Share the message

ကလေးများ နွားနို့ နှင့် ဓာတ်မတည့်ခြင်း ကာကွယ်ခြင်း နှင့် ရောဂါလက္ခဏာ ထိန်းသိမ်းခြင်း

 

 

နွားနို့ဓာတ်မတည့်ခြင်းအားမိဘများထင်ထားသလိုကြောက်ရန်မလိုပါ။လူတစ်ဦးစီအပေါ်မူတည်ပြီး ရောဂါပြင်းထန်မှုမတူညီသော်လည်းရောဂါလက္ခဏာထိန်းသိမ်းပြီးနောက်ကလေးငယ်အများစုမှာ ပြန်လည် နာလန်ထူသွားနိုင်ပါသည်။ သင့်ရင်သွေး နွားနို့ နှင့် ဓာတ်မတည့်ခြင်း ဖြစ်နေပါက အထူးကုဆရာဝန် နှင့် ပြပါ။

ကာကွယ်ခြင်း

 

နွားနို့နှင့် ဓာတ်မတည့်ခြင်းအား ကာကွယ်ရန် အထူးသဖြင့်မွေးကင်းစများအတွက်ခက်ခဲပါသည်။ သို့သော်ကလေးအသက်မပြည့်မီခုခံအားမြှင့်တင်ပေးခြင်းဖြင့်ဓာတ်မတည့်ခြင်းများကိုလျှော့ချ၊တားဆီးပေးနိုင်ပါသည်။ဓာတ်မတည့်ခြင်းဖြစ်စေတတ်သည့်အစားအသောက်များကိုကလေး၏စားသောက်မှုပုံစံတွင်ထည့်ပေးခြင်းဖြင့်ထိုအစားအသောက်များနှင့်ကျင့်သားရစေနိုင်ပါသည်။ကလေးအသက် လေးလပြည့်သောအခါတွင် ဖြည့်စွက်စာထဲထမင်း၊ကြက်သား၊ငါး၊ဥအကာနှင့်အနှစ်များ စတင်ကျွေးလို့ရပါသည်။ထိုအစားအသောက်များစတင်ကျွေးရန်အသက်လေးလမှခြောက်လအရွယ်မှာအသင့်တော်ဆုံးဖြစ်ပါသည်။အသက်လေး ငါးလ အရွယ်တွင်ထိုအစားအသောက်များစတင်စားဖူးခြင်းမရှိ သောကလေးငယ်များသည်ဥများနှင့်အခြားဓာတ်မတည့်နိုင်သောအစားအသောက်များအား အသက် သုံး နှစ် ခန့်တွင် စတင် ဓာတ်မတည့်မှုများ ဖြစ်လာတတ်ပါသည်။ ထို့ကြောင့် ကလေးနုငယ်စဉ်ကတည်းက ထိုသို့သောအစားအသောက်များစတင်ကျွေးခြင်း ဖြင့်ကလေးကြီးလာသောအခါ ဓာတ်မတည့်ခြင်း မဖြစ်ရန် ကာကွယ်ပေးနိုင်ပါသည်။

မိသားစုထဲတွင် ဓာတ်မတည့်ခြင်းများရှိပါက ကလေး၏စားသောက်မှုပုံစံကို သတိထားကြည့်ကာသူတို့၏တုံ့ပြန်မှု နှင့်ကိုယ်အလေးချိန်ကိုဂရုစိုက်စောင့်ကြည့်ပေးပါ။ မိသားစုတွင် ဓာတ်မတည့်ခြင်း ရာဇဝင် ရှိပါက ကလေးငယ်တွင်ဓာတ်မတည့်ခြင်းဖြစ်နိုင်ချေပိုများသည်။ လမစေ့ပဲမွေးသောကလေးများနှင့်ဝမ်းလျှောခြင်းသော်လည်းကောင်း၊ကလီစာဒဏ်ဖြစ်ခြင်းသော်လည်းကောင်း ဖြစ်ထားသော ကလေးငယ်တွင်လည်း ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်။

ရောဂါလက္ခဏာ အား စီမံထိန်းသိမ်းခြင်း

 

