Share the message

ကလေးများ နွားနို့ နှင့် ဓာတ်မတည့်ခြင်း ရောဂါလက္ခဏာများ နှင့် ရောဂါစစ်တမ်း

 

 

နွားနို့ နှင့် ဓာတ်မတည့်ခြင်း သည် မွေးကင်းစ နှင့် ကလေးငယ်များတွင် အဖြစ်များသည်။ ရောဂါပြင်းထန်မှုအခြေအနေမှာ တစ်ဦးနှင့်တစ်ဦးမတူပါ။ ဖြစ်နိုင်ခြေလက္ခဏာများ ကိုမိဘများမှစောင့်ကြည့်ပေးရန်အရေးကြီးသည်။ ရောဂါလက္ခဏာအခြေအနေများကို သိရှိခြင်းဖြင့်မိဘများအနေနှင့်မှန်ကန်သောကုသမှုနည်းလမ်းကိုပေးနိုင်မည်ဖြစ်သည်။

ရောဂါလက္ခဏာ များ နှင့် ဖြစ်နိုင်ခြေ လက္ခဏာများ

ဤ ဓာတ်မတည့်ခြင်းသည်မွေးကင်းစအရွယ်နွားနို့စသောက်စဉ်အချိန်မှပင်စတင်ဖြစ်န်ုင်သည်။ ကလေး အားလုံး၏ သုံးရာခိုင် နှုန်း မှ ခြောက် ရာခိုင်နှုန်းအထိသာ ဖြစ်တတ်သော်လည်းရောဂါလက္ခဏာမှာစစချင်းတွင်သိပ်မသိသာသောကြောင့်မိဘများမှမိမိ၏ ကလေး စားသောက်မှုကိုဂရုစိုက်ပေးသင့်သည်။ သောက်သုံးသောနွားနို့တစ်မျိုးတည်းသာမဟုတ် အစားအသောက်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ သို့မဟုတ် လိုးရှင်းများတွင် နွားနို့ပါလျှင်လည်း ဖြစ်တတ်သည်။

နွားနို့နှင့်ဓာတ်မတည့်ခြင်းတွင်ပြင်းထန်သောဓာတ်မတည့်ခြင်းနှင့်အနည်းငယ် ဓာတ်မတည့်ခြင်းတို့ရှိသည်။အနည်းငယ်ဓာတ်မတည့်ခြင်းသည်ကလေးနှင့်နွားနို့ထိတွေ့မှု အကြိမ်ရေပေါ်မူတည်ပြီး လက္ခဏာများမှာ တစ်ရက် မှရကိအနည်းငယ်ထိကြာတတ်ပါသည်။ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နွားနို့သောက်ပြီးပြန်အန်သည်။မွေးကင်းစများတွင်အန်ခြင်းသို့မဟုတ်” ပြန်ထွေးထုတ်ခြင်း” မှာ ဖြစ်တတ်သော်လည်း ဓာတ်မတည့်ခြင်းဖြစ်ပါက မိခင်နို့သောက်သည့်အခါမဖြစ်ပဲ၊ နွားနို့သောက်သည့်အချိန်တွင်သာ ဖြစ်မည်။
  •  ဝမ်းလျှောခြင်း
  •  ဝမ်းထဲ သွေးပါခြင်း
  •  အရေပြားပေါ် အနီ အဖု၊ အပိမ့်များ ထခြင်း
  •  ဟောက်ခြင်း
  •  နို့သောက်ရန် အချိန်ရောက်ပါက စိတ်အလိုမကျဖြစ်ခြင်း
  •  ကိုယ်အလေးချိန် ကျခြင်း သို့မဟုတ် အလေးချိန်တက်ရန် ခက်ခဲခြင်း

ဓာတ်မတည့်ခြင်း လက္ခဏာ ပြင်းထန်သော ကလေးအများစု ၏ မိဘများတွင်ပြင်းထန်သောဓာတ်မတည့်ခြင်း အဆင့် သော်လည်းကောင်း immuniglobin E အဆင့်မြင့် (IGE) သော်လည်းကောင်းရှိသည်။ ပြင်းထန်သောဓာတ်မတည့်မှုလက္ခဏာများ မှာအောက်ပါအတိုင်း ဖြစ်သည်။

  •  ရင်ကြပ်ခြင်း
  • အင်ပြင်ထခြင်း
  • သတိလစ်ခြင်း
  •  သွေးပေါင်ချိန်ကျခြင်း
  •  တက်ခြင်း
  •  အသက်ရှူကြပ်ခြင်း၊ အသက်ရှူ၍မောပန်းခြင်း သို့မဟုတ် အသက်ပုံမှန် ရှူရန် ခက်ခဲခြင်း

