Share the message

ရွှေရတုရှင် အမျိုးသားနှင့်သက်ဆိုင်သော သိသင့်သိထိုက်သည့် အချက်များ

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • အသက်(၄၀) အရွယ်သို့ ရောက်ရှိသော အမျိုးသားများသည် ကိုယ်ခန္ဓာထဲမှ (testosterone) ဟော်မုန်း ပမာဏ လျော့နည်းလာသည် ဖြစ်၍ ထိုသို့ လျော့နည်းလာခြင်းကြောင့် ခန္ဓာကိုယ်၏လုပ်ဆောင် ချက်များစွာဖြစ်သော ကိုယ်ခန္ဓာကြွက်သား ကြီးထွားမှု ဇီ၀ဖြစ်စဉ် အရိုးသန်စွမ်းမှုနှင့် လိင်ပိုင်းဆိုင် ရာ စိတ်အားထက်သန်မှုများတွင် အားနည်းမှုများဖြစ်ပေါ်လာစေပါသည်။ ထိုအချက်များအားလုံး ၏ ဆိုလိုရင်းမှာ အမျိုးသားများသည် သူတို့၏ ရွှေရတုနှစ်ဆီသို့ လှမ်းနေသည်ဟု ဆိုလိုခြင်းဖြစ် ပါသည်။
  • အမျိုးသားများသည် သူတို့၏ ရွှေရတုနှစ်ဆီသို့ဝင်ရောက်သည် ဖြစ်သော်လည်း အမျိုးသမီး များ ဓမ္မတာကုန်ဆုံးလျှင် ကြုံတွေ့မြဲဖြစ်သော လက္ခဏာများကဲ့သို့ မကြုံတွေ့ရသေးပေ။ သို့ သော်လည်း သူတို့၏ အထင်ရှား အသိသာဆုံး လက္ခဏာမှာ လိင်ပိုင်းဆိုင်ရာပြဿနာဖြစ်သော လိင်ပိုင်းဆိုင်ရာအင်္ဂါရပ် အားမသန်ခြင်း၊ အားပျော့သလို ခံစားရခြင်းနှင့်မိမိ၌ အရည်အ သွေးပြည့်စုံသော သာယာပျော်ရွှင်မှုကို သံသယဝင်ခြင်းနှင့် အချို့သောသူများတွင်မူ စိတ်ကျရော ဂါပါ ထပ်၍ဝင်လာသည်။ အလားတူ၊ အမျိုးသားများ၏ ရွှေရတုနှစ်တွင် အားကစားပိုင်းဆိုင်ရာ အ ရည်အသွေးကျဆင်းလာသည်နည်းတူ အလုပ်အကိုင် လုပ်ဆောင်ရာတွင်ပါ အားမာန်အပြည့်လုပ် ဆောင်မှု ကျဆင်းလာတော့သည်။
  • အစားအစာများတွင်ဟော်မုန်းဓာတ်ကို ရရှိစေသောကြောင့် ထိုအစားအစာများကို အဓိက အလေးထား စားသောက်ပေး ခြင်းဖြင့် ဆိုးရွားသော ဝေဒနာလက္ခဏာများကို လျော့ပါးစေနိုင်ပါ သည်။ ထိုသို့သောအစားအစာများမှာဆော်လမွန်ငါး၊ အစေ့အဆံပါသောမြေပဲများ၊ အစိမ်းရောင်ပါဝင်သော ဟင်းသီးဟင်း ရွက်၊ ကြက်ဥအနှစ်၊ ဖရဲသီး၊ ကညွတ်နှင့် ဂုံးစသည်တို့သည် သတ္တုဓာတ် မြင့်မားစွာ ပါ၀သော ကြောင့် အသက်အရွယ်အိုမင်းခြင်းကို ကြန့်ကြာစေနိုင်ပါသည်။ သို့သော်လည်း ထိုသို့သောအ စားအစာများမှာ သွေးတွင်း အဆီကို များစွာမြင့်တတ်စေခြင်းကြောင့် မည်သည့်အစာကို မှန်ကန် စွာ ရွေးချယ်စားသုံးရန် သိရှိဖို့ လိုအပ်လှပါသည်။

