Share the message

ကြော့ကြော့မော့မော့ကျန်းမာစွာအသက်အရွယ်ကြီးလာခြင်းနည်းလမ်းကောင်း

 

အချိန်ရွေ ့လျားလာသည်နှင့်အမျှ သဘာဝတရားအတိုင်းကျွနု်ပ်တို ့သည်အိုမင်းလာကြသည်။  အရိုးရောဂါနှင့်ဆိုင်သောပြဿနာများသည်အသက်ကြီးပိုင်းတွင်အဓိကတွေ ့ကြုံရလေ့ရှိပြီးစောင့်ရှောက်မှုအများဆုံးလိုအပ်လေ့ရှိသည်။ အောက်ဖော်ပြပါအရိုးအဆစ်နှင့်ပတ်သက်သောရောဂါများသည်အသက််ကြီးသူတို ့သတိပြုသင့်သည်။

အရိုးကျီးပေါင်းရောဂါ

ကျောရိုးမသည်ချို ့ယွင်းပြုန်းတီးလွယ်သောအဖြစ်အများဆုံးသော အရိုးအဆစ်ရောဂါဖြစ်ပြီး အရိုးပွခြင်း
အသက်အရွယ်ကြောင့်ပြုန်းတီးသော အဆစ်ရောဂါနှင့်အရိုးကျီးပေါင်း အစရှိသောဝေဒနာများဖြစ်တတ်သည်။
အရိုးအဆစ်၏တစ်ခုသော အစိတ်အပိုင်းပြုန်းတီလျှင် အရိုးကျီးပေါင်းဖြစ်တတ်ပြီး ကျောရိုး၏အနောက်ဘက် တွင်ရှိသောအဆစ်အသေးလေးများသည်စတင်ပြုန်းတီးလာသည်။ ကျောရိုးတစ်ဝိုက်ရှိ Ligaments လေးများ သည်လည်းကြီးလာ၍ ကျောရိုးမြောင်းတစ်လျှောက်အား ကျဉ်းလာစေကာ အာရုံကြောများအား ဖိလာပြီး အာရုံကြောဆိုင်ရာ ပြဿနာများပေါ်ပေါက်လာစေသည်။ အဆိုပါ အာရုံကြောဆိုင်ရာ တစ်သျူးများသည် ကြွက်သား၏ အားနှင့် ခြေထောက်ရှိအာရုံကြောများအား ထိန်းချုပ်သဖြင့် ခါးနာခြင်း၊ ခြေတစ်လျှောက်နာကျင် ခြင်း၊ ထုံခြင်း၊ လှုပ်ရှားရာတွင်အားနည်းခြင်းများဖြစ်စေသည်။ အဆိုပါ အခြေအနေကြောင့်လူနာသည် ၁၀ နှင့် ၂၀ မီတာအတွင်းသာ လမ်းလျှောက်နိုင်ပြီးနားရန်လိုအပ်သောကြောင့် ပုံမှန်လူနေထိုင်မှုဘဝတွင် ကသိကအောင့် ဖြစ်စေပြီး နေ ့စဉ်ဘဝတွင်အဆင်မပြေမှုများ ဖြစ်စေသည်

ဒူးခေါင်းရိုးရောင်ရမ်းခြင်း

ဒူးခေါင်းရိုးရောင်ရမ်းနာသည် ဒုတိယအဖြစ်များဆုံးသော အရိုးပြုန်းတီးနာဖြစ်သည်။ ယင်းဝေဒနာသည် ဒူးခေါင်းအရိုးနုပြုန်းတီးမှုမှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အလေးချိန်အားဆက်လက်ထောက်မ၊ မပေးနိုင်တော့သဖြင့် အရိုးနုကျန်းမာရေးအတွက်လုံလောက်သောချောဆီအားလည်း မထုတ်လုပ်နိုင်တော့ပါ။ ဒူးခေါင်းရိုးလှုပ်ရှားမှုဖြစ်စဉ်တွင်ပွတ်တိုက်မှုဖြစ်ခြင်းနှင့်အရိုးနုပြုန်းတီးခြင်းကြောင့်အက်ကြောင်းစတင်ဖြစ်ပေါ် ခြင်း၊ လှုပ်ရှားစဉ်အက်ကွဲသံကြားရခြင်း၊ ဒူးခေါင်းအဆစ်နာကျင်ခြင်းနှင့် ဒူးရိုးပုံမမှန်မှုများဖြစ်ပွား လာနိုင်သည်။ နာကျင်မှုသည်အသက်ရလာလေပိုမိုဆိုးရွားလာလေဖြစ်သည်။အဓိကဇစ်မြစ်ပြဿနာတစ်ရပ်မှာအဝလွန်ခြင်း ဖြစ်သည်။

