Share the message

ဘယ်သူတွေက အူမကြီးကင်ဆာ ပိုဖြစ်နိုင်ပါသလဲ

ကမ္ဘာနှင့်တဝှမ်းမှာ တတိယအဖြစ်အများဆုံးကင်ဆာရောဂါဖြစ်တဲ့ အူမကြီးကင်ဆာဟာ တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာမပြတတ်တဲ့အတွက် အသံတိတ်လူသတ်သမားလို့ တင်စားကြပါတယ်။ အူမကြီးကင်ဆာဖြစ်စေတဲ့အချက်တွေကို ကျွန်တော်တို့သေချာမသိနိုင်သေးပါဘူး။ ဒါပေမယ့် လူတစ်ယောက်မှာ ကင်ဆာပိုဖြစ်နိုင်ခြေများတဲ့အချက်တွေ ဥပမာ အသက်အရွယ်နဲ့ မိသားစုရောဂါရာဇဝင်တွေဟာ အူမကြီးကင်ဆာရောဂါဖြစ်နိုင်ခြေပိုများစေတာကိုတော့ ကျွန်တော်တို့ သေချာသိနေပါပြီ။
ဒါကြောင့် အမေရိကန်ကင်ဆာရောဂါအဖွဲ့ အစည်းအရ ကင်ဆာဖြစ်နိုင်ခြေပိုများတဲ့အချက်တွေမရှိတဲ့ အသက် ၅၀ နှစ် နှင့်အထက် မည်သူမဆို အူမကြီးမှန်ပြောင်းကြည့်သင့်ကြောင်းနဲ့ ဆယ်နှစ်တစ်ကြိမ် ပြန်လည်ကြည့်ရှုစစ်ဆေးသင့်ကြောင်း အကြံပြုလိုပါတယ်။အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်းကို အူမကြီးကင်ဆာကို စစ်ဆေးရန်အတွက် နိုင်ငံတကာစံနှုန်းအနေဖြင့် အသိမှတ်ပြုထားကြပါတယ်။

ဘယ်သူတွေက ဖြစ်နိုင်ခြေပိုများတဲ့ အုပ်စုတွေဖြစ်ပါသလဲ…

  • မိမိရဲ့ မိသားစုအရင်းအခြာများ ဥပမာ – အဖေ၊ အမေ၊ မောင်နှမများ မှာ အူမကြီးကင်ဆာခံစားရဖူးတဲ့ သူတွေမှာ သာမန်သူတွေထက် နှစ်ဆမှ သုံးဆအထိ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ရှိပါတယ်
  •  မိမိရဲ့ မိသားစုအရင်းအခြာများ အခြားကင်ဆာအမျိုးအစားတွေ ဥပမာ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ ဒါမှမဟုတ် အစာအိမ်ကင်ဆာ ခံစားရဖူးတဲ့သူတွေမှာလည်း အခြားသာမန်သူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ တကယ်လို့ လူတစ်ယောက်မှာ သူ့ ရဲ့ မိသားစုဝင် တစ်ယောက်ထက်ပိုပြီး အခြားကင်ဆာအမျိုးအစားတွေ ခံစားရဖူးတယ်ဆိုရင် သူ့ ရဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေဟာ ပိုပိုပြီး တိုးနိုင်ပါတယ်။
  • နာတာရှည် အူသိမ်အူမ ရောင်ရမ်းရောဂါခံစားရဖူးတဲ့သူတွေ သို့မဟုတ် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာခံစားနေရတယ်ဆိုတဲ့သူတွေဟာ သာမန်သူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ နှစ်ဆပိုပါတယ်

