Share the message

မှန်ကန်စွာစားသောက်နေထိုင်ရင်း အူမကြီးကင်ဆာရောဂါဝေဒနာကင်းဝေး

အူမကြီးကင်ဆာအတွက် သိသင့်တဲ့အခြေခံအချက်တွေ

အူမကြီးကင်ဆာရောဂါ၏ လက္ခဏာရပ်တွေဟာ အများအားဖြင့် ရောဂါဖြစ်စအချိန်ကာလမှာ ပြသလေ့မရှိပါဘူး။ ယင်းလက္ခဏာရပ်များကို တွေ့ရှိနေရပြီဆိုရင်တော့ ကင်ဆာရောဂါဟာ ပျံ့နှံ့နေပြီးဖြစ်ပါသည်။ ဖော်ပြနေတဲ့လက္ခဏာရပ်များမှာ အစာစားချင်စိတ်မရှိခြင်း၊ လေပွခြင်း၊ ဝမ်းသွားသော ပုံစံပြောင်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြာင်းရင်းမဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းများတို့ဖြစ်ပါသည်။ အကယ်၍ ပုံမမှန်သော လက္ခဏာရပ်များ ရုတ်တရက်ပေါ်ပေါက်လာပြီး ၂ ပတ်ကျော်တဲ့အထိ ဆက်လက် ဖြစ်ပွားနေတုန်းပဲဆိုရင် ချက်ချင်းကို ဆေးစစ်မှုကို ခံယူရမှာဖြစ်ပါသည်။

မှန်ကန်စွာ စားသောက်နေထိုင်ရင်း အူမကြီးကင်ဆာမဖြစ်ပွားစေဖို့ ရှောင်ရန် ဆောင်ရန် အချက်များ

အစားအသောက်ဆင်ခြင်ပါ– အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓါတ်ပါဝင်မှုနှုန်းများတဲ့ အစားအစာများ စားသုံးပါ။ ဥပမာ – ပေါင်မုန့်အဖြူအစား ဂျုံပေါင်မုန့်အားစားသုံးခြင်း၊ အစေ့အဆန်များနှင့် အသီးအနှံများ စားသုံးပေးပါ။ ယခုလိုစားသုံးခြင်းက အူလမ်းကြောင်း၏ လှုပ်ရှားမှုကို ပိုကောင်းမွန်စေတဲ့အပြင် ဝမ်းချူပ်ခြင်းကိုပါ ကာကွယ်ပေးပါသည်။ အနီရောင်အသားများဖြစ်တဲ့ ဝက်သား၊ အမဲသား၊ ဆိတ်သား နဲ့ အခြားသော အသားများ မစားသုံးရပါ။ တစ်ပတ်ကို ၇၀၀ ဂရမ်မှ ၇၅၀ ဂရမ်ထက် စားသုံးခြင်း မပြုရ။ အထူးသဖြင့် အသင်စားသုံးရန်ပြုလုပ်ထားတဲ့ ကြက်အူချောင်း၊ ဝက်သားနှင့် ဝက်ပေါင်ခြောက်များက ကင်ဆာရောဂါဖြစ်ပွားစေရန် အားပေး အားမြောက်ပြုလုပ်နေတဲ့အရာများဖြစ်ပါသည်။ ၎င်းတို့အစား ငါးများစားသုံးခြင်းက အူမကြီးကင်ဆာရောဂါကို ကာကွယ်ပေးပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးပါသည်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ– လေ့ကျင့်ခန်းဆိုသည်မှာ အမြဲတမ်းပြုလုပ်နေသင့်တဲ့အလေ့အထတစ်ခုဖြစ်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အူမကြီးကင်ဆာရောဂါဖစ်ပွားနိုင်မှုကို လျော့ချနိုင်ခဲ့တဲ့ သက်သေများစွာရှိခဲ့ပါသည်။ အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခု (သို့) အေရိုးဗစ်လေ့ကျင့်ခန်းတို့ကို တစ်ခေါက်လျှင် ၄၅ မိနစ်ခန့် တစ်ပတ်ကို ၃ ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ အကယ်၍ Gym သို့သွားရောက်ပြီး လေ့ကျင့်ခန်းအတွက် အချိန်မပေးနိုင်ခဲ့ရင် အိမ်တွင်းလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ခွေးကျောင်းခြင်း (သို့) မိမိအိမ်ပတ်ဝန်းကျင်နားလမ်းလျှောက်ခြင်း အစရှိသည့် လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါသည်။