အချို့သော အခြေအနေများတွင်ဝမ်းအပြင်းအထန်လျှောပြီး မှဓာတ်မတည့်ခြင်းဖြစ်သွားတတ်သည်။အူကလီစာများတွင် ဒဏ်ဖြစ်ပါ ကကိုယ်ခန္ဓာသည်ကလေးအတွက်နွားနို့အားဓာတ်မတည့်ခြင်းဖြစ်နိုင်ရန်အခွင့်အလမ်းပိုများစေပါသည်။နို့နှင့်နို့ထွက်ပစ္စည်းများနှင့်ဓာတ်မတည့်ခြင်း နှင့် နွားနို့နှင့် ဓာတ်မတည့်ခြင်း မည်သို့ကွာသနည်း။

နွားနို့တွင် တွေ့ရသောသကြားဓာတ်သည်မည်သည့် နို့အမျိုးအစားတွင်မဆိုတွေ့နိုင်ပြီးအင်ဇိုင်းပုံစံဖြင့်ရှိနေပါသည်။ လူတစ်ဦးသည် တစ်နေ့လျှင်ထို သကြားဓာတ်၅၀ဝစီစီထက်ပိုမသောက်သုံးသင့်ပါ။ ကလေးတစ်ဦးတွင်ထိုသကြားဓာတ်အား မတည့်လျှင်သော်လည်းကောင်း အလွန်အကျူးသောက်သုံးမိလျှင်သော်လည်းကောင်း အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်နိုင်ပါသည်။

  • လေပွခြင်း
  •  လေချဉ်တက်ခြင်း
  • ဝမ်းလျှောခြင်း
  •  ဝမ်းချုပ်ခြင်း
  •  အန်ခြင်း

ကလေးတစ်ဦးသည် နို့ထဲရှိသကြားဓာတ် နှင့်ဓာတ်မတည့်မှုဖြစ်နေချိန် နွားနို့ဓာတ်မတည့်ခြင်းမဖြစ်နိုင်သောအခြေအနေများရှိသဖြင့်နို့ထဲသကြားဓာတ်မပါဝင်သော နွားနို့သောက်သုံးနိုင်သည်။ နွားနို့နှင့်ဓာတ်မတည့်ခြင်းမဟုတ်ပဲနို့ထဲရှိ သကြားဓာတ်မတည့်ခြင်းဖြစ်သည်ဟုသံသယရှိပါကမိဘများအနေဖြင့်ကလေးအားအရေပြားစမ်းသပ်စစ်ဆေးခြင်းသို့မဟုတ်နို့ထဲရှိသကြားဓာတ် တည့်မတည့် စမ်းသပ်ခြင်းတို့ ပြုလုပ်စေကာရောဂါရှာဖွေနိုင်ပါသည်။

ရောဂါ စစ်တမ်း

ကလေးတွင် နွားနို့နှင့်ဓာတ်မတည့်သည်ကို တွေ့ရှိရပါက အစားအသောက်တွင်နို့အားရှောင်ကြဉ်ပေးပါ။ နို့ပါသောခေါင်းလျှော်ရည်၊လိုးရှင်းသို့မဟုတ်အသားလှဆီများနှင့်မထိပါစေနှင့်။ရောဂါလက္ခဏာပျောက်ကင်းသွားချိန်တွင်ဆေးရုံ၌” အရေပြားဖောက်စစ်ဆေးခြင်း” ကိုပြုလုပ်နိုင်သည်။ထိုစစ်ဆေးမှုတွင်ဓာတ်မတည့်သောအရာကို အရေပြားထဲ အနည်းငယ်ထည့်ပေးသည်။ ကလေးမှာထိုအရာနှင့်ဓာတ်မတည့်ပါက ထိုးသွင်းထားသောနေရာတဝိုက်တွင်ဓာတ်မတည့်သော လက္ခဏာ ပြလာမည်ဖြစ်သည်။

စစ်ဆေးမှုအရဓာတ်မတည့်ခြင်းမရှိဟုဖြစ်လျှင်ကာမူနောက်ထပ်တစ်လခန့်ကလေးအားနွားနို့တိုက်ကျွေးခြင်းမပြုရ။ထို့နောက်တွင်နောက်တစ်ကြိမ်ဆေးလာစစ်နိုင်သည်။ဤစစ်ဆေးမှုတွင်ကလေးငယ်အားနွားနို့တစ်စက်ကိုသောက်စေသည်။ဓာတ်မတည့်သည့်လက္ခဏာမပြပါက၁၅မိနစ်ကြာပြီးနောက်နွားနို့တစ်မီလီလီတာ သောက်စေသည်။ ထိုနည်းအတိုင်း ၃၀ မီလီလီတာအထိဆက်လက်တိုက်ကျွေးပါသည်။ ဤသို့စစ်ဆေးခြင်းဖြင့်ကလေး၏ဓာတ်မတည့်မှုအတိုင်းအတာကို သိနိုင်ပါသည်။

ရောဂါစစ်တမ်းပြီးသည့်နောက်သင်နှင့်ကလေးအတွက်ဆက်လက်ကုသပျောက်ကင်းမှုအတွက်ဆရာဝန်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

 

ပိုမိုသိရှိလိုပါက

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.20 out of 5 with 5 ratings

Recommended Doctor

Professor Boosba Vivatvakin, M.D. Summary: Pediatrics Pediatrics