Share the message

ကလေးများတွင်ဖြစ်သောနှလုံးရောဂါ

rsz_1408999224_ff48463297_b

 

ကလေးများသည်မိသားစုကို ပြည့်စုံစေသည်။ အချိန်နှင့်အမျှ ကလေးများသည် သင့်ကိုရယ်မောစေနိုင်သည်၊ ငိုကြွေးစေနိုင်သည်၊ သင့်အားဂုဏ်ယူရစေနိုင်သည် သို့မဟုတ် သင့်ကိုစိတ်ဆိုးစေနိုင်သည်။ သို့သော်သင့်ဘဝထဲသို့ ချစ်ခင်မှုနှင့် ပျော်ရွှင်မှုကို အမြဲယူဆောင်ပေးလိမ့်မည်။ ကလေးတစ်ယောက်၏ ဘဝသည် အမှန်တစ်ကယ်ပင် တန်ဖိုးရှိလှသည်။ သို့သော် အလွန်ထိခိုက်လွယ်လွန်းလှသည်။ အထူးသဖြင့် ကလေးတွင် နှလုံးရောဂါ ရှိနေလျှင်ဖြစ်သည်။

ကလေးများတွင် နှလုံးရောဂါရှိနေခြင်းသည် အခြေအနေများစွာပေါ် မူတည်၍ ထီးကိုင်းများ ဖြာထွက်နေသကဲ့သို့ ရှုပ်ထွေးလှသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံအစောပိုင်းအဆင့်များတွင် မည်သည့်လက္ခဏာရပ်မျှ မပြသခြင်း၊ စမ်းသပ်ရန်ခက်ခဲခြင်းနှင့် မည်သည့်အတွက်ကြောင့် ဖြစ်ပေါ်ရခြင်းကိုမသိရှိရခြင်း၊ ကာကွယ်ရန် ခက်ခဲခြင်းတို့ ဖြစ်သည်။ သတိထားရမည့် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်များမှာ ရောဂါကူးစက်ခံရခြင်း၊ ဂျိုက်သို့ဖြစ်ခြင်း၊ မျိုးရိုးဗီဇမူမှန်ခြင်းနှင့် မိခင်မှ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ ပါဝင်သည်။

ကလေးများတွင်ဖြစ်တတ်သော နှလုံးရောဂါကို နှစ်မျိုးခွဲခြားနိုင်သည်: မွေးရာပါနှလုံးရောဂါနှင့် လက်ခံရရှိသော နှလုံးရောဂါတို့ဖြစ်သည်။ အထက်ပါနှစ်မျိုးတွင် မွေးရာပါနှလုံးရောဂါကိုတွေ့ရသည်ကပိုများသည်။ မွေးကင်းစ ကလေး၁၀၀၀တွင် ၈ယောက်မှ၁၀ယောက်သည် နှလုံးချွတ်ယွင်းပြီးမွေးဖွားလာသည်ဟုခန့်မှန်းရသည်။ တစ်ခါတစ်ရံတွင် ကလေး၅နှစ်မပြည့်မချင်းရောဂါလက္ခဏာများကိုမပြသပဲရှိနေတတ်သည်။ ထို့ပြင်ပုံမှန်အားဖြင့် လက္ခဏာရပ်များကိုပထမဆုံးတွေ့ရချိန်မှာ ကလေး၏အသက်၂နှစ်အောက်အရွယ်တွင် ဖြစ်သည်။

နှလုံးရောဂါကို နှစ်မျိုးခွဲခြားထားသကဲ့သို့ပင် မွေးရာပါ နှလုံးရောဂါကိုလည်း ပြာနှမ်းခြင်းအခြေအနေနှင့် မပြာနှမ်းသော အခြေအနေဟူ၍ အုပ်စုနှစ်ခုကွဲပြားသည်။