အူမကြီးကင်ဆာရောဂါ လက္ခဏာများ…

လူနာအချို့ မှာ အူမကြီးကင်ဆာနဲ့ပတ်သက်လို့ သတ်မှတ်လို့ရတဲ့ ရောဂါလက္ခဏာတွေ မပြတာမျိုး ရှိနေတတ်ပါတတ်။ ဆိုလိုချင်တာက လူနာဟာ ရောဂါအခြေအနေကို သတိမထားမိတာမျိုးဖြစ်နိုင်ပါတယ်။တစ်ချို့ လူနာတွေမှာတော့ အူမကြီးကင်ဆာလို့ ပြောနိုင်တရောဂါလက္ခဏာတွေရှာတွေ့ ပေမယ့် တစ်ခြားရောဂါတွေမှာဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ မကွဲပြားတာမျိုးတွေ ဖြစ်တတ်ပါတယ်။အကယ်၍ သင်ဟာ အောက်ပါရောဂါလက္ခဏာများကို နှစ်ပတ်ထက်ပိုပြီး ခံစားနေရပြီဆိုပါက သင်၏ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ ရောဂါရှာဖွေစစ်ဆေးမှုချက်ချင်းပြုလုပ်သင့်ကြောင်း အကြံပြုလိုပါတယ်။

  • စအိုလမ်းကြောင်းမှ သွေးထွက်ခြင်း သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်း (ဆေးကုသမှုအမြန်ဆုံး ရှာဖွေခံယူပါ)
  • ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဗိုက်ပွခြင်း
  • နာတာရှည် အစာအိမ်နာခြင်း၊ အထူးသဖြင့် ဝမ်းဗိုက်အောက်ပိုင်း
  • အဆက်မပြတ် ဝမ်းသွားချင်စိတ် ဖြတ်ပေါ်ခြင်း သို့ မဟုတ် ဝမ်းသွား၍ မဝခြင်း (ဝမ်းရစ်ခြင်း)
  • ဝမ်းသွားသည့် အလေ့အထ ပြောင်းသွားခြင်း (ဥပမာ – ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် တစ်လှည့်စီ ဖြစ်နေခြင်း)
  • ဝမ်း၏သွင်ပြင်ပုံစံ ပြောင်းသွားခြင်း (သစ်စေ့ကဲ့သို့ မာနေခြင်း)
  • အားနည်းခြင်း၊ ညောင်းညာခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
  • အကြောင်းပြချက် ရေရေရာရာမရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း

ဘယ်အချိန်မှာ စစ်ဆေးသင့်သနည်း…

ကင်ဆာမဖြစ်ခင် အဆင့်ဖြစ်တဲ့ အူမကြီးလမ်းကြောင်းမှ အသားပိုများကို ရှာဖွေစစ်ဆေးမှာ ဖြစ်ပါတယ်။ စစဖြစ်ခြင်းမှာ အသားပိုများဟာ သေးငယ်နေနိုင်ပါတယ် ဒါပေမယ့် အချိန်နှင့်အမျှ ကြီးထွားလာပြီး ကင်ဆာအဖြစ်ကို သုံးနှစ် မှ ငါးနှစ် အတွင်း ပြောင်းလဲနိုင်ပါတယ်။ အကယ်၍သာ အသားပိုများကို စောစီးစွာ ရှာဖွေတွေ့ ရှိခဲ့မယ်ဆိုရင် အူမကြီးကင်ဆာ မဖြစ်ပွားအောင် ဖယ်ရှားဖြတ်ထုတ်နိုင်ပါတယ်။ မိသားစုဝင်ထဲမှာ အူမကြီးကင်ဆာရောဂါခံစားရဖူးတဲ့ ရောဂါရာဇဝင်ရှိသူ အမျိုးသား အမျိုးသမီးများသည် အသက် ၄၀ နှစ်မှစတင်၍ သို့မဟုတ် အူမကြီးကင်ဆာခံစားရသည့်မိသားစုဝင်၏ ရောဂါရှာဖွေတွေ့ ရှိသည့်အသက်အရွယ်ထက် ၁၀နှစ် စော၍ ရောဂါရှာဖွေ စစ်ဆေးသင့်ပါသည်။ဥပမာအားဖြင့် အကယ်၍ မိသားစုဝင်တစ်ယောက်သည် အူမကြီးကင်ဆာရောဂါဟု အသက် ၆၅ နှစ်အရွယ်တွင် ရှာဖွေတွေ့ ရှိခဲ့ပါက အခြားမိသားစုဝင်များသညါ အသက် ၄၀ နှစ်မှ စတင်၍ ရောဂါရှာဖွေ စစ်ဆေးသင့်ပါသည်။ သို့မဟုတ်ပဲ အသက် ၅၅ နှစ်မှ စတင်စစ်ဆေးမည်ဆိုပါက နောက်ကျနေပြီဟု ယူဆနိုင်ပါသည်။

