Share the message

နှလုံးကြွက်သားပုတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း (Acute MI)

rsz_16340068679_43f54cab16_b

Acute MI ဆိုတာဘာလဲ

နှလုံးကြွက်သားပုတ်ခြင်းဆိုတာ နှလုံးထဲကသွေးကြောလေးတွေ ကျဉ်းနေတာ သို့မဟုတ် ပိတ်မိနေခြင်းကြောင့်ပါ။ ပိတ်မိနေတာ သို့မဟုတ် ကျဉ်းမြောင်းနေတဲ့ သွေးကြောလေးတွေက သွေးတွေကို နှလုံးကြွက်သားဆီ မရောက်စေခြင်းကြောင့် နှလုံးအမောဖောက်ခြင်းကို ဖြစ်စေပါတယ်။

ဖြစ်စေနိုင်သော အကြောင်းရင်းများ

ပြင်းထန်နှလုံးသွေးကြောပိတ်ခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်−

  • ဆီးချိုဖြစ်ခြင်း
  • သွေးတိုးဖြစ်ခြင်း
  • သွေးတွင်းအဆီများခြင်း
  • အ၀လွန်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
  • မျိုးရိုးအလိုက် နှလုံးရောဂါရှိခြင်း
  • အမျိုးသားများ အသက်၄၅နှစ်ကျော်လျှင်
  • အမျိုးသမီးများ အသက်၅၅နှစ်ကျော်လျှင်

ဖြစ်နိုင်ခြေရှိတဲ့ အသက်အရွယ်ကို မရောက်သေးသူများအနေနဲ့လည်း စစ်ဆေးမှုပြုလုပ်ထားသင့်ပါတယ်။ အထူးသဖြင့် အသက်၃၀ပတ်၀န်းကျင်ရှိတဲ့လူတွေက ဒီအခြေအနေဖြစ်လာဖို့အတွက် အစပျိုးနေတတ်ပါတယ်။

သတိပြုရမည့် ရောဂါလက္ခဏာများ

နှလုံးကြွက်သားပုတ်ခြင်း၊ နဲ့ပတ်သက်ပြီး ရောဂါလက္ခဏာက များများစားစားမရှိပါဘူး။ အထင်ရှားဆုံး ရောဂါလက္ခဏာတွေကတော့ အားအင်ကုန်ခမ်းခြင်း အလွယ်တကူမောပန်းခြင်း ရင်ဘတ်အောင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ရုတ်တရက်နှလုံးအောင့်ခြင့်များနဲ့အတူ မူးဝေခြင်း ချွေးထွက်လွန်ခြင်းနဲ့ နှလုံးတုန်ခြင်းတို့ပါ ဖြစ်ပေါ်စေတတ်ပါတယ်။ နှလုံးကြွက်သားပုတ်ခြင်း၊ ကို  ဆရာ၀န်နဲ့ချက်ချင်းပြပါ။

 

ကြိုတင်ကာကွယ်ခြင်း

ကျန်းမာရေးကိုဂရုစိုက်ခြင်းက နှလုံးကြွက်သားပုတ်ခြင်း၊ မှ အကောင်းဆုံးကာကွယ်ခြင်းပါပဲ။ အောက်ဖော်ပြပါ လူနေမှုပုံစံတွေက ကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်ပါတယ်−

  • ဆေးလိပ်သောက်ခြင်းမှရှောင်ကျဉ်ခြင်း
  • သွေးပေါင်ချိန်ပုံမှန်စစ်ခြင်း
  • သွေးတွင်းအဆီများအခြေအနေကို ပုံမှန်စစ်ဆေးခြင်း
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
  • ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးခြင်း

 

