Share the message

လမ်းဘေးအစားအစာတွေကို စိတ်ချယုံကြည်စွာစားနိုင်ဖို့ သိထားသင့်သော အချက်များ

 

 

  • ယာဉ်ကြောထူထပ်တဲ့နေရာတွေမှာရှိတဲ့ လမ်းဘေးအစားအစာတွေကို ရှောင်ကြည်ပါ။ – Carbon monoxide ပမာဏများပြားစွာပါဝင်တဲ့ အစားအစာတွေကိုပုံမှန်စားသုံးခြင်းက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အသက်ရှုလမ်းကြောင်းစနစ်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ အဆိုပါ ဖြစ်စဉ်က ခေါင်းမှုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် ပျို့အန်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် မော်တော်ယာဉ် မှထွက်သော အိတ်ဇောအငွေ့တွေက ကာဗွန်အမှုန့်တွေနဲ့ ခဲတွေပါဝင်နေတဲ့အတွက် ၎င်းတို့ဟာ ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။
  • ချက်ပြုတ်ပြင်ဆင်ထားပြီးသားအစားအစာတွေကို ရောင်းချနေတဲ့ ဈေးဆိုင်တန်းတွေထက် ချက်ချင်း ချက်ပြုတ်ပေးထားတဲ့ဈေးဆိုင်တွေကို ရွေးချယ်ပါ၊ အသင့်စားအစားအစားတွေက တစ်ခါတလေမှာ ယခင်နေ့ က ကျန်ရစ်နေတဲ့အစားအစာတွေကို ပြန်လည်အပူပေးပြီး ရောင်းချတာဖြစ်နိုင်ပါတယ်။ ယင်းလိုမျိုး အစားအစာတွေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီယားပိုးတွေပါဝင်နိုင်ပြီး နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။

 

အစားအစာကိုကြိုက်နှစ်သက်တဲ့ Foodie တစ်ယောက်အတွက်တော့ ထိုင်းနိုင်ငံဟာ နတ်ပြည်အလားပါ – အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ လမ်းဘေးအစားအစာတွေက အခုအချိန်မှာ တကမ္ဘာလုံးမှာ ပျံ့နှံ့နာမည်ကြီးနေပါတယ်။ CNN လိုမျိုး လူသိများတဲ့ သတင်းဌာနတစ်ခုတောင်မှာဘန်ကောက်ကိုတကမ္ဘာလုံးမှာရှိတဲ့ မြို့ကြီး ၂၃ မြို့ထဲမှာမှ အကောင်းဆုံးသော လမ်းဘေးအစားအစားတွေရှိတဲ့မြို့လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ သူရဲ့နိုင်ငံကိုယခုလက်ရှိနေရာမှာ နှစ်နှစ်ဆက်တိုက် ထိန်းထားနိုင်ခဲ့ပြီးတော့ နံပါတ် (၂) နဲ့ နံပါတ် (၃) နေရာမှာရှိတဲ့ တိုကျိူ နဲ့ ဟာဝိုင်အီ လို မြို့ကြီးတွေကိုတောင် ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင်ကလည်း လမ်းဘေးအစားအစာတွေကို ရေရှည်နှစ်ခြိုက် ရင်းနှီးကျွမ်းဝင်စွာ သုံးဆောင်လေ့ရှိပါတယ်။ အမြန်အသင့်စားလို့ရတဲ့ မနက်စာ ပဲနို့၊ ဝက်သားကင်၊ ဆန်ပြုတ်၊ အလုပ်သမားတွေအတွက် နေ့လည်စာ ဝက်ခြေထောက်နဲ့ ထမင်း၊ ခေါက်ဆွဲကြော် ဒါမှမဟုတ် ကြက်ဥခေါက်ဆွဲကို အခြောက်ပဲဖြစ်ဖြစ် ခေါက်ဆွဲပြုတ်ပဲဖြစ်ဖြစ် နဲ့ နေ့တစ်နေ့ရဲ့ အဆုံးသတ်ကို လက်ဆွဲ ဟင်းပွဲတွေထက်ထားတဲ့အိတ် ၊ သူငယ်ချင်းတွေနဲ့ လမ်းဘေးက သင်္ဘောသီးသုပ်စပ်စပ်လေး ဒါမှမဟုတ် အရသာရှိတဲ့ ရိုးရာမုန့်တွေနဲ့ အိမ်ပြန်သွားပြီး နောက်တစ်နေ့မှာလည်း အရသာရှိတဲ့ အစားအစာတွေအတွက် ပြင်ဆင်နိုင်ကြပါတယ်။

