Share the message

ခြေချင်းဝတ်နာကျင်ခြင်း – အပြေးသမားများ လျစ်လျူရှုမထားသင့်သောအရာများ


ခြေချင်းဝတ်နာကျင်ခြင်းမျိုးသည် အပြေးသမားအများစုဖြစ်တတ်သော ခြေချင်းဝတ်ခေါက်လဲနာကျင်ခြင်း (သို့မဟုတ်) ခြေဖနောင့် နာကျင်ခြင်းမျိုးကဲ့သို့ ဖြစ်လေ့ဖြစ်ထမရှိပေ။ အကယ်၍ သင့်၌ ဤကဲ့သို့သော နာကျင်မှုမျိုး ရှိလာလျှင် ဤလက္ခဏာသည် ကုသရခက်ခဲသော ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ဤနာကျင်သော ဝေဒနာအနေအထားနှင့် သင်ဆက်၍ ပြေးနိုင်သေးသော်လည်း၊ ထိုနာကျင်မှုသည် သင်နှင့်အချိန်ကာလအတော်ကြာကြာရှိနေတတ်ပါသည်။ ခြေချင်းဝတ်နာကျင်မှုမျိုးသည် အခြားသော စိုးရိမ်ရသည့် ထိခိုက်မှုများနှင့် ဆက်နွှယ်တတ်လေ့ရှိပါ
သည်။ ဥပမာအာဖြင့် Ankle sprain ခေါ် ခြေချင်းဝတ် လွဲခြင်းမျိုးဖြစ်လာပါက၊ အပြေးသမားကို ဆက်မပြေးစေဘဲ ၎င်းထိခိုက်ဒဏ်ရာကို သမှုခံယူဖို့လိုအပ်ပါမည်။

Viena ဆေးတက္ကသိုလ် မှ သုတေသီတစ်ဦးဖြစ်သူ Pejman Ziai သည် (Ankle Sprawn) ခြေချင်းဝတ်လွဲသော အပြေးသမားများထံမှ သုတေသန ပြုစုပြီး သတင်းအချက် အလက်များ စုဆောင်းခဲ့ပါသည်။ အပြေးသမားစုစုပေါင်း ၅၈ ဦးတွင် သုတေသန စာတမ်းပြုစုချက်များအရ (Ankle Pain) ခေါ် ခြေချင်းဝတ် နာကျင်ခြင်းမျိုး ဝေဒနာရှိကြောင်း သိရှိရပါသည်။ (၄၈) ဦး သောအပြေးသမားများတွင် လေ့လာချက်များအရ (Peroneal Tendinosis) ခေါ် ခြေချင်းဝတ်ဘေးတွင်ရှိသော အရွတ်ယောင်ရမ်းခြင်း လက္ခဏာရှိကြောင်း တွေ့ရပါသည်။ ထိုစာတမ်းပြုစုချက်များအရ အပြေးသမား ၅၈ ဦး ကို (MRI) စက်ဖြင့် စစ်ဆေးရာတွင် ၅၅ ဦးသည် (Peroneal Tendinosis) ခေါ် ခြေချင်းဝတ်ဘေးတွင် ရှိသော အရွတ်ရောင်ရမ်းသည့် ပြဿနာရှိကြောင်း (၉၅%) အထိ တွေ့ရှိရပါသည်။ (Peronenus Longus) (Brevis) သည် ခြေထောက်၏ ဘေးဘက်အပိုင်းတွင် ကြွက်သားအဆုံးဖက်အထိ ဆက်နွှယ် တည်ရှိနေသော အပိုင်းပင်ဖြစ်သည်။ သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ခြေချင်း ဝတ်ကျင်ခြင်း နှင့်ခြေချင်းဝတ်လွဲခြင်းတို့သည် တစ်ခုနှင့်တစ်ခု အခိုင်အမာ ဆက်စပ်လျှက် ရှိကြောင်း ပြသထားပါသည်။ သို့သော်လည်း (Peroneal Tendinosis) ခေါ် ခြေချင်းဝတ်ဘေးဘက်တွင်ရှိသော အရွတ်ရောင်ရမ်းခြင်းမျိုး ကြာရှည်စွာ ခံစားရလျှင်၊ ထိုအပြေးသမား၏ ထိန်းချုပ်နိုင်အား ကျဆင်းပြီး၊ ရုတ်တရက်ထိခိုက်မှုဒဏ်ဖြစ်ကာ (Ankle Sprain) ခေါ် ခြေချင်းဝတ်လွဲခြင်းမျိုး ဖြစ်ပေါ်လာစေပါသည်။