တင်ပါးဆုံရိုးရောင်ရမ်းခြင်း

တင်ပါးဆုံရိုးရောင်ရမ်းနာသည် အဖြစ်နည်းသော်လည်း အခြားရောဂါများထက် ပိုမိုနာကျင်ခံစားရလေ့ရှိသည်။ ယင်းဝေဒနာသည်အသက်အရွယ်အရပြုန်းတီးမှုကြောင့်သော်လည်းကောင်း၊ တင်ပါးဆုံရိုးသို ့ပို ့လွွှတ်သော သွေးကြောပိတ်ဆို ့ခြင်းကြောင့်သော်လည်းကောင်း၊ ယင်းအဆစ်သို ့ထောက်ပံ့သောအရိုး၏ သွေးလွှတ်ကြော တွင် ပြဿနာရှိသောကြောင့်ဖြစ်လေ့ရှိသည်။ လုံလောက်သော အဟာရမရလျှင်ပေါင်ရိုး၏ထိပ်သည် တဖြည်း ဖြည်းပြုန်းတီးလာပြီး အရိုးပြုန်းတီးရောင်ရမ်းနာဖြစ်တတ်သည်။ တင်ပါးဆုံ ရိုးသည် လှုပ်ရှားမှုတုံ ့ဆိုင််းလာပြီး အလွန်အမင်းနာကျင်လာသည်။ နာတာရှည်အရက်စွဲလူနာများ၊ corticosteroid ဆေးပုံမှန်သုံးစွဲနေရသူများ တင်ပါးဆုံရိုးမတော်တဆကျိုးမှုများသည်Hip Osteoarthritis အဖြစ်များစေသော အကြောင်းအရင်းများဖြစ် သည်။

အရိုးပွခြင်း

အရိုး၏သိပ်သည်းဆကျလာခြင်းနှင့်အရိုး၏တည်ဆောက်ပုံယိုယွင်းလာခြင်းတို ့ကြောင့်အရိုးပွခြင်းဖြစ်ပွားသည်။ အသက်သုံးဆယ်ကျော်လာသည်နှင့်အမျှအရိုးသစ်တည်ဆောက်မှုဖြစ်စဉ်လျော့နည်းလာပြီး အရိုးထုထည်သည် တည်ဆောက်သည်ထက်ပြုန်းတီးမှုပိုလာသည်။သွေးဆုံးပြီး အမျိုးသမီးများသည်အရိုးပျက်စီးမှုကိုတိုက်ဖျက်ပေး သောအီစထိုဂျင်ဟော်မုန်းဓါတ်နည်းပါးခြင်းကြောင့်အမျိုးသားများထက်အရိုးပြုန်းတီးမှုပိုမိုလျင်မြန်စွာဖြစ်ပွား သည်။ အရိုးသည်မာကြော၍ကျွပ်ဆပ်လာပြီး ကျိူးလွယ်သောအခြေအနေသို ့ရောက်ရှိလာသည်။ ကျိူးလွယ်သောအရိုးများမှာ ကျောရိုးမကြီး၊ တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်ရိိုး၊ လက်မောင်းရိုးတို ့ဖြစ်သည်။
အရိုးပွခြင်းသည် နာတာရှည်ဝေဒနာတရပ်ဖြစ်ပြီး လက္ခဏာများသည် ရုတ်တရတ်မသိသာပါ။ တဖြည်းဖြည်းခြင်းဆိုးရွားလာပြီး လူတစ်ယောက်၏နေ ့စဉ်လူနေမှုဘဝတွင်ကြီးမာသောထိုးနှက်ချက်ဖြစ်လာ သည်။အရိုးပွနိုင်ခြေရှိသူမျာအနေဖြင့်အရိုးသိပ်သည်းဆမြင့်တက်လာစေရန်နှင့်အရိုးမပွလာစေရန်အတတ်နိုင် ဆုံးဖြစ်နိုင်ချေများအားလျှော့ချသင့်သည်။ အရိုးသိပ်သည်းမှုအားကောင်းလာစေရန်ကယ်လ်စီယမ်ဓါတ်ကြွယ် ဝသောအစားအသောက်များသုံးဆောင်ခြင်းနှင့် ဆရာဝန်မှအကြံပြုသော ကယ်လ်စီယမ်ဖြည့်စွက်ဆေးများအား သုံးစွဲသင့်သည်။

