Share the message

မိမိအိမ်ရပ်ရွာနဲ့ ဝေးကွာနေစဉ် ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကို မပူပန်ပါနဲ့။

အဓိကထားလုပ်ဆောင်ရမည့်အချက်များ

  • ဝမ်းပျက်ဝမ်းလျှောခြင်းရောဂါကိုခံစားလာခဲ့ရရင် ရေ (သို့) ဓာတ်ဆား (Oral Rehydration Liquids – ORS) ကို ဝဝလင်လင်သောက်သုံးပေးပါ။
  • အရေးပေါ်ဆေးဝါးအနေနဲ့ ဝမ်းချုပ်ဆေးများ သောက်သုံးခြင်းမပြုရပါ။ ဒီလိုသောက်သုံးမိပါက အခန့်မသင့်တဲ့အခါ အူလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေပါတယ်။
  • ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းက အခြေအနေပိုပြီးဆိုးရွားလာမယ်ဆိုရင် ဆရာဝန်နဲ့ ကုသစစ်ဆေးမှုခံယူသင့်ပါတယ်။ ဥပမာ – မောဟိုက်ခြင်း၊ အင်အားကုန်ခမ်းခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ၃၈.၅ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက် အဖျားတက်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ တစ်နေ့ကို သုံးကြိမ်နှင့်လေးကြိမ်အထက်ဝမ်းသွားခြင်း (သို့) ဝမ်းသွားတဲ့အခါ သွေးပါခြင်း တို့ပဲဖြစ်ပါတယ်။

 

မိမိအိမ်ရပ်ရွာနဲ့ ဝေးကွာနေစဉ် ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကို မပူပန်ပါနဲ့။

လူတိုင်းဟာ စွန့်စားဖွယ်ရာအပြည့်နဲ့ ထူးခြားဆန်းပြားတဲ့နေရာတွေကို နှစ်ခြိုက်ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုခရီးစဉ်တစ်ခုဟာ အံ့ဩစရာအပြည့်နဲ့ ရင်ခုန်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေနိုင်ပေမယ့် အချို့သော ဝေးကွာတဲ့ ခေတ်မီနေရပ်တွေမှာတောင် ပတ်ဝန်းကျင်နေထိုင်မှု အပြောင်းအလဲတွေနဲ့ စိတ်တိုင်းမကျနိုင်တဲ့ သန့်ရှင်းမှုအခြေအနေတွေက ခန္ဓာကိုယ်ကို ဝန်ပိလာစေပါတယ်။ ယခုလိုမျိုး စိုးရိမ်ပူပန်မှုတွေရဲ့ ပင်မအကြောင်းရင်းတစ်ခုကတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကြောင့်ဖြစ်ပြီး ခရီးသွားခြင်းရဲ့ ပျော်ရွှင်မှုကို ပျောက်ဆုံးစေတဲ့အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းရောဂါဟာ ပုံမှန်ဝမ်းသွားနှုန်းထက် တစ်နေ့ကို ၃ ကြိမ်နဲ့အထက် ဝမ်းသွားခြင်းဖြစ်ပါတယ်။ အဆိုပါ ဝမ်းသွားခြင်းဟာ ပုံမှန်ဝမ်းထက် ဝမ်းပျော့ပါတယ်။ အကယ်၍ ကူးစက်မှုအကြီးအကျယ်ခံစားနေရခဲ့ရရင် ဝမ်းသွားတဲ့အခါ သွေးပါတဲ့အခြေအနေထိဖြစ်နိုင်ပါတယ်။

အခြားတွေ့ကြုံရတတ်တဲ့ လက္ခဏာများမှာ ဝမ်းဗိုက်အောင့်ခြင်း၊ မောဟိုက်ခြင်း၊ ဖျားနာခြင်း နဲ့ နောက်ဆုံးအဆင့် ရေဓါတ်ကုန်ခန်းပြီး သတ္ထုဓါတ်အလျှင်အမြန်ကုန်ဆုံးခြင်းတို့ပဲဖြစ်ပါတယ်။ နောက်ဆုံးအဆင့်လက္ခဏာက အသက်ဆုံးရှုံးရတဲ့အခြေအနေအထိဖြစ်ပွားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းရောဂါရဲ့ လက္ခဏာကို လျော့တွက်မိခြင်း (သို့) လှစ်လျှူရှုခြင်းတို့ မပြုလုပ်သင့်ပါ။