ပုံမှန်ကျန်းမာရေးစစ်ဆေးရေးမှုများက အခြေအနေများကိုပိုမဆိုးခင်မှာ သိစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေစဉ် အီးစီဂျီရိုက်ခြင်း၊ သွေးစစ်ခြင်း သို့မဟုတ် စီတီအေစက် တို့ဖြင့် နှလုံးသွေးကြောကျဉ်းရောဂါရှိမရှိကို သိရှိနိုင်ပါတယ်။ မူမမှန်မှုများ တွေ့ရှိရပါက ဆရာ၀န်ကနှလုံးသွေးကြောများထဲသို့ နှလုံးသွေးကြောများကို ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်က ဆရာ၀န်ကို သွေးကြောများ အတွင်းထဲအထိမြင်နိုင်စေပြီး နည်းစနစ်တကျ ကုသမှုကို လုပ်ဆောင်နိုင်စေပါတယ်။

တကယ်လို့ မိသားစုထဲမှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါရှိထားပါက ဆရာ၀န်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ ဆရာ၀န်က နှလုံးအမောဖောက်ခြင်းကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အကြံပေးနိုင်မှာဖြစ်ပြီး အခြားပြုလုပ်နိုင်မယ့် ကာကွယ်မှုများကိုလဲ ပြောပြသွားပါလိမ့်မယ်။

ကုသနည်းများ

နှလုံးကြွက်သားပုတ်ခြင်း၊  ကို ကုသနည်းများကတော့ နှလုံးသွေးကြောထဲသို့ ဆေးထိုးသွင်းခြင်းနဲ့ နှလုံးသွေးကြော အသစ်တို့ပဲ ဖြစ်ပါတယ်။ အဓိကကုသနည်း လေးခု ရှိပါတယ်။ သင့်တော်တဲ့ကုသနည်းကို ဆရာ၀န်က အကြံပြုပေးပါလိမ့်မယ်။

  • ဘောလုံးအသုံးပြု သွေးကြောပြုပြင် ခွဲစိတ်ခြင်း – ထိပ်တွင်ဘောလုံးငယ်တပ်ထားသော ပြွန်ငယ်တစ်ခုကို ပိတ်ဆို့နေသော သွေးကြောထဲသို့ထည့်ခြင်း၊ ဘောလုံးကို ဖိချလိုက်တဲ့အခါ သွေးကြောက ပြန်ကျယ်သွားပြီး သွေးကိုပုံမှန်အတိုင်း ပြန်လည်စီးဆင်းစေပါတယ်
  • ပိတ်ဆို့နေသောသွေးကြောအတွင်းသို့ ပြွန်ထည့်ခြင်း
  • ဓာတုဗေဒပစ္စည်းများက ပြွန်အတွင်းတွင် ဖိုင်ဘာတစ်ရှူးများ ဖြစ်ပေါ်လာခြင်းကို တားမြစ်ထားတဲ့အတွက် အနာဂတ်တွင် သွေးကြောကျဉ်းမြောင်းခြင်းကို ကာကွယ်တားမြစ်ပေးပါတယ်။ ဒီကုသမှုကို လူသုံးများပါတယ်။
  • ပိတ်ဆို့နေသောသွေးကြောအတွင်းသို့ ပြွန်ထည့်ခြင်း သို့ရာတွင် ပြွန်များက တစ်နှစ်မှ နှစ်နှစ်အတွင်း သွေးကြောထဲတွင် ပျော်၀င်သွားပါလိမ့်မယ်။ ဒီကုသမှုမျိုးကို သင့်တော်တဲ့အခြေအနေများမှာ အသုံးပြုပါတယ်။

နှလုံးကြွက်သားပုတ်ခြင်း၊ ဝေဒနာခံစားရသူတွေဟာ ပြန်လည်ကောင်းမွန်လာဖို့အတွက် လအနည်းငယ်မှ တစ်နှစ်အတွင်း အချိန်ပေးရပါတယ်။ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းတွေကို စနစ်တကျလိုက်နာတဲ့လူတွေကတော့ ပြန်လည်ကောင်းမွန်လာဖို့အတွက် နှစ်ရက်မှ သုံးရက်ပဲ အချိန်ယူပါတယ်။

Photo Credit: katerha via Compfightcc

Rate This Article

User rating: 2.63 out of 5 with 8 ratings

Recommended Doctor

Prapon Ditrungroj, M.D. Summary: Internal Medicine Internal Medicine