ဘယ်လို စစ်ဆေးရှာဖွေရမလဲ…

စအိုလမ်းကြောင်းနှင့်အူမကြီးတို့၏ အတွင်းဘက်ပိုင်းတစ်လျှောက်ကို အူမကြီးကြည့်မှန်ပြောင်း ဟုခေါ်သော ပြွန်ချောင်းရှည်ဖြင့် စစ်ဆေးပါမည်။ စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း လူနာအား စိတ်ငြိမ်ဆေးပေးထားပြီး အိပ်ပျော်စေပါမည်။ အကယ်၍ ကင်ဆာမဖြစ်ခင် အဆင့်ဖြစ်သော အသားပိုများအားတွေ့ ရှိခဲ့ပါက စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း တစ်ခါတည်း ဖြတ်ထုတ်ပေးပါမည်။ အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းသည် အူမကြီးကင်ဆာရောဂါရှာဖွေစစ်ဆေးမှုများ အားလုံးတွင် အတိကျ အသေချာဆုံးသော နည်းလမ်းတစ်ခုဖြစ်ပြီး အခြားအကျိုးကျေးဇူးများအနေဖြင့် နာကျင်မှုမရှိခြင်း၊ ခွဲစိတ်ရာ မရှိခြင်း နှင့် အချိန်တိုတိုဖြင့်လုပ်ဆောင်နိုင်ခြင်း စသည်တို့ဖြင့်လည်း ပြည့်စုံပါသည်။

သင် ရောဂါရှာဖွေစစ်ဆေးပြီးသွားသော အခါ (အမေရိကန်ကင်ဆာအဖွဲ့ အစည်းအရ)

  • အကယ်၍ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းဖြင့် အသားပို ၁-၂ လုံးတွေ့ ရှိခဲ့လျှင် ၅-၁၀ နှစ်လျှင်တစ်ကြိမ် နောက်ထပ် စစ်ဆေးမှုခံယူသင့်ကြောင်း အကြံပြုထားပါသည်။
  • အကယ်၍ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းဖြင့် အသားပို ၃-၁၀ လုံးတွေ့ ရှိခဲ့လျှင် ၃-၅ နှစ်လျှင်တစ်ကြိမ် နောက်ထပ် စစ်ဆေးမှုခံယူသင့်ကြောင်း အကြံပြုထားပါသည်။
  •  အကယ်၍ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းဖြင့် အသားပို ၁၀ လုံးထက်ပို၍တွေ့ ရှိခဲ့လျှင် ၃နှစ်အတွင်း နောက်ထပ် စစ်ဆေးမှုခံယူသင့်ကြောင်း အကြံပြုထားပါသည်။
  • အကယ်၍ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းဖြင့် ၁ စင်တီမီတာထက်ကြီးသော အသားပို ၁ လုံးတွေ့ ရှိခဲ့လျှင် ၃ နှစ်လျှင်တစ်ကြိမ် နောက်ထပ် စစ်ဆေးမှုခံယူသင့်ကြောင်း အကြံပြုထားပါသည်။
  •  အကယ်၍ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းဖြင့် အသားပို လုံးဝမတွေ့ ရှိခဲ့လျှင် နောက်ထပ် ၁၀နှစ်တွင် ထပ်မံ စစ်ဆေးမှုခံယူသင့်ကြောင်း အကြံပြုထားပါသည်။

ဆစ်မီတဝေ့ဆေးရုံတွင် အူမကြီးမှန်ပြောင်းကြည့်ရှု့ ခြင်း (ဂျပန်နိုင်ငံမှ Sano ဆေးရုံနှင့်ပူးပေါင်း၍)

