV ရောဂါကူးစက်ခံရတယ်လို့ အဖြေထွက်လာတိုင်းလည်း သားအိမ်ခေါင်းကင်ဆာရှိနေတယ်လို့ ပြောလို့မရပါဘူး။ သားအိမ်ခေါင်းထဲမှာရှိတဲ့ ဆဲလ်တွေက ပုံစံမပြောင်းသွားသေးရင် ကင်ဆာမဖြစ်နိုင်သေးပါဘူး။ ဆဲလ်တွေက ပုံသဏ္ဍာန်ပြောင်းသွားရင်တော့ အခြေအနေကိုသိရဖို့ ဇီ၀စစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်လာပါလိမ့်မယ်။ တကယ်လို့ HPV က အရမ်းမြင့်နေရင့် ဆေးသွင်းဖို့ကို အကြံမပြုပါဘူး။” လို့ Dr. Surached က ရှင်းပြပါတယ်။

 

Dr. Surached က သားအိမ်ခေါင်းစစ်ဆေးခြင်းမပြုလုပ်တဲ့ လိင်ဆက်ဆံဖူးသူ အမျိုးသမီးတစ်ယောက် အကြောင်းကို မျှဝေပေးပါတယ်။ တစ်ရက်မှာတော့ သူဆေးစစ်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့မှာ အဆင့် (၁) ရှိတဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နေတာ သိလိုက်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ကင်ဆာဆဲလ်က ပျံ့နှံ့မှု မရှိသေးတဲ့အတွက် Dr. Surached က ကင်ဆာဆဲလ်ကို ခွဲထုတ်ပေးပြီး သူမဟာ ပြန်လည် ကောင်းမွန်လာပါတယ်။ သူအသားပေးပြီး ပြောချင်တာက “အစာအာဟာရတွေ ပြည့်စုံအောင်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တစ်နှစ်ကိုတစ်ခါ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ကိုလဲ မမေ့ပါနဲ့။ သားအိမ်ကိုစစ်ဆေးဖို့ စိတ်ထဲဘဝင်မကျဖြစ်နေရင် ဆီးနမူနာနဲ့တင် ရောဂါပိုးရှိမရှိ စစ်ဆေးလို့ရနေပါပြီ။ မကြောက်ပါနဲ့။ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် စိတ်ပူပန်မှုမရှိပဲ နေသွားနိုင်မှာပါ။ အဲဒါလေးကို စဉ်းစားကြည့်ပါ အမျိုးသမီးတို့။”

 

 

HPV ကာကွယ်ဆေးအကြောင်း

ဒီနေ့ခေတ်မှာ HPV ကာကွယ်ဆေးဟာ HPV ရောဂါပိုး ကူးစက်မှုကို ကာကွယ်ပေးပြီး ခုခံအားစနစ်ကိုလည်း တိုးတက်စေကာ စိတ်ချရပြီး ထိရောက်မှုရှိပါတယ်။ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလက္ခဏာမရှိပဲ HPV 16/18 တို့ကို အမြဲတမ်းကာကွယ်ပေးနိုင်ပါတယ်။

ကြိုတင်ကာကွယ်ဆေးဟာ ဆေး(၃)ခါထိုးပြီး နောက်မှာ စတင်ပြီး ဆေးအစွမ်းပြပါတယ်။ ဆေးအစွမ်းက ဘယ်အချိန်အထိရှိမလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ အနှစ် ၂၀ ကြာပြီး နောက်အထိ ဘာအချက်အလက်မှမကြားရသေးပါဘူး ကာကွယ်ဆေးကို ရာသီသွေးစပေါ်တဲ့ အချိန်ကနေမှ အသက် ၅၅ နှစ်အတွင်း အသုံးပြုနိုင်ပါတယ်။

Rate This Article

User rating: 3.67 out of 5 with 3 ratings

Recommended Doctor

Surached Apininbongkode, M.D. Summary: Obstetrics And Gynaecology Obstetrics And Gynaecology