Share the message

ကလေးငယ်များဖျားနာခြင်း

rsz_4440321452_2a07148e5d_b

နေထိုင်မကောင်းဖြစ်ပြီး အဖျားရှိနေသည့်အခါ သာမန်ထက်ပို၍ အပူချိန်မြင့်နေတတ်သည်။

ပျမ်းမျှခန္ဓာကိုယ်အပူချိန်မှာ ၃၇ဒီဂရီစင်တီဂရိတ်(.၅ဒီဂရီစင်တီဂရိတ်အပြောင်းအလဲရှိနိုင်)သို့မဟုတ် ၉၈.၆ဒီဂရီ ဖာရင်ဟိုက်(၁ဒီဂရီဖာရင်ဟိုက်အပြောင်းအလဲရှိနိုင်)ဖြစ်သည်။ ယေဘုယျအားဖြင့် ခံတွင်းအပူချိန် ၁၀၂ဒီဂရီ ဖာရင်ဟိုက် (၃၈.၈ဒီဂရီစင်တီဂရိတ်) သို့မဟုတ် စအိုတွင်းအပူချိန် ၁၀၃ဒီဂရီဖာရင်ဟိုက် (၃၉.၄ဒီဂရီ စင်တီဂရိတ်) အထက်ရှိသောကလေးကို အဖျားရှိနေသည်ဟု သတ်မှတ်နိုင်သည်။ အပူချိန်သည် ၁၀၃ဒီဂရီဖာရင်ဟိုက်ထက်များနေလျှင် သင့်လျော်သောပြုစု ကုသမှုပြုလုပ်ရန်လိုအပ်သည်။

အဖျားနှင့်ပတ်သက်ပြီးမိဘများသိထားသင့်သည်များ

သင့်ကလေး၌ အဖျားရှိနေချိန်တွင် ခန္ဓာကိုယ်အပူချိန်သည် ပုံမှန်(၃၇ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၈.၆ဒီဂရီ ဖာရင်ဟိုက်)ထက်ပိုများနေလိမ့်မည်။ သာမိုမီတာကို အသုံးပြုခြင်းဖြင့် တိကျသောတိုင်းတာမှုကို သိရှိနိုင်သည်။ ဖျားရသည့်အကြောင်းရင်းနှင့် အသက်အရွယ်ပေါ်မူတည်၍ ကလေးတွင် အခြားသောလက္ခဏာရပ်များ တွေ့ရှိနိုင်သည်၊ ဥပမာ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ အစာစားချင် စိတ်မရှိခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း၊ ရေဆာရေငတ်ခြင်း၊ သို့မဟုတ် အားနည်းခြင်း။

အဖျားကြီးသည့် ၁၀၃-၁၀၆ ဒီဂရီဖာရင်ဟိုက် (၃၉.၄-၄၁ ဒီဂရီစင်တီဂရိတ်)အတွင်းတွင် ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုခြင်း သို့မဟုတ် အချို့ကလေးများတွင် တက်ခြင်း (အသက်၅နှစ်အောက် ၂-၅ရာခိုင်နှုန်းသော ကလေးများတွင်တွေ့ရှိနိုင် အထူးသဖြင့် မိဘမျိုးရိုးထဲတွင် တက်တတ်သည့်သူ ရှိတတ်သူများတွင် တွေ့ရနိုင်သည်)။ သင့်ကလေး၏ ကိုယ်အပူချိန်ကို စစ်ဆေးပြီး ၃၈ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေပါက ကလေးအားအဖျားကျဆေးကို သင့်တော်သော ပမာဏ အသုံးပြုပေးသင့်ပါသည်။

သံသယရှိပါက ဆရာဝန်ထံမှအကြံဉာဏ်ယူခြင်း သို့မဟုတ် ဆေးခန်းသွားပြခြင်းများက ပိုမိုကောင်းမွန်ပါသည်။ အကယ်၍ကလေး၏အပူချိန်သည် ၁၀၁.၅ဒီဂရီဖာရင်ဟိုက် (၃၈.၅ဒီဂရီစင်တီဂရိတ်)ဖြစ်နေပါက ကလေးငယ်အား ရေနွေးနွေး သို့မဟုတ် အခန်းအပူချိန်ရှိသောရေ ကိုအသုံးပြု၍ ရေမြှုပ်သို့မဟုတ် ရေစိုအဝတ်ဖြင့် ခန္ဓာကိုယ်၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ကြား တို့ကိုရေပတ်တိုက်ပေးပြီး အပူချိန်မြင့်တက်နေမှုကို အနည်းဆုံးမိနစ်၂၀ခန့် လျှော့ချပြီး အပူချိန် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈.၅ဒီဂရီစင်တီဂရိတ်)အောက် ရောက်စေရန် ပြုလုပ်ပေးနိုင်သည်။ မိနစ်၃၀တိုင်း အပူချိန်ကိုစစ်ဆေးပြီး ရေဓါတ်ခန်းခြောက်ခြင်းမဖြစ်စေရန် သစ်သီးဖျော်ရည် သို့မဟုတ် နှင်းရည်ကိုတိုက်ကျွေးနိုင်သည်၊ ကလေးတွင် အရည်ဓါတ်လုံလောက်မှု ရှိနေကြောင်း သေချာရန်လိုအပ်သည်။ အထက်ပါအဆင့်များကို လိုက်နာအသုံးပြုပြီး ကလေး၏အပူချိန် ဆက်လက်မြင့်တက်နေခြင်း သို့မဟုတ် အခြားပြဿနာများပေါ်ပေါက်လာပါက ရောဂါတိုးခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ မထင်မှတ်ပဲငိုကြွေးခြင်း၊ အလွန်အကျွံယားယံခြင်း၊ အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ အန်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊ ဗိုက်နာခြင်း သို့မဟုတ် အခြားပုံမှန်မဟုတ်သည်များဖြစ်ပေါ်ခြင်း ဖြစ်ပါက ဆရာဝန်နှင့်ပြသခြင်း သို့မဟုတ် ဆေးခန်းသွားခြင်းကို ချက်ချင်းပြုလုပ်သင့်သည်။ ၃လထက်ငယ်သော ကလေးငယ်များတွင် စအိုတွင်းအပူချိန်သည် ၁၀၀.၅ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီစင်တီဂရိတ်) သို့မဟုတ် ပိုမြင့်နေပါက အခြား မူမမှန်သည့် လက္ခဏာများမပြသည့်တိုင် ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။

အဖျားကြီးခြင်းကအန္တရာယ်ဖြစ်စေနိုင်

ကလေးငယ်များတွင် ခန္ဓာကိုယ်အပူချိန် အနည်းငယ်မြင့်တက်ခြင်းဖြင့် ပြင်းထန်သော ရောဂါဝင်ရောက်မှုကို ဖြစ်စေနိုင်သည်။ ကလေးတွင်အဖျားနှင့်အတူ အခြားလက္ခဏာရပ်များရှိနေရခြင်းမှာ အဖျားကြောင့်ဖြစ်သည်။ အဖျားနှင့်အတူ မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းတို့ဖြစ်ရခြင်းမှာ အူလမ်းကြောင်းကို ရောဂါ ဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။ အဖျားနှင့်အတူ ချောင်းဆိုးခြင်းနှင့် အသက်ရှုခက်ခဲခြင်းတို့ ဖြစ်ရခြင်းမှာ နျူမိုးနီးယားကြောင့်ဖြစ်သည်။

ဖျားရခြင်းအကြောင်းရင်းကို အတိအကျမသိရပဲ အဖျားလျော့ကျစေသည့်ဆေးကို ချက်ချင်း အသုံးပြုထားပါက ရောဂါဖြစ်စဉ်ကိုရှာဖွေရန် ပိုမိုခက်ခဲစေသည်။ ကလေး၏အသက်အရွယ်နှင့် ဖျားစေသည့်အကြောင်းရင်းများပေါ်မူတည်၍ ထပ်တိုးအခြေအနေများနှင့် လက္ခဏာများဖြစ်သောချွေးထွက်ခြင်း၊ တုန်လှုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ အစာစားချင်စိတ် နည်းပါးခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းနှင့် အားနည်းခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်ပါသည်။

ဆရာဝန်ကိုတွေ့ရန်

ဖျားနာခြင်းသည် ကြိုတင်သတိပေးပြီး ရောက်လာမည်မဟုတ်ပါ။ အောက်ပါအချက်အလက်များ ဖြစ်ပေါ်နေပါက ဆေးကုသခြင်းကို ဆောင်ရွက်သင့်သည်:

  • ကလေး၏အသက်သည်၃လအောက်ငယ်ပြီး စအိုတွင်းအပူချိန်သည် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈ဒီဂရီ စင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပိုများသော်လည်း အခြားလက္ခဏာရပ်များမတွေ့ရှိရခြင်း။
  • ကလေး၏အသက်သည်၃လထက်ပိုကြီးပြီး ကာကွယ်ဆေးအသုံးပြုထားသော်လည်း အပူချိန်သည် ၁၀၂ဒီဂရီဖာရင်ဟိုက်(၃၈.၈ဒီဂရီစင်တီဂရိတ်) သို့မဟုတ် အကြောင်းရင်းမသိရပဲ ထို့ထက်အပူချိန်ပိုများခြင်း ။
  • ကလေးသည်အကြောင်းရင်းမသိရှိရပဲ အဖျားနှင့်အတူ အိပ်ငိုက်စဉ် သို့မဟုတ် အဝတ်လဲပေးစဉ် သို့မဟုတ် ခန္ဓာကိုယ်အနည်းငယ်လှုပ်ရှားစဉ်အတွင်း ပြင်းထန်စွာငိုကြွေးခြင်းကဲ့သို့သော စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုခြင်းများဖြစ်ခြင်း၊ တက်တက်ကြွကြွမရှိခြင်းနှင့် တုန့်ပြန်မှုနည်းခြင်းများ ဖြစ်ပေါ်တတ်သည်။ သံသယရှိပါက ဆရာဝန်ထံမှအကြံဉာဏ်ရယူခြင်း သို့မဟုတ် ဆေးကုသမှုပြုလုပ်ခြင်းများကို နံနက်အချိန် သို့မဟုတ် အားလပ်ရက် သို့မဟုတ် အလုပ်ပိတ်ရက်များကို စောင့်မနေပဲ ချက်ချင်းလုပ်ဆောင်သင့်သည်။
  • ငယ်ရွယ်သောကလေးများထက် ပိုကြီးသောကလေးများတွင် အဖျားသည် ငုပ်လျှိုးနေတတ်သည်။ အကယ်၍ ကလေးသည် အစာစားနိုင်ပြီး ကောင်းမွန်စွာကစားနေနိုင်ပါက အဖျားသည်စိုးရိမ်စရာမရှိပါ။ သို့သော် လက္ခဏာရပ်များဖြစ်သော စိတ်တိုခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အန်ခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်းများရှိနေပါက ဆေးဘက်ဆိုင်ရာ အကြံပေးချက်ကို ချက်ချင်းရယူသင့်သည်။ အကယ်၍ ကလေး၏ အဖျားအပူချိန်သည် ၉၉-၁၀၀ ဒီဂရီဖာရင်ဟိုက် (၃၇-၃၈ ဒီဂရီစင်တီဂရိတ်) အတွင်းဖြစ်ပါက ရေပတ်တိုက်ပေးပြီး အဖျားရှိန်ကို စောင့်ကြည့်ပေးရမည်။ ဆေးဘက်ဆိုင်ရာ အကြံပေးချက်မပါပဲ အဖျားလျော့ကျစေသည့် ဆေးများကို ချက်ချင်းမသုံးစွဲသင့်ပါ။

အဖျားရှိသောကလေးကိုပြုစုစောင့်ရှောက်ခြင်း

ဖျားနေစဉ်အတွင်းတွင် လူသည်အရေပြားမှတစ်ဆင့် ရေကိုပိုမိုဆုံးရှုံးတတ်သည်။ ကလေးကို ရေဓါတ်ပြည့်ဝနေစေရန် ဆောင်ရွက်ပေးဖို့ အရေးကြီးသည်။ ကလေးရေကိုလုံလောက်စွာ မသောက်သုံးပါက သစ်သီးဖျော်ရည် သို့မဟုတ် သေးငယ်သောရေခဲတုံးလေးများကို တိုက်ကျွေးသင့်သည်။

  • အကယ်၍အပူချိန်သည် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈ဒီဂရီစင်တီဂရိတ်)ထက်လျော့နည်းပါက ဆရာဝန်မှ ညွှန်ကြားချက်မပေးမချင်း အဖျားလျော့ကျစေသည့် ဆေးဝါးများကို မတိုက်ကျွေးသင့်ပါ။
  • ကလေးအား ရေနွေးနွေးဖြင့်ရေချိုးခြင်းနှင့် အဝတ်တစ်ထပ်တည်း ဝတ်ဆင်ပေးထားနိုင်သည်။
  • အကယ်၍အပူချိန်သည် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈ဒီဂရီစင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပိုပါက ကလေး၏ကိုယ်အလေးချိန်ပေါ်မူတည်၍(၁၀-၁၅ မီလီဂရမ်/ကီလိုဂရမ်/ပမာဏ) အဖျားလျော့ကျစေသော ဆေးဝါးများဖြစ်သော Paracetamol သို့မဟုတ် Ibuprofen ကို တိုက်ကျွေးသင့်သည်။
  • အကယ်၍သံသယရှိပါက ဆရာဝန်ထံ သင့်တော်သောဆေးပမာဏနှင့် ဆေးအမျိုးအစား (အဖျားလျော့ကျစေသောဆေးများစွာရှိသည်)ကို မေးမြန်းသင့်သည်။ ပမာဏပိုမိုသွားခြင်းဖြင့် အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။
  • အကယ်၍ကလေးအား အဖျားလျော့ကျစေသည့် ဆေးဝါးများတိုက်ကျွေးပြီးသော်လည်း အပူချိန်ဆက်လက် မြင့်မားနေပါက ဆေးဝါးများနောက်ထပ်မတိုက်ကျွေးပဲ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူသင့်သည်။

အကယ်၍ကလေး၏အပူချိန်သည် ၁၀၁.၅ဒီဂရီဖာရင်ဟိုက်(၃၈.၅ဒီဂရီစင်တီဂရိတ်)ထက်ပိုမိုနေပါက ကလေး၏ကိုယ်အလေးချိန်ပေါ်မူတည်၍ ဆရာဝန်မှညွှန်ကြားထားသည့် အချိန်အပိုင်းအခြားအတိုင်း အဖျားလျော့ကျစေသည့် ဆေးဝါးကို တိုက်ကျွေးသင့်သည်။ကလေးငယ်အား ရေနွေးနွေး သို့မဟုတ် အခန်းအပူချိန်ရှိသောရေ ကိုအသုံးပြု၍ ရေမြှုပ်သို့မဟုတ် ရေစိုအဝတ်ဖြင့် ခန္ဓာကိုယ်၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ကြားတို့ကို ရေပတ်တိုက်ပေးနိုင်သည်။ ရေပတ်တိုက်ခြင်းကိုရပ်တန့်ရန် ကလေး၏ကိုယ်အပူချိန်ကို ၃၈ဒီဂရီစင်တီဂရိတ်(၁၀၀ဒီဂရီဖာရင်ဟိုက်) သို့မဟုတ် ထို့ထက်လျော့နည်းမသွားမချင်း စစ်ဆေးနေရမည်။ ထို့နောက်တွင်အပူချိန်ကို ၃၀မိနစ်တိုင်းစစ်ဆေးရမည်။ ရေပတ်တိုက်ပေးနေချိန်အတွင်း ကလေးတုန်နေပါက ခန္ဓာကိုယ်ကိုခြောက်သွေ့အောင်ပြုလုပ်ပြီး စောင့်ကြည့်သင့်သည်။ အကယ်၍အပူချိန်ဆက်လက်မြင့်တက် နေခြင်း သို့မဟုတ် ရောဂါတိုးခြင်းဖြစ်ပါက ဆေးကုသမှုကိုချက်ချင်း ပြုလုပ်သင့်သည်။

 

သတင်းအချက်အလက်များပိုမိုရန်အတွက် ဆက်သွယ်ရန်−

Samitivej အပြည်ပြည်ဆိုင်ရာ ကလေးဆေးရုံကြီး 

2nd Floor, Building 2

Tel: 66 (0) 2711-8236-7

Call Center: 66 (0) 2022-2222

E-mail: info@samitivej.co.th

Facebook: https://www.facebook.com/SamitivejInternationalChildrensHospital

Photo Credit: fendyzaidan via Compfightcc

Rate This Article

User rating: 3 out of 5 with 7 ratings

Recommended Doctor

Piyarat Lertbunnaphong, M.D. Summary: Pediatrics Pediatrics