Share the message

ဘာသာစကားဖွံ့ဖြိုးမှု ခက်ခဲနေတဲ့ ကလေးငယ်တွေအတွက် သာသာစကားဖွံ့ဖြိုးတိုးတက်စေမှုအကြံဉာဏ်ပေးခြင်း

လုပ်ဆောင်ရမည့် အချက်များ

  • ပြောဆိုမှုစွမ်းရည်ဆိုတာက ဘာသာစကားတစ်ခုကို အသုံးချပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ဖော်ပြနိုင်ခြင်းပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် စာရေးခြင်း နဲ့ လက်ဟန်ခြေဟန်တွေကနေဖော်ပြသလို ကဲ့သို့ စကားလုံးတွေနဲ့ အသံထွက်ပြောဆိုခြင်းဖြစ်ပါတယ်။
  • နားလေည်မှုစွမ်းရည်ကတော့ အခြားသူတွေရဲ့ အသံ၊ စကားလုံး၊ မြင်နိုင်တဲ့လက္ခဏာ
    (ဥပမာ – ကိုယ်ခန္ဓာအစိတ်အပိုင်း နဲ့ အခြားသော လှုပ်ရှားမှုတွေ) ဒါမှမဟုတ် ရေးသားထားတဲ့ ဘာသာစကား
    (ဥပမာ – ပတ်ဝန်းကျင်မှာရှိနေတဲ့ အချက်ပြသင်္ကေတတွေ) ကနေ ပို့ဆောင်လိုက်တဲ့ ဘာသာစကားတစ်ခုကို နားလည်တတ်ကျွမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။

 

ဘာသာစကားဖွံ့ဖြိုးမှုခက်ခဲနေတဲ့ ကလေးငယ်တွေအတွက် သာသာစကားဖွံ့ဖြိုးတိုးတက်စေရန် အကြံပေးခြင်း

ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုက ဆက်သွယ်မှုစနစ်မှာ တစ်ထောင့်တစ်နေရာကနေ အရေးတကြီးပါဝင်နေတာဖြစ်ပါတယ်။
ဥပမာ – ဗဟုသုတရှာဖွေမှုတွေ၊ ပြဿနာဖြေရှင်းတဲ့နေရာမှာ ဉာဏ်ပညာဖွံ့ဖြိုးမှုတွေနဲ့ လူနေမှုပတ်ဝန်းကျင်မှာရှိနေတဲ့ အခြားသောသူတွေနဲ့ ပြောဆိုဆက်ဆံနိုင်တဲ့ စွမ်းရည်တိုးတက်မှုတွေမှာ အခြေခံအနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ဘာသာစကားကို အဓိကနေရာ (၂) နေရာခွဲခြားနိုင်ပါတယ်:

  • ပြောဆိုမှုစွမ်းရည်ဆိုတာက ဘာသာစကားကို အသုံးချပြီးတော့ ဖော်ပြနိုင်တဲ့ စွမ်းရည်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် စာရေးခြင်း နဲ့ လက်ဟန်ခြေဟန်တွေကနေဖော်ပြသလိုမျိုးပဲ စကားလုံးတွေနဲ့ အသံထွက်ပြောဆိုခြင်းဖြစ်ပါတယ်။
  • နားလည်မှုစွမ်းရည်ကတော့ အခြားသူတွေက အသံ၊ စကားလုံး၊ မြင်နိုင်တဲ့လက္ခဏာ (ဥပမာ – ကိုယ်ခန္ဓာအစိတ်အပိုင်း နဲ့ အခြားသော လှုပ်ရှားမှုတွေ) ဒါမှမဟုတ် ရေးသားထားတဲ့ ဘာသာစကား (ဥပမာ – ပတ်ဝန်းကျင်မှာရှိနေတဲ့ အချက်ပြသင်္ကေတတွေ) ကနေ ပို့ဆောင်လိုက်တဲ့ ဘာသာစကားတစ်ခုကို နားလည်တတ်ကျွမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။
အသက်အရွယ်
(လပိုင်း)
ဖွံ့ဖြိုးမှု
မွေကင်းစမှ ၃ လပိုင်း
  • အသံကြိုတုန့်ပြန်ရာတွင်ငိုယိုခြင်း(သို့)လက်သီးဆုပ်ခြင်းတွေကနေတစ်ဆင့် တုန့်ပြန်ခြင်း
  • အပြုံးနဲ့ တုန့်ပြန်ခြင်း
  • လည်ချောင်းမှ တစ်ဆင့် အသံတွေပြုလုပ်ခြင်း
၄လမှ ၆လပိုင်း
  • အသံရှိရာကို မျက်နှာကကြည့်တတ်ခြင်း
  • ကျယ်လောင်စွာရယ်တတ်ခြင်း
  • အတိုးအကျယ်မတူညီတဲ့ အသံတွေကို ပြုလုပ်ခြင်း
  • ဗျည်းပါဝင်တဲ့ အသံတွေကို စတင်ပြုလုပ်ခြင်း (ဥပမာ – ဘဘ၊ ပါပါ၊ မာမာ၊ ဒါဒါ အစရှိသဖြင့်)
၇လမှ ၉လပိုင်း
  • နာမည်ခေါ်ရင် ပြန်ထူးတတ်ခြင်း (ဥပမာ – လုပ်နေတဲ့အလုပ်တွေကို ရပ်ပြီး အသံလာရာကို မျက်နှာလွှဲတတ်ခြင်း)
  • အသံလာရာကို လျှောက်ကြည့်ပြီး ရှာဖွေတတ်လာခြင်း
  • လူကြီးတွေရဲ့ အာရုံစိုက်မှုရရှိအောင် ခန္ဓာကိုယ်လှုပ်ရှားမှု (သို့) အသံပေးတတ်လာခြင်း
  • လူကြီးတွေပြောတတ်တဲ့ စကားတွေနဲ့ တူညီတဲ့ (သို့) ဆင်တူတဲ့အသံများပြုလုပ်တတ်ခြင်း
၁ဝလမှ ၁၂လပိုင်း
  • “မလုပ်နဲ့” ၊ “ရပ်လိုက်” စတဲ့ သတိပေးမှုတွေကို နားလည်လာခြင်း
  • လူကြီးတွေက လက်ညိုးညွှန်ပြတဲ့ အရာဝတ္ထုတွေကို အာရုံစိုက်ကြည့်လာတတ်ခြင်း
  • ရိုးရှင်းတဲ့သင်ကြားမှုများ အတိုင်း လုပ်ဆောင်တတ်လာခြင်း၊ ဥပမာ ပြန်ခါနီးနှုတ်ဆက်အနမ်း ပေးခိုင်းလျှင်ပေးတတ်ခြင်း
  • “အမေ” (သို့) “အဖေ” ကို မှန်ကန်စွာခေါ်ဆိုနိုင်ခြင်း
  • မေးခွန်းတွေကို တုန့်ပြန်တဲ့အချိန်မှာ ခေါင်းညိမ့်၊ ခေါင်းခါလုပ်တတ်ခြင်း
  • အဓိပ္ပါယ်ရှိပြီး ရိုးရှင်းတဲ့ စကားလုံးတွေကို ပြောဆိုနိုင်ခြင်း
၁၃လမှ ၁၅လပိုင်း
  • စကားပြောဆိုမှုတွေကို ရိုးရှင်းတဲ့ အဆင့်နဲ့ ဆောင်ရွက်တတ်ခြင်း
  • ရင်းနှီးတဲ့ လူ (သို့) အရာဝတ္ထုတွေကို မှန်ကန်စွာ ညွန်ပြနိုင်ခြင်း
  • အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကို အသုံးပြုနိုင်တာတင်မဟုတ်ပဲ စကားလုံးမဟုတ်တဲ့အသံတွေကိုပါ ပြုလုပ်နိုင်ခြင်း
  • လူနှင့် အရာဝတ္ထုတွေကို စိတ်ဝင်တစားညွန်ပြနိုင်ခြင်း
  • စကားလုံး ၄ လုံးမှ ၆ လုံးအထိပြောဆိုနိုင်ခြင်း
၁၆လမှ ၁၈လပိုင်း
  • ကိုယ်အင်္ဂါ ၁ ခုကနေ ၃ခုကို ညွန်ပြနိုင်ခြင်း
  • စကားလုံး ၁၀ လုံးမှ အလုံး၂၀ အထိ ပြောဆိုနိုင်ခြင်း
  • ကားသံ၊ တိရစ္ဆာန်အသံတွေကို တုပပြီး ပြုလုပ်နိုင်ခြင်း
  • “ထပ်ပေး” ၊ “သွား” စတဲ့ ရိုးရှင်းတဲ့ လိုအပ်ချက်တွေကို ဖော်ပြနိုင်ခြင်း
၁၉လမှ ၂၄လပိုင်း
  • အဆင့် ၂ ဆင့် ညွှန်ပြမှုတွေကို လိုက်နာနိုင်ခြင်း
  • စကားလုံး အလုံး ၅၀ အထိ ပြောနိုင်ခြင်း
  • “ဘာလဲ” ဆိုတဲ့ မေးခွန်းတွေကို မေးမြန်းနိုင်ခြင်း
  • အဓိပ္ပါယ်ရှိတဲ့ စကားလုံး ၂ လုံးကို အသုံးပြုလာခြင်း (ဥပမာ – သွားမယ်)
၂၅လမှ ၃၆လပိုင်း
  • ကိုယ့်ရဲ့ အသက်နဲ့ ကျား၊ မ ခွဲခြားနိုင်ခြင်း
  • အရာဝတ္ထုတွေရဲ့ လုပ်ဆောင်မှုကို သိနိုင်ခြင်း
  • အခြားသူတွေကို နာမည်ပြောပြနိုင်ခြင်း
  • “ဘယ်သူလဲ”၊ “ဘယ်ကိုလဲ” အစရှိတဲ့ မေးခွန်းတွေမေးမြန်းနိုင်ခြင်း
  • စကားလုံး ၃ လုံးပါဝင်တဲ့ စာကြောင်းများကို ရွတ်ဖတ်ပြောဆိုနိုင်ခြင်း
  • ၇၅ ရာခိုင်နှုန်းလောက် နားလည်နိုင်တဲ့ စကားတွေကို ပြောဆိုနိုင်ခြင်း
၃နှစ်မှ ၄နှစ်
  • အရွယ်အစား၊ အရှည် နဲ့ အရောင်အပေါ်မှုတည်ပြီး ခွဲခြားတတ်ခြင်း
  • အရောင် ၄ ရောင် နဲ့ အထက်ကို ခွဲခြားနိုင်ခြင်း
  • အသေအချာရှင်းပြနေတဲ့အချိန်မှာ အကြောင်းပြချက်ကို နားလည်နိုင်ခြင်း
  • တိရစ္ဆာန်၊ အစားအစာ နဲ့ အရာဝတ္ထုတွေအပေါ် ဗဟုသုတရှိလာခြင်း
  • ပုံပြင်တိုတွေကို ပြောပြနိုင်ခြင်း
  • “ဘယ်မှာလဲ” ၊ “ဘာကြောင့်လဲ” “ဘာလို့လဲ” ဆိုတဲ့ မေးခွန်းတွေကို တုန့်ပြန်နိုင်ခြင်း
  • အချိန်တိုအတွင်းပြောကြားထားတဲ့ စကားတွေကို နားထောင်ပြီး မေးခွန်းပြန်ထုတ်နိုင်ခြင်း
  • ဘာပြောနေလဲဆိုတာကို နားလည်အောင် သေချာပြောကြားနိုင်ခြင်း