ဝမ်းပျက်ဝမ်းလျှောခြင်းရောဂါဖြစ်ရသည့်အကြောင်းအရင်း

E.coli ဘက်တီးရီယားရောဂါပိုးဟာ ဝမ်းပျက်ဝမ်းလျှောခြင်းကို အဓိကဖြစ်စေပါတယ်။ ဒါ့အပြင် အခြားသော ဝမ်းကိုက်ရောဂါပိုး ကူးစက်ခြင်း၊ ကပ်ပါးပိုး ကူးစက်ခြင်း နဲ့ လူကြီးတွေထက် ကလေးငယ်တွေမှာ အများဆုံးတွေ့ရှိရတဲ့ Rota (ရိုတာ) ဗိုင်းရပ်စ်ပိုးတွေအားလုံးဟာလည်း ဝမ်းပျက်ဝမ်းလျှောခြင်း ရောဂါကိုဖြစ်စေပါတယ်။

အပေါ်မှာပြောကြားခဲ့တဲ့ ဗိုင်းရပ်စ်ပိုးများ၏ ကူးစက်ခံရခြင်း အဓိကအကြောင်းအရင်းမှာ အစာအိမ်ထဲသို့ မသန့်ရှင်းသော အစားအစာများ (ယင်နာစာများ) စားသောက်မိခြင်း (သို့) အိမ်သာသုံးပြီး လက်ကိုစင်ကြယ်စွာ မဆေးကြောခြင်းတို့မှ တစ်ဆင့်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ပါတယ်။ အကယ်၍ မိမိဟာ မသန့်ရှင်းသောလက်ဖြင့် အစားအစာများ ကိုင်တွယ်ခြင်း ဖြင့်အစာအိမ်ထဲကို အလွယ်တကူ ဝင်ရောက်ကာ ရောဂါကူးစက်နိုင်ပြီး ရက်တိုဝမ်းလျှောခြင်းဖြစ်စေနိုင်ပါတယ်။

အစားအသောက်များ ချက်ပြုတ်ပြင်ဆင်မှုကလည်း ဝမ်းပျက်ဝမ်းလျှောခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။အကယ်၍ အစားအစာများကို စင်ကြယ်စွာ သန့်စင်မဆေးကြောထားခဲ့ရင် စားသုံးလိုက်တဲ့အချိန်မှာ ကပ်ညှိနေတဲ့ပိုးမွှားတွေက ခန္ဓာကိုယ်ထဲကို အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ ယခုလိုမျိုး ရောဂါပိုးမွှားများ အလွယ်တကူကူးစက်ခြင်းမှ ရက်တိုဝမ်းပျက်ဝမ်းလျှောခြင်းကို ခံစားရနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းရောဂါကို နှုတ်ဆက်လိုက်ပါ : စေ့စပ်သေချာစွာရွေးချယ်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမယ့်အချက်များ

စေ့စပ်သေချာစွာရွေးချယ်ရမည့်အချက်များ

  • ခရီးမသွားခင် ဆရာဝန်ဆီကနေ အကြံပေးချက်များ လိုက်နာပါ။ ကြိုတင်ကာကွယ်ဆေးထိုးသွင်းဖို့အတွက် လိုအပ်လာနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားနေစဉ် လမ်းတစ်ဝက်အတွင်း ဝမ်းပျက်နိုင်ချေရှိသည့်အတွက် ဓာတ်ဆားထုတ်များ ကို အိတ်ထဲလုံလုံလောက်လောက်ဆောင်ထားပါ။
  • ပူပူနွေးနွေးချက်ပြုတ်ထားသည့် အစားအစာများကိုသာ စားသုံးပါ။
  • လုံခြုံစွာ ဖုံးပိတ်ထားတဲ့ ရေသန့်ဘူးမှ ရေကိုပဲ သောက်သုံးပါ။
  • လက်ကိုသေချာစွာဆေးကြာခြင်း (သို့) Wet Wipes များကို ကိုယ်နဲ့တစ်ပါတည်း ဆောင်ထားပြီး သန့်စင်ခန်းအသုံးပြုပြီးတိုင်း လက်ကို သေချာစွာသန့်ရှင်းပေးပါ။ သို့မဟုတ် အစာမစားခင် လက်ကိုအမြဲတမ်းဆေးကြောပေးပါ။