အမျိုးသားများ၏ ရွှေရတုနှစ်တွင် ခန့်ငြားထည်ဝါသော အခြေအနေရှိခဲ့ကောင်းရှိခဲ့သော်ငြားလည်း၊ အမျိုးသမီးများအား စိတ်ဆိုးအောင် ပြုလုပ်နိုင်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်စေခြင်း(သို့မဟုတ်) ဒူးမခိုင်ခြင်းများ ဖြစ်စေတတ်ပါသည်။ သို့ သော်လည်း ဤရွှေရတုနှစ်ဆိုသည်မှာ အမှန်စင်စစ် အမျိုးသားများနှင့် အမျိုးသမီးနှစ်ဦးနှစ်ဖက်စလုံး၏ အချိန်ပြိုင်တူ ကျရောက်ခြင်းပင်ဖြစ်သည်။

အမျိုးသားထု၏ ရွှေရတုနှစ်တွင်ယောက်ျားဟော်မုန်း (testosterone) ပမာဏ သဘာဝအားဖြင့် ကျဆင်းသွားစေပါသည်။ Testosterone သည် အမျိုးသားများအတွက် အရေးပါသော ကျားဟော်မုန်းဖြစ်သည်။ ထိုဟော်မုန်းသည် လိင်ပိုင်းဆိုင်ရာ အခန်းကဏ္ဍ၌ အဓိကျသော အရာဖြစ်၍ ခန္ဓာကိုယ်၏ အခြားသော လုပ်ဆောင်ချက်များစွာဖြစ်သည့် ကြွက်သားဖွံဖြိုးခြင်း၊ ဇီ၀ဖြစ်စဉ်လုပ်ဆောင်ချက်နှင့် အရိုးခိုင် ခံ့ခြင်းတို့အတွက် ဖြစ်သည်။ ထို့ကြောင့် အသက် ၄၀ မှစ၍ (testosterone) ကျားဟော်မုန်းသည် စတင်၍ ကျဆင်းလာရာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအထိ ကြီးမားသော ရိုက်ခတ်မှုတစ်ခုပင်ဖြစ်၍ ဆေးပ ညာအရ ဤကဲ့သို့သော ဖြစ်စဉ်ကို (andropause) ခေါ် ဟော်မုန်ဆိတ်သုဉ်းခြင်းဟု ခေါ်ဝေါ်ကြပါသည်။

အမျိုးသားတစ်ဦးသည် မိမိ၏ရွှေရတုနှစ်သို့ ဝင်ရောက်သည်၊ မဝင်ရောက် ကြောင်း ထောက်ပြထားသော ကြန်အင်လက္ခဏာ (၁၀)ချက်

(၁) လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု လျော့နည်းလာခြင်း
(၂) အားပျော့ခြင်း
(၃) ခွန်အားနှင့် ကြာရှည်စွမ်းဆောင်နိုင်စွမ်း လျော့ကျလာခြင်း
(၄) အမြင့်ပေနှိမ့်ကျခြင်း
(၅) ပျော်ရွှင်မှု ပမာဏနည်းလာခြင်း
(၆) စိတ်ကျေနပ်မှုမရရှိခြင်းနှင့် စိတ်ဓါတ်ကျခြင်း
(၇) အမျိုးသားလိင်အင်္ဂါ အားလျော့လာခြင်း
(၉) အားကစားပိုင်း၌လည်း လှုပ်ရှားမှု စွမ်းအင်လျော့နည်းသွားခြင်း
(၁၀) အလုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်း

အမျိုးသားတစ်ဦးသည် အကယ်၍ အထက်ဖော်ပြပါလက္ခဏာနံပါတ် (၁)၊ နံပါတ် (၇) သို့မဟုတ် လက္ခဏာစုစုပေါင်း (၃) ခု ကို ခံစားရပြီမှန်လျှင် ဤသို့သော အခြေအနေသည် အမျိုးသားဟော်မုန်း ကျဆင်းလာခြင်းကို ညွှန် ပြနေပြီး ဆရာဝန်နှင့် တွေ့ဆုံ ဆွေးနွေးသင့်ပေသည်။

အမျိုးသားများ ကျားဟော်မုန်း ကုန်ဆုံးခြင်းဆိုင်ရာ အချို့သောအချက်အလက်များ

 

