Share the message

နာတာရှည် အသည်းရောဂါဝေဒနာရှင် လူနာများတွင် ဖြစ်ပွားသော အသည်း ဆိုးရွားစွာပျက်ဆီးခြင်း

liver

 

လက်ရှိအချိန်မှာ နာတာရှည် အသည်းရောဂါကြောင့် အသည်းပျက်စီးခြင်း ဖြစ်ပွားမှုနှုန်းဟာ အရမ်းကိုအန္တရာယ်ရှိနေပါတယ်။ သုတေသနအချက်အလက်များအရ ၂၀၁၁ ဖေဖော်ဝါရီမှ စက်တင်ဘာလအထိ အသည်းခြောက်ခြင်း နှင့် ရုတ်တရက်နှလုံးအလုပ်မလုပ်ခြင်းများကြောင့် ဆေးရုံတင်ထားတော့ လူနာပေါင်း ၁၃၄၃ယောက်တွင် ဥရောပ (နိုင်ငံမှ အသည်းဌာန (၂၉) ခုတွင် လူနာပေါင်း ၁၃၄၃ ယောက်တွင် ၃၀၃ ယောက် သို့မဟုတ် ၂၂.၆% သော လူနာများဟာ အသည်းပျက်စီးခြင်း ဖြစ်နေပါတယ်။ စစ်တမ်းများစတင်သောအခါ ၁၁၂ယောက်သော လူနာများမှာသာ ရောဂါအခြေအနေ တွေ့ရှိခဲ့ရပါတယ်။ ရောဂါလက္ခဏာများက နာတာရှည်အသည်းရောဂါရှိနေသူများရဲ့ အသည်းကို ပုံမှန် အလုပ်မလုပ်စေတော့ပဲ အသည်းမာခြင်းကို ဖြစ်ပေါ်စေပါတယ်။ ရုတ်တရက်အသည်းပျက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းများက ရောဂါပိုး၀င်ခြင်း နှင့် အစာအိမ်နှင့် အူလမ်းကြောင်းကို သွေးထွက်ခြင်းများဖြစ်ပေါ်စေပြီး ကလီစာပြင်းထန်စွာ ပျက်စီးခြင်းများအထိ ဖြစ်ပေါ်စေပါတယ်။

နာတာရှည်အသည်းရောဂါရှိသူများအနေနဲ့ လေးပတ်အတွင်း ရုတ်တရက်အသည်းပျက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ရောဂါလက္ခဏာများကတော့ ဘီလီယူဘင်များလာခြင်းကြောင့် အသားနှင့် မျက်လုံးများဝါလာခြင်း၊ ၀မ်းဗိုက်အောင့်ခြင်း၊ ၀မ်းဗိုက်တွင် အရည်များစုလာခြင်းနဲ့ သွေးခဲစေခြင်းများကြောင့် အစာအိမ်လမ်းကြောင်းတွင် သွေးယိုခြင်း၊ အစာပြွန်အတွင်းရှိ သွေးကြောများဖောင်းပွခြင်း၊ အစာအိမ်အတွင်း သွေးယိုခြင်း သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် သွေးခြေဥဒဏ်ရာများဖြစ်ပေါ်လာစေပါတယ်။

ရုတ်တရက်အသည်းပျက်ခြင်းဟာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို တိုးပွားလာစေတဲ့အတွက် ခေါင်းကိုက်ခြင်း၊ ဦးခေါင်းခွံအတွင်း ဖိအားများခြင်း၊ ခေါင်းမကြည်ခြင်း၊ လေးလံထိုင်မှိုင်းခြင်းတို့အပြင် သတိမေ့ခြင်းနှင့် သတိလစ်မေ့မျောခြင်းတို့အထိ ဖြစ်ပေါ်စေပါတယ်။

ရုတ်တရက်အသည်းပျက်ခြင်းဟာ အခြားကလီစာများရဲ့ လုပ်ဆောင်ချက်ကိုလဲ ထိခိုက်စေပါတယ်။ ဥပမာ ရုတ်တရက် ကျောက်ကပ်ပျက်ခြင်း။ အသည်းကြွပ်ဆတ်ခြင်းရောဂါခံစားနေရတဲ့ ၃၀ မှ ၄၀% သော လူနာများဟာ ရောဂါပိုးကြောင့် ကျောက်ကပ် အားနည်းခြင်းဝေဒနာကိုလည်း ခံစားနေရပါတယ်။ သွေးလည်ပတ်မှု အားနည်းခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့ကြောင့် နှလုံးနှင့် ဟော်မုန်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ နောက်ဆုံးမှာတော့ ထိုရောဂါလက္ခဏာများက ရုတ်တရက် ကျောက်ကပ်ပျက်ခြင်းကို ဖြစ်ပေါ်စေပြီး ရောဂါပြင်းထန်မှုက ၅၀ မှ ၉၀% အထိ ရှိနိုင်ပါတယ်။

