Share the message

သည်းခြေအိတ်ကျောက်တည်ခြင်း မှာ ကလေးသူငယ်များတွင်လည်း ဖြစ်နိုင်

 

 

 

ကလေးသူငယ်များ အူအတက်ရောင်ခြင်း

သည်းခြေသည်အသည်းအောက်တွင်ရှိသောအိတ်ငယ်လေးကဲ့သို့အဂါၤအစိတ်အပိုင်းဖြစ်ပါသည်။၎င်းသည်သည်းခြေရည်များကိုစစ်ထုတ်ကာသည်းခြေပိုက်များမှတဆင့်ဆက်လက်ပို့ဆောင်ပေးရန်ဖြစ်သည်။ အထူးသဖြင့် အဆီများသော အစားအစာများ နှင့်အသားများစားသောအခါတွင်အူသိမ်ဘက်သို့သည်းခြေအိတ်မှသည်းခြေရည်များစစ်ထုတ်ပေးသည်။သည်းခြေရည်မှအစားအစာများကိုရောကာအစာချေရာတွင်ကူညီပေးပြီးအဆီကိုချေဖျက်ပေးသည်။ထို့အပြင်အသည်းရှိအညစ်အကြေးများကိုထုတ်ဖယ်ပေးကာကိုယ်ခန္ဓာအတွင်းရှိကိုလက်စထရောကိုဖယ်ရှားပေးသည်။ သည်းခြေအိတ်ကျောက်တည်ခြင်းသည်လူ ကြီးများတွင်အဖြစ်များသော်လည်း ကလေးသူငယ်များတွင်လည်းဖြစ်တတ်သည်။ ကလေးများတွင်အဖြစ်နည်းသော်လည်း ယခင်ကထက်ပိုများလာကာထပ်တိုးလာရန်အလားအလာရှိသည်။လူဦးရေအခြေခံလေ့လာဆန်းစစ်ချက်အရကလေးများတွင်သည်းခြေအိတ်ကျောက်တည်မှု မှာ ၁.၉ ရာခိုင်နှုန်းရှိပြီး သည်းခြေရည်အနည်ထိုင်မှုမှာ ၁.၄၆ရာခိုင်နှုန်းရှိသည်။ သည်းခြေအိတ်ကျောက်တည်ခြင်းဖြစ်ရသော အကြောင်းအရင်းများစွာရှိသော်လည်း အချို့မှာ တိကျ သေချာခြင်း မရှိသေးပေ။

လူကြီးများတွင် ဖြစ်တတ်သောအကြောင်းအရင်း (လူကြီးများတွင်ကိုလက်စထရောသည်းခြေအိတ်ကျောက်တည်ခြင်း အဓိကဖြစ်) နှင့်ကလေးများတွင်ဖြစ်တတ်သောအကြောင်းအရင်းများမတူကြပေ။ ကလေးငယ်များတွင် အမည်းရောင်သည်းခြေအိတ်ကျောက်တည်ခြင်းအဖြစ်များသည်။သွေးနှင့်ပတ်သတ်သောရောဂါရှိသည့်ကလေးများတွင်သွေးဆဲလ်များပျက်ပြားမှုကြောင့်ဖြစ်သည်။ထို့အပြင်ကယ်လ်ဆီယမ်ကာဘွန်နိတ်ကျောက်များနှင့်ကိုလက်စထရော ကျောက်များ မှာ နောက်ထပ် အဖြစ်များသော အချက်များဖြစ်သည်။

ကလေးသူငယ်များနှင့်ဆိုင်သောသည်းခြေကျောက်တည်ခြင်း နှင့် ဆက်စပ်နေသော ဖြစ်နိုင်ချေများ

  • သွေးနှင့်ဆိုင်သော ရောဂါများ – Thalassemia ကဲ့သို့သော သွေးဆဲလ်များ ပျက်ပြားသောရောဂါများ
  • Hepatobiliary ရောဂါများ – သည်းခြေရည် လမ်းကြောင်း ရောဂါ အစရှိသဖြင့်
  • အဝလွန်ခြင်း – အဝလွန်သော အခြေအနေ
  • ကျန်သောအချက်များတွင်ရေရှည်အကြောဆေးသွင်းရခြင်း၊အချို့သောဆေးဝါးများမှီဝဲရခြင်း၊ ခွဲစိတ်ကုသမှု ခံယူရခြင်း နှင့် မျိုးရိုးလိုက်ခြင်းတို့ဖြစ်သည်။

