Share the message

ဆစ်မီတဝေ့ ကလေးဆေးရုံကြီးအကြောင်း

ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆောင်ရွက်ခဲ့သမျှ…

ဆစ်မီတဝေ့ကလေးဆေးရုံကြီးသည် ထိုင်းနိုင်ငံ ကလေးပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် အထင်ကရ ဦးဆောင် ဆေးရုံကြီးတစ်ရုံအဖြစ် ရပ်တည်လျက် ရှိနေပါသည်။ မွေးကင်းစများ၊ ကလေးသူငယ်များနှင့် ဆယ်ကျော်သက် လူနာများ အားလုံးအတွက် လက်ရှိ လူကြီးများသို့ ပေးအပ်လျက်ရှိသည့် အထူးအဆင့်မြင့် ဝန်ဆောင်မှုများထက် မလျော့သော ဝန်ဆောင်မှုကောင်းများကိုလည်း ဂုဏ်ယူစွာဖြင့် ပေးအပ်လျက် ရှိနေ ပါသည်။ ပုဂ္ဂလိကကဏ္ဍတွင်လည်း ကမ္ဘာ့အသိအမှတ်ပြုဆေးရုံကြီးတစ်ရုံ ဖြစ်သည်နှင့်အညီ အသစ်ဆန်း ဆုံး နည်းပညာများကို နောက်ဆုံးပေါ် ပစ္စည်းကိရိယာများနှင့် ပေါင်းစပ်ပြီး မိသားစုတိုင်းအတွက် ဘက်စုံ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်လည်း ရှိနေပါသည်။ ကျွန်ုပ်တို့တွင် ဝါရင့် ဆေးပညာရှင် ဆရာဝန် ပေါင်း ၁၅၀ ကျော်၊ ကလေးခွဲစိတ်ဆရာဝန်များ၊ သမားတော်ကြီးများနှင့်အတူ အထူးလေ့ကျင့် သင်ကြားပေးထားသည့် သူနာပြုများနှင့် ဆေးဝန်ထမ်းများ၊ ဘာသာစကားအတွက် ဘာသာပြန်ပေါင်း ၇၂ ဦး တို့ဖြင့် နိုင်ငံတကာမှ လူနာများကို ကူညီထောက်ပံ့ ဝန်ဆောင်မှုများပေးလျက်ရှိနေပါသည်။

ဆစ်မီတဝေ့ကလေးဆေးရုံကြီးတွင် ကလေးသူငယ်များအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုများကို အထူးစီစဉ်ထားသည့် NICU (ခေါ်) မွေးကင်းစကလေးအထူးကြပ်မတ်ခန်း နှင့် PICU (ခေါ်) ကလေးသူငယ်အထူးကြပ်မတ်ခန်းများတွင် ရှိစဉ်ကတည်းက စတင်ပြီး ပံ့ပိုးပေးလျက် ရှိနေပါသည်။ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာကိရိယာများလည်း တပ်ဆင်ထားပြီး ၂၄ နာရီလုံးလုံး အနီးကပ် စောင့်ကြည့်ပေးလျက် ရှိပါသည်။ NICU တွင် လမစေ့ဘဲ မွေးလာသည့် ကလေးများ၊ ပေါင်မပြည့်သည့် ကလေးများ စသည်တို့အပြင် အခြား စဉ်ဆက်မပြတ်စောင့်ကြည့်ရန် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသည့် ကလေးများအတွက် ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပါသည်။

ထို့ပြင် အဆင့်မီကလေးကုသရေးဝန်ဆောင်မှုနှင့်ပတ်သက်၍လည်း ကုတင် ၁၃၀ ဆံ့ဆေးရုံတွင် ‘လေ့လာမှုဆိုင်ရာမသန်စွမ်းမှု’ နှင့် ‘အမူအကျင့်ဆိုင်ရာမသန်စွမ်းမှု’ များဆိုင်ရာ အထူးလိုအပ်ချက် ရှိသည့် ကလေးတွေအတွက် တစ်ဦးချင်းအလိုက် ပြုစုပေးထားသည့် အစီအစဉ်များလည်း ရှိနေပါသည်။ ဓာတ်မတည့်မှု နှင့် ရင်ကြပ်ပန်းနာစင်တာလည်း ရှိနေပြီး ၎င်းစင်တာသည် အမေရိကန်ပြည်ထောင်စု ပြင်ပ ကလေးသူငယ်ရင်ကြပ်ပန်းနာစောင့်ရှောက်မှုအစီအစဉ်အတွက် JCI အသိအမှတ်ပြု ပထမဆုံးစင်တာ တစ်ခု ဖြစ်ပါသည်။ ထို့ပြင် ကလေးကင်ဆာကုဌာနတွင်လည်း ကလေးငယ်များစွာရဲ့ အသက်များကို လူကေးမီးယား သွေးကင်ဆာ နှင့် သွေးရာဂါများမှ ကယ်တင်ပေးလျက် ရှိနေပါသည်။ positive-pressure room များလည်း ထားရှိပြီး ကလေးငယ်များ ကူးစက်ရောဂါများမှ ကင်းဝေးအောင် ကာကွယ်ပေးထားပါသည်။

samitivej-international-children-hospital-special-needs
ကျွန်ုပ်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအအမှတ် ပြုသောအားဖြင့် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (Unicef) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) တို့မှ ဆစ်မီတဝေ့ကလေးဆေးရုံကြီးကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးရုံဆု ပေးအပ်ခဲ့ပါသည်။