တစ်ခါတလေမှာတော့ လမ်းဘေးအစားအစားတွေ စားသုံးခြင်းဟာ အရေးပါးတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းဘေးအစားအစာရောင်းချတဲ့ဆိုင်အများစုက လူအသွားအလာထူထပ်တဲ့ လူသွားလမ်းပေါ်မှာ ရောင်းချတာဖြစ်ပြီး လူအုပ်တွေကလည်း ဖြတ်လျှောက်နေသလို ကားတွေကလည်း တစ်နေကုန်ဖြတ်သန်းသွားနေတာကြောင့် အစားအစာတွေမှာ ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေကပ်ညှိနေစေမှာမလွဲပါဘူး။ အချို့သောကိစ္စတွေမှာတော့ အသားစိမ်းတွေ ကုန်ကြမ်းတွေကိုယ်တိုင်က အဓိကဖြစ်နေပြီးတော့ သေချာစွာမသိုလှောင်မသိမ်းဆည်းထားတာ ဒါမှမဟုတ် သေချာစွာမသန့်စင်ထားတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာချက်ပြုတ်ရာတွင်လည်း အစားအစာကို သေချာစွာ မချက်ပြုတ်ထားတာ၊ ကျက်အောင် မချက်ထားတာ ဒါမှမဟုတ် ဟင်းခက်အမွှေးအကြိုင်တွေအလွန်အကျွံထည့်ချက်ပြုတ်ထားတာတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အကြိုက်ဆုံးလမ်းဘေးက ထိုင်းစာကိုစားပြီး ဆေးရုံရောက်သွားတာမျိုးမဖြစ်ရအောင် လမ်းဘေးစာတွေကို သေချာစွာလေ့လာပြီး စားသုံးသင့်ပါတယ်။

အရသာ ပြည့်စုံမှု နှင့် စိတ်ချရမှုအတွက် သေချာစွာရွေးချယ်ပါ

နေရာ : ပထမဆုံးအနေနဲ့ သေချာစွာဂရုပြုရမှာကတော့ အစားအသောက်ရောင်းချရာနေရာပါ။ လမ်းဘေးဈေးသည်အများစုဟာ လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားတွေ ဝယ်ယူဖို့ အဆင်ပြေစေဖို့အတွက် လူသွားလမ်းဘေးမှာ နေရာယူထားကြတာဖြစ်ပါတယ်။ အဆိုပါ နေရာတွေဟာ ဗိုက်ဆာနေတဲ့သူတွေအတွက် လမ်းလျှောက်ရုံနဲ့ အလွယ်တကူစားစရာကို ရှာဖွေနိုင်တဲ့နေရာတွေဖြစ်ပါတယ်။ လမ်းဘေးမှာရှိနေတဲ့ အစားအစာတွေဟာ ကားတွေရဲ့ အိတ်ဇောပိုက်တွေကနေ လာတဲ့ ဖုန်မှုန့်တွေနဲ့ မီးခိုးတွေပါဝင်မှုမြင့်မားတာကိုတွေ့ရပါတယ်။ တကယ်လို့ လမ်းဘေး ဆိုင်တွေကနေ စားမယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့နေရာ ဒါမှမဟုတ် လူသွားလမ်းနဲ့ အနည်းငယ်ဝေးတဲ့နေရာ နဲ့ ကားအိတ်ဇောပိုက်တွေက အငွေ့တွေနဲ့ ဖုန်မှုန့်တွေကို ထိတွေ့မှုမရှိတဲ့နေရာတွေကိုပဲ ရွှေးချယ်ပါ။

သန့်ရှင်းမှု : အစားအသောက်ရွေးချယ်မယ်ဆိုရင် ပတ်ဝန်းကျင်ကို အမြဲတစေစူးစမ်းနေဖို့လိုအပ်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေသိမ်းထားတဲ့ ကြောင်အိမ်လိုမျိုးနေရာတွေ၊ စားပွဲတွေနဲ့ ကုလားထိုင်တွေ၊ စားပွဲမှာကာလကြာတင်ထားတဲ့ ဟင်းခေတ်အမွှေးအကြိုင်တွေကိုပါ သေချာစွာအကဲခတ်ပါ။ အဆိုပါ ပစ္စည်းတွေက အခြားသော ပိုပြီး ကြီးမားပြီး ပိုဈေးကြီးတဲ့ စားသောက်ဆိုင်တွေလိုမျိုး သန့်ရှင်းတဲ့အနေအထားတစ်ခုရှိစရာမလိုပေမယ့်ယေဘုယျသန့်ရှင်းမှုမျိုးတော့ ရှိသင့်ပါတယ်။