ဇက်ကြောနာကျင်ခြင်းနှင့်ခါးနာခြင်း

ပုံမမှန်သော အနေအထားများဖြင့် ပတ်လက်ကုလားထိုင်ခုံများနှင့်အိစက်ညက်ညောသောထိုင်ခုံများတွင် မကြာခဏလှဲလျောင်းအနားယူခြင်း၊ TV ကြည့်စဉ်ခေါင်းအုံးအထပ်များလိုအပ်သည်ထက်မြင့်နေခြင်း၊ ကွန်ပျူ တာအသုံးပြုစဉ်တွင်ပုံမမှန်အနေအထားဖြင့်နာရီပေါင်းများစွာထိုင်နေခြင်းတို ့ကြောင့်လည်ပင်းဇက်ရိုးနှင့် ခါးတွင် နာကျင်မှုဝေဒနာများခံစားရနိုင်သည်။ ယင်းလက္ခဏာများကြောင့်လည်ပင်းဇက်ကြောနာကျင်ခြင်း၊ တောင့်တင်း ခြင်းများဖြစ်စေသည်။ တချို ့တွင်ပခုံးကြွက်သားများပါနာကျင်လာစေသည်။ ၄င်းတို ့သည်လည်ပင်းရိုးဆစ်များ ပြုန်းတီးလာခြင်း၏သတိပေးလက္ခဏာများဖြစ်ပြီးလည်ပင်းကျီးပေါင်း၊ ခါးရိုးကျီးပေါင်းများဖြစ်လာစေသည်။ မကုသပါက နာကျင်မှုဝေဒနာသည် လည်ပင်းဇက်ရိုးမှတဆင့် ခြေလက်များအထိ ထုံထိုင်းနာကျင်မှုပျံ ့နှံ ့လာစေ သည်။၄င်းရောဂါသည်အလွန်အမင်း ယိုယွင်းလာစေပြီးလူတစ်ယောက်၏နေ ့စဉ်ရှင်သန်နေထိုင်မှုဘဝပုံစံတွင် အနှောက်အယှက်များစွာဖြစ်ပေါ်လာစေသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သည်ဟူသော ဆိုရိုးစကားအတိုင်းမိမိ၏နေ ့စဉ်လှုပ်ရှားသွားလာမှုပုံစံများအားပြုပြင်သင့်ပါသည်။

လူကြီးပိုင်းများတွင်ဖြစ်လေ့ရှိသော အရိုးအဆစ်ပြဿနာများအားကုသခြင်း

လူကြီးပိုင်းတွင်ဖြစ်တတ်သော အရိုးဆစ်ဝေဒနာများအားကုသခြင်းသည် နာကျင်မှုဝေဒနာအား သက်သာစေပြီး ၄င်းတို ့၏နေ ့စဉ်ရှင်သန်လှုပ်ရှားမှုဘဝတွင် ပုံမှန်ဖြစ်စေသည်။ ကုသမှုတွင် အနာသက်သာစေသောဆေးဝါးများ နှင့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပါဝင်သည်။သို့သော်ကုသမှုတွင်ဝေဒနာသည်မသက်သာလျှင်သော် လည်းကောင်း၊ ဆရာဝန်အနေဖြင့်နောက်ထပ်သင့်တော်သော ကုသမှုဖြစ်သည့်ခွဲစိတ်ခြင်းအားလမ်းညွန်လိမ့် မည်။
ယခုခေတ်ခွဲစိတ်မှုနည်းပညာအရ လူတစ်ဦးချင်းစီ၏ ဝေဒနာများပေါ်မူတည်ပြီး ခွဲစိတ်မှုများကွဲပြားသည်။ ဥပမာ- နာတာရှည် ခါးနာဝေဒနာများအတွက် Spinal Canal ခွဲစိတ်မှုသည် လွန်စွာထိရောက်မှုရှိပြီး နာကျင်ခြင်းအား ကုသနိုင်ကာလူကြီးပိုင်းများအနေဖြင့် ကျန်းမာသန်စွမ်းစွာ အထောက်အကူမလိုဘဲ လှုပ်ရှားသွားလာနိုင်စေ သည်။