သည်းခြေကျောက်တည်ခြင်း လက္ခဏာများ

သည်းခြေကျောက်များသည်သည်းခြေအိတ်အောက်ပိုင်းနားတွင်ရှိနေတတ်ပြီးမည်သည့်ရောဂါ လက္ခဏာမျှ မပြသည့်အတွက်ကုသရန်မလိုအပ်ပါ။ သို့သော်လည်း သည်းခြေအိတ်မှ သည်းခြေရည်ကိုအူသိမ်ဆီသို့ညှစ်ထုတ်ချိန်တွင်သည်းခြေကျောက်များပါသွားကာအဝသို့ရောက်ပြီးအရည်အိတ်ပြွန်ပိတ်စေသောအခါဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင်အောင့်တတ်သည်။တစ်ချို့မှာအနည်းငယ်သာအောင့်တတ်ပြီးအစာမကြေသကဲ့သို့ထင်ရသည်။အချို့မှာအလွန်နာကျင်တတ်ပြီးကုန်းနေရတတ်သည်။စူးပြီးအောင့်ကာပုခုံးရိုးထိသို့မဟုတ်ညာဘက်ပုခုံးအောက်ထိနာတတ်သည်။တစ်ခါတစ်ရုံပိတ်နေသောသည်းခြေကျောက်သည်သည်းခြေအိတ်တွင်းပြန်ရောက်သွားပြီးနာကျင်မှုပျောက်ကင်းသွားတတ်သည်။တစ်ခါတစ်ရံသည်းခြေကျောက်မှာပိုတိုးလာတတ်ပြီးအရည်အိတ်ပြွန်သို့မဟုတ်သည်းခြေရည်ပြွန်ပိုပိတ်သည့်အတွက်သည်းခြေအိတ်နှင့်ပန်ကိရိယာပိုးဝင်ကာရောင်ရမ်းစေနိုင်သည်။ထိုသို့ဖြစ်ပါကအသည်းရှိသည်းခြေရည် အား ပိတ်ဆို့ကာ အောက်ပါအတိုင်း ရောဂါလက္ခဏာများဖြစ်လာနိုင်ပါသည်။

  • အဖျားတက်ပြီး တုန်ခြင်း
  • အသားဝါရောဂါဝင်ခြင်း
  • အဝါရင့်ရောင် ဆီးသွားခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း

Endoscopic Retrograde Cholangiopancreatogram (ERCP) ဟု ခေါ်သော စစ်ဆေးချက်တွင် endoscope (ရှည်ပြီးကွေးဆန့်လွယ်ကာအလင်းပါသောပိုက်) အားကလေး၏ပါးစပ်မှ တစ်ဆင့်အူသိမ်ဆီပို့ခြင်းပါဝင်သည်။ ထို့နောက်ပိုက်တစ်ခုအား ထို ပိုက်မှ တဆင် ဘုံသည်းခြေပြွန်ထဲသို့ ထည့်ကာ contrast medium ထည့်သွင်းပြီးဓာတ်မှန်ရိုက်(ဤနည်းလမ်းအား လူကြီးနှင့်ကလေးအကြီးပိုင်းအတွက်သုံးသည်)ပါသည်။ ထို ဓာတ်မှန်ပုံများမှ သည်းခြေပြွန်အတွင်း သည်းခြေကျောက်များရှိမရှိကိုပြနိုင်ပါသည်။သည်းခြေကျောက်များရှိပါက stent ထည့်ကာ သည်းခြေပြွန် ဖြတ်ပြီး ချဲ့ခြင်း အပါအဝင်/ သို့မဟုတ် ဘုံသည်းခြေပြွန် မှကျောက်များထုတ်ခြင်း ကို ပြုလုပ်ရန် ဆက်လက်လုပ်ဆောင် နိုင်သည်။

အထက်ပါ နည်းအပြင် Magnetic Resonance Cholangio Pancreatography (MRCP) ဟု ခေါ်သောနည်းဖြင့် သည်းခြေကျောက်များကို တွေ့နိုင်သည်။ ဤနည်းလမ်းတွင်ဓာတ်မှန်ရိုက်ခြင်းနှင့် အထဲသို့ထိုးသွင်းခြင်းမပါသောကြောင့် နာကျင်မှု မရှိသော်လည်း ပုံရိပ်ဖမ်းခြင်းသာ ပြုလုပ်နိုင်ပြီး stent ထည့်ခြင်း သို့မဟုတ် ကျောက်များ ဖယ်ရှားခြင်း ကဲ့သို့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ခြင်း မရှိပါ။