လတ်ဆတ်စွာချက်ပြုတ်ထားတဲ့ အစားအစာ : အသင့်စား အစားအစာတွေထက် လတ်ဆတ်စွာ ချက်ပြုတ်ထားတဲ့ စားသောက်ဆိုင်မှအစားအသောက်တွေကို ပိုပြီးရွေးချယ်ပါ။ ချက်ပြုတ်ပြီးသား အသင့်စားသုံးနိုင်တဲ့ အစားအစာတွေက သင့်ကို အချိန်ဘယ်လောက်ကြာအောင် ချက်ပြုတ်ထားတယ်ဆိုတာနဲ့ ဘယ်လောက်ကြာကြာထားထားသလဲဆိုတာကို မသိစေနိုင်သလို အဆိုပါ အစားအစာတွေက လက်ကျန်အစားအစာတွေကို ပြန်ပြီးကြော်လှော်အပူပေးပြီး ရောင်းချနေတာလားဆိုတာကိုလည်း မသိနိုင်စေပါဘူး။ ချက်ပြုတ်ပြီးထားရှိထားတဲ့အစားအစာတွေမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီယားတွေပါဝင်နေနိုင်ပါတယ်။ ဒါ့အပြင် အချို့သော အုန်းနို့ပါဝင်တဲ့အစားအစာတွေဟာ ပူပြင်းတဲ့ ရာသီဥတုမှာ လွယ်ကူစွာပျက်စီးသွားနိုင်ပါတယ်။အချို့သော ဆိုင်တွေမှာ ဟင်းချက်တဲ့နေရာမှာ အသုံးပြုထားတဲ့ ကြာရှည်ခံပစ္စည်းတွေကလည်း ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