ဤ ဓာတ်မတည့်မှုကိုထိန်းချုပ်ခြင်းသည်တစ်ယောက်နှင့်တစ်ယောက်ပုံစံမတူနိုင်ပေ။ ပြင်းထန်သောအခြေအနေအများစုတွင်ပထမဆုံးအဆင့်အနေဖြင့်ကလေးအားနွားနို့တိုက်ကျွေးခြင်းမပြုရန်ဖြစ်သည်။ထို့အပြင်နို့ထွက်ပစ္စည်းများဖြစ်သောဒိန်ခဲ၊ဒိန်ချဉ်၊ခရင်မ်နှင့်ရေခဲမုန့်တို့ပါဝင်သည်။နွားနို့ထည့်ထားသောခေါင်းလျှော်ရည်၊ဆပ်ပြာ၊လိုးရှင်းသို့မဟုတ်အခြားအလှကုန်ပစ္စည်းများနှင့်ထိတွေ့ခြင်းကိုရှောင်ရှားပေးရပါမည်။ဓာတ်မတည့်မှုပြင်းထန်စွာ ဖြစ်လာပါက ဆရာဝန် မှအခြားဓာတ်မတည့်မှုဖြစ်စေနိုင်သည့် အစားအသောက်များဖြစ်သောပဲနို့၊ငါး၊ပုဇွန်၊အခွံမာသီးများ၊ဂျုံနှင့်ဥများကိုရှောင်ရှားရန်အကြံပေးလိမ့်မည်ဖြစ်သည်။

သင်၏ ရင်သွေးကိုနွားနို့ရိုးရိုးတိုက်မည့်အစားဆေးအရောင်းဆိုင်များမှအထူးနွားနို့ဝယ်တိုက်လို့ရပါသည်။ နွားနို့နှင့်ဓာတ်မတည့်သောကလေးများအတွက်ထုတ်ထားသောနို့သည်ပုံမှန်နို့ထက်ခါးသောအရသာရှိပါသည်။ထိုနို့အမျိုးအစားမှာအရသာခံအဖုလေးများမပြည့်စုံသေးသည့်ကလေးများအတွက်ပိုသင့်လျော်ပါသည်။ ထိုအရသာ မကြိုက်သော ကလေးများအတွက် ကြက်သား၊ ဝက်သား၊ထမင်းနှင့်ကယ်လ်ဆီယမ် ဆေးများမှလိုအပ်သောကယ်လ်ဆီယမ်နှင့်ပရိုတိန်းဓာတ်များပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။ အများစုလက်ခံထားသလို ဗာဒံနို့သည်နွားနို့အစား ထိုးအဖြစ်ပရိုတိန်းဓာတ်ဖြည့်ဆည်းပေးနို င်သည်မှာမှန်ကန်မှု မရှိပါ။

အချို့သော ကလေးများအတွက် ဓာတ်မတည့်မှု အခြေအနေမှ ကျော်ဖြတ်နိုင်ရန် ၃-၅နှစ်အထိကြာတတ်သော်လည်းကလေးအများစုမှာတစ်နှစ်ခန့်ကြာသောအခါပြန်လည်သက်သာလာကြသည်။ ထို့နောက်တွင် ကလေးသည် ဆေးရုံတွင်အစားအသောက်စစ်ဆေးမှုပြန်လုပ်ရမည်ဖြစ်သည်။ ဤစစ်ဆေးမှုတွင်ကလေးငယ်အားနွားနို့ တစ်စက်ကို သောက်စေသည်။ ဓာတ်မတည့်သည့်လက္ခဏာမပြပါက ၁၅မိနစ်ကြာပြီးနောက် နွားနို့တစ်မီလီလီတာ သောက်စေသည်။ ထိုနည်းအတိုင်း၃ဝမီလီလီတာအထိ ဆက်လက်တိုက်ကျွေးပါသည်။ ဓာတ်မတည့်ခြင်းမရှိပါ ကနွားနို့ပြန်လည်သောက်သုံး နိုင်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းအပေါ်မူတည်ပြီး ဆရာဝန်မှအခြားကုသမှုနည်းလမ်းများလည်း အကြံပြုပါလိမ့်မည်။

 

နွားနို့ဓာတ်မတည့်ခြင်း၏ရောဂါလက္ခဏာများနှင့်ရောဂါစစ်တမ်းအကြောင်း သိလိုပါက နှိပ်ရန်။

 

ပိုမိုသိရှိလိုပါက

Please complete the form below and we'll get back to you within 48 hours with a response

 

 

Rate This Article

User rating: 4 out of 5 with 2 ratings

Recommended Doctor

Professor Boosba Vivatvakin, M.D. Summary: Pediatrics Pediatrics