သည်းခြေကျောက်တည်ခြင်းကို ကုသခြင်း

သည်းခြေကျောက်များကိုမထိပဲအမြဲတစေစစ်ဆေးနေခြင်းသည်ခွဲစိတ်ထုတ်ခြင်းထက်အန္တရာယ်နည်းသော်လည်းခွဲစိတ်ကာကျောက်များကိုဖယ်ရှားခြင်းမပြုပါကသည်းခြေကျောက်ကြောင့်အစာအိမ်နာသော ၇၀ ရာခိုင်နှုန်းသော ကလေးများသည် ၂နှစ်အတွင်းရောဂါလက္ခဏာများပြန်ဖြစ်လေ့ရှိသည်။ ထို့အပြင်ပိုဆိုးသော ရောဂါလက္ခဏာများဖြစ်သည့်သည်းခြေအိတ် အလွန်ရောင်ခြင်း (acute cholecystitis) သို့မဟုတ် သည်းခြေကျောက်ကြောင့်သည်းခြေပြွန်များ ပိတ်ပြီး ရောဂါပိုးဝင်ခြင်း (cholangitis) တို့ဖြစ်တတ်ပြီး သေချာကုသမှု မခံယူပါက အသက်အန္တရာယ် စိုးရိမ်ရသည်။

သည်းခြေအိတ်ခွဲစိတ်ခြင်းသည်ခက်ခဲမှုမရှိပဲအဓိကနည်းလမ်း၂မျိုးဖြင့်လုပ်ဆောင်နိုင်သည်။တစ်မျိုးမှာ ဖွင့်၍ခွဲစိတ်ခြင်းနည်း (Open Cholecystectomy) ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဆစ်မီတဝေ့ ဆေးရုံအနေဖြင့် laparoscopic အပေါက်များဖေါက်ကာခွဲစိတ်ခြင်း နည်း (Laparoscopic Cholecystectomy) အား အသုံးပြုကာ ကလေးသူငယ်များတွင်ဖြစ်သော သည်းခြေကျောက်တည်ခြင်းအားလုံးကို ကုသမှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါသည်။ ဤနည်းတွင် ဝမ်းဗိုက်ကို ခွဲစိတ်ရာ အသေးလေး ၃၊၄ခုသာ ပေးရသည်။ ဗီဒီယိုကင်မရာဆက်ပြီး အလင်းပေးထားသော ပြွန်ငယ်လေး(laparoscope) အား ထိုခွဲစိတ်ရာထဲမှ ထည့်သည်။ ထို laparoscope သည် အလွန်သေးငယ်ပြီး အသေးဆုံး အရွယ်မှ ၂-၅မီလီမီတာ အချင်းရှိသည်။ ထိုမှတဆင့် ခွဲစိတ်ဆရာဝန်မှ သည်းခြေကျောက်နှင့်အတူ သည်းခြေအိတ်ကိုပါဖယ်ရှားရန် ခွဲစိတ်ပစ္စည်းအား ထည့်ရသည်။

ဤ ခွဲစိတ်နည်းသည်ထုံးတမ်းအရဖွင့်၍ခွဲစိတ်နည်းထက်ခွဲစိတ်ရာပိုသေးသောကြောင့်ကလေးများအတွက် ခွဲစိတ်ဒဏ်ရာ နာကျင်မှုပိုနည်းကာ ခွဲစိတ်ပြီးနောက်အချိန်အနည်းငယ်အတွင်း နာလန်ထူနိုင်သည့် အတွက်အချိန်တိုအတွင်း အိမ်ပြန်၊ကျောင်းသွားနိုင်သည်။ ခွဲစိတ်ရာအလွန်သေးသည့်အတွက်ပိုးဝင်နိုင် ခြေနည်းကာ ကလေးလူနာများအတွက် ပိုကောင်းပါသည်။

 

ပိုမိုသိရှိလိုပါက

Please complete the form below and we'll get back to you within 48 hours with a response

 

Rate This Article

User rating: 3.44 out of 5 with 9 ratings

Recommended Doctor

Supatra Teekatada, M.D. Summary: Pediatric Surgery Pediatric Surgery