သတိထားသင့်တဲ့ လမ်းဘေးအစားအသောက်တွေ

  1.  ကြော်လှော်ထားတဲ့အစားအစာတွေ : ၎င်းတို့ကို ကလေးငယ်တွေ၊ လူကြီးတွေနဲ့ သက်ကြီးပိုင်းတွေပါ ကြိုက်နှစ်သက်တဲ့အတွက် ရေပန်းစားနေပြီး အခုအစားအစာတွေဟာ အလွယ်တကူစားသောက်နိုင်တယ်၊ အရသာရှိပြီးတော့ ဈေးလည်းမကြီးတဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အရသာရှိမှုစေဖို့အတွက် ကြာရှည်စွာကြော်လှော်ထားတဲ့စနစ်က ကင်ဆာရောဂါကို ဖြစ်စေနိုင်သဖြင့် အဆီပိုတွေကိုလည်း ဖြစ်စေပါတယ်။ အချို့သော စားသောက်ဆိုင်တွေကတော့ အကြော်ဆီကို မကြာခဏလဲလှယ်တယ်ဆိုပေမယ့် အဆီပမာဏပေါကြွယ်ဝတဲ့ အစားအသောက်တွေက စိုးရိမ်ဖွယ်ရောဂါတွေဖြစ်တဲ့ အဝလွန်ခြင်း၊ သွေးအတွင်းမှာ အဆီများတဲ့ရောဂါ၊ ဆီးချိုရောဂါ နဲ့ သွေးပေါင်ချိန်မြင့်တတ်တာတွေဖြစ်စေနိုင်ပါသေးတယ်။
  2. ကင်ထားတဲ့ ဝက်သား၊ ကြက်သားနဲ့ ပင်လယ်စာများ : ကင်ထားတာ ဒါမှမဟုတ် လှော်ထားတဲ့အစားအသောက်တွေက မီးဖိုနဲ့တိုက်ရိုက် ထိတွေ့ပြီး ချက်ပြုတ်ရတာတွေဖြစ်ပါတယ်။ မီးဖိုကနေ ထွက်ရှိလာတဲ့ မီးခိုးတွေက တူးသွားအောင်ကင်တာ နဲ့ မီးမြိုက်တာတွေကြောင့် ကင်ဆာဖြစ်ပွားစေနိုင်တဲ့ အခွင့်အလမ်းကို ပိုပြီး မြင့်တက်လာစေပါတယ်။
  3. အစားအစာရဲ့ အရောင်၊ ချိုမြိန်မှု နဲ့ ကြွပ်ရွမှု : ကြွပ်ရွအောင် ပြုလုပ်ထားတဲ့ အဆာပြေစားစရာတွေ၊ ဖုတ်ထားတဲ့ အစားသောက် ဒါမှမဟုတ် ထိန်းသိမ်းထားတ့ အစားအစာတွေက အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက်ပိုပြီးစွဲဆောင်မှုရှိအောင် စီမံ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ အရောင်ပါဝင်တဲ့ အစားအသောက်တွေက တစ်ခါတလေမှာ အစားအသောက်တွေမှာ မထည့်သွင်းသင့်တဲ့ လက်လုပ်အရောင်တင်မှုန့်တွေကို အသုံးပြုထားပါတယ်။ အချိူဓါတ်ဖြည့်သွင်းပေးတဲ့ Sweetener တွေမှာလည်း saccharin ပါဝင်နေနိုင်ပြီး ကြွပ်ရွမှုအတွက်လည်း Borax ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ အစားအစာတွေကို မကြာခဏစားသုံးတာ ဒါမှမဟုတ် ပမာဏအမြောက်အများစားသုံးတယ်ဆိုရင် ခန္တာကိုယ်ကို ထိခိုက်နိုင်စေပါတယ်။
  4. အလွန်အမင်းစပ်သောအစားအစားများ၊ မျိုးစုံသော ပူစပ်တဲ့ အသုပ်တွေ : အခုလိုမျိုး အစားအစာတွေက ဟင်းခတ်အမွှေးအကြိုင်တွေအများအပြား အသုံးပြုဖို့ လိုအပ်သလို မချက်ပြုတ်ထားတဲ့ ကုန်ကြမ်းအစိမ်းတွေဖြစ်တဲ့ – ဟင်းသီးဟင်းရွက်စမ်းတွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု၊ မြေပဲ၊ ပုဇွန်ခြောက် နဲ့ ငရုတ်သီးအခြောက်မှုန့်တွေကို အသုံးပြုတာဖြစ်ပြီး တစ်ခါတလေမှာ မှိုတက်နေနိုင်ပါတယ်။ ဒါ့အပြင် သဘာဝသံပရာမဟုတ်တဲ့ flavours ဒါမှမဟုတ် ဗီနီဂါတွေကလည်း အဆိုပါ အသုပ်တွေရဲ့ အချဉ်ဓါတ်ကို ပိုကဲရန်အတွက် ထည့်လေ့ရှိတာကြောင့် အစာမကြေတာ၊ ဝမ်းပျက်တာတွေဖြစ်ပွားနိုင်ပါတယ်။

လမ်းဘေးအစားအသောက်တွေကို အဖော်ပြုနေတဲ့ မမျှော်လင့်တဲ့ရောဂါပိုးတွေ

ကားအိတ်ဇောပိုက်ကနေ ထွက်လာတဲ့ အမည်းရောင်မီးခိုးတွေက လောင်စာဆီပြည့်ဝစွာလောင်ကျွမ်းခြင်းမရှိတာကြောင့်ဖြစ်ပေါ်တာဖြစ်ပြီး carbon monoxide, carbon dioxide, hydrocarbon, nitric oxide နဲ့ nitrogen oxide အပြင် အခြားသော hydrocarbon compound တွေပါဝင်တာကြောင့် အဆိုပါ အရာဝတ္ထုတွေဟာ ပတ်ဝန်းကျင် နဲ့ လူ့ခန္တာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။