ဆေးစစ်ချက်များပြုလုပ်ပါ – အကယ်၍များ မျိုးရိုးလိုက်သော အူမကြီးကင်ဆာဖြစ်ပွားတဲ့သူတစ်ယောက်ယောက် မိမိ မိသားစုအတွင်းမှာရှိနေခဲ့ရင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းအများကြီးမရှိပါဘူး။ အခုဆိုရင် နည်းပညာအသစ်တွေကို အသုံးပြုပြီးတော့ ပိုမိုလွယ်ကူပြီး တိကျမှန်ကန်တဲ့စစ်ဆေးနည်းစနစ်တွေကို အသုံးပြုပြီး သင့်ကို အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ချနိုင်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ပါပြီ။ ဒီအတွက် မိမိကျန်းမာရေးကို ဂရုစိုက်ပြီး အူမကြီးဆိုင်ရာ စစ်ဆေးမှုကို ခံယူနိုင်မှာပါ။ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်အတွင်းရှိ အလုံးအကြိတ်တွေဟာ ကင်ဆာအသွင်ပြောင်းလဲဖို့ကို ၁၀နှစ်မှ ၁၅ နှစ်ထိ ကြာရှည်နိုင်သည့်အတွက်ဖြစ်ပါသည်။ အကယ်၍ လူနာက စစ်ဆေးမှုပြုလုပ်ပြီး အလုံးအကြိတ်ရှာမတွေ့ခဲ့သေးဘူးဆိုရင် နောင် ၅ နှစ်အကြာမှာ ပြန်လည်ဆေးစစ်ချက်များကို ထပ်မံစစ်ဆေးရမှာဖြစ်ပါသည်။ မည်သို့ပြင်ဖြစ်စေကာမူ အဆိုပါ ၅ နှစ်ကြာအချိန်အတွင်းမှာ အူမကြီးကင်ဆာရောဂါလက္ခဏာများ မပြဖို့နဲ့ အူမကြီးကင်ဆာဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲအကြောင်းတရားများတွေ မဖြစ်ပေါ်စေဖို့ လိုအပ်ပါသည်။ အကယ်၍သာ ကင်ဆာရောဂါလက္ခဏာများကို တွေ့ရှိခြင်း ၊ (သို့) မိသားစုအတွင်းမှာ အူမကြီးကင်ဆာရောဂါခံစားခဲ့ရဖူးသူရှိခဲ့ရင် ပုံမှန်ထက် မကြာခဏ ဆေးစစ်ချက်ကို ခံယူဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဆိုပါသူတွေအတွက် အူမကြီးကင်ဆာဖြစ်ပွားမှုက အခြားသူများထက် ပိုမြန်ဆန်တဲ့အတွက်ဖြစ်ပါသည်။

ကိုယ်တွေ့ အမှတ်ရ သာဓကတစ်ခု

ကျွန်ပ်မှာ တစ်ခါက ဘယ်လက္ခဏာမှ မပေါ်ပဲနဲ့ အူမကြီးကင်ဆာဖြစ်ပွားတယ်လို့ ညွှန်ပြခံရတဲ့ အသက် ၃၀ အရွယ်မိန်းကလေးလူနာတစ်ယောက်ရှိခဲ့တယ်။ သူ မီးမဖွားခင် ၃ လလောက်က ကျွန်ပ်ကို လာရောက်ဆွေးနွေးပြီး ဝမ်းချူပ်နေကြောင်းနဲ့ အူ အနားတစ်ဝိုက်လှုပ်ရှားမှုခက်ခဲတယ်လို့ ပြောခဲ့တယ်။ ဝမ်းစစ်ဆေးချက်အရ ဝမ်းတွင်းမှာ သွေးရှိနေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပြီး ကြီးမားတဲ့ Polyp အလုံးအကြိတ်ကို တွေ့ရှိခဲ့ရတဲ့အတွက် အူမကြီးဆိုင်ရာစစ်ဆေးချက်များပြုလုပ်ခဲ့ရပါတယ်။ Poylp အလုံးအကြိတ်ရဲ့ အရွယ်အစားကိုကြည့်မယ်ဆိုရင် ဖြစ်ပွားတာအချိန်ကြာမြင့်နေပြီဆိုတာကို သိခဲ့ရပါတယ်။ Medicial History (ရောဂါရာဇဝင်အရ) အချိန်လွန်ပြီးမှ လူနာက မကြာခဏလေအောင့်ခြင်းနဲ့ မကြာခဏဝမ်းဗိုက်မသက်မသာဖြစ်နေကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ သူမက ခေတ္တဝေဒနာသက်သာစေတဲ့ ဆေးတွေကိုပဲ အချိန်တစ်ခုအထိ သုံးဆောင်နေခဲ့ပြီး ဘာကိုမှ သံသဃမရှိခဲ့ပါဘူး။ ယခုဖြစ်ရပ်က သာမန် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းဗိုက်နာကျင်မှုတစ်ခုသက်သက်သာ ထင်မှတ်ပြီး အန္တရာယ်မရှိဘူးဟု အထင်မှားစေခဲ့ပါတယ်။ လက်တွေ့မှာတော့ မီးဖွားပြီးသည့်အချိန်အထိ အဆိုပါ လက္ခဏာရပ်များကို ဆက်လက်ခံစားနေရသေးတဲ့အတွက် အထူးကုဆရာဝန်နှင့်တွေ့ဆုံပြီး ကျန်းမာရေးဆေးစစ်ချက်များကို ကုသခံယူခဲ့ပါတယ်။

ယခု ပြောပြခဲ့တဲ့ ဖြစ်ရပ်တစ်ခုဟာ ငယ်ရွယ်သူများအပြင် ကင်ဆာရောဂါဖြစ်ပွားနိုင်သော ကဏ္ဍအုပ်စုထဲမှာ မပါဝင်သူများနှင့် ကင်ဆာရောဂါလက္ခဏာမပြသသေးတဲ့သူတွေပါ အူမကြီးကင်ဆာဖြစ်ပွားချေများရှိနေကြောင်း သက်သေပြလို့နေပါတယ်။ ဒီအတွက် အူမကြီးကင်ဆာရောဂါဟာ အချိန်မရွေး အသက်အရွယ်မရွေးဖြစ်ပွားနိုင်တဲ့တွက် ဒီကနေ့ပဲ ကာကွယ်လိုက်ကြရအောင်လား။

Rate This Article

User rating: 2.95 out of 5 with 74 ratings

Recommended Doctor

Benjarat Promjunyakul, M.D. Summary: Internal Medicine Gastroenterology