အသည်းကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းများက အသည်းရောင်စေတဲ့အထိ အရက်သောက်သုံးခြင်း၊ အသည်းရောင်စေတဲ့ဆေးများ သုံးစွဲခြင်း၊ အသည်းရောင်ရောဂါ အေပိုး၊ ဘီပိုး နှင့် အီးပိုးများ ကူးစက်ခံရခြင်း၊ သွေးကြောအတွင်း အဆိပ်အတောက်များ ပိတ်ဆို့ခြင်း နှင့် သွေးကြောများပိတ်ဆို့ခြင်းကြောင့် အသည်းရောင်စေခြင်းတို့ ဖြစ်ပါတယ်။ အခြားအသည်းပျက်စီးစေတဲ့ အကြောင်းအရင်းတွေက ရောဂါပိုးကူးစက်ခံရခြင်း၊ အစာပြွန်အတွင်း သွေးကြောဖောင်းပွပြီး သွေးယိုခြင်း၊ ခွဲစိတ်မှုများ၊ အစရှိသည်ဖြင့်ပေါ့။

ကလီစာပျက်စီးခြင်းများကို စောင့်ကြည့်နိုင်တဲ့ လုပ်ငန်းစဉ်တွေကတော့ ခန္ဓာကိုယ်အတွင်းရှိ အောက်ဆီဂျင် ရေချိန်ကိုလေ့လာခြင်း၊ သွေးထဲရှိအင်ဇိုင်းများကို ရေတွက်ခြင်း၊ ဘီလီယူဘင်ရေချိန်၊ သွေးပေါင်ချိန်၊ သတိလစ်မေ့မြောနေသူရဲ့ အတိမ်အနက်ကို အကဲဖြတ်ခြင်း၊ ကျောက်ကပ်လုပ်ဆောင်မှုများကို အားပေးသည့် အရည်များထည့်သွင်းခြင်း သို့မဟုတ် ဆီးထုထည်ကိုတိုင်းတာခြင်းတို့ဖြစ်ပါတယ်။

နာတာရှည်အသည်းရောဂါရှိသူများ ရုတ်တရက်အသည်းပျက်ခြင်းအတွက် ကုသနည်းများကတော့ Molecular Adsorbents Recirculation System (MARS) နည်းဖြင့် အဆိပ်ထုတ်ခြင်း၊ အသည်းအစားထိုး ကုသဖို့ ခံယူနေစဉ်အတွင်း အသည်းအတွင်းရှိ အညစ်အကြေးများကို စစ်ထုတ်ခြင်းတို့ပဲဖြစ်ပါတယ်။ အသည်းပျက်စီးခြင်း ရောဂါနုနေစဉ်အတွင်းမှာ လူနာများမှာ အသည်းအစားထိုးကုသလို့ရပါတယ်။ သို့ရာတွင် ရောဂါရင့်နေသဖြင့် ကျောက်ကပ်ပါပျက်စီးနေသော လူနာများအနေနှင့်ကတော့ အသည်းအစားထိုးရာတွင် ကျောက်ကပ်ကိုပါ အစားထိုးဖို့လိုအပ်ပါတယ်။

 

Samitivej ကျွန်တော်တို့ဂရုစိုက်ပါတယ်

ထပ်ဆောင်းအချက်အလက်များအတွက်၊ ကျေးဇူးပြု၍  အောက်ပါလိပ်စာကို ဆက်သွယ်ပါ

အသည်းနှင့် အစာခြေခြင်းဆိုင်ရာ သိပ္ပံ

Samitivej Sukhumvit ဆေးရုံ

အဆောင် ၁၊ ဒုတိယထပ်

ဖုန်း− 66 (0) 2711-8822-4

Call Center: 66 (0) 2711-8181

အီးမေးလ်: info@samitivej.co.th

Facebook: www.facebook.com/samitivej

Rate This Article

User rating: 3.12 out of 5 with 17 ratings

Recommended Doctor

Morakod Deesomsak, M.D. Summary: Internal Medicine Gastroenterology