  • အမျိုးသားတစ်ဦးအနေဖြင့် အသက်ရလာသည်နှင့်အမျှသူတို့၏ (Testosterone) သို့မဟုတ် အမျိုးသားဟော်မုန်းပမာဏကျ ဆင်းသည့်ကို ကြုံတွေ့ရပေမည်။ သို့သော်လည်း အမျိုးသမီးများ ဓမ္မတာဆုံးသွားသကဲ့သို့သုည ပမာဏအထိသို့ ကျဆင်းသွားခြင်းမျိုး မဟုတ်ပေ။
  • အမျိုးသားနှင့် အမျိုးသမီး အသက်အရွယ်တူချိန်၌ အမျိုးသားများ ဟော်မုန်းကုန်ဆုံးနေသည့် လက္ခဏာမျိုး ကြုံတွေ့နေရချိန်တွင် အမျိုးသမီးထု တစ်ဝက်နီးပါးသည် သူတို့တွင် ဖြစ်ပေါ်သော လက္ခဏာဝေဒနာများကြောင့် ဆေးကုသမှုကို ခံယူရန် လိုအပ်နေပါသည်။
  • သက်ရွယ်တူ အမျိုးသမီးများတွင် ဓမ္မတာကုန်သော အချိန်ကာလကို သိရှိရန်လွယ်ကူခြင်းထက် အမျိုးသားဟော်မုန်း ကုန်ဆုံးသည်ကို ရောဂါရှာဖွေရခြင်းက ပို၍ခက်ခဲလှပေသည်။ ထိုသိုသော့ အကြောင်းအရင်းမှာ ဓမ္မတာဆုံးသွားသော အမျိုးသမီးများ (သို့မဟုတ်) ဓမ္မတာဆုံးခါနီးသော အမျိုး သမီးများတွင် ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ စိတ်အတက်အကျပြောင်းခြင်းနှင့် အိပ်မရသောပြဿနာ များဆိုင်ရာ လက္ခဏာများ ထင်ရှားစွာ ပေါ်ထွက်လာခြင်းကြောင့်ပင် ဖြစ်သည်။
  • အမျိုးသားဟော်မုန်းပမာဏ မည်မျှသို့ ကျဆင်းသွားလျှင် ဤအမျိုးသားတွင် ဟော်မုန်းကုန်ဆုံး သည်ဟူ၍ ကောက်ချက်ချရန် မဖြစ်နိုင်ပါ။ သို့သော်လည်း အမျိုးသမီးများတွင်မူ သွေးစစ်ချက်ဖြင့် တိကျသောအဖြေကို ရရှိနိုင်ပါသည်။
  • ဟော်မုန်းဆေးပေးကုသခြင်း ဆောင်ရွက်ပေးသည့်နည်းတူ အမျိုးသားများ ဟော်မုန်းကုန်သည့် ဖက်သို့ ကူးပြောင်းနေသောသူများကို အမျိုးသမီးများတွင် ဟော်မုန်းဆေးပေးကုသခြင်း အလွန် အကျိုးရလဒ် နည်းပါးလှပါသည်။