ရှောင်ကြဉ်ရမယ့်အချက်များ

  •  မချက်ပြုတ်ရသေးတဲ့အစားအစာ များ နဲ့ အသားစိမ်း ငါးစိမ်းများ၊ အနံ့အသက်ပြင်းလွန်းသည့် အစားအစာများနဲ့ တစ်နေကုန်ကျန်ရှိသည့်အစားအစာများ ( ချက်ပြုတ်ထားတာကြာပြီးသောအစားအစာများ) စားသုံးခြင်းရှောင်ကြဉ်ပေးရပါမယ်။
  • အခွံခွာထားသည့် အသီးအနှံများ (သို့) အမှည့်လွန်နေပြီး အနာရှိသည့် အသီးအနှံများကို ရှောင်ကြဉ်ရပါမယ်။
  •  သန့်စင်မှု ရှိမရှိ မသေချာတဲ့ အများသုံးဘုံဘိုင်ရေ (သို့) ရေအိုးမှ သောက်သုံးခြင်းများ ရှောင်ကြဉ်ရပါမယ်။
  •  ရေခဲ ရှောင်ကြဉ်ပါ။
  •  လူအများ မျှဝေသုံးစွဲနေတဲ့ ပစ္စည်းကိရိယာများကို ရှောင်ကြဉ်ပါ။
  •  သန့်ရှင်းစွာ ကျိုချက်ထားခြင်းမရှိသော နွားနို့ (သို့) သေချာစွာပိုးသတ်ထားခြင်းမရှိသော န်ို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ရပါမယ်။

ရက်တိုဝမ်းပျက်ဝမ်းလျှောခြင်းရောဂါရရင် ဘာလုပ်သင့်သလဲ?

  • အနားယူပါ။ လှုပ်လှုပ်ရှားရှားနေခြင်း ရှောင်ကြဉ်ပါ။
  • အစာပျော့ပျော့နှင့် အရသာမပြင်းသော အစားအစာများကို နည်းနည်းနှင့် တစ်နေ့ကို ၅ ကြိမ်နှင့် ၆ ကြိမ်အထိသာ စားသုံးပါ။
  •  ကျိုချက်ထားသောရေ၊ ရေသန့် (သို့) ဓာတ်ဆားရည်များကို မကြာခဏသောက်ပါ။ သတိပြုရန်မှာ ဓာတ်ဆားရည်သောက်ရာတွင် ဖျော်ပြီး ၂၄နာရီအတွင်းသောက်ရပါမယ်။ ၂၄နာရီကျော်လွန်သွားပါက သွန်ပစ်ပေးရပါမယ်။
  •  ဝမ်းပိတ်ဆေးကို ချက်ချင်းမသောက်သုံးပါနဲ့။ ဝမ်းပိတ်ဆေးကိုသောက်သုံးလိုက်မယ်ဆိုရင် ရောဂါပိုးများက ဝမ်းနဲ့အတူ အပြင်ကိုပါမသွားပဲ အူမှာ ကပ်ကျန်နေခဲ့နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းရောဂါကို သက်သာေပျောက်ကင်းဖို့အတွက် ဆရာဝန်ညွှန်ကြားချက်မပါပဲ မိမိသဘောနှင့် မသောက်သုံးသင့်ပါ။ အဖျားရောဂါကို လက်ရှိခံစားနေရတယ်ဆိုရင် အဖျားသက်သာစေဖို့ အဖျားပျောက်ဆေး (သို့) ဗိုက်နာသက်သာစေဖို့အတွက် ဗိုက်နာပျောက်ဆေးများကိုမှီဝဲနိုင်ပါတယ်။

အထက်ဖော်ပြပါအချက်များခံစားနေရရင် ယခုချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူသင့်ပါတယ်။

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.25 out of 5 with 4 ratings

Recommended Doctor

Benjarat Promjunyakul, M.D. Summary: Internal Medicine Gastroenterology