အသက်အရွယ်နဲ့ အလိုက် ကလေးငယ်တွေရဲ့ ဘာသာစကားဖွံဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့အတွက် အဓိကအကြောင်းအရင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်

  • မွေးကင်းစမှ ၄လပိုင်း အတွင်း- နိုး ကြားတဲ့အချိန်မှာ အသံကို တုန့်ပြန်ခြင်းမရှိမှု
  • ၅လမှ ၇လပိုင်း အတွင်း- သတိထားမိအောင် အသံ(သို့) အသံများ ပြုလုပ်ခြင်းမရှိမှု
  • ၉လမှ ၁၂လပိုင်း အတွင်း – အသံရှိရာကို လှည့်မကြည့်တာ(သို့) ဗျည်းသံတွေမပြုလုပ်ခြင်း
  • ၁၈လပိုင်း အတွင်း – အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကို မပြောနိုင်ခြင်း
  • ၂၄လပိုင်း အတွင်း – အဓိပ္ပါယ်ရှိတဲ့ စကားလုံး ၁၀ လုံးအောက်ပဲပြောနိုင်ခြင်း
  • ၃၀ လပိုင်း အတွင်း – စကားလုံး ၂ လုံးပါဝင်တဲ့ စာကြောင်းတွေကို မပြောနိုင်ခြင်း
  • ၃၆လပိုင်း အတွင်း – စကားလုံး ၃ လုံးနှင့် ၄လုံး ပါဝင်တဲ့ စာကြောင်းကိုမပြောနိုင်ခြင်း (သို့) ပြောလိုက်တဲ့ စကားရဲ့ တဝက်လောက်ပဲ နားလည်နိုင်ခြင်း
  • ၄၈လပိုင်း အတွင်း – စာကြောင်းတွေကို နားမလည်ခြင်း (သို့) ပြောလိုက်တဲ့ စကားရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို နားမလည်နိုင်ခြင်း