ကျားဟော်မုန်း ကုန်ဆုံးခြင်းအစတွင် ပြင်ဆင်ရမည့်အချက်များ

  • Diet (အစားအစာ) : အချိုနှင့် အဆီများစွာ ပါဝင်သော အစားအစာကို ရှောင်ရှားပြီး သဘာ၀ဟော် မုန်း(testosterone hormones) ပေါ် အဓိကရနိုင်သော အစားအစာဖြစ်သည့် ဆဲလ်မွန်ငါး၊ အစေ့ အဆန်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ကြက်ဥအနှစ်၊ ဖရဲသီး၊ ကညွှန့်နှင့် ဂုံးတို့တွင် ဇင့်ဓာတ် များစွာပါဝင်ပါသော အစားအစာသုံးဆောင်ပေးသင့်သည်။ သို့သော်လည်း အချို့သော အစားအစာများတွင်မူ အဆီဓာတ်ပမာဏ ပါဝင် မှုများသောကြောင့် မည်သည့်အစားအစာကိုသာ ရွေးပြီးစားသုံးသင့်ကြောင်း သိထားရပေမည်။
  • Exercise (လေ့ကျင့်ခန်း) : လေ့ကျင့်ခန်းတစ်ခေါက်လုပ်တိုင်း အနည်းဆုံး မိနစ် (၃၀) လုပ်ဆောင် ခြင်း၊ (၅) ကြိမ်တွင် တစ်ကြိမ် ကြွက်သားကြီးပိုင်းပေါ် မူတည်ပြီး နှလုံးနှင့်ဆိုင်ရာ လေ့ကျင့်ခန်းဖြစ်သော ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် အလေးမခြင်း လေ့ကျင့်ပေးမှုများ ပါဝင်သင့်ပါသည်။
  • Temperament (စိတ်ခံစားချက်လွယ်ကူခြင်း): မိမိ၏ ကိုယ်ခန္ဓာသည် ပြောင်းလဲမှုဖြစ်စဉ်များ အပေါ်၌ သတိထားရှိရမည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပျိုးထောင်ပေးပြီး အောင်မြင်ခြင်းကို ထားရှိရမည်း။ မိမိကိုယ်ကို ပတ်ဝန်းကျင်မှ မသွေဖည်စေရန် အကောင်းဆုံး ကြိုးစားခြင်း၊ မိတ်ဆွေ အပေါင်းအဖော်များနှင့် တွေ့ဆုံ၍ မိမိ၏စိတ်တွင်းမှ စိတ်ဖိစီးမှုများကို လျှော့ချ၍ ပေါ့ပါးစွာနေ ထိုင်ရမည်။ ထို့အပြင် မိမိ တစ်ကိုယ်တည်း ကြာရှည်စွာ နေထိုင်ရခြင်းများကို ရှောင်ရှားပြီး အပြင်ဘက်တွင် အခြားသော စိတ်ဖိစီးမှု လျော့နည်းစေနိုင်သော လုပ်ဆောင်မှုများ ၌ပါဝင်သွားနိုင်ရမည်။
  • Medical attention (ဆေးဝါးဘက်ဆိုင်ရာ ထောက်ပြချက်): မိမိတွင်ဟော်မုန်းပမာဏ နည်းပါးလာပါက ကျန်းမာပျော်ရွှင်ပြည့်စုံသော ဘ၀၏အနှစ်သာရ လျော့နည်းလာခြင်း (သို့မဟုတ်) မိမိတွင် လိင်စိတ်နိုးထခြင်းဆိုင်ရာ လျော့နည်းခြင်းကြောင်း ဆိုးဝါးသောထိခိုက် မှုများ ဖြစ်စေသောကြောင့် ကျန်းမာရေး စစ်ဆေးမှုများ ပြည့်စုံစွာဆောင်ရွက်ပြီး လိုအပ်သော ကုသမှုများ ရယူသင့်ပေသည်။ ယေဘူယျအားဖြင့် ဆရာဝန်သည် ဟော်မုန်းကုသမှုကို ကာလတို သာ ကုသမှုပေးပြီး အခြားမလိုလားအပ်သော ကျန်းမာရေးဘေးထွက် ဆိုးကျိုးဖြစ်စေနိုင်သည့် ဆီး ကြိတ်နှလုံးနှင့် နှလုံးသွေးလွှတ်ကြောများကို မထိခိုက်စေရန်အတွက်ပင် ဖြစ်သည်။

(Andropause) ခေါ် ဟော်မုန်း ဆိတ်သုန်းခြင်းဆိုသည်မှာ အမျိုးသားခန္ဓာကိုယ်သည် ကာလအသစ်သို့ ဆက်လက်ရွေ့လျားလာခြင်းသာဖြစ်သည်။ မိမိသည် ဤကဲ့သို့သော အခြေအနေတစ်ရပ်ကို နားလည်းသဘောပေါက်ပြီး ပြင်ဆင်ထားလျှင် ဤကာလတွင် ဖြစ်ပေါ်တတ်သော စိတ်မတင်မကျဖြစ်ခြင်း၊ စိတ်ပူပန်ခြင်းနှင့် အခြားသော ဖြစ်နိုင်ခြေ ရှိသည့် ပတ်ဝန်းကျင်မှ အခက်ခဲများကို ကာကွယ်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် မိသားစု ဝင်များသည်လည်း အမျိုးသား၏ အနီးဆုံးတွင် အားပေးနှစ်သိမ့်ကူညီခြင်းဖြင့် အခြားသော ဖြစ်ပေါ်လာနိုင် သည့် ကျန်းမာရေးပြဿနာ အသီးသီးတို့ကို ကြိုတင်ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

 

Rate This Article

User rating: 0 out of 5 with 0 ratings

Recommended Doctor

Surapol Puyanont, M.D. Summary: Obstetrics And Gynaecology Obstetrics And Gynaecology