ထို့ကြောင့် သင်သည် အပြေးသမားတစ်ဦးဖြစ်ပြီး (lateral anke pain) ခြေချင်းဝတ်ဘေးဖက် နာကျင်မှုမျိုး ကြုံတွေ့ခံစားလာရလျှင် သင့်အနေဖြင့် နာတာရှည် ရောင်ရမ်းမှုမျိုး မဖြစ်လာစေရန် ကုသမှုကို ကြိုတင်ခံယူသင့်ပေသည်။ ကုသမှုများ တွင် ပုံစံများစွာ ရှိရာ၊ ဒဏ်ရာရသည့် ဧရိယာကို ဖိအားပေးထားခြင်း၊ကြွက်သားများကို ပြန်လည်အားကောင်းစေခြင်း၊ တစ်သျူးပြန်လည်ကောင်းမွန်စေရန်လေ့ကျင့်ပေးခြင်းများ ပါဝင်ပါသည်။

Footstike Pattern (ပြေးနေစဉ်တွင် ခြေထောက်မြေပေါ်သို့ချသည့် အခါ ခြေထောက်တွင်းရှိဖိအားကိုအခြေအနေပေါ်မူတည်၍ဖိအားထည့်သည့် နည်းလမ်း) သည်စိတ်ဝင်စားဖွယ်ရာ
နည်းလမ်းတစ်မျိုးဖြစ်ပါသည်။ ယခုလက်ရှိလူသိများနေသည့် လေ့ကျင့်နည်းများနှင့်မတူ ဤနည်းလမ်းသည်(Forefoot) ခြေဖမိုးဖိအား သက်ရောက်ခြင်း (သို့မဟုတ်) (mid foot) ခြေဖဝါးတွင် ဖိအားသက်ရောက်ခြင်းမျိုးကို ဆိုလိုခြင်း မဟုတ်ပေ။ ဤနည်းလမ်းသည် တနည်းအားဖြင့် ခြေဖနောင့်မြေပေါ်သို့ထိရောက်ခြင်းမျိုးဖြစ်သည်။ ခြေထောက်တွင်ရှိသော သက်ဆိုင်ရာ ကြွက်သားတုန့်ပြန်မှု၌ခြေထောက်ဖိအား နည်းလမ်းပြောင်းအသုံးပြုခြင်း၏ အကျိုးကိုသက်ရောက်စေ မည်ဖြစ်ပါသည်။ (Foot Strike) ခေါ် ခြေမနောင့်ကိုမြေပေါ်သို့ ချပြီးဖိအားအသုံးပြုခြင်းသည် ဒူးခေါင်းတွင် ပို၍တောင့်တင်းမှုကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အခြားမတူညီသော နည်းလမ်းများမှာ ၊ Forefoot ခေါ်ခြေဖဝါးအရှေ့ကို မြေပေါ်ချပြီးဖိအားအသုံးပြုခြင်းသည် ခြေကျင်းဝတ်နှင့် ခြေထောက်ကြွက်သားတွင် ပို၍တောင့်တင်းသွားစေပါသည်။ ထိုကြောင့်အပြေး သမားတစ်ယောက်သည် ခြေချင်းဝတ်တွင် နာကျင်မှုဝေဒနာခံစားကြုံတွေ့လာရပါက ပြေးနေစဉ်တွင် ခြေဖနောင့်တွင် မြေပေါ်စတင်ချပြီး ဖိအားသက်ရောက်မှုမျိုးကို အသုံးပြုခြင်းဖြင့်၊ ခြေကျင်းဝတ်တွင် တောင့်တင်းနေသော ဝေဒနာကို လျော့နည်းစေပါသည်။ သို့ပါသော်လည်း အပြေးသမားတစ်ယောက်သည်ဒူးခေါင်းအနေအထားဆန့်သွားသော အနေအထားမျိုးရောက်သွား သည့်အထိ၊ ခြေဖနောင့်ကို မြေပေါ်ချပြီးဖိအားကြာရှည်စွာ အသုံးပြုခြင်းမျိုးမပြုသင့်ပေ။
အချုပ်အားဖြင့် ဘေးဖက်ခြေချင်းဝတ်နာကျင်ခြင်းနှင့် ခြေချင်းဝတ်အဆစ်လွဲခြင်းတို့သည် ဆက်စပ်နေလျှက်ရှိကြောင်း ခိုင်မာစွာ သိရှိရပါသည်။ သင့်၌ အကယ်၍ နာကျင်မှု စတင်ကြုံတွေ့ခံစားလာရပါက၊ ကုသမှုလျှင်မြန်စွာ ရယူသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခြေချင်းဝတ်အဆစ်လွဲခြင်းမျိုးကို ကာကွယ်နိုင်ပြီး၊ ဤအခြေအမျိုးသည် အလွန်ဆိုးရွားပြီး ပြေးသည့်အားကစားလုပ်ခြင်းကို ကာလအတန်ကြာစွာ ရပ်ဆိုင်းအနားယူရခြင်းမှ ကာကွယ်ပေးပါသည်။

 

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.33 out of 5 with 3 ratings

Recommended Doctor

Phattarapon Atimetin, M.D. Summary: Rehabilitation Medicine Rehabilitation Medicine