စကားပြောမှုဖွံဖြိုးမှု နှောင့်နှေးခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်များ

  1. အကြားအာရုံချို့တဲ့မှု
  2. စိတ်ပိုင်းဆိုင်ရာထိခိုက်မှု
  3. ဦးနှောက်ဖွံဖြိုးမှု ပုံမှန်မဟုတ်ခြင်း
  4. ဦးနှောက် အကြောသေရောဂါ
  5. ဘာသာစကားတိုးတက်ခြင်း မှုခက်ခဲခြင်း
  6. ပတ်ဝန်းကျင်ကနေ ဂရုစိုက်မခံရမှု
  7. အခြားသော အကြောင်းအရာများ

စကားပြောမှုဖွံဖြိုးမှု နှောင့်နှေးခြင်း ကုသမှု

  1. ဖြစ်စဉ်တစ်ခုချင်းစီမှာ ကုသနည်းများလည်း ကွာခြားပါတယ်။
  2. ဘာသာစကားတိုးတက်မှုအပေါ် အကြံဥာဏ်အချို့မှာ
      • ကလေးငယ်တွေ ဘယ်လိုစကားပြောသင့်လဲဆိုတာကို သင်ပြဖို့အတွက် သေချာစွာစကားပြောပါ။
      • ကလေးငယ်များ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ရွေးချယ်ပြောဆိုပြီး ညွန်ကြားမှုများကို လိုက်နာခိုင်းပါ။
      • စကားလုံးအသစ်တွေကို အသံထွက် အထားအသိုမှန်ကန်အောင် ပြောဆိုနိုင်ဖို့အတွက် အသံထွက်များကို သေချာစွာသင်ပြပေးပါ။
      • စကားလုံးအသစ်တွေကို အသံထွက် အထားအသိုမှန်ကန်အောင် ပြောဆိုနိုင်ဖို့အတွက် အသံထွက်များကို သေချာစွာသင်ပြပေးပါ။
      • ပုံမှန်အတိုင်း စကားပြောကျင့်ပေးပါ၊ ပုံမှန်မေးခွန်းများကိုမေးပါ။ ကလေးငယ်တွေပြောတဲ့စကားအပေါ်မူတည်ပြီး သေသေချာချာ ပြောပြပေးပါ။ ကောင်းကောင်းနားထောင်ပေးပါ။ ကလေးတွေအပေါ် အကောင်းဘက်ကပဲ သဘောထားပြီး ဖိအားမပေးမိပါစေနှင့်။
      • ကလေးငယ်ကို ခက်ခဲတဲ့အရာတွေကနေ သင်ယူတတ်အောင် အခွင့်အရေးပေးပါ။ (ဥပမာ – ဇာတ်ကောင်နေရာကနေ ဝတ္ထုစာအုပ်ဖတ်ပြခြင်း)
      • TV ကြည့်တဲ့အခါမျိုးမှာ အချိန်သတ်မှတ်ပေးပါ။
        (အသက် ၂ နှစ်အောက်ကလေးငယ်များ TV ကြည့်ရန်ခွင့်မပြုသင့်ပါ။ အသက် ၂ နှစ်အထက်ကလေးငယ်များ တစ်ရက်တွင် TV ကြည့်ချိန် နှစ် နာရီအောက်သာ ကြည့်ခွင့်ပြုပါ။)

ဆက်စပ်လျက်ရှိသော ဆောင်းပါးများ

Ask a Quick Question

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 4 out of 5 with 2 ratings

Recommended Doctor

Saovanee Pichairakporn, M.D. Summary: Pediatrics Developmental And Behavioral Pediatrics