အူမကြီးကင်ဆာ ရှာဖွေရာတွင် အကျိုးအကြောင်းအညီညွတ်ဆုံး ရောဂါအုပ်စုခွဲခြားခြင်း နည်းပညာဖြစ်သော Narrow-Band Imaging (NBI) International Colorectal Endoscopic classification (NICE) with magnification ကို ဆစ်မီတဝေ့ဆေးရုံတွင် အသုံးပြုထားပါသည်။ ပုံမှန်အသုံးပြုနေကြဖြစ်သော မှန်ပြောင်းတို့ဖြင့် ရှာဖွေမတွေ့ ရှိနိုင်သော အသားပိုတို့ကို နောက်ဆုံးပေါ် ပုံရိပ်ဖော်နည်းပညာတို့ဖြင့် တွေ့ ရှိနိုင်ပြီ ဖြစ်ပါသည်။ အပြာရောင် နှင့် အစိမ်းရောင် ရောင်ခြည်လှိုင်းတို့မှ ထုတ်လွှတ်သော အလင်းရောင်သည် တစ်ရှူးများအား ရှာဖွေမြင်နိုင်စွမ်းကို တိုးစေပါသည်။ ထို့ကြောင့် ပုံမှန်မဟုတ်သည့် နေရာများကို စောစီးစွာ ရှာဖွေတွေ့ ရှိနိုင်ပြီး သင့်တော်သော ရောဂါကုသမှုကို အမြန်ဆုံး စတင်နိုင်မည် ဖြစ်ပါသည်။ ( အသားပိုမဖြစ်ခင် အဆင့်တွင်ပင် ရှာဖွေတွေ့ ရှိနိုင်ပါသည်။)

• ဆစ်မီတဝေ့ဆေးရုံကြီးတွင် တစ်နှစ်လျှင် အူမကြီးမှန်ပြောင်းကြည့်ရှု့ စစ်ဆေးခြင်း အကြိမ် ၂၀ဝ၀ ကျော် ပြုလုပ်ခဲ့ပါသည်။
• အူမကြီးမှန်ပြောင်း ကြည့်ရှု့ နေချိန်နှင့် ကြည့်ရှု့ စစ်ဆေးပြီးချိန်တွင် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်ခြင်း လုံးဝမရှိခဲ့ပါ။
• အမေရိကန်နိုင်ငံ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှု့ ခြင်းအဖွဲ့ အစည်းအရ ၃၆.၄ ရာခိုုင်နှုန်း ကင်ဆာအကျိတ်အား တွေ့ ရှိမှုနှုန်း Vs
ပုံမှန်နည်းပညာဖြင့် တွေ့ ရှိမှုနှုန်း ၂၅ ရာခိုုင်နှုန်း

အထက်ပါအချက်အလက်များသည် ဆစ်မီတဝေ့ဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ်အတွင်း ကောက်ယူထားခြင်း ဖြစ်ပါသည်။

အူမကြီးမှန်ပြောင်းကြည့်ရှု့ ရန် ရက်ချိန်းရယူရန်အတွက် ဤနေရာတွင် နှိပ်ပါ..

 