Carbon monoxide ပါဝင်တဲ့ အစားအစာတွေကို ပုံမှန် အမြောက်အများစားသုံးခြင်းက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အသက်ရှုလမ်းကြောင်းစနစ်တွေကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ခေါင်မူးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ပျို့အန်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် အိတ်ဇောကနေ ထွက်တဲ့အငွေ့တွေမှာ ကာဗွန်အမှုန်တွေနဲ့ ခဲဓါတ်တွေပါဝင်ပြီးတော့ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေလို့ သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO က အစားအသောက်တွေမှာ ခဲဓါတ်ပါဝင်မှုနှုန်းကို အစားအစာ ၁ ဂရမ်မှာ ခဲဓါတ် ၁ Microgram ထက် ပိုပြီး ပါဝင်ခြင်းမရှိရဘူးလို့ သတ်မှတ်ထားပါတယ်။ ခဲဓါတ်ပါဝင်တဲ့ အစားအစာတွေကို အချိန်ကြာမြင့်စွာ စားသုံးခြင်းက ဦးနှောက်ကို ထိခိုက်နိုင်စေပြီးတော့ အသက်သေဆုံးစေတဲ့အထိဖြစ်စေနိုင်ပါတယ်။

ဓါတုပစ္စည်းတွေ နဲ့ တာရှည်ခံ ပစ္စည်းတွေမှာပါဝင်တဲ့ ပိုးမွှားတွေ၊ ဘက်တီးရီးယား တွေနဲ့ မှိုတွေနဲ့ သင့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့နောက်ထပ်အချက်တစ်ခုပါ။ ဒါက များစွာသောလမ်းဘေးဈေးသည်တွေက ကုန်ကြမ်းပစ္စည်းတွေကို သေချာစွာဆေးကြောနိုင်တဲ့ နေရာအလွန်ရှားပါးတာကြောင့်ဖြစ်ပါတယ်။ ခွက်ယောက်တန်ဆာတွေကို တစ်နေကုန်ထပ်ခါ ထပ်ခါ အသုံးပြုနေရပြီးတော့ အရည်တွေနဲ့ အစားအသောက်တွေကို ထည့်သွင်းတဲ့အချိန်မှာ နောက်ထပ်အန္တရာယ်တစ်ခုဖြစ်လာစေပါတယ်။ တကယ်လို့ ဘက်တီးရီယားတွေရှိတဲ့ ခွက်ယောက်တွေနဲ့ အစားအစာစားသုံးမိခဲ့ရင် အဲ့ဒါက အစာအဆိပ်သင့်မှုကိုဖြစ်စေနိုင်ပြီး ကာလဝမ်းရောဂါ နဲ့ ဝမ်းပျက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ဓါတုဗေဒပစ္စည်းတွေဖြစ်တဲ့ ကြာရှည်ခံပစ္စည်းတွေ၊ saccharin, borax နဲ့ သဘာဝမဟုတ်တဲ့ သံပရာတွေဟာ synthetic Citric Acid ကနေ ရရှိတာဖြစ်ပြီး အနည်းငယ်စားသုံးတဲ့အချိန်မှာတော့ ခန္တာကိုယ်ကို ထိခိုက်ခြင်းမရှိပါဘူး။ ပုံမှန်စားသုံးမယ်ဆိုရင်တော့ သူတို့က ကိုယ်ခန္တာထဲမှာ စုဝေးသွားမှာဖြစ်ပြီးတော့ နောက်ဆုံးမှာ ကင်ဆာရောဂါအထိဖြစ်ပွားစေနိုင်ပါတယ်။
လမ်းဘေးအစားအစာတွေဟာ အရသာရှိပြီး ၊ စားလို့ကောင်းတယ်၊ လွယ်ကူပြီး ဈေးသက်သာတယ်ဆိုပေမယ့် အများကြီး စားသုံးတာ နဲ့ ဂရုမစိုက်ပဲစားသုံးတာတွေက် ကျန်းမာရေးကို လက်ရှိ အခုအချိန်မှာရော အနာဂတ်မှာပါ ထိခိုက်စေမှာဖြစ်ပါတယ်။ လမ်းဘေးစားသောက်ဆိုင်တွေကို သန့်ရှင်းမှုရှိခြင်းနဲ့ ပါဝင်ပစ္စည်းတွေကို သေချာစွာရွေးချယ်စားဖို့က စားသုံးသူတွေအတွက် အရေးကြီးပါတယ်။ အသင့်အတင့်စားသုံး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာက သင့်ကို ကျန်းမာရေးကောင်းစေမှာဖြစ်ပြီး နောက်ထပ်နှစ်တွေအများကြီး ထိုင်းနိုင်ငံရဲ့ အရသာရှိတဲ့ လမ်းဘေးအစားအစာတွေကို သုံးဆောင်နိုင်ဖို့ အခွင့်အရေးရရှိစေမှာပါ။

Rate This Article

User rating: 0 out of 5 with 0 ratings