ကျန်းကျန်းမာမာ၊ကြော့ကြော့မော့မော့နှင့်ပျော်ရွှင်စွာအသက်အရွယ်ကြီးလာသောဘဝကိုထိန်းသိမ်နိုင်ရန်ဘယ်လိုဆောင်ရွက်မလဲ။

အထက်ဖော်ပြပါ ဆေးကုသချက်များသည် ရောဂါဝေဒနာသက်သာစေရန် နည်းလမ်းများသက်သက်သာဖြစ် သည်။လူတစ်ဦး၏နေ ့စဉ်ပြုမှုဆောင်ရွက်မှုများနှင့်အလေ့အထများအားပြုပြင်ပြောင်းလဲမှုမပြုလုပ်ပါကဝေဒနာ လက္ခဏာရပ်များတဖန်ပြန်လည်ပေါ်ပေါက်လာပြီး ကုသမှုများသည်ထင်မှတ်ထားသလောက်အကျိုးဖြစ်ထွန်း မည်မဟုတ်ပါ။ ဝေဒနာများအမှန်သက်သာလာစေရေး၊ နာကျင်မှုများအားအတတ်နိုင်ဆုံးလျှော့ချနိုင်စေရေး နှင့်ဘဝနေထိုင်မှုအနှစ်သာရပြည့်ဝလာစေရေးတို ့အတွက်ဆရာဝန်၏လမ်းညွှန်မှုများမှာ-
• မိမိ၏နေ ့စဉ်စားသောက်မှုတွင်လုံလောက်သောအဟာရဓါတ်များပါဝင်လိုအပ်သည်။ လိုအပ်သောပရို တင်းဓါတ်၊ ကာဗိုဟိုက်ဒြိုက်ဓါတ်၊ Lipid ဓါတ်၊ ဗီတာဗင်များနှင့် သတ္တု ဓါတ်များနှင့် ရေများများလုံ လောက်စွာလိုအပ်သည်။
• အလွန်ချိုလွန်းသော၊ ငန်လွန်းသော အစားအစာများအားရှောင်ကြည်ပါ။
• ကယ်လ်စီယမ် ဓါတ်ကြွယ်ဝသော အစားအစာများအားရွေးချယ်သုံးဆောင်ပါ။ နွားနို ့သောက်ပါ။ နို ့ အားမကြိုက်လျှင်သော်လည်းကောင်း၊ နို ့နှင့်ဓါတ်မတည့်သောရောဂါရှိလျှင်သော်လည်းကောင်း
• အစာကြေလွယ်သောအမျှင်ဓါတ်ပေါများသော၊ ဗီတာမင်များနှင့် သတ္တုဓါတ်ကြွယ်ဝသောအစားအစာ များကိုသုံးဆောင်ပါ။ ဥပမာ – ငါး၊ ဆန်လုံးညို ၊ ပဲအမျိုးမျိုးနှင် အသီးအရွတ်များ
• အရက်သေစာနှင့်ဆေးလိပ်သောက်ခြင်းမှရှောင်ကြည်ပါ။
• နေ ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။ အသက်အရွယ်ကြီးများအနေဖြင့် နေ ့စဉ် ၁နာရီမှ ၂ နာရီခန် ့အထိလမ်းပုံမှန်လျှောက်ပါ။

အသက်အရွယ်ကြီးသူများအနေဖြင့်မိမိ၏ခန္ဓာကိုယ်အားကျန်းမာသန်စွမ်းအောင်ထိန်းသိမ်းထားနိုင်လျှင် နောင်နှစ်များစွာအသက်ရှည်နေထိုင်သွားနိုင်သည်။ အရိုးပြုန်းတီးခြင်းနှင့်အတူ ဆက်စပ်သောဝေဒနာ လက္ခဏာများအနည်းဆုံးလျှော့ချထားနိုင်ခြင်းမှရှောင်ရှားနိုင်ခြင်းဖြင့်အသက်ရှည်ကျန်းမာပျော်ရွှင်စေသော လူနေထိုင်မှုဘဝများဆီသို ့လျှောက်လှမ်းကြပါစို ့

Rate This Article

User rating: 0 out of 5 with 0 ratings

Recommended Doctor

Prof.Emeritus Charoen Chotigavanich, M.D. Summary: Orthopedics Orthopedics