ထိုင်းနှင့် ပြည်ပနိုင်ငံတကာမှ မိသားစုပေါင်းများစွာ၏ သားငယ်သမီးငယ်များ ကျန်းမာရေးကိစ္စ အဝဝ အတွက် အထူးယုံကြည်ရပြီး အားကိုးအားထားပြုနေရသည့် ထိုင်းနိုင်ငံက ဆစ်မီတဝေ့ဆေးရုံကြီးပဲ ဖြစ်ပါ သည်။ ဤသည်မှာလည်း ကျွန်ုပ်တို့ ထိုင်းနိုင်ငံ အကောင်းဆုံး ဆေးကုသမှုအဖွဲ့ကြီး၏ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုများကြောင့်သာ ဤကဲ့သို့သောယုံကြည်မှုများကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာပညာရှင်မှာ ထိုင်း၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ ဆေးပညာ ဘုတ်အဖွဲ့ကြီးများမှ အသိအမှတ်ပြု ဘွဲ့များအသီးသီး ရရှိထားကြသူများလည်းဖြစ်ပါသည်။ အထူးကု ဆရာဝန်ကြီးများအားလုံးလိုလိုမှာလည်း အဆိုပါ အမေရိကန် နဲ့ ဗြိတိန် စသည့် နိုင်ငံများမှ ဆေးပညာ နယ်ပယ်အသီးသီးတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ထပ်ဆင့်အသိအမှတ်ပြုလက်မှတ်များလည်း ရရှိထားကြ ပါသည်။ ကလေးများကို ကုသမှုပေးရာတွင် အဆိုပါဆရာဝန်ကြီးများ၏ လုပ်ငန်းအတွေ့အကြုံများနှင့် နောက်ဆုံးပေါ် ဆေးပစ္စည်းကိရိယာများ နည်းပညာများကို ပေါင်းစပ်ပြီး ဆောင်ရွက်ပေးနေခြင်းပဲ ဖြစ်ပါ သည်။

အကယ်၍ ဆေးရုံပြင်ပ အရေးပေါ်ကိစ္စတစ်ခုခု ဖြစ်ခဲ့လျှင်လည်း ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ရှိရာသို့ အမြန်ဆုံးအရောက်လာပြီး ကယ်တင်ပေးရန် အသင့်ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။ ကလေး အရေးပေါ် အထူးကု NICU ဆရာဝန်များ နှင့် သူနာပြုများပါဝင်သည့် SPEEDY BEAR ဟုခေါ်သည့် ဆေးဘက်ဆိုင်ရာမြေပြင်သယ်ယူပို့ဆောင်ရေးအဖွဲ့ဖြင့် ၂၄ နာရီ အမြဲအဆင်သင့် ရှိနေပါသည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာလေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ PED WING မှလည်း ပြည်တွင်း သာမက ပြည်ပအထိပါ လိုက်လံဆောင်ရွက်ပေးလျက်ရှိနေပါကြောင်းကိုလည်း ထပ်လောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

မွေးကင်းစ၊ ကလေးငယ်များ နှင့် ဆယ်ကျော်သက်ရွယ်များ၏ ဆေးဘက်ဆိုင်ရာ အခြေအနေအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ကုသမှုများ ပေးလျက်ရှိပါတယ်။

News & Events

ဆစ်မီတဝေ့ဆေးရုံကြီးအကြောင်း
ဆစ်မီတဝေ့ဆေးရုံကြီးအကြောင်း..
STOP HEP-C IN MYANMAR
“Stop Hep-C in Myanmar” ပရဟိတအစီအစဉ်လေးမှာပါဝင်ပေးသောအယောက်ခ..

ကျန်းမာရေးဆောင်းပါးများ

သားသားမီးမီးမှာ မျိုးရိုးဗီဇဆိုင်ရာ ဖောက်ပြန်မှုတွေ ကင်းဝေးစေဖို့ ဖေဖေမေမေ ဗီဇအကြိုစစ်ဆေးမှုတွေ လုပ်ကြပါစို့...
မှတ်တမ်းများရဲ့ ဖော်ပြချက်အရ ၈၀% သော မွေးကင်းစကလေးတွေမှာ မိဘမှာမပါရှိတဲ့ မျိုးဗီဇဖောက်ပြန်မှုလေးတွေ ပါလာတတ်ပါတယ်။ ဆိုလိုတာက ကိုယ်ဝန်ဆောင် ၅၅၀ မှာ တစ်ဦးဟာ မျိုးဗီဇဆိုးဆိုးရွားရွားဖောက်ပြန်နေတဲ့ ကလေးကို မွေးဖွားလာနိုင်ချေ ရှိနေပါတယ် တဲ့။
သိပြီးပြီလား? The Human Papilloma Virus (HPV)ဗိုင်းရပ်စ်ယောက်ျားချင်းကနေ ကူးတတ်သတဲ့။
တကယ်တော့ HPV ဗိုင်းရပ်စ်ပိုးဟာ ဘာမှတော့ မထူးဆန်းပါဘူး။ လူပေါင်းမြောက်မြားစွာနဲ့  လက်ပွန်းတတီး ရှိနေခဲ့တာလည်း ကြာပါပြီ။ ဘာကြောင့်လဲဆိုတော့