ပြာနှမ်းသောမွေးရာပါနှလုံးရောဂါ

ပြာနှမ်းသောမွေးရာပါနှလုံးရောဂါတွင် နှလုံးနှင့်သွေးကြောများဆီသို့ ကိုယ်ခန္ဓာမှတစ်ဆင့် အောက်ဆီဂျင် ဖြတ်သွားမှုကိုဟန့်တားထားခြင်းကြောင့် မူမမှန်ပဲ “အပြာ”နှင့် “အနီ”သွေးများမူမမှန်ပဲရောထွေးသွားခြင်း ဖြစ်သည်။အသိသာဆုံးသောလက္ခဏာရပ်များမှာအရေပြားနှင့် ပါးစပ်သည် အပြာရောင် သို့မဟုတ် ခရမ်းရောင် ဖြစ်နေခြင်းဖြစ်သည်။ ထို့အပြင်ကလေးငယ်သည် အလွယ်တကူပင်ပန်းနွမ်းနယ်တတ်ခြင်း၊ အဆက်မပြတ် ငိုကြွေးခြင်း၊ အထူးသဖြင့် နို့တိုက်ကျွေးစဉ်တွင်ဖြစ်သည်။ အထက်ပါ အခြေအနေကို ကုသမှုမပြုလုပ်ဘဲ ဆက်ထားပါက သွေးထဲတွင် အောက်ဆီဂျင်ချို့တဲ့သောကြောင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

ပြာနှမ်းခြင်းမရှိသောမွေးရာပါနှလုံးရောဂါ

ပြာနှမ်းခြင်းမရှိသောမွေးရာပါနှလုံးရောဂါတွင် အရေပြားသည် အပြာရောင်သို့ ပြောင်းလဲသွားခြင်းမရှိရခြင်းမှာအပြာနှင့်အနီသွေးတို့ ရောထွေးခြင်းမရှိသောကြောင့်ဖြစ်သည်။ ဖြစ်ပေါ်စေသည့်အကြောင်းမှာမွေးရာပါ နှလုံးသို့မဟုတ် သွေးကြေားများဖွံ့ဖြိုးမှုဆိုင်ရာချွတ်ယွင်းခြင်းနှင့် နှလုံးအဆို့ရှင်တွင် အပေါက်တစ်ပေါက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ကလေးငယ်များ၏ ရောဂါလက္ခဏာများတွင်ကိုယ်လက်လှုပ်ရှားနေစဉ်အတွင်းမွေးကင်းစကလေးငယ်များနှင့် ကလေးသူငယ်များသည် မောပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူခက်ခဲခြင်းများကြုံတွေ့နေရပြီးနို့ချိုတိုက်ကျွေးနေစဉ် အသက်ရှူရန် ပုံမှန်နားချိန် လိုအပ်ချက်လည်းပါဝင်သည်။

 

မွေးရာပါနှလုံးရောဂါများ

  • သွေးပြန်ခန်း နံရံချွတ်ယွင်းမှုရောဂါ (ASD)− ဤအခြေအနေတွင် နှလုံး၏အထက်ပိုင်းဘယ်ဘက်ခန်းမှ ညာဘက်ခန်းသို့ အပေါက်မှတစ်ဆင့် သွေးများဖြတ် စီးဆင်းသွားခြင်းဖြစ်သည်။ အဓိက လက္ခဏာရပ်မှာ မောပန်းနွမ်းနယ်ခြင်းဖြစ်ပြီး ပုံမှန်စမ်းသပ်စစ်ဆေးရာတွင် ရှာဖွေတွေ့ရှိရန် ခက်ခဲ၍ နှလုံးတီးတိုး ခုန်နေသည်ဟုသာ စမ်းသပ်စစ်ဆေးမိစေသည်။
  • သွေးလွှတ်ခန်း နံရံချွတ်ယွင်းမှုရောဂါ (VSD)− ဤအခြေအနေတွင် နှလုံး၏အောက် ဘယ်ဘက်အခန်းမှ ညာဘက်အခန်းနှင့် အဆုတ်အတွင်းသို့ အနီရောင်သွေးများစီးဆင်းသွားခြင်းဖြစ်သည်။ ရလဒ်အားဖြင့် ဘယ်ဘက်နှလုံးသည် များပြားလှသောသွေးများကို တွန်းထုတ်ရန် ပိုမိုအားထုတ်ရ၍ နှလုံးပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။
  • အဆုတ်သွေးလွတ်ကြော အဆို့ရှင် ကျဉ်းမြောင်းမှုရောဂါ− ဤအခြေအနေတွင် နှလုံး၏ အောက်ပိုင်း ညာဘက်ခန်း အဆို့ရှင်သည် ပုံမှန်မဟုတ်သော ဖွံ့ဖြိုးမှုကြောင့် ပြည့်ဝစွာမပွင့်နိုင်ခြင်းဖြစ်သည်။ ရလဒ်အားဖြင့် နှလုံးသည် အလွန်များသော အပိုအလုပ်ကို လုပ်ကိုင်ရခြင်းကြောင့် နှလုံးထိခိုက်ပျက်စီးပြီး သေဆုံးခြင်းကို ဖြစ်စေသည်။

ဆန်းပြားသောနှလုံးအခြေအနေများ

  • သွေးလွှတ်ခန်း တစ်ခန်းတည်းရှိခြင်း− ဤအခြေအနေတွင် နှလုံးအောက်ပိုင်း အခန်းများ၏ လုပ်ဆောင်ချက်များ နေရာတွင် အခန်းတစ်ခုတည်းသာ ရှိနေခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် စီးဆင်းသောသွေးများသည် သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများမခွဲခြားပဲ ဖြစ်နေတတ်သည်။ ဤအခြေအနေကြောင့် ကလေးအနေဖြင့် ခန္ဓာကိုယ်အတွင်း စီးဆင်းသောသွေးအတွင်း အောက်ဆီဂျင်နည်းပါးခြင်းကြောင့် အပြာရောင်ဖြစ်စေနိုင်သည်။
  • ပင်မသွေးလွှတ်ကြောများ နေရာလွဲနေခြင်း (TGA)− ဤအခြေအနေတွင် အဆုတ်သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများ နေရာပြောင်းသွား၍ အောက်ဆီဂျင်ပြည့်ဝသော သွေးများအဆုတ်ဆီသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုသွေးများမှာ ခန္ဓာကိုယ်အနှံသို့ ရောက်ရှိ၍ အသုံးပြုပြီးမှပြန်လည် ရောက်ရှိလာရမည်ဖြစ်သည်။ ဤအခြေအနေကြောင့် ကလေးသည်အပြာရောင်ကိုဖြစ်စေသည်။

ရှာဖွေနိုင်သောမွေးရာပါနှလုံးရောဂါအခြေအနေများ

မွေးရာပါနှလုံးရောဂါ အခြေအနေများကို ရှာဖွေနိုင်ရန်မှာ တစ်ဦချင်းစီနှင့် သူတို့မိသားစု၏ ဆေးဘက်ဆိုင်ရာ နောက်ခံအနေအထားပေါ်တွင် ပြန်လည်ကြည့်ရှုရမည် ဖြစ်သည်။ စိုးရိမ်ရသည့် အခြေအနေများကို တွေ့ရှိရပါက ဆေးခန်းတွင် သွားရောက်စစ်ဆေးခြင်းဖြစ်သည့် ultrasound coronary angiogram ၈၈ သို့မဟုတ် magnetic resonance imaging(MRI) များကိုပြုလုပ်ရမည်။

အရွယ်ရောက်ပြီးသူများကိုရှာဖွေရာတွင် ရောဂါလက္ခဏာများကိုပြောပြနိုင်ခြင်းကြောင့် ပိုမိုလွယ်ကူသည်။ ထို့ပြင်ကလေးများသည် ဂရုစိုက်မှုကိုခံယူလို၍ လက္ခဏာရပ်များကိုပြောဆိုခြင်းကြောင့် သိရှိရန်ခက်ခဲစေသည်။ ရလဒ်အနေဖြင့် မွေးကင်းစကလေးများနှင့် ကလေးများကိုအောက်ပါစိုးရိမ်ရသောလက္ခဏာများရှိမရှိကို ကြည့်ရှုရန် အထူးအရေးကြီးပါသည်။

  • အရေပြားပြာနှမ်းခြင်း
  • မကြာခဏပင်ပန်းနွမ်းနယ်ခြင်း
  • အလွန်အကျွံလေဝင်လေထွက်ဖြစ်ခြင်းသို့မဟုတ် ပုံမှန်မ ၏၏−ဟုတ်သောအသက်ရှုခြင်း
  • ကြီးထွားမှုနှုန်းတန့်နေခြင်း
  • နို့တိုက်ကျွေးစဉ် နားချိန်ယူခြင်း။ ကျန်းမာသောကလေးငယ်များကို နို့တိုက်ကျွေးရာတွင် ၁၅မိနစ်မှ မိနစ်၂၀အတွင်း မနားပဲတိုက်ကျွေးနိုင်သည်။ သို့သော်မွေးရာပါ နှလုံးရောဂါ အခြေအနေရှိသော ကလေးများတွင်မူ အသက်ရှုရခက်ခဲခြင်းရှိသောကြောင့် နားချိန်ပေးရန်လိုအပ်၍ နို့တိုက်ကျွေးရန် တစ်နာရီနှင့်အထက် ပိုကြာနိုင်သည်။

စောင့်ရှောက်မှုနှင့်ကုသခြင်း

များစွာသောကိစ္စများတွင် ဆေးဝါးများဖြင့် ကုသခြင်းသို့မဟုတ် ခွဲစိတ်ကုသခြင်းဖြင့် ရောဂါကို အလုံးစုံ ပျောက်ကင်းစေနိုင်သည်။ အလုံးစုံပျောက်ကင်းအောင် မကုသနိုင်သည့် ကိစ္စများတွင်လည်း ကုသမှု ပေးထားခြင်းကြောင့် ကလေးများကို ပိုမိုကောင်းမွန်သော ဘဝအခြေအနေကို ရရှိစေသည်။

ခွဲစိတ်ကုသခြင်းကို အသက်ရွယ်စုံ ကလေးများတွင် ပြုလုပ်နိုင်သော်လည်း မွေးကင်းစကလေးများကိုမူ ချက်ချင်းဆေးကုသမှု ပြုလုပ်ရန် လိုခြင်းမှအပ ရှောင်ကြဉ်ရမည်။ ဆေးဘက်ဆိုင်ရာ နည်းပညာများ တိုးတက်လာခြင်းကြောင့် အတိတ်ကထက် အန္တရာယ်ကြီးမှုကို လျော့နည်းလာစေသည်။ အချို့ကိစ္စရပ်များတွင် ဆရာဝန်များမှ ကလေးများကို ခွဲစိတ်ကုသမှုပြုလုပ်ရန် ချက်ချင်းအရေးတကြီး မဟုတ်ပါက အနည်းငယ်ကြီးပြင်းပြီး ခန္ဓာကိုယ်အလေးချိန် တိုးလာမှပြုလုပ်ရန် စောင့်ဆိုင်းလေ့ရှိသည်။

ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် လူနာ၏အခြေအနေနှင့် သီးခြားဖြစ်စဉ်များအပေါ် မူတည်၍ လူနာကို သီတင်းနှစ်ပါတ်အထိ စောင့်ကြည့်ပေးရန် လိုအပ်သည်။ အခြားထူးခြားဖြစ်စဉ်များ မရှိလျှင် လူနာသည် ၂ လမှ ၃ လအတွင်း အပြည့်အဝ ကျန်းမာလာမည် ဖြစ်သည်။

ဆောင်းပါးအတွင်းမှ သတိပေးလက္ခဏာရပ်များကိုတွေ့ရှိလျှင် သို့မဟုတ် အားလုံးနှင့်ပတ်သက်ပြီးစိုးရိမ်မိလျှင် ကလေးအထူးကုနှင့် သွားရောက်ဆွေးနွေးခြင်းကပိုမိုကောင်းမွန်သည်။ နှလုံးအခြေအနေကိုစမ်းသပ်တွေ့ရှိခဲ့လျှင် ကုသမှုကို ချက်ချင်းပြုလုပ်ဆောင်ရွက်နိုင်သည်။ အကယ်၍ မည်သည့်အခြေအနေမျှ မတွေ့ရှိလျှင် အေးဆေးသက်သာစွာ နေထိုင်နိုင်သည်။ နှလုံးအခြေအနေနှင့်ပတ်သက်ပြီး သတိမမူဘဲ မနေပါနှင့်။ သံသယရှိပါက ကလေးအထူးကုနှင့် ချက်ချင်းဆွေးနွေးခြင်း ယပြုလုပ်ပါ။

Photo Credit: Fanny via Compfightcc

Rate This Article

User rating: 4.60 out of 5 with 5 ratings

Recommended Doctor

Nattipat Juthacharoenwong, M.D. Summary: Pediatrics Pediatrics