Share the message

နှလုံးအဆို့ရှင်မလုံခြင်း အကြောင်းသိကောင်းစရာများ

အသက်ကြီးမှဖြစ်သော နှလုံးအဆို့ရှင်မလုံခြင်း သည် ဖြစ်စတွင် မွေးရာပါနှလုံးအဆိုု့ရှင်မလုံသည့်ရောဂါကဲ့သို့ သိသိသာသာ လက္ခဏာ ပြလေ့မရှိပါ။ အသက်ကြီးမှ နှလုံးအဆို့ရှင်မလုံရခြင်းရဲ့ အဓိကအကြောင်းရင်းမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်လေ့မရှိ ခြင်းနှင့်မိမိဧ။်ကျန်းမာရေးကို သေချာဂရုစိုက်မှုမရှိသောကြောင့် သွေးတိုး၊ဆီးချို၊သွေးတွင်းအဆီများခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းများဖြစ်ပြီး ယင်းတို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်သွားခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ နှလုံးမှာ အဆို့ရှင်လေးခုရှိပါသည်။ အဆို့ရှင်လေးခု ထဲမှ Mitral valve နှင့် aortic valve ဟာ အဆို့ရှင်မလုံခြင်းအဖြစ်များပါသည်။

နှလုံးအဆို့ရှင်မလုံခြင်း ၏အကြောင်းရင်းများကတော့

  1.  မွေးရာပါ နှလုံးအဆို့ရှင်ပုံမမှန်ခြင်းကြောင့် ဖြစ်သော နှလုံးအဆို့ရှင်မလုံခြင်း
  2.  အခြားရောဂါတခုခုကြောင့်နောက်ဆက်တွဲ နှလုံးအဆို့ရှင်မလုံခြင်း
  • နှလုံးအဆို့ရှင်ပိုးဝင်ခြင်း (လည်ပင်းနာ၊အာသီးရောင်၊ လေပြွန်နှင့်အဆုတ်ရောင်ရမှ နှလုံးအဆို့ရှင်ထိပိုးရောက်သွားခြင်း) -ကလေးငယ်များ၊သက်ကြီးရွယ်အိုများနှင့် ခုခံအားကျဆင်းနေသောရောဂါခံစားနေရသူများတွင် အတွေ့ရများပါတယ်။
  • နှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သားများပုပ်သွားပြီး အဆို့ရှင်မလုံခြင်း

နှလုံးအဆို့ရှင်မလုံခြင်း ဖြစ်နိုင်ခြေများသူများ

  •  မွေးရာပါ နှလုံးအဆို့ရှင်ပုံမှန်မဟုတ်သူများ
  •  ကလေးငယ်များ၊သက်ကြီးရွယ်အိုများ
  •  ခုခံအားကျဆင်းသောရောဂါခံစားနေရသူများ
  •  ဆေးလိပ်သောက်သုံးသူများ
  •  အသက် ၄၀ အထက် အမျိုးသားများ
  •  အသက် ၅၀ အထက် သွေးဆုံးပြီးသော အမျိုးသမီးများ
  •  ဆီးချို၊နှလုံးရောဂါ၊သွေးတိုး၊သွေးတွင်းအဆီများသော သူများ

ရောဂါလက္ခဏာများ

  •  မောပန်းလွယ်ခြင်း
  • အသက်ရှူမဝခြင်း
  •  ရင်တုန်ခြင်း၊ရင်ဘတ်အောင့်ခြင်း
  • ခြေထောက်များဖောရောင်ခြင်း

ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲ

  • ဆရာဝန်မှ နားကြပ်ဖြင့်နှလုံးခုန်သံစစ်ဆေးပေးခြင်း
  • ရင်ဘတ်ဓာတ်မှန်စစ်ဆေးခြင်း
  • နှလုံး အာထရာဆောင်းစစ်ဆေးခြင်း

ကုသခြင်းနည်းလမ်းများ

နှလုံးအဆို့ရှင်မလုံခြင်းကိုကုသရာတွင် ရောဂါဖြစ်စေသောအရင်းအမြစ်ကိုကုသရသကဲ့သို့ ခံစားနေရသောလက္ခဏာများ ကို ဆေးများဖြင့် သက်သာအောင်လည်းကုသရပါသည်။ အဆို့ရှင်မလုံတဲ့ အခြေအနေ ပိုဆိုးလာခြင်းရှိမရှိပုံမှန်စစ်ဆေးကုသခြင်းဟာလည်းအရေးကြီးပါသည်။ ဆေးဖြင့်ကုသနေစဉ် အခြေအနေပိုမိုဆိုးလာပါက အောက်ပါကုသမှုများနှင့် ကုသရမှာဖြစ်ပါသည်။

  1. ခွဲစိတ်ကုုသခြင်း – အဆို့ရှင်အစားထိုးကုသခြင်း နှင့် အဆို့ရှင်ပြုပြင်ကုသခြင်း
  2.  သွေးကြောတွင်းကြည့်မှန်ပြောင်းဖြင့် ကုသခြင်း

မွေးရာပါမဟုတ်သော နှလုံးအဆို့ရှင်မလုံခြင်းကို ဘယ်လိုကာကွယ်မလဲ

  • အာသီးရောင်ခြင်း၊အဆုတ်ရောင်ခြင်း တို့ကိုကုသရင်းနှင့်သက်သာလာခြင်းမရှိပါက အထူးကုနှင့် နှလုံးအဆို့ရှင်တွင် ပိုးဝင်ရောက်နေခြင်းရှိမရှိစစ်ဆေးသင့်ပါသည်။
  • အကြောင်းရင်းမရှိဘဲ မကြာခဏမောပန်းနေခြင်း၊ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်းများဖြစ်နေပါက နှလုံးနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးပါ။
  •  သွေးတိုး၊နှလုံး၊ဆီးချို စသည့်ရောဂါရှင်များအနေဖြင့် တနှစ်တခါ နှလုံးကျန်းမာရေးစစ်ဆေးပေးပါ။
  •  ကျန်းမာစေမည့် ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ပါ။
  •  ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသာ စားသုံးပါ။

Rate This Article

User rating: 4 out of 5 with 2 ratings

Recommended Doctor

Jirayu Hengrussamee, M.D. Summary: Cardiology