အူမကြီးမှန်ပြောင်းကြည့်ရှု့ နေစဉ်အတွင်း အထူးကုဆရာဝန်သည် ကြီးမား ပြားကပ်နေသော အသားပိုအား ရှာတွေ့ ခဲ့လျှင် ခွဲစိတ်စရာမလိုပဲ Endoscopic Submucosal Dissection (ESD) နည်းပညာအား အသုံးပြု၍ ဖယ်ရှားနိုင်ပါသည်။ ထိုကဲ့သို့နည်းပညာ အသုံးပြုခြင်းသည် ခွဲစိတ်ခြင်းမှဖြစ်ပေါ်လာနိုင်သော အန ္တရာယ်များ လျော့နည်းစေခြင်း၊ ဝမ်းဗိုက်ခွဲစိတ်ရာများ ရရှိခြင်းမှ ကင်းဝေးစေခြင်း၊ ဆေးရုံတက်ရချိန် လျှော့ချစေနိုင်ခြင်း နှင့် လူနာကို နာလန်ထမြန်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ ထိုကဲ့သို့သော အကြောင်းအရာများသည် ရောဂါရှာဖွေရာတွင် ပိုမိုစိတ်ချရကာ နောက်ဆက်တွဲဆိုးကျိုးများ လျှော့နည်းစေပြီး လူနာအား ပုံမှန် ကျန်းမာသည့် လူနေမှုပုံစံသို့ ပိုမိုလျှင်မြန်စွာ ပြန်လည်ရရှိစေနိုင်ပါသည်။ Endoscopic Submucosal Dissection နည်းပညာသည် အမာရွတ်ကင်းမဲ့ ခွဲစိတ်နည်းပညာသစ် တစ်ခုဖြစ်ပြီး ဆစ်မီတဝေ့ဆေးရုံကြီးနှင့်အတူ မှန်ပြောင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ရှာဖွေခြင်း နှင့်ကုသခြင်းတို့တွင် အထူးကျွမ်းကျင်သော ဂျပန်နိုင်ငံရှိ Sano ဆေးရုံတို့ ပူးပေါင်းခြင်းမှ ရရှိလာသော ရလဒ်တစ်ခု ဖြစ်ပါသည်။
အူမကြီးကင်ဆာရောဂါဆိုသည်မှာ အူမကြီးအတွင်းရှိ ပုံမှန်ဆဲလ်များ ပြောင်းလဲမှုဖြစ်ရာမှ လုံးဝထိန်းသိမ်းမရတော့သည့် အခြေအနေအထိ အဆက်မပြတ် ပြောင်းလဲပွားများရာမှ ဖြစ်ပေါ်လာသော ရောဂါတစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ ကနဦးပိုင်းအဆင့်များတွင် ဆဲလ်များဟာ ပုံမှန်အသားပိုများ အနေဖြင့်သာ ဖြစ်ပေါ်လာမှာဖြစ်ပြီး အကယ်၍ ဖြတ်ထုတ်ခြင်းမပြုပဲ သို့မဟုတ် ကုသမှုမခံယူပဲ ဆက်လက်ပွားများခွင့်ပြုလိုက်လျှင်ဖြင့် အဆိုပါ အသားပိုများသည် နောက်ဆုံးမှာတော့ ကင်ဆာအဆင့်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါဖြစ်ရတဲ့ တိကျတဲ့ အခြေခံအကြောင်းအရာကို သေချာမသိရှိနိုင်သေးပေမယ် လူတစ်ယောက်ရဲ့ အူမကြီးနဲ့ စအိုလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ခြေဟာ အသက်အရွယ်နှင့်အမျှ များလာနိုင်တာကို သိရှိထားပြီး ဖြစ်ပါတယ်။ ထိုကဲ့သို့သော ရောဂါအခြေအနေများကို အသက် ၄၀ နှစ်နှင့် ၄၀ နှစ်အောက် လူကြီးများမှာ တွေ့ ရခဲပြီး အသက် ၅၀ နှစ်နှင့် ၅၀ နှစ်အထက် လူကြီးများမှာတော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ နှစ်ဆပိုများတာကို တွေ့ ရပါတယ်။ အထက်ပါ ဖော်ပြချက်များအရ မည်သို့ပင်ဆိုစေကာမှု အသက် ၅၀ နှစ်အောက် လူကြီးများတွင် အူမကြီးကင်ဆာဖြစ်နိုင်ချေ အန ္တရယ်မရှိဟု မဆိုလိုနိုင်ပါ။ အမှန်တကယ်တွင် စာရင်းဇယားများအရ အူမကြီးကင်ဆာရောဂါ ကုသမှုခံယူသူ ၇ ယောက်တွင် ၁ ယောက်သည် အသက် ၅၀ အောက် လူနာများဖြစ်ကြောင်း ဖော်ပြနေပါသည်။

Photo Credit: Karl-Heinz Kasper Flickr via Compfight cc

Rate This Article

User rating: 3.67